ပိတ်ဖြူခေါင်းနဲ့ ကလေးငယ်

တိတ်ဆိတ်တဲ့ ညတစ်ညမှာပေါ့။ ကလေး
တွေဟာ Halloween ပွဲတော်ရဲ့ ဓလေ့အ
တိုင်း လမ်းကြိုလမ်းကြားမကျန် သကြားလုံး
လိုက်လံ တောင်းရမ်းကြတယ်။ သကြားလုံး
တောင်းနေတဲ့ ကလေးတွေကို ပြတင်းပေါက်
ကကြည့်ရင်း ဝမ်းနည်းနေတဲ့ ၇နှစ်သားအ
ရွယ်ကောင်လေး တစ်ယောက်လည်း ရှိနေ
ခဲ့တယ်။ သူ့အိမ်က အုပ်ထိန်းသူတစ်ချို့က
လူမှန်းသိတက်စ အရွယ်တည်းက သကြား
လုံးတောင်းခွင့် မပြုခဲ့ဘူး။

သူ သကြားလုံးကို စားခွင့်မရှိခဲ့ဘူး သကြားလုံးစားခြင်းကို အကြီးအကျယ်
တားမြစ်ခံခဲ့ရတာပေါ့။

သကြားလုံးလိုက်တောင်းနေတဲ့
ကလေးငယ်တွေ ကိုကြည့်ရင်း
သူတို့ အိမ်က ပိတ်စဖြူ တစ်စ ကိုဆွဲခြုံ
လိုက်ပြီး ရွှေဖရုံသီး မီးပုံးလေးကိုင်လို့
သူအိမ်က လစ်ထွက်လာခဲ့တယ်။
သကြားလုံးတောင်းဖို့ အိပ်ခပ်ကြီးကြီး
တစ်လုံးကိုလည်း ယူလာခဲ့သေးတယ်။

သကြားလုံးတောင်းနေတဲ့ သူ့အရွယ်
ကလေးတွေနဲ့ ရောထွေးလိုက်ပြီးနောက်
သူတစ်အိမ်ဝင် တစ်အိမ်ထွက်သကြားလုံး
လိုက်တောင်းတယ်။

အတန်ငယ်မောသွားတဲ့ အခါ
သစ်ပင်ရိပ်အောက်မှာ နားလိုက်ပြီး
သူတောင်းလာတဲ့ သကြားလုံးတွေကို
စစားဖို့ပြင်တယ်။

တစ်ခါမှ မစားခဲ့ရတဲ့ သကြားလုံးတွေဟာ
သူ့လျာဖျားပေါ်မှာ တစ်သက်မမေ့စရာပဲတဲ့
Halloween သကြားလုံးတွေဟာ
အထူးသဖြင့် ပိုလှပြီး ပိုစားလို့လည်းကောင်း
တယ်လေ။

သူသကြားလုံးတွေ စားနေရင်း
သကြားလုံးဆယ်လုံးပြည့်သွားတဲ့ အခါ
သူရှေ့မှာ လူငါးယောက်ဝိုင်းထားတာ
ကို တွေ့လိုက်ရတယ်။သူတို့အိမ်က လူတွေ
ရောက်လာကြတာ ဖြစ်တယ်။

လူကြီးတွေဟာ သူ့ကို ဝိုင်းချုပ်လိုက်တယ်။
တစ်ယောက်က တစ်နေရာကို ပြေးထွက်
သွားတယ်။ ပြေးထွက်သွားတဲ့တစ်ယောက်
ပြန်ရောက်လာတဲ့အခါ လက်ထဲမှာ အပ်ချည်
နဲ့ အပ် ပါလာတာကို တွေ့လိုက်ရတယ်။
လူလေးယောက်ဟာ သူ့ကိုဝိုင်းချုပ်လိုက်ကြ
ပြီး ကျန်တစ်ယောက်က သူခြုံလာတဲ့
ပိတ်ဖြူ စကို ယူပြီးသူ့ဦးခေါင်းနဲ့ ခြေထောက်
တွေကို အပိတ်ပုံစံအတိုင်း ချုပ်လိုက်တယ်။
သကြားလုံးတွေနဲ့ အတူပေါ့။ ချုပ်ရိုးကြောင်း
ဟာ တဖြေးဖြေး အပေါ်ရောက်လို့လာပြီး
နှာခေါင်းဝနဲ့ တဖြေးဖြေးနီးလာတယ်။
အသက်ရှူ ခက်ခဲလာပြီးနောက် သူဟာ
ငြိမ်ကျ သွားတော့တယ်။

ဒေသခံရဲတွေဟာ သတ်ဖြတ်သူ ငါးယောက်
ကို ဖမ်းဆီးလိုက်ပြီးနောက် ကောင်လေး
ကို မီးရှို့သဂြိုလ် ခဲ့တယ်။ သကြားလုံးတွေနဲ့
အတူပေါ့။ ထူးထူးခြားခြား သကြားလုံးနံ့တွေ
မွေးပျံ့ နေခဲ့တဲ့ ဇာပနာတစ်ခုပေါ့။

နောင်နှစ်က စလို့
ဒေသခံလူတွေဟာ
Halloween နေ့တွေမှာ
သကြားလုံးလာတောင်းတဲ့ ကလေးတွေနဲ့အတူ
ပိတ်စဖြူ  ဦးခေါင်းနဲ့ ခေါင်းလေးအနည်းငယ်
စိုက်လို့ သကြားလုံးလာတောင်းတဲ့
ကလေးငယ်တစ်ယောက်ကို
တွေ့ရ တက်တယ်တဲ့ ။

အကယ်၍ များ
ပိတ်စဖြူ  ဦးခေါင်းနဲ့ ကလေးငယ်တစ်ယောက်
ရောက်လာခဲ့သည် ရှိသော်
သကြားလုံးပေးလိုက်ဖို့ မမေ့ပါနဲ့ လေ

သူ့မှာ တွယ်တာစရာရှိလို့
သကြားလုံး တွေ ပဲရှိတာမဟုတ်လား။

ဒိုဒို
31.10.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား