ဟန်နာ (13 Reasons Why)

တိတ်ခွေကိုယူပါ
ကျွန်မရဲ့ အသံကို နားထောင်ပါ
သတ်သေစရာ
တစ်​စုံတစ်​ရာ အကြောင်းရင်းကို
ရှင်တို့တူးဖော် မိမှာပါ

ရှင်တို့သိလား
မနက်ခင်း တိုင်းမှာ
Carry on my wayward son နားထောင်ပြီး
အသက်ဆက် နေရတဲ့ မိန်းမတစ်ယောက် ကို
အတွင်းက သေနေခဲ့ခြင်းတွေ ကို

ရှင်တို့ သိလား
ကျွန်မမှာ မောင်းနှင်လောက်စရာ
ဆာလောင်မှု နှင်တံ မပါလာခဲ့ဘူး ဆိုတာ

Lavender တွေ ပွင့်ကြတယ်
ကျွန်မ နှစ်သက်လောက်စရာ ရနံ့တွေ မပါလာခဲ့ဘူး

တနင်္ဂ​နွေ တွေဟာ သိပ်တိတ်ဆိတ်တာ
အတွင်းက ပျို့တက်လာတဲ့
ဗလာဖြစ်မှု အသံကို
ကျွန်မမှာ မကြားချင်လည်း ကြားရ

ဆောင်းဦးပေါက်တဲ့ အခါ
ကျွန်မ ကိုယ်ထဲက မီးခိုးရောင် ဒီပရက်ရှင်
အရည်တွေ အန်ထုတ် နေကြတယ်

ရှင်တို့သိလား
ကျွန်မဟာ လေပူဖောင်းလို
အလွယ်တကူ ပျောက်ကွယ်သွားချင်တယ်ဆိုတာ

တိတ်ခွေကိုယူပါ
ကျွန်မရဲ့ အသံကို နားထောင်ပါ
သတ်သေစရာ
တစ်​စုံတစ်​ရာ အကြောင်းရင်းကို
ရှင်တို့တူးဖော် မိမှာပါ

ဒိုဒို
16.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား