Another Rabbit

လူတစ်ယောက် ခပ်သွက်သွက် လမ်းလျှောက်
နေတယ်။အိမ်ရောက်တော့ အမေဖြစ်သူကို
ရှင်းပြလို့နေတယ်။
 "အမေ သားနောက်မှာ ယုန်တစ်ကောင် လိုက်လာတယ်။ အဲ့ဒီ ယုန်ကခင်ချင်လို့
လို့ပြောတာပဲ"။

"ယုန်ကလေး ပဲခင်လိုက်ပေါ့ သားရယ် မိတ်ဆွေဖွဲ့လိုက်ပေါ့"လို့
မိန်းမကြီးကအကြံပေးတယ်။

ယုန်ရဲ့ အရွယ်အစားက လူတစ်ရပ်စာလောက် ရှည်တာတွေ့ရတယ်။
ယုန်က ဧည့်ခန်း မှာထိုင် ပြီး သူ့ကို လက်
ဖက်ရည် သွားဖျော်စမ်း လို့ပြောတယ်။
မဖျော်နိုင်ဘူးလို့ သူပြောတယ်။

"ငါတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေလေ လက်ဖက်ရည် သွားဖျော်" လို့ ယုန်ကပြန်ပြောတယ်။

အိမ်ရှေ့ခန်းမှာ ထိုင်ပြီး ယုန်က
တဟားဟား ရယ်နေရောပဲ။
အမှန်အတိုင်းပြောရရင် ယုန်ရဲ့ ရယ်သံကို
သူ မနှစ်မြို့ဘူး ပြီးတော့ သူ့အမေလည်း ယုန်ကို တွေ့ပုံမရဘူး။
တစ်နေ့လုံး နောက်က လိုက်နှောက်ယှက်နေ
တော့တာ။ရက်တွေကြာတဲ့ ထိအဲ့ဒီယုန် အိမ်
မပြန်ဘူး။ သူကို ပြစ်တင်ပြော ဆိုလာတယ်။ ရိုင်းပြလာတယ်။ယုန်ရဲ့ ပုံစံက ယုန်ရိုင်း
တစ်ကောင်နဲ့တောင်တူလာတယ်။ အိမ်မှာဆို စကားပြန်မပြောလည်းတစ်ချိန်လုံး သူ့ကို စကားပြောနေတော့တာ။နောက်ပိုင်းရက်တွေ သူ့ကို ရန်စလာတယ်။
ယုန်ကောင် စကားပြောနေတာ ကြောင့်
သူညတွေ အိပ်လို့မရတော့ဘူး။
ယုန်ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်
ဓားတွေ နဲ့ပစ်ပေါက်ပေမယ့် ယုန်ကထိပုံ
မရဘူး၊တစ်နေ့ပြီး တစ်နေ့ ယုန်ကပိုဆိုး
လာခဲ့တယ်။ သူ့ကို သတ်သေဖို့ အထိပြော
လာတယ်။ သူရဲ့ အသုံးမကျမှုတွေ သိမ်ငယ်
မှုတွေ ကို တစ်ခုချင်းစီ ပြောနေတော့တာ။
အချိန်တိုင်း သူ့ကို sucideလုပ်ဖို့နဲ့ အိမ်ခေါင်း
ရင်းမှာ ကြိုးနဲ့ ချည်ပြီး အဆုံးသတ်ဖို့ လက်ကောက်ဝတ်ကို ဓားနဲ့ လှီးဖို့ပဲ
တွန်းအား ပေးနေတော့တာ။

နောက်ရက်တွေ မှာ သူတို့ဆီ ဆေးဆရာ တစ်ယောက်ယောက်လာတယ်။

"ဒီရက်ပိုင်းတွေ မင်းလက်ဖက်စား ဖြစ်သေးလား ထူးဆန်းတဲ့လက်ဖက်တွေ ပေါ့။ကန်စွန်းရွက်ပြုတ်ရေနဲ့ထန်းလျက်ရည်ရောသောက်ရင် အဲ့ဒီယုန်ပျောက်သွားမှာပါ"
ဆေးဆရာပြောတာ မှန်တယ်လို့ သူထင်တယ်။
သူနောက်ပိုင်းရက်တွေမှာယုန်ကိုမတွေ့ရတော့ဘူး။
တစ်နေ့သူ ထန်းလျက်ဝယ်ရင်း ကန်စွန်းရွက်ရှာ
ဖို့ အနောက်ဘက် တောအုပ်ဆီသွားခဲ့တယ်။
သူ ကန်စွန်းရွက် ခူးနေရင်း အနောက်မှာ
တစ်ယောက်ယောက် ရပ်နေသလို ခံစား
ရတယ်။ ယုန်တစ်ကောင်ပါပဲ ။ယုန်ရဲ့
အရပ်က လူတစ်ရပ် ရှည်တယ်။
 သူတို့အိမ်ကလာလည်ဖူးတဲ့ယုန်ကသူနောက်ထပ်လိုက်ပြန်ပြီ။
သူတဖြေးဖြေးခြောက်ခြားလာတယ်။ ယုန်ဒီယုန်က သူ့အနားမှာ အမြဲတမ်း ရှိနေခဲ့ပါလား။ပြီးတော့ သူဟာကိုယ့်ကိုကိုယ်
သတ်သေဖို့ သူ့ကိုတွန်းအားပေးတော့မှာ။
သူရဲ့ အကြောက်တရား တွေ သိမ်ငယ်မှု
တွေ ကိုလူမဆန်စွာ နင်းချေ ချဲ့ ကား နှိမ့်ချပြော ဆိုတော့မှာ။
သူကြောက်လန့် ခြောက်ခြားရင်း တစ်ချိန်တည်း မှာဒေါသထွက် မျက်ရည်ဝဲရတယ်။
သူ့ဘေးမှာရှိတဲ့ သစ်ပင်က
ပုလင်းကွဲစနဲ့ ယုန်ကို ထိုး မိတယ်။
တကယ်ကို သူကြောက်လို့ပါ ။ကိုယ့်ကိုကိုယ်
ခုခံဖို့ ကြိုးစားနေရင်း ဖြစ်သွားတာပါ။ ပြီး
တော့သူတို့အိမ်ကယုန်ဆိုရင်ခဏနေပျောက်သွား တော့မှာလေ။ယုန်ရဲ့ ရင်ဘတ်က သွေးတွေ ထွက်နေဆဲပဲ။ ယုန်လဲ ကျသွားတယ်။

အမှန်က ယုန်ဟာ သူတို့အိမ်က ယုန်မဟုတ်ပဲ ပြဇာတ်​ကတဲ့ ယုန်တစ်ကောင်ပါ။ လူစကားပြောတဲ့.အသက်ရှိတဲ့ ယုန်ပေါ့လေ။ သူအိမ်ပြန်ရောက်တော့သတိလစ်လဲကျတယ်။ အဖြစ်အပျက်တစ်ခု လုံးမေ့သွားတယ်။
သူ့ခေါင်းထဲမှာ ရောထွေးလို့နေတယ်။

လမိုက်ညတွေ မှာ မိုးရွာတယ်။ အိမ်အောက်ထပ်က ခွေးကလေးရဲ့ ကုတ်ခြစ်သံ ခပ်မှောင်မှောင် အနေအထား မှာ မျက်စောင်းထိုးနားက ညောင်ပင်ရဲ့ တွဲ
လောင်းကျနေတဲ့ ကိုင်းတွေ ။ သူ့အိမ်တံခါး
မှာလက်သည်းနဲ့ ကုတ်ခြစ်သံ ကြားရတယ်။
သူ တံခါးနားရောက်တော့ ယုန်တစ်ကောင်
သူရှေ့မှာ ရပ်နေတယ်။ သူတံခါးပြန်ပိတ်
လိုက်ပြီး ဆုတောင်းနေမိတယ်။" ကြောက်စရာ ကမ္ဘာထဲ ကကျနော့်ကို ကယ်ပါ ဘုရားသခင်​ "
ယုန်က သူ့အခန်းရှေ့မှာ ရပ်နေတယ်။
ခုဆို သူနဲ့ ထိုင်ခုံကလေးသာ ခြားတယ်။
သူ ဆေးသောက် လို့နေတယ်။ မျက်လုံးမှိတ်လိုက်ပြီး ကိုယ့်ကိုကိုယ် ပြန်ပြောနေတယ်၊
" ဒီရက်ပိုင်းတွေ မင်း ထူးဆန်းတဲ့ လက်ဖက်တွေ စားဖြစ်တယ် မဟုတ်လား
ကန်စွန်းနဲ့ ထန်းလျက်ရည် ရောပြီး
သောက်လိုက်ရင် အဲ့ဒီယုန်ပျောက်သွားမှာ။"

သူအခု ဆေးသောက်နေ ပါတယ်၊

သူ့မျက်စိရှေ့က ယုန်သည် လည်း
ပျောက်ကွယ် မသွားပါ ချေ။

သူ့ရှေ့သို့ပင် တဖြေးဖြေး
တိုး၍ တိုး၍ လာနေပေပြီ။

ဒိုဒို

(စာထဲက
ထူးဆန်းတဲ့ လက်ဖက်=လက်ဖက်တူရွက်တူ လို့
အလွယ်ခေါ် ကြပါတယ်။ ထူးဆန်းတဲ့ မြေအနေအထား မျိုးမှာသာ ပေါက်တက်ကြ
ပြီး လက်ဖက်ရွက်နဲ့ တူပါတယ်။
လက်ဖက်တူ ရွက်တူ စားတဲ့သူက
တစ်ဦးတစ်ယောက် ချင်း စီရဲ့ စိတ္တဇ အလိုက်
သတ္တဝါ အကောင်မျိုးစုံ တွေ့နိုင်ပါတယ်။
လက်ဖက်စားတဲ့ လူတစ်ဦးပဲ အဲ့သတ္တဝါ
ကိုတွေ့ရမှာပါ။ရှေ့ပိုင်းရက်တွေမှာ သူတို့စကားပြောကြမယ်။
တဖြေးဖြေး နဲ့အဆိုး ဘက်ရောက်လာပြီး ဖိအားပေးမယ် တစ်ပတ်ကျော်တဲ့ အခါ
 အခြေအနေပိုဆိုးလာ တက်တယ်လို့ ကြားဖူးတယ်။(အတွေးထဲက သတ္တဝါဟာ
လူကို သတ်သေဖို့ တွန်းအားပေး လာတက်
ကြတယ်။)ဆေးက ကန်စွန်းရွက်နဲ့ ထန်းလျက်ကို တစ်ပတ်တိတိဆတူပြုတ် သောက်ရမှာပါ။လက်ဖက်တူရွက်တူ
အကြောင်းကငယ်ငယ်က တွက်ပီ စာအုပ်ထဲက လို့ထင်)

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား