Posts

Showing posts from January, 2018

လွတ်လပ်ရေး ပြေးခုန် ဘီစကွက်စားပွဲ

သူမ ငယ်ငယ်က လွတ်​လပ်​​ရေး နေ့တွေထဲက တစ်ရက်မှာပေါ့။ အဲ့ဒီအချိန်ကကျောင်းမှာ ပြိုင်ပွဲတွေရှိခဲ့ ကျင်းပခဲ့ကြသေးတယ်။ ရိုးရိုးအေးအေး ခပ်မှိုင်းမှိုင်းနေတဲ့ အရပ်ရှည်ရှည် ကလေးမလေးတစ်ယောက်ဟာကျောင်းရဲ့ အပြေးပြိုင်ပွဲမှာ ဝင်ပါခဲ့တယ် လေ။ တာထွက်ကနေစပြေးကြရတယ်။ ကလေးမလေး က အရပ်ရှည် ခြေတံရှည်ရှည်နဲ့ ဆိုတော့ ပန်းတိုင်နဲ့ အနီးဆုံးနေရာမှာရှိတဲ့ ဘီစကွတ်တွေ ချိတ်ဆွဲထားတဲ့ နေရာကို ရောက်လာတယ်။ ကလေးတစ်ယောက်စီ အတွက် ဘီစကွတ် တစ်ချပ် ချိတ်ဆွဲထား ပေးတယ်။ ကလေးမလေးဟာ သူမရဲ့ရှည်သွယ်တဲ့ အရပ်နဲ့ တောင် ခြေထောက်ကလေးထောက်လို့ ဘီစကွတ်ကို ကိုက်ရရှာတယ် ။ နည်းနည်းပဲ ကိုက်မိပြီးကိုက်မိတဲ့ အပိုင်းစလေးကို ကလေးမလေး စားနေတုန်း သွက်လက်တဲ့ ကလေးတစ်ချို့ သူမရဲ့ ဘေးနားကို ရောက်လာကြ ။ ခြေတံ တိုတဲ့ ကလေးတွေက သူတို့နဲ့အရမ်းကြီးမြင့်တဲ့ ကြိုးကိုခုန်စွ ပြီးကိုက်ရ။ ကလေးမလေးရဲ့အာရုံက ပွဲကြည့်နေတဲ့လူကြီးတွေဆီရောက်သွားတယ်။ လူကြီးတွေဟာ ကလေးတွေ ဘီစကွတ် အငမ်းမရစားနေတဲ့ပုံတွေကို လှောင်ပြုံး ၊ခပ်ထေ့ထေ့ သရော်ပြုံးတွေနဲ့ငေးကြည့်နေခဲ့တာ " ငါ...ငါတို့ ဟာ လူကြီးတွေရဲ့ ဖျော်ဖြေရေးစက်   ရုပ်တွေ တဲ့ လား   သူတို့ဟာ တစ်ချိန်လုံး ...

ဂက်စ်မီးဖိုနဲ့ ကစားကြမယ်

ကြက်ဥသုံးလုံးခေါက်ပါ နို့မှုန့်သုံးထုပ် ဖျော်ပါ အချိုကြိုက်လျှင် နို့ဆီထည့် သကြားလောက်ထည့်ရုံနဲ့ လုံလောက် ဒယ်အိုးတစ်ခုလုံး ရေအပြည့်ထည့် ဂက်စ်မီးဖိုပေါ်တင် မွှေထားတဲ့ဇလုံကို ရေအပြည့်ရှိတဲ့ ဒယ်အိုးထဲထည့် အပေါ်ကအဖုံးဖုံး ဂက်စ်ကို မိုင်ကုန်ဖွင့် ဆယ်မိနစ်ကျော်ကျော်နဲ့ ပူတင်းဇလုံရ ဒိုဒို

စက်ဘီးစီးသူ

ပင်လယ်ကမ်းစပ် တစ်နေရာမှာ ငါးဖမ်းသွားမယ့်လှေသမားက စက်ဘီးသမားကို သတိပေးတယ် "ခင်ဗျား စက်ဘီး ဆက်မစီးပါနဲ့တော့ လားဗျာ" "ကျနော်က စက်ဘီးစီးရခြင်းကို မြတ်နိုးလို့ပါ ဗျာ" စက်ဘီးသမားက ဆက်လျှောက်လာတယ် နှစ်မိုင်အလွန်မှာ ဂဏန်းဖမ်းနေတဲ့ ကောင်လေး တစ်ယောက် ကိုတွေ့တယ် ကောင်လေးကပြောတယ် "ဦးလေး အဲ့ဒီစက်ဘီးဆက်မစီးနဲ့ တော့တဲ့" "ငါက စက်ဘီးစီးရတာကို သိပ်ကြိုက်တာကွ"လို့ ဦးလေးကြီးက ပြန်ဖြေတယ် နောက်ထပ် မိုင်တွေအများကြီးလွန်သွားတဲ့အခါ ဝတ်ရုံနက်နဲ့ လူတစ်ယောက်ရောက်လာတယ် "ခင်ဗျား ဒီစက်ဘီးကို ဆက်စီးရင် ပျောက်ကွယ်သွားနိုင်တဲ့ ဗျ "တဲ့ စက်ဘီးသမားဟာ မရပ်ပဲ အရှေ့ကိုပဲ ဦးတည်ပြီး ဆက်သွားနေဆဲပဲ "ခင်ဗျား အဆုံးမှာ ဘာရှိမလဲ ဆက်သွားမနေနဲ့ " လို့ ဝတ်ရုံအနက်နဲ့ တစ်ယောက် ကပြောတယ် "အဆုံးမှာ ဘာမှမရှိဘူး " "အဆုံးမှာ ဘာမှမရှိဘူး" လို့လည်း သူ့ဘာသာ ရေရွတ်နေပါသေး စက်ဘီးသမားဟာ ပတ်ဝန်းကျင်ကို သတိထားမိလာတယ်။ ပတ်ဝန်းကျင်မှာ အရင် သူခြေထောက်နဲ့ နင်းခဲ့တဲ့ ခရုခွံတွေဟာ သူ့တစ်ရပ် ရှိလာနေတာ တွေ့ရတယ် ဒါပေမယ့် စက်ဘီးသမားဟာ မာနသိပ်ကြီးတာ...

ဆေးတံသောက်သူ

လမ်းစုံလမ်းခွ တစ်နေရာမှာ ဆေးတံသောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တယ်။ လမ်းစုံလမ်းခွ ဆိုပေမယ့် အလင်းရောင်အနည်းငယ်သာ ရှိပြီး ပတ်ဝန်းကျင်က အမှောင်ကြီးစိုးနေတယ်။ သူမက လွဲလို့ပေါ့။ အမျိုးသမီးဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလို့ သူမ လက်ထဲကဆေးတံကလည်း ရွှေရောင်တဖိတ်ဖိတ်တောက် နေခဲ့တယ်။ အမျိုးသမီးဟာ ကျွန်မကို နှစ်လိုဖွယ်ပြုံးပြတယ်။ အရှေ့ဘက်ကိုတည့်တည့်လှည့် သူမဦးခေါင်းပေါ်က သစ်လုံးအိမ်တစ်ခု ကိုအောက်ချလိုက်တယ်။ ဆေးတံက တော်တော်လေးကြီးတော့ ဆေးတံရဲ့အဝမှာ သစ်လုံးအိမ်ကိုစိုက်တယ်။ တစ်ရှိုက် နှစ်ရှိုက်ဖွာတယ်။ သူမ ဘာသာ မိန်းမောနေပုံရပါတယ် ။ ကျွန်မကို သတိမထားမိတော့ဘူး။ မှောင်စပြု လာပြီမို့ ဈေးသည်တွေဟာ သူတို့မီးအိမ်လေးတွေ ထွန်းလိုက်ကြတယ် ။ စား​သောက်​ဆိုင်​က လူတွေနဲ့ ပြည့်နှက်နေတယ်။ လူနည်းပါးတဲ့ စားပွဲဝိုင်းကိုရှာကြည့်တဲ့အခါ အမျိုးသားတစ်ယောက်တည်း ထိုင်နေတဲ့စားပွဲခုံကိုသွားတွေ့တယ်။ အဲဒီအမျိုးသားကလည်း စောစောကအမျိုးသမီးလို ဆေးတံသောက်နေခဲ့တာ။ ဆေးတံသောက်နည်းကို စိတ်ဝင်စားလား မိန်းကလေးတဲ့ ။ ကျွန်မလည်း စိတ်ဝင်စားမိကြောင်း ခေါင်းညှိမ့်လိုက်တယ်။ သစ်လုံးအိမ်ဆောက်တဲ့ပုံစံက ကိုယ်ထည်ကတော့သစ်သား ကိုယ်ထည် ပြတင...

Starvation

ဒီအကြောင်းတွေ ကျနော် စပြောရရင် နွေရာ သီ ရဲ့ နံနက်ခင်း တစ်ခုမှာပေါ့ ။ကျနော် အိမ် ရှေ့ တံမြက်စည်းလှဲနေတုံး ဂျူးမိန်းကလေး တစ်ယောက် တံခါးဝနားရောက်လာတယ်။ သူမဟာ ကြမ်းပြင်ပေါ်လှဲအိပ် လိုက်လေရော ပဲ။ "WTF ဒါ အိပ်စရာနေရာ မှမဟုတ်တာ " မိန်းကလေးက နေရာက မရွေ့တော့ဘူး ။ သူ့ အဖေ ဂျာမနီကောင်တွေကလည်း ပတ်ဝန်း ကျင်မှာ ဝဲလို့။ ကျနော် တံခါးပိတ် သူမခန္ဓာ ကိုယ်ကြီး အထဲသွင်း သူမက ဂျူးဖြစ်နေ တော့ ကျနော်မှာ တုန်လှုပ်ရ။ ထောက်လှမ်း ရေးတွေ ပြန်သွားမှ ကျနော်လည်းမေးဖို့ပြင် ရတယ် ။ ဝမ်းနည်းစရာက မိန်းကလေးဟာ သေနတ်ဒဏ်ရာနဲ့  သေနေခဲ့ပြီ ဒါ့အပြင် ဂျူး တစ်ယောက်ကို လက်ခံထားတဲ့ ကျနော့်အ ဖို့ မတွေးဝံ့စရာ။ ကျနော် မြေမြှုပ်ဖို့ စဉ်းစား တယ်။ သိတယ် မဟုတ်လား ဆုကြေးငွေ ကြေငြာထားတော့ ပတ်ဝန်းကျင်ကလည်း အ ရိပ်တကြည့်ကြည့် နဲ့ဆိုတော့ မြေမြှုပ်ဖို့အကြံ လက်လျော့ ရတယ်။ ကျနော်တို့ မြို့လေးကလည်း ဆင်းရဲတဲ့ မြို့ ငယ်လေးပဲ ဟာ။ နောက်တစ်နည်း စဉ်းစားတယ်။ ဒီအလောင်း ကောင်ကြီးကို မြေအောက်ခန်းထဲ ထားမယ် ဆိုရင် ။ဒါပေမယ့် အဲ့ဒီအကြံဖျက်ရ ပြန်တ ယ်။ မလုံမခြုံ မြေအောက်ခန်းငယ်လေးဟာ အလောင်းကောင်ကြီးရဲ့ ပုတ်ပွလာတဲ့ အနံ့ ကို လံ...

အမှောင်ထဲက ရွှေငါးတွေ

မှတ်မှတ်ရရ ကျနော် ငယ်ငယ်က ငါးသုံးကောင် မွေးတယ် ဒိုရယ် နိုရယ် စိုရယ် လို့နာမည်ပေးတယ် ၁၀ နှစ်သားအရွယ်မှာ ကျနော့်မုန့်ဖိုးဟာ ၂၀၀ ငါးသုံးကောင် ရဖို့ ၂ရက်စာ အငတ်ခံလိုက်ရ ကျနော်ဟာ ရွေငါးသုံးကောင်ထမ်းပြီး အိမ်ပြန်လာတယ်ပေါ့ ပျော်ရွှင်စွာနဲ့ပေါ့ ကျနော်ဟာ တစ်နေ့မှာ ငါးကန်ကောင်းကောင်း ရှိမယ်လို့ စိတ်ကူး ပျော်ရွှင်ခဲ့ဖူးတယ် လူတွေ ရေချိုး သလို ဒိုရယ် စိုနဲ့ နိုတို့ ရေပုံးတွေ နေ့စဉ်လဲလှယ်ခဲ့ဖူးတယ် ကျနော်မစားပဲ နေ့စဉ်အစာကျွေးတယ် ဒိုဟာ ဖောင်းကားလာတယ် ပေါ့ နိုနဲ့ စိုလည်း တစ်လှည့်ဆီ ဖောင်းကားလာတယ်ပေါ့ သူတို့ စိုပြေလာတယ်အထင်နဲ့ ကျနော်ကျေနပ် မိတယ်ပေါ့ ကျနော့်မှာ အိပ်စာတစ်ပုဒ်ပြီးတိုင်း မြွေအန္တရယ် စောင့်ရှောက်ကာကွယ်ခဲ့ နေ့တစ်နေ့ ရဲ့ မနက်ပိုင်းမှာ နိုသေတယ် ​နေ့လည်​မှာ စို သေပြီး ညနေမှာ ဒို သေသွားတယ် သူတို့ ဗိုက်တွေလည်း ဖောင်းကားလို့ ခွဲခွာသွားတဲ့ ရွှေငါးတွေ ခြံစည်းရိုးထောင့်မှာ မြှုပ်နှံ့ခဲ့ သူငယ်​ချင်း တစ်ယောက်က ပြောတယ် ငါးတွေ မြေမြှုပ်ရင် ငါးသရဲတွေ အဖြစ်ပြန်လာတတ် တယ်တဲ့ မြေမြှုပ်ခဲ့တဲ့ ငါးတွေပြန်ဖော်တဲ့ အခါ ကျနော်မြှုပ်ခဲ့တဲ့ နေရာမှာ ငါးတွေမရှိတော့ အဲ့နေ့ညက ကျနော်...

Untitled

အပင်မြစ်ဟာ ဒီလိုပဲတစ်ဖက်က ရှင်သန် တစ်ဖက်က သေဆုံးကြရတာပဲတဲ့။ ဒီလိုနဲ့ လူတစ်ချို့ဟာ တစ်ဖက်မှာ စိမ်းမြလန်းဆန်း ဖို့အတွက် တစ်ဖက် ဒီပရက်ရှင်တွေ ရှိနေတဲ့ အပိုင်းမှာ ပုတ်ပွလာတော့တာပဲ ။ပုတ်ပွ လာ တာကို ဘယ်လိုသိနိုင်မလဲ? ။ဒီမေးခွန်းက မ မေးသင့် ဘူးဗျ။ သူတို့ကိုယ်တိုင်ရဲ့ လုံခြုံ​မှု ပျောက်ဆုံးသွားခဲ့ရင် ကျနော် အမှန်တကယ် တာဝန် မယူနိုင်ဘူး။ ဒါပေမယ့် ဒါဟာ ခင် ဗျား ကိုယ်တိုင်လည်း စိတ်ကျနေသူမို့ ကျနော် ပြောပြနိုင်ပါတယ် ။အနည်းဆုံးတော့ ခင် ဗျားဟာ ကမ္ဘာပျက် ရုပ်ရှင်တွေကိုကြည့်ပြီး စိတ်ကျေနပ် ခံစားနေရမယ်ဆိုရင် ပုတ်ပွနေ တဲ့အပိုင်းဟာ အတော်လေးကြီးထွားနေပြီ လို့ ဆိုနိုင်ပါတယ်။ ရှင်သန်ခြင်းနဲ့ တစ်ဖန် ပွင့်လန်းလာခြင်းကို ကနဦးပျော်ရွှင်မှူရဲ့ ဗ ဟိုအဖြစ် မသတ်မှတ်နိုင်တော့တဲ့အခါ ကျ နော်ပြောသလို ပုတ်ပွခြင်းဟာ ကြီးထွားလာ နေပြီလို့ ဆိုနိုင်ပါတယ် ။ အနက်ရောင် ဝတ် စုံတွေမြင်တိုင်း ဒါဟာသေမင်းတမာန်ရဲ့ အ ရံအပွားဖြစ်တယ် လို့ ခင်ဗျားနှစ်သက်ခံစားရ တိုင်း နာကျင်မှုဟာ ခင်ဗျားရဲ့အဝန်းအဝိုင်း အသက်အိုးအိမ် အထိ ဆန်တတ်လာနေပြီ ဖြစ်ပြီး ခင်​ဗျား တံထားပေါ်က ခုန်ချသွားတဲ့ အခါ ပျောက်ဆုံးသွားခြင်း လို့ခေါ်ပါတယ်။ သေဆုံြး...

နှင်း ရဲ့ကမ္ဘာပျက်ပုံပြင်

မြို့ဟောင်း တစ်ခုကို နှင်းအမည်ရ အမျိုးသမီးငယ်လေး ဖြတ်လျောက်လာတယ် ပုံပြင်​ပြောသူဟာ မိန်းမငယ်လေး ကို ကျိုးကြောင်းရှင်းပြတယ် ပုံပြင်ဟာ အစ အလယ် အဆုံး သုံးပိုင်းရှိတဲ့အကြောင်း အဆုံးမှာ ရောက်လာခဲ့တဲ့ အတွက် အိမ်ပြန်ပြီး နွေးနွေးထွေးထွေး နေစေလိုကြောင်း သတိပေးတယ် အမျိုးသမီးလေးက ပြန်ပြောတယ် ကျွန်မဟာ အဆုံးကိုသာ နှစ်သက်တဲ့အတွက် အဆုံးမှရောက်လာရ ခြင်း ဖြစ်တယ်တဲ့ အမျိုးသမီး ငယ်လေးဟာ မြို့ထဲဆက်လျောက်တယ် ပုံပြင်ပြောသူ အဖိုးအိုဟာ မြို့အဝင်တံခါးကို မဖွင့်ဖို့ သတိပေးပြန်တယ် မင်းဟာ မင်းချစ်တဲ့သူကို ပုံပြင်အစမှာထဲက ဆုံးရှုံးနှင့်ခဲ့ပါပြီ ကလေး ပုံပြင်အလယ်မှာ သူဟာ ရင်ကွဲနာကျ ပြီး အရာရာကို ကြောက်ရွံ့သွားတော့ တယ် ပုံပြင်အဆုံးကိုတော့ ငါမသိဘူး ဆိုးဆိုးရွားရွား ဖြစ်လာဖို့ ခန့်မှန်းတယ်တဲ့ မင်းဟာ မင်းကိုယ်တိုင်လည်းကောင်း မင်းချစ်တဲ့ သူကို လည်းကောင်း မေဘယ်ရွက်တွေ နဲ့ အတူ ဆုံးရှူံးရနိုင်တယ်တဲ့ အချစ်ကိုကြောက်တဲ့ လူတစ်ယောက်ကို မင်းဟာ တွေရီငေးရင်း သနားရင်း ဒီလိုပဲ တမြေ့မြေ့လှိုက်စား အရည်ပျော် သွားတော့မယ် နှင်းဟာ လက်မခံ နှင်းဟာ ရှေ့ဆက် ပုံပြင်မြို့ရိုး တံခါးကို အားတင်းပြီး ဖွင့်တယ် ကားလိ...

miracle ဖန်ကွဲစလေးများ အကြောင်း (အက်ကွဲရခြင်းများ )

စာရွက်အလွတ်ကလေး တစ်ရွက်ကို သော့ခ တ်သိမ်းထားတဲ့ မှန်ဗီဒိုအလွတ်တစ်လုံး ရှိ ခဲ့တယ်။ ဗီဒိုဟာ သော့ခတ်ထားတဲ့ စာရွက် အလွတ်တစ်ရွက်အပြင် အစိမ်းရောင် ဖြစ် တည်မှုမျိုးနဲ့ သီးသန့်ဆန်ဆန်ရှိနေတယ်။ သော့ခတ်ထားတဲ့ စာရွက်အလွတ်ထဲမှာ သော့ခတ်သိမ်းဆည်းထားတယ် ထင်ရတဲ့ လူနှစ်ယောက်ရှိ နေပါတယ်။စာရွက်အလွတ်ရဲ့ သော့ခတ်ထားတဲ့ ခွဲကြောင်းချုပ်ရိုးရာ တစ်လျှောက်မှာ နှစ်ယောက်ကိုခွဲခြားထားတဲ့ ဖြစ်တည်မှုဆိုင်ရာ အက်ကွဲကြောင်းလေး ပေါ်ထွန်းနေတတ်တယ်။စာရွက်အလွတ်တစ်ရွ က်ရဲ့ အထဲက စာရွက်သားတွေမှာ ကမ္ဘ္ဘာနှစ်ခုခြားနေတယ်လို့ စဉ်းစားဖူးကြလား။ တစ်ဦးက အမှောင်ထဲမှာနေပြီး တစ်ဦးကအ လင်း ထဲမှာနေမယ် ။ တစ်ဦးက အပြာရောင် ကောင်းကင်အောက်မှာ လင်းလက်လို့ တစ်ဦးက ခရမ်းရောင် ကောင်းကင်အောက် မှော်ဆန်စွာ အထီးကျန်​ နေကြမယ်။နံရံကပ် သစ်သားပြားလေး ခြားထားသလိုမျိုး မတူ ကွဲ ပြားတဲ့ကမ္ဘာတစ်ခုဆီက လူတွေဟာ တစ်ဦး အသံတစ်ဦး ကြားရမယ်။ စိတ်ကျရောဂါချင်း ဖလှယ်ကြ လူတစ်ယောက် ဟာ နောက်တစ် ယောက်အတွက် miracle ဖြစ်မှန်းသေချာနေ ခဲ့ပြီး ။အဲ့ဒီ ချုပ်ရိုးသော့ခလောက်ရာလေး ထိရှ ဆုတ်ပြဲသွားတဲ့အခါ သူတို့နှစ်ယောက်စ လုံးရဲ့  စကြာဝဠာဆိုင်ရာ ဖြစ်တည်မှုတွေ ဟာ အဆုံးသတ်သွ...

နှင်းဆီပုံပြင်

တစ်ခါတုံးက ရွာငယ်လေးတစ်ခုမှာ ဆင်းရဲ သား အဘိုးအဘွား လင်မယားနှစ်ယောက် ရှိခဲ့တယ်။ အဘွားကတော့ ကျန်းမာ​ရေး မ ကောင်းတော့ အိမ်မှာချက်ပြုတ်ရတာပေါ့ ။ အဘိုးကတော့ နေ့စဉ် တောထဲသွားဝါးခုတ် ရတယ်။ ဝါးခုတ်လို့ ရတဲ့ငွေ့နဲ့ သူတို့စားဝ တ်နေရေး လည်ပတ်နေရတယ်။ တစ်ခါ တစ်လေ ဝါးအပင်သစ်မပေါက်ခင် ထွက် လာတဲ့ မျှစ်စို့တွေကို ဟင်းအဖြစ်တစ်မျိုး ပေါ့ လေ။ ဘိုးဟာ မိုးဦးကျ ပြီမို့ တောစပ်ကိုထွက် လာတယ်။ အဲ့ဒီမှာ သူတစ်ခါမှမတွေ့ဖူးတဲ့ ပန်းတစ်ပွင့်ကို ထူးထူးခြားခြားတွေ့လိုက်ရ တယ်။ ပန်းပွင့်ဟာ ပန်းနုရောင်လဲ့နေပြီး ပွင့် ဖတ်တစ်ခုချင်းဆီကနေ သင်းပျံတဲ့ အနံ့လေး တွေ ပျံ့လွင့်လာနေတယ်။ (အဲ့ဒီခေတ် အခါ တုံးက နှင်းဆီပွင့်မပေါ်သေးဘူး ကွဲ့။ အဘိုး တွေ့သွားတာ နှင်းဆီပွင့်မှန်း ဘိုးမသိခဲ့ဘူး) ထူးဆန်းတဲ့ ပန်းပွင့်ကြီးနားကို အဘိုးတ ဖြေးဖြေး တိုးကပ်သွားတယ်။ အဲ့ဒီမှာ သေးင ယ်တဲ့ ကလေးမလေးတစ်ယောက်ကို မြင် တွေ့လိုက်ရတာပဲ ။ အဘိုးဟာ ကလေးချစ် တတ်သူဆိုတော့ ဝမ်းသာမျက်ရည်တွေနဲ့ အိမ်ပြန်လာတယ်။ မယ်လက်မ လေးကို ပု ခက်လေးတစ်ခုပေါ် ထည့်သိပ်ထားရင်း ရှေ့ ရေး ကိုနှစ်ယောက်သား တိုင်ပင်ဆွေးနွေးကြ တယ်။ သူတို့သတိမထားမိတာက မယ်လက် မလေးဟာ သူတို့...

မှန်

မှန်ထဲက သူမကိုယ် သူမ ကြည့်ရင်း အမှန်လား အမှားလား ဆုံးဖြတ်တယ် "မှန်" ဆိုတဲ့အတိုင်း မှန်ရင် ကောင်းမှာပေါ့ သူမ အခုဖြစ်နေတာက အမှန်လား အမှားလား ခွဲခြားမရတဲ့ ကြားအခြေနေတစ်ခု ပါ "မှန်"ထဲက သူမကို ကြည့်ရင် မြင်ရတယ် ဒါဆို "မှား" ကိုကြည့်ရင်ရော သူမ ကိုယ် သူမ ပြန်မြင်ရနိုင်လောက်လား မှန်ထဲက သူမနဲ့ အပြင်က သူမရဲ့ ကြားက ချစ်ခြင်းဟာ ခွဲခြားမရတဲ့ အတွက် သူမ အစားအသောက်ပျက်လာတယ် မှန်ထဲက တစ်ယောက်ကို ပိုပိုချစ်လာခဲ့ပြီး သူမ မှာ စားလည်းဒီစိတ် သွားလည်းဒီစိတ် အဆုံးမှာ မှန်ထဲက တစ်ယောက်ကို သူမ လက်ထပ်လိုက်တယ် သူမဟာ သူမချစ်တဲ့သူကို သွားလေရာနေရာ တိုင်း ခေါ်သွားလေ့ ရှိတယ် မှန်က "မှန်တာလား " သူမက "မှန်တာလား " တစ်မြို့လုံး တွေးလို့ မရခဲ့ ဒိုဒို 16.12.2017

မြှားသူ

မြှားသူဟာ ရေချိုးဇလုံတစ်ခုရဲ့ အပေါက်ဝကို မြှားတံနဲ့ ချိန်ရွယ်ထားတယ်။ငါးမြှားတံနဲ့ ငါးမြှားချိတ် ရယ်ကို  ရေဆင်းပေါက်လေးထဲ ထည့်လိုက်ပြီး မြှားသူဟာ ရေချိုးဇလုံဘောင် ပေါ် ထိုင်နေတယ်။သူ့လို မြှားသူတွေ ကမ္ဘာ နဲ့အဝန်း မှာရှိကြပါတယ်။ ပင်လယ်ကမ်းစပ် မှာ မြှားသူတွေ မြစ်ချောင်းအင်းအိုင်တွေမှာ မြှားသူတွေပေါ့ ။ဦးလေးဖြစ်သူက "မင်းဒီလို မြှားရင် ငါးတွေမရနိုင်ဘူး"တဲ့  ။" မင်းဟာ အဓိပ္ပါယ်​ မရှိတဲ့အရာကို လုပ်နေတာသာ ဖြစ်ပြီး ဘယ်တော့မှ ငါးမရဖို့ မမျှော်လင့် ကြောင်း" ထပ်လောင်းပြောတယ်။သူ ဟာ ဘာမှမပြောပဲ တိတ်ဆိတ်စွာ နေတယ်။ သူကတော့ ရေပိုက်လိုင်း တွေမှာ သူလိုချင် တဲ့အရာတွေ ရှိကြောင်း အတပ်သိထားတယ် လေ။ သူဟာ အိမ်ပြန်ထွက်ရမှာကြောက်တဲ့ phobia ရောဂါတစ်ခု ကိုခံစားနေရတာ ဖြစ် ပြီး တလောက ရေဆင်းပိုက်ထဲကနေ သူငယ်တန်းကလေးတစ်ယောက်ရဲ့လက်ရေးမူကို သူရရှိခဲ့တယ်။ သူငယ်တန်း ကလေး ဟာ သူ့ရဲ့ကျောင်းအကြို နှစ်တွေဟာ  ခက်ခဲ ကြောင်း ဖြစ်နိုင်ရင် သူကျောင်းမတက်ချင် ကြောင်း ရင်ဖွင့်ထားတာပဲ။ ၁၅ နှစ်အရွယ် ကလေးမလေးရေးတဲ့ စာတစ်စောင်မှာ သူမကိုယ် သူမ ဆယ့်ငါးနှစ်ရှိပြီ ဖြစ်ကြောင်း စတင်မိတ်ဆက်ထားပြီး သူမရဲ့ဘဝလွမ်...

တံထားတွေအစားကိုယ်နှစ်သက်ရာထည့်ကြည့်ခြင်း

ကျွန်မကတော့ စိတ်​ကူးယဉ်​ရခြင်းတွေ ကိုနှစ်သက်ပါတယ်။ အိုက်စက်ပူလောင်လှတဲ့ ရန်ကုန်မြို့ရဲ့နေ့လည်ခင်းတွေမှာ့ ဘတ်စ်ကားကျပ်ကျပ်ထဲ စိတ်ကူးယဉ်ရတာကိုနှစ်သက်ပါတယ်။ မြက်ခင်းစိမ်းစိမ်းမှာ လေတဖြူးဖြူးတိုက်ခတ်နေစဉ့် တယောထိုးနေသူအဖြစ် စိတ်ကူးယဉ်ရတာကိုလည်းနှစ်သက်ပါတယ်။ ရွှေဝါရောင်စပါးခင်းတွေစာခြောက်ရုပ်တွေနား တေးသီချင်းသံပြိုင်ဆိုနေတဲ့ ကောက်စိုက်သမတစ်ဦးအဖြစ်လည်း စိတ်ကူးယဉ်ခြင်းမျိုးကိုလည်းနှစ်သက်ပါတယ်၊ ပတ်ဝန်းကျင်မှာ ရွှေရောင်အလင်းမှုန်တွေမြင်ရတိုင်း နံဘေးမှာFairiesတွေရှိနေကြောင်း စိတ်ကူးယဉ်ရတာမျိုးကိုလည်း နှစ်သက်ပါတယ်။ ဒေါ်ရသီအဖြစ် မှော်ဆရာအော့ဇ်ရဲ့မြရတနာမြို့တော်ကို အလည်အပတ်သွားခဲ့တယ်လို့ စိတ်ကူးယဉ်ခြင်းမျိုးကိုလည်း နှစ်သက်ပါတယ်။ မင်းသားလေးရဲ့မိတ်ဆွေအဖြစ် သိပ်ပြီးဝမ်းနည်းပူဆွေးနေရတဲ့အခါမျိုးမှာ စကားတစ်ခွန်းမပြောပဲ နေဝင်ဆည်းဆာကို အချိန်ကြာကြာကြည့်နေခဲ့တယ်လို့ စိတ်ကူးယဉ်ရတာမျိုးကိုနှစ်သက်ပါတယ်။ စိတ်ကူးယဉ်သူငယ်ချင်း Zannaတစ်ယောက်ရှိကြောင်း စိတ်ကူးယဉ်ရတာမျိုးလည်းနှစ်သက်ပါတယ်၊ ပင်လယ်ကမ်းစပ်တစ်နေရာမှာ မိုင်ထောင်ချီလမ်းလျှောက်ချင်တဲ့ဆန္ဒရှိခဲ့သူ Rapenzalအဖြစ်စိတ်​ကူ...

မိုးအုံ့သောနွေနေ့လယ်ခင်းလေး

မိုးအုံ့သောနွေနေ့လယ်ခင်းလေး မင်းအကြောင်းတွေးရင်းငေး။ သစ်ရွက်ကြွေတိုင်း လေတိုက်တိုင်း မှုန်ပြပြနေရောင်ခြည်မြင်တိုင်း ဦးဆုံးသတိရတာဟာ ငါ့ရဲ့နီညိုရောင်ဦးထုပ်လေး ဦးထုပ်လေးဟာ နွေနဲ့ဆောင်းမှာငါနဲ့အတူရှိခဲ့တယ်။ အထူးသဖြင့်မနှစ်ကဆောင်းနဲ့ဒီနှစ်နွေ နွေဥတုဟာပို၍ပို၍ပူလာ ရင်ခတ်ပန်းတွေပွင့်တော့မှာပဲ။ ဒီနှစ်နွေဟာပိုပြီးတောင်..လွမ်းမောဖွယ်ကောင်းနေသေးရဲ့။ ရင်ခတ်အလွမ်းတွေနဲ့ အလွမ်းရဲ့ကျိန်စာသင့်တယ်။ ရွှေဝါရောင်ပိတောက်တွေ. သပြေခက်နဲ့. ရေပက်မယ့်ဦးဆုံးသူဟာ ကိုယ်သာဖြစ်ပါရစေ။ မဖြစ်နိုင်တဲ့အရာတွေကိုတွေးနေမိတယ်.. မိုးအုံ့သောနေ့လည်ခင်းလေးမှာ.။ ဒိုဒို

ဘေးအိမ်ကဘွား

ဘဝဟာ ရေပွက်ပမာ ဘဝဟာ ပုံသေကားချပ် ဘဝဟာ အဓိပ္ပါယ်ပျောက်ဆုံးသွားတဲ့ ဆေးရေးပန်းချီ လို့ ထင်နေသူတစ်ယောက်ဟာ စဉ်းစားဆင်ခြင်ခြင်းတွေနဲ့အတူ တွေးတောခြင်းပါပျောက်ဆုံးသွားတယ်။ ဒီအခါသူ့ခေါင်းထဲမှာ ငယ်စဉ်ကအတွေးတွေဝင်ရောက်လာခဲ့။ အများအထင်ကတော့"သူငယ်ပြန်ခြင်း" ကိုယ်ကတော့ "ဖြူ စင်တဲ့ကလေးဘဝ  အသစ်ပြန်လည်မွေးဖွားခဲ့ခြင်း" ရည်ညွှန်းချင်ပါတယ်။ အဘွားဟာကလေးတစ်ဖန်ဖြစ်လာခဲ့။ ဘွားရဲ့အသစ်တစ်ဖန်မွေးဖွားခြင်းဟာ ဖြူ စင်ခြင်းနဲ့အတူစတင်တယ်။ ရွယ်တူတွေဟာ အချင်းချင်း အနိုင်ကျင့်ချင်ကြတယ်။ သူငယ်ချင်းအရင်းတောင် အမြဲအနိုင်လိုချင်တယ်။ ဝမ်းနည်းမှုကကျ တဲ့ မျက်ရည်တွေတောင် အရသာခံပြီးပြုံး ကြည့်တက်ကြတယ်။ ဘွားဟာ အနိုင်မကျင့်ဘူး။ ဘွားဟာနှစ်လိုဖွယ်ကောင်းတယ်။ ဘွားဟာ ကလေးတိုင်းကို ကွက်ကီးကျွေးတယ်။ အိမ်ရှေ့ခုံတန်းလေးမှာထိုင်ပြီး ဘွားဟာနေရောင်ကြောင့် အရောင်မှိန်သွားတဲ့သက်တန့်ကို ဆေးပြန်သုတ်ပေးချင်တဲ့ အကြောင်းပဲစဉ်းစားတယ်။ မိုးကုတ်​စက်​၀ိုင်း​နဲ့မြေပြင်ဟာ ဘာကြောင့် မပေါင်းစုံလဲကိုပဲ စဉ်းစားတယ်။ ဘွားဟာလူကြီးတွေလိုမဆူတက်ဘူး။ ကလေးတွေလိုလည်း အနိုင်မကျင့်တက်ဘူး။ ဘွားဟာ သူ့ဆီလာရင်ဘီစကွ...

Coraline စီးရီး

..Coraline (1)...... မိသားစုဆိုတာဆန်ပေးမှဆီရတဲ့ အစုအဝေးတစ်ခုပဲCoralineရဲ့ ကြည့်ရှူ့စောင့်ရှောက်တယ် အစာကျွေးတယ်.. ရေတိုက်တယ်.. သူတို့လိုချင်တဲ့စည်းဘောင်အတိုင်း ပြန်နေပေးရတဲ့ အပေးအယူဆန်တဲ့ဂိုဏ်းစတားတစ်ခုပဲကွဲ့ တစ်ခါတလေမှာ.. ခံစားချက်တွေကို လှစ်လျူရှူ့တဲ့moleculesလေးတွေပဲကွဲ့ အသက်ကြီးသူနဲ့ငယ်သူယှဉ်လာရင် ကြီးသူကမှန်တယ်ဆိုတဲ့ တစ်ဖက်သတ်လူအဖွဲ့အစည်းကြီးပဲကွဲ့ အကြီးကိုပြန်ပြောရင်ငရဲကြီးတယ်တဲ့. .Coralineဟာလိမ္မာ. .Coralineငရဲမကြီးချင် ဘယ်ရှူ့ထောင်ကကြည့်ကြည့် Coralineအမှန် အမှန်ပြောခြင်းဆိုတာထက် ငရဲကြီးမှာကိုCoralineပိုကြောက် ..ဒါကြောင့်Coralineမပြော.. Coralineချောင်တစ်ခုမှာသွားထိုင်တယ် ကော်ဖီတစ်ခွက်ဖျော်.. တိတ်တိတ်လေးမျက်ရည်ကျပြီး.. တဖျောက်ဖျောက်ရွာနေတဲ့မိုးစက်လေးတွေကိုပဲ..ငေးကြည့်နေလိုက်တယ် ဒါလောက်ပါပဲ.. ဒါလောက်နဲ့တင်ကျေနပ်ပါပြီကွယ်. .မျက်ရည်တွေဟာ.. ကော်ဖီခွက်ထဲတစ်ပေါက်ပေါက်ကျ ဒဏ်ရာတွေဟာ..ရင်ထဲမှာ..အပြည့်. တွေးမိလိုက်တိုင်း..တဆစ်ဆစ်ကိုက်ခဲ.. . .......Coraline (2)....... Coralineငိုတယ်.. အမှန်တရားဟာအမြဲရင်ထဲမှာပဲ သေဆုံးသွားရမဲ့.နွယ်မြတ်သစ်ပင်ပါလား. .သစ္စာ...

နင့်လက်ကလေးတွေဟာလေ... အေးစက်နေတာပဲ

အပြင်ကလူပါပဲ အုတ်နံရံနှစ်ဖက်ပါတဲ့ ခေါင်မိုးအောက်မှာနေတယ်.. ဝရံတာမှာမတ်တပ်ရပ် အမိုးအကာတစ်ခုအောက်မှာရှိလည်း အပြင်ကလူဟာ..အပြင်ကလူပဲ ရယ်သံအက်အက်များ ဝတ္တရားဆန်ဆန်နှုတ်ဆက်မှုများ ဝတ်ကျေတန်းကျေ ပြုံးပြဖိုရာ့အင်အားမရှိ နီယွန်ညတဲ့ပွဲတော်တွေတဲ့..ပျော်စရာတွေပါတဲ့ ပျော်ရွှင်မှုဆိုတာကြီး ဘာလို့ဒါလောက်တောင်စိမ်းနေရသလဲကွယ် ဒါဟာပျော်စရာတွေပါတဲ့ကွယ် ပျော်ခဲ့ဖူးသလားခိုရာလိုင်းပြန်တွေးတယ်ဝေဝေဝါးဝါးပဲ ပျော်စရာဆိုတာ စာအုပ်တွေလား ပျော်စရာဆိုတာမိုးပျံပူဖောင်းလား ပျော်စရာဆိုတာစက်ဘီးစီးခြင်းလား စွန်လွှတ်တာကိုပြောတာလား.. ကျောရိုးတွင်းကနာကျင်မှုဟာ ရိုးတွင်းချင်စီထိဖောက်ထွက်သွားတယ် အားလုံးဆီကနင်ထွက်ပြေးမယ် အစာမစားဘဲနင်မှိုင်နေမယ် ချောင်တစ်ခုမှာသွားထိုင်လိမ့်မယ် အေးစက်စက်လက်တွေကို လက်အိတ်ဝတ်ဖို့်မေ့သွားမယ်..၊ ကော်ဖီသောက်ပြီးနင်သက်ပျင်းချအုံးမယ် နွမ်းလျအိမ်ပြန်ကို ဘယ်နှစ်ခေါက်မှန်းမသိ ဖတ်နေလိမ့်အုံးမယ်မဟုတ်လား နောက်တော့နင်မောပန်းလာမယ် ခေါင်းချအိပ်စက်မယ် နင်အိမ်မက်မက်လိမ့်အုံးမယ် အိမ်မက်ထဲမှာနင်ကတင်မေဖြစ်သွားမယ်။မျက်လုံးတွေပြာဝေလာမယ်။ စေးထန်းထန်းသွေးတွေ ပါးစပ်ထဲကကြိုးစားထွေးနေမိမယ် မြရ...

Untitled

အလုံပိတ်ဖန်ပုလင်းတစ်ခုထဲ လိပ်ပြာတစ်ကောင်ရဲ့တောင်ပံစောင်းတွေ တမြေ့မြေ့ပဲ့ကြွေရတဲ့အဖြစ်ကိုကြည့်မိတဲ့အခါ နင်တစစ်စစ်နာကျင်ကိုက်ခဲရတယ်မဟုတ်လား။ နက်ဖြန်မှာလည်းနင်နိုးထမိအုံးမှာပဲ မင်းသားလေးကိုနှစ်သိမ့်မိလိမ့်အုံးမယ်။ ဘယ်တော့မှရောက်မလာတော့မယ့် နှင်းဆီပွင့်လေးအကြောင်းလိမ်ညာပြီး နှစ်သိမ့်ပေးနေမိအုံးမယ်မဟုတ်လား။ မင်းသားလေးကလည်း သူ့နှင်းဆီလေးဟာ ကမ္ဘာပေါ်မှာတစ်ပွင့်ထဲရှိတဲ့အကြောင်း နင့်ကိုပြောလိမ့်အုံးမယ်။ နင်လည်းမျက်ရည်တွေနဲ့ပြုံးပြီး နားထောင်မိအုံးမှာပဲ။ နင်အိမ်မက်မက်ဖြစ်မယ် သွေးအလိမ်းလိမ်းနဲ့ဂမုန်းပင်တွေ နင့်ဘေးနားမှာရှင်သန်ကြီးထွားနေတာ နင်ကလည်းသွေးအိုင်ထဲမှာလဲ..။ နောက်တော့မှော်ဆရာမဖြစ်သွားမယ်။ တံမြက်​စည်းပျံနဲ့လျှောက်သွားမိအုံးမယ်။ နှင်းဆီလေးကိုလိုက်ရှာပေးမိအုံးမယ်။ ရှာတွေ့ပြန်တော့ ကြောက်အားလန့်အားထွက်ပြေးမိမယ်။ အိမ်မက်ကနင်ပြန်နိုးလာမယ်။ သွေးအလိမ်းလိမ်းနဲ့.ပဲ..။ ဒိုဒို

Untitled

ငါလိုချင်တာ TomကJerryကိုခုတ်တဲ့ဓားချက်မျိုး ဇာတ်လိုက်ကျန်ကျောင်းခုတ်ခံရတဲ့ဓားချက်မျိုး Jerryကပြောတယ် သူ့သူငယ်ချင်းTomကိုစိတ်ချပါတယ်တဲ့ သူ့ကိုသေစေမှာမဟုတ်ဘူးတဲ့..။ သူငယ်ချင်းတစ်ယောက်လည်း ဓားချက်လေးတွေလက်ဆောင်ပေးဖူးတယ်..။ ငါမရှောင်ပါဘူး ပြုံးပြုံးကြီးပဲ ငါ့သူငယ်ချင်းက ငါ့ကိုသေအောင်သတ်မှာမှမဟုတ်တာ.။ Tom နဲ့Jerryလိုတို့တွေဟာ အပျော်တမ်းကစားနေကြတာပဲမဟုတ်လား..။ မီးအိမ်လေးနဲ့ဟိုဒီလျှောက်ပြေးကျတယ်။ သူမကလည်းကစားစရာငွေရောင်ဓားကိုဝှေ့ရမ်းလို့..။ ဓားချက်တွေပျံဝဲလာတယ်။ တစ်စက္ကန့်... နှစ်စက္ကန့်... အမှောင်ထုရယ်... ကျောရိုးတွင်းကနာကျင်မှုရယ် ဓားကလည်းအစစ်ကြီး. ဓားကိုင်ထားတဲ့မျက်နှာပေါ်ကအမုန်းကလည်းအစစ်ကြီး Moleculeတစ်ခုချင်းငါကွာကျသွားတယ်။ သူမဟာTomမဟုတ်ခဲ့ဘူး ငါကလည်းJerryမဟုတ်ဘူးပဲ..။ ဒိုဒို

အရ်ုးပြာအိုလေး

အရိုးပြာအိုးလေးတစ်အိုးငါ့မှာရှိတယ်။ ပုံပြင်တွေ မနိုင်မနင်းထမ်းလို့ သွေးအားနည်းရောဂါနဲ့ Sleep paralysis လေးတွေBipolarတွေနဲ့ စိတ်ကျရောဂါလေးတွေ ပူပူနွေးနွေးသိမ်းထားသေးရဲ့..။ ကောင်းကင်မြေပြင်နဲ့ ကမာကောင်တွေနံဘေးမှာဝန်းရံလို့့် ပင်လယ်ပြင်မှာ လှိုင်းကျပ်ခွပ်လေးတွေရှေ့မှာဖြတ်ပြေးလို့..။ ငါးဖမ်းထွက်မဲ့တံငါလှေတစ်စင်းဟာ မှုန်ပြပြအကွာအဝေးမှာ တို့တွေဝေးခဲ့ကြတဲ့အကြောင်း.. ပင်လယ်လှိုင်းကိုကြိမ်ရိုက်ခိုင်းစေရင်တောင် ပြန်ဆုံခွင့်မရှိတော့တဲ့အကြောင်း လှေကလေးကိုပြောပြမယ် ။ သူဟာမင်းသားလေးဖြစ်တဲ့အကြောင်း နှင်းဆီပွင့်လေးနဲ့မဆုံနိုင်တော့တဲ့အကြောင်း ကြေကွဲဖွယ်သူ့ရဲ့ကဗျာတွေနဲ့ လွမ်းဆွတ်ဖွယ်ရာဆောင်းညတွေရဲ့ ရှည်လျားပုံအကြောင်းတွေ လှေကလေးကိုပြောပြမယ် ဝင်ကစွပ်နဲ့ကမာကောင်လေးတွေ ရွာကျခါနီးတိမ်ညိုတိမ်သားတွေနဲ့ ကမ်းစပ်နားကတဲအိုငယ် အဘိုးအိုဟာဆွေးဆွေးမြေ့မြေ့တယောထိုးနေရှာ(သူလည်းအိမ်သူသက်ထားကိုလွမ်းပေမှာပေါ့)နားထောင်မဲ့လူဟာကိုယ်. အရာရာဟာသင်္ခါရသဘောနဲ့ ပြည့်ထုံနေလိမ့်မယ်။ ဆွေးဆွေးမြေ့မြေ့ဖြစ်နေလိမ်မ့ယ် .ပင်လယ်ပြင်ကိုဒူးနဲ့တိုက် နွေးနွေးထွေးထွေးထွေးပွေ့ မျက်ရည်ဆက်လက်ကျပြီး "အချစ်ဦ...

ရေတွင်း

ရေတွင်း.... တူးဖော်တဲ့အခါလူတစ်ယောက်ဟာ အောက်စီဂျင်ပျက်လပ်သေဆုံးခဲ့.. ရေတွင်း.... ကလေးတစ်ယောက်ခြေချော်လဲကျခဲ့တဲ့အရာ ရေတွင်း... တစ်ချိန်ကအားလုံးရဲ့အားထားစရာဖြစ်ခဲ့.. ရေတွင်း.... သူဟာနောက်ဆုံးတော့ခမ်းခြောက်. ရေတွင်း... sleep paralysisသမားတစ်ယောက်ပြုတ်ကျရာနေရာ ရေတွင်း... အထဲမှာအရိုးစုများစွာ ရေတွင်း.. ည ညကလေးငိုသံကြားရတဲ့အရာ ရေတွင်း.. မိန်းခလေးတစ်ယောက် နှုတ်ခမ်းဝနားလာအပြစ်တွေဖွင့်ဟဝန်ခံခြင်း ရေတွင်း.. အိမ်မက်ရောင်လမ်းထလျှောက်သူဟာ တနေ့ညကပဲချော်ကြသွားတာ ရေတွင်း ... ရေတွင်းထဲမှာလေ...လရိပ်လေးရှိတယ်။ ဒိုဒို

ဒေမီယံ စီးရီး

. .... ...ဒေမီယံ.(၁)......... ငါနေတဲ့အိမ်ကလေးဟာသိပ်ဝေးခေါင်တယ်ဒေမီယံ မြို့လေးရဲ့အစွန်းမှာရှိတယ် ငါ့မိတ်ဆွေတွေဟာ ဘယ်တုန်းကမှချမ်းသာတဲ့လူတွေမဟုတ်ခဲ့ဘူး တစ်နေကုန်အလုပ်လုပ်မှ ထမင်းနပ်မှန်အောင်စားကြရသူတွေပါလေ ပေါင်မုန့်ထောပတ်နဲ့ အသားချောင်းတွေငါဝယ်ခဲ့တယ်ဒေမီယံ .ငါ့မိတ်ဆွေတွေအတွက် ချောင်းဆိုးလိုက်တိုင်းအမြဲသွေးပါနေတက်တဲ့ ညီမလေးအတွက် အလှမွေးငါးကန်ဝယ်ပေးခဲ့တယ်။ ပြောခဲ့ဖူးတယ်မဟုတ်လား ငါဟာသိုးမဲတစ်ကောင်ဆိုတာ ဆပ်ပြာနဲ့ပြောင်အောင်လျှော်တောင် ဖြူမလာတဲ့သိုးမဲဆိုတာ တလွဲတချော်ကောင်..ဆိုတာ အခုလည်းငါထပ်မှားပြန်ပြီလေ အရိုးခေါင်းဆံထိုးနဲ့အဘွားအိုဆီမှာ ငါ့စိတ်ဝိညာဉ်ကိုပေါင်နှံခဲ့တယ်ဒေမီယံ အချို့သောအသက်တွေနဲ့ ဝက်အူချောင်းတွေအတွက်..။ . .... .. ..... ဒေမီယံ.(၂)......... အဘွားအိုခိုင်းသမျှ စိတ်ဝိညာဉ်ဟာအလုပ်လုပ်နေရတယ်ဒေမီယံ စိုက်ခင်းစိုက်ရရေလောင်းပေါင်းသင်ရ မုန်လာဥတွေတူးစွရ စိုက်ခင်းထဲဝင်လာတဲ့ယုန်တွေ ခေါင်းဖြတ်ပေးရတယ်.ဒေ.မီယံ ခြေထောက်တွေဖြတ်ရအခြောက်လှမ်းပေးရတယ် လူတွေသဘောကျတဲ့ကံကောင်းစေတဲ့အဆောင်တဲ့ ကံကောင်းစေဖို့အဆောင်ပါတဲ့..ဒေမီယံ ဘယ်လောက်များကံဆိုးလိုက်ပါသလဲ ယုန်တွေမှာသူ...

၂၁ရာစု စင်ဒရဲလား

တစ်မနက်သူမဈေးကအပြန် တောအုပ်လေးနား ယုန်တစ်ကောင် တီရှာကယ်ခဲ့တယ် တီရှာက ယုန်ကိုကယ်၊ ယုန်ကလည်း တီရှာကိုကယ်။ ကျည်တစ်တောင့်ဟာ ဂျင်ဂိုသစ်ခေါက်နားမှာ။ ၂၁ရာစု စင်ဒရဲလားဟာ ကျည်တစ်တောင့်နဲ့ လွဲခဲ့တဲ့အကြောင်း မင်းသားလေး မသိသွားခဲ့ရှာဘူး။ အပြန်လမ်းမှာ ယုန်ကလေးကိုပွေ့ချီလာခဲ့တယ်။ ဒဏ်ရာဆေးထည့်ပေးဖို့ရည်ရွယ်ချက်နဲ့ တီရှာ့ လက်ထဲ ယုန်ကလေးငယ်ငယ် မိထွေး သမီးတွေ ပြုတ်ကင်ကြော်စားကျတယ်။ တီရှာ့မှာ ဝမ်းနည်းရ။ အရိုးကလေးတွေကို ကောင်းမွန်စွာမြှုပ်နှံ့ပေးခဲ့ပါရဲ့။ ကောင်းမွန်ရာ ရောက်ပါစေ့ကွယ် တစ်မနက် သူမမြှုပ်ခဲ့တဲ့မြေကြီးမှာ သစ်ပင်တစ်ပင်တွေ့တယ်။ နန်းတော်ကပွဲအတွက် မျှော်လင့်ချက်ရောင်ခြည်လည်းပဲတွေ့တယ်။ ရွှေရောင်ဖိနပ်လေးများ လက်ကိုင်အိတ်လေးများ တခြားအသုံးအဆောင်လေးတွေဟာ သူမခြေရင်းဝပ်ဆင်းရရှာတယ် တီရှာကံကောင်းခဲ့ပါတယ်။ စင်ဒရဲလားပုံပြင်ကို အကျဉ်းချုပ်ကြစို့ရဲ့ ကပွဲသွားလို့ပြီးပါပြီ ဖိနပ်ကျန်ခဲ့ပါပြီ ဖိနပ်နဲ့ တီရှာ့ခြေဖဝါးသေးသေးလေးတွေဟာလည်း ကွတ်တိတော်ပါပြီ။ ဂျင်ဂိုပင်မှာ ကျည်ပေါက်ရာမြင်တိုင်း အတိတ်တရေးနိုးတိုင်း မင်းသားလေးစိတ်မကောင်းဖြစ်ရ ဂျင်ဂိုပင်ကို ခပ်မြန်မြန် ခုတ်လှဲကြတယ်။...

Untitled

ဒိုဒိုတို့နေတဲ့ ရွာကလေးဟာ ဒိုဒို ကျောင်း သွားတက်ရတဲ့ မြို့လေးနဲ့ သိပ်ဝေးတာ။ နွေရာသီ ကျောင်းပိတ်ရက်တွေဆို ဒိုဒို ရွာက မြို့ကျောင်းတက်နေတဲ့ သူငယ်​ချင်း တွေနဲ့ အတူပြန်လာဖြစ်ခဲ့တယ်။ ဒိုဒိုတို့ အိမ်လေးဟာလေ တောတန်းတွေနဲ့ မနီးမဝေးမှာရှိတယ်။ မှုန်ပြပြ နေရာလေးမှာတော့ ရွှေဝါရောင် လယ်ကွင်းတွေ စပါးပင်တွေ ယိမ်းနွဲ့နွဲ့ပေါ့။ ဒိုဒို့ ဝမ်းကွဲအစ်ကို အစ်မတွေ လယ်သွားစိုက်ကြနေတဲ့နေရာလေးတွေ။ အိမ်ဘေးမှာ ရှိတဲ့သစ်ပင်တွေကဒိုဒို ငယ်ငယ်ကထက် စိမ်းစိမ်းစိုစိုဖြစ်လာတယ်။ သူတို့်လေးတွေ ဒိုဒိုငယ်ငယ်ကဆို အပင်ပုလေးတွေပဲ ရှိသေးတယ်။ အပင်လေးတွေ ကဒိုဒို့ ထက် ကြီးထွားတာပို မြန်တယ်လေ။ အိမ်ခေါင်းရင်းသစ်ပင်က အတော်လေးကြီးထွားနေလေရဲ့။ မိဘတွေမရှိတော့ ဒိုဒိုက အဒေါ်နဲ့နေရတယ်။ ဒေါ်လေးကအိမ်ကလေးတစ်လုံးသစ်ပင်ပေါ်မှာ ဆောက်ပေးထားတယ်။ အိမ်လေးက မှိုပွင့် ကလေးနဲ့ ပိုတူတယ်။ ဒိုဒို ကျောင်းပိတ်ရက်တွေပဲ ဖြစ်ဖြစ် စာအုပ် ဖတ်ချင်တဲ့ အခါမျိုးဆို အဲ့နေရာလေးမှာ သွားနေဖြစ်ခဲ့တယ်။တောင်ဘက်ခပ်ဝေးဝေးမှာတော့ ​ရေတံခွန်​ လေးတစ်ခု ရှိလေရဲ့။ တစ်ခါတလေ များဆို ခေါင်းလောင်းသံလေးတွေ ကြားရတက်တယ်။အလင်းမှုန်လေးတွေလည်းဟိုဒီလျှောက်ပြေးလို့။ ဒိုဒိုကတေ...

Untitled

တစ်နေ့ညက ကြယ် ၇ပွင့်ကြွေတယ်။ ကြယ် ၇ပွင့်လုံးကို ကျွန်မ စားပစ်လိုက်ခဲ့တယ် ပထမကတော့ ကျွန်မလည်း ကိုယ့်​ကိုယ်​ကို စိတ် ကြီးဝင်ခဲ့တာပေါ့။ Gameတွေမှာဆို ကြယ်တစ်ပွင့်ဟာ အသက်တစ်သက်မဟုတ်လား။ ကြယ်တစ်ပွင့် စားမိတိုင်းမှာ တစ်ထေရာတည်းတူတဲ့ ကျွန်မနောက်တစ်ယောက် ပေါ်ပေါက်လာ လိမ့်မယ်မထင်မိဘူး။ ပထမတစ်ယောက်က စောင်ရမ်းပျော့ညံ့တယ်။ ကျွန်မကိုလည်း ကြည့်ပြီး ကြောက်လို့တဲ့ တရှုံ့ရှုံထိုင် ငိုနေလေရဲ့။ သူမဟာ စိတ်ထားကောင်း ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာမျိုးပဲ။. ကျွန်မအဲ့ဒီtypeကိုမကြိုက်ဘူး။ထူးဆန်းတာက ကျွန်မသူ့ကို ရင်းနှီးနေခဲ့တယ်။ ဒုတိယတစ်ယောက်က ရိုဆန်တယ်ပြောရမယ်။ နှစ်လိုဖွယ် အပြုံးမျိုး ပြုံးလို့ မီးပုံ့နားမှာ လှည့်ပတ်ကခုန်နေလေရဲ့။ တတိယတစ်ယောက်က ဘုရားတရားသမားပဲ ကျွန်မကို တရားဟော တော့တာပဲ။ ချက်ချင်းပဲနှင်ထုတ်ပစ်လိုက်တယ်။ စတုတ္ထတစ်ယောက်ကpsychoသိပ်ဆန်တယ်။ သူ့ကျွန်မစိတ်ကို အချိန်တိုင်းနီးပါးလေ့လာနေတယ်။ သူ့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာပဲနေတယ်။ သူဘယ်သူ့ကိုမှ လည်းမယုံဘူး။ သူတစ်ယောက်ထဲပဲနေတယ်။တစ်ယောက်တည်းမနေပါနဲ့လို့ပြောလည်းလို့မရဘူး။  နေသာတဲ့ တစ်မနက်မှာ ကျွန်မနားက ပျောက်ကွယ်သွား ခဲတယ်။ ...

Dream catcher ထဲ ပိတ်မိခြင်း

ကျွန်တော် ငယ်ငယ် ကစာအုပ်တွေ ဖတ်ဖူးတယ်။ လူသားတွေ ကကျွန်တော်တို့ ကမ္ဘာနဲ့ တော်တော်လေး ဆင်တူကြတယ်။ ကျွန်တော်တို့ကို ကျတော့ သူတို့က တခြား ကမ္ဘာက ဂြိုလ်သားလေး တွေ လို့ခေါ်တယ်။ ကျွန်တော်တို့ ကသူတို့တွေ ထက်နားရွက် အနားငယ်ပို ရှည်တယ်။ ကျွန်တော်တို့ဂြိုလ် မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ဂြိုလ်လေးရဲ့အရှေ့ပိုင်းက နေအလင်းရောင်ရတဲ့ အတွက် နေ့နဲ့ ညရှိတယ်။ ဂြိုလ်လေးရဲ့အနောက်ဘက်မှာတော့ နေမရှိဘူး။ နေ့နဲ့ ညလည်းမရှိဘူးအမြဲတမ်းမှောင်တယ်။ ဘာသာစကား  လူ့သုံးကုန်ပစ္စည်းတွေနဲ့ အစာချေပုံစနစ်က လူသားတွေတွေနဲ့ တူတူပဲ။ လူသားတွေ Dream catcherသုံးသလို ကျွန်တော်လို့လည်း သုံးကျတယ်။ ကျွန်တော်တို့ရွာလေး ကအရှေ့ပိုင်းရဲ့ အစွန်​အဖျား မှာရှိတယ်။အဘိုးက ရွာလေးရဲ့ တစ်ဦးတည်းသော ပန်းပုဆရာပဲ။ တစ် အိမ်ကျော် က ကျွန်တော့်သူငယ်ချင်း ဂျီယရဲ့ အဘိုး ကလည်း ပန်းပဲဆရာ တစ်ယောက်ပါပဲ။သူ့အဘွားကတော့ မှော်တက်တယ်ဆိုလားပြောကြတာပဲ။ ကျွန်တော်နာမည်က ကီနိုပါ။ ကျွန်တော်တို့သဘောကျတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်..ခင်ဗျာ့။ သူ့နာမည်က ဆက်ဆု လို့ခေါ်တယ်။ သူ့ကို ကျွန်တော်ရော ကျွန်တော်သူငယ်ချင်းရောသဘောကျကျတယ်။ ဒါပေမယ့်...

မယ်ဘီစကစ်နှင့် မုန့်တိုင်းပြည်

(တကယ်တော့ ဇာတ်ကောင်က စားသောက်တဲ့ နေရာမှာ မလျှော့သောဇွဲ နဲ့စားနေတာက ကိုယ့်အစ်မနဲ့ သွားဆင်တယ် တစ်နေ့နေ့ စားသောက်နေတာတွေ့ရလို့ ရေးမိတာလား မဆိုနိုင်ဘူး😝😁အချိန်ရရင်တော့ဖတ်ပေါ့အစ်မရယ်😁) တစ်ခါတုံးက မုန့်တိုင်းပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။သူတို့ရဲ့ မုန့်တိုင်းပြည်ကြီးက အတော်လေးလည်း ကြီးမားသလို ဘုရင့်အာဏာစက်ဟာ လည်းကြီးမားတယ်။ မနက်မိုးသောက် အလင်းရောက်တဲ့အခါ တိုင်းပြည်ရဲ့အရှေ့ဘက်ကိုကြည့်လိုက်မယ်ဆိုရင် ရွှေဝါရောင်နေမင်း နဲ့အတူ ကြီးမားလှတဲ့ ပေါင်မုန့်အဆောင်အအုံတွေ ရှိတယ်။ ပေါင်မုန့်ဖိုကြီးတွေဆိုရင် လူနေအိမ်တွေရဲ့ သုံးဆလောက်ကို ကြီးမားသတဲ့လေ။ ပေါင်မုန့်တွေဆိုရင်ရွှေဝါရောင်ဖိတိဖိတ်တောင်ပြီးအနံ့ကလည်းထူးကဲစွာ မွှေးကြိုင်လို့ စားချင်စဖွယ်ပဲတဲ့။မြို့ရဲ့နာရီစင်တစ်ခုလုံးဟာ ချောကလက်တွေနဲ့ပဲ ဆောက်ထားကြတယ်။ ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ကြတဲ့ ချောကလက်အမျိုးအစားမျိုးစုံကို ချောကလက်ပြတိုက်မှာပြသထားကြတာပေါ့။ သူတို့တိုင်းပြည်လေးရဲ့ နေရောင်ခြည်ဟာ မပူလွန်းမအေးလွန်းတဲ့အတွက်ချောကလက်တွေရေခဲမုန့်တွေဟာအရည်မပျော်ကြဘူးတဲ့။ တံထားလေးတွေခုံတန်းရှည်လေးတွေကိုတော့သကြားလုံးလေးတွေနဲ့ ပြုလုပ်ကြတယ်။မုန့်တိုင်းပြည်ပေမယ့်လည်...

ကျွန်းဗီဒိုနှင့် အခန်းငယ်များ

တစ်မနက် ကျွန်မ အိပ်ယာကနိုးထလာတဲ့အခါ ကျွန်မဟာ ကြွေရုပ်တစ်ရုပ် ဖြစ်နေခဲ့တယ်။ မှန်ဗီဒိုရှေ့ကမှန်မှာ ကြည့်မိတဲ့အခါ ကြွေရုပ် မလေးဟာကျွန်မရဲ့ မူလရုပ်သွင်နဲ့ ခပ်ဆင်ဆင်တူနေတာ တွေ့ရတယ်။အဝတ်အစားကတော့ကျွန်မဝတ်စားပုံနဲ့ မတူဘူး။မှန်ထဲကကျွန်မဟာ ဖဲကြိုးပြာကို စည်းလို့ သိုးမွှေးဖြူ နဲ့ ပိုးပြာ ရောင်ဂါဝန်ပိုးမှာ ဇာအမြိတ်စွန်း ကလေးတွေ သပ်သပ်ရပ်ရပ် ကပ်ထားပါတယ်။ကျွန်မကို ထည့်သိမ်းထားတဲ့ ပလက်စတစ်ဘူး လေးထဲ ကကြိုးစားထွက်ကြည့်ရပါတယ်။ အခုမှပဲ ကျွန်မဟာအသက်ရှူ ဝရပါတာ့တယ်။ အရှေ့မှာ ပိတ်လှောင်ထားတဲ့ ဗီဒိုနံရံတွေ သုံးထပ်သားပြားလိုပျဉ်ချပ်တွေလည်းရှိနေပါ သေးတယ်။အရှေ့ပေါက်ကထွက်လို့မရတဲ့အခါ အခြားအပေါက်ကလေးများရှိလိုရှိငြားရှာကြည့်ပါတယ်။ ရုတ်တရက်ကျွန်မအသံတစ်ချို့ကြားရတယ်။ငိုသံတွေ..လက်ခုပ်တီးသံတစ်ချို့ရောပဲ။ အသံတွေဟာကျွန်မ ရပ်နေတဲ့ လိုက်ကာအနီလေးရဲ့ အနောက်ဘက်ကပါ။လိုက်ကာကိုဟလိုက်ပြီး ကျွန်မဝင် သွားမိတော့ စတိတ်စင်တစ်ခုကို တွေ့ရတယ်။စင်ပေါ်မှာ ခေါင်းဆယ်လုံးပုံစံအစွယ်နဲ့ တစ်ယောက်ကိုတွေ့ တယ်။သူ့ဘေးမှာ ခပ်ချောချောကောင်မလေး တစ်ယောက်လည်းရှိနေတယ်။ငယ်ငယ်က ကျွန်မတို့ ကြည့်ဖူးခဲ့တဲ့မယ်သီတာရာမဒသ ပြဇာတ်ပဲကျွန်မလည်း ကြ...

ရေခူမင်းသမီးလေး

ရှေးရှေးတုံးက ရေသတ္တဝါ ပေါင်းစုံနေထိုင်ကြတဲ့ သမုဒ္ဒရာတစ်ခုရဲ့ ရေအောက်တစ်နေရာမှာ ရေများဟာ ဆိုရင်တိမ်သားတွေ လို ပြာလဲ့ပြီး ကြည်လင် နေတယ်တဲ့။ဘယ်လောက်များ ကြည်လင်သလဲဆိုရင်နေအလင်းရောင်ကျတဲ့အခါ ထွက်လာတဲ့ အလင်းမှုန်လေးတွေကို။ ရေအောက်ကြမ်းပြင်တစ်နေရာမှာတောင် မြင်နိုင်တယ်တဲ့။ တစ်ခါတလေများဆိုရေမျက်နှာပြင်ဟာစိမ်းပြာပြီး တောက်ပနေတက်တယ်။အဲ့လိုမျိုး ရေသတ္တဝါ ပေါင်းစုံနေထိုင်ကြတဲ့ သမုဒ္ဒရာ ကြီးထဲမှာရေသူနန်းတော်တွေရေဘဝဲတွေမုန့်ကောင်လေးတွေ ရှိကြတယ်။ စိမ်းလဲ့လဲ့ ရေမှော်လေးတွေနဲ့ အင်မတန်နုနယ်တဲ့သစ်ရွက်သစ်ခတ်လေးတွေရှိတဲ့ရေထုတစ်နေရာမှာတော့ရေခူမြို့တော်ရှိသတဲ့။ ရေခူ မြို့တော်မှာ ဘုရင်နဲ့ ဘုရင်မတို့အပြင် ရေခူမင်းသမီးလေး ရှိတယ်။ ဘုရင်နဲ့ဘုရင်မတို့ဟာမင်းသမီးလေးအထွေးဆုံး လေးမို့အစ်မတွေထက်ပိုအလိုလိုက်ထားကြတယ်။မင်းသမီးလေး အသက်ဆယ့်ရှစ်နှစ်ပြည့် တဲ့အခါမှ ပင်လယ်ရေပြင်အထက်ကို သွားခွင့် ပြု ကြမှာ.ဖြစ်တယ်။ မင်းသမီးလေးကလူသားတွေ အကြောင်းကို ရေအောက်စာကြည့်တိုက်မှာဖတ်ခဲ့ဖူးတယ်။မီးဆိုတဲ့အရာနဲ့ လူ့အသုံးအဆောင်ပစ္စည်းလေးတွေကိုသူမနှစ်သက်တယ်။အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့ မှာဘုရင်မကြီးက ရေခူမင်းသမီးကို ပုလဲဘယက်တစ်ခုပေးတယ...