မပန်းအိုး

မျက်လှည့်ပွဲ ကလေးတွေ
အထူးသဖြင့် ချမ်းအေးလှတဲ့ ဆောင်းညတွေမှာ
သူတို့မြို့လေးမှာဂီတာတီးပွဲ ရှိတက်တယ်။

ကပွဲ(မီးပုံဘေး ကလေး လူကြီး လူငယ်မရွေး ဝိုင်းကကြတယ်)။

ဒီနေ့တော့ အားလုံး
မြို့လည်ခေါင် မှာစုဝေးလို့ နေတယ်။
သူတို့မြို့ကလေး ကို ဒီညမှာပဲ မျက်လှည့်ဆရာ
အသစ်ရောက်တယ်လေ။

မျက်လှည့်ဆရာ စည်းဝိုင်း ဝိုင်းပေးတဲ့ နေရာမှာ သူတို့ကြည့်ရတယ်။

မျက်လှည့်ဆရာက သူ့ဦးထုပ်ကို ချွတ်လိုက်
တယ်။ဦးထုပ်ထဲကိုလက်နှိုက်လိုက်တော့ ယုန်တစ်ကောင် ထွက်လာတယ်။
အမွှေး နုနု ပန်းရောင် ယုန်ကလေး

ယုန် လည်ချောင်းကို နှိုက်လိုက်တယ်၊
ဆံပင်တွေ ထွက်ကြလာတယ်။

ခြေထောက်ပြတ် တွေ လက်ချောင်းပြတ်တွေ ရောထွေးထွက်ကြလာတယ်။

နောက်ဆုံးမှာ မပန်းအိုး ခေါင်းပြတ်ထွက်လာတယ်။

အရှေ့မှာ ရှိတဲ့ ပန်းအိုးကလေးထဲ ခေါင်း
ပြတ်ကို စိုက်လိုက်တယ်

ပြီးတော့ ပန်းအိုး ကိုသူရေလောင်းတယ်။

ခေါင်းပြတ်ပင်အကိုင်းအခက်တွေ ဝေဆာလို့လာတယ်။

စည်းဝိုင်းထဲ ကလူတွေဟာ လက်​ခုပ်​တီး အားပေးကြတယ်

မပန်းအိုးဟာ သီချင်းဆိုတယ်
ပြဇာတ်ကပြတယ်
ဧရင်ကျူးပြတယ်။
ဦးလွှမ်းမိုး သီချင်းဆိုပြတယ်
သေသူတွေ ရဲ့ သီချင်းဟောင်းတွေဆိုတယ်
"ယာမာဂူချီ ခင်ဆွေရီသို့ "
ကဗျာရှည် ဖတ်ပြတယ်။
သူမဟာ တစ်ချိန်က အနုပညာရှင်
ဖြစ်ခဲ့ ဟန်တူတယ်။

မပန်းအိုး မိုးညအိမ်မက်မြူ  ဆိုနေတုန်း
နောက်ဘက်က "အား"ခနဲ အသံကြားတယ်

ပြီးတော့ လူတစ်ယောက်ပြေးထွက်သွားတယ်။
စည်းလည်း ပဲပေါက်သွားတယ်
ပန်းအိုး လည်းကွဲသွားတယ်
မျက်လှည့်ဆရာခေါင်း
ထက်ခြမ်း ပြတ်သွားတယ်။
မပန်းအိုး သစ်ပင်ရဲ့ အမြစ်တွေ ဟာ
တစ်မြို့လုံး အနှံ့ ပျံ သွားတယ်။

မပန်းအိုး သစ်ပင်ကို လာနားတဲ့ လိပ်ပြာတွေဟာအနက်ရောင် လိပ်ပြာတွေ ဖြစ်လာကြတယ်။

သူတို့ရဲ့ မြို့် တော်ဟာ အနက်ရောင်
ပြောင်းစပြု လာတယ်
ပြီးတော့ လိပ်ပြာတွေ ကတစ်ဆင့်
တစ်မြို့လုံး အနှံ့ အနက်ရောင်တွေ

လူတွေ ရဲ့ နှုတ်ခမ်းတွေ မဲနက်လာတယ်
တစ်ချို့က အချင်းချင်း တိုက်ခိုက်ကြတယ်
တစ်ချို့တွေရဲ့နှုတ်ခမ်းမှာအမဲရောင်အမြှုပ်တွေအန်ပြီး သေဆုံးသွားကြတယ်။

ဆယ်နှစ်အရွယ် ကောင်လေးကတော့.
ဘုရားကျောင်းပျက်ထဲမှာ Fairytale အိမ်မက်
တွေ မက်နေလေရဲ့။

ဒိုဒို

(မပန်းအိုး က ဘွားတို့ ဆီက ကြားဖူးခဲ့
သူပြောတာ အဲ့လိုပွဲတွေ ရှိတယ်ပြောတာပဲ
အနော် လည်း သေချာတော့ မသိ😁)

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား