နှင်းဆီပုံပြင်
တစ်ခါတုံးက ရွာငယ်လေးတစ်ခုမှာ ဆင်းရဲ
သား အဘိုးအဘွား လင်မယားနှစ်ယောက် ရှိခဲ့တယ်။ အဘွားကတော့ ကျန်းမာရေး မ
ကောင်းတော့ အိမ်မှာချက်ပြုတ်ရတာပေါ့ ။
အဘိုးကတော့ နေ့စဉ် တောထဲသွားဝါးခုတ်
ရတယ်။ ဝါးခုတ်လို့ ရတဲ့ငွေ့နဲ့ သူတို့စားဝ
တ်နေရေး လည်ပတ်နေရတယ်။ တစ်ခါ
တစ်လေ ဝါးအပင်သစ်မပေါက်ခင် ထွက်
လာတဲ့ မျှစ်စို့တွေကို ဟင်းအဖြစ်တစ်မျိုး ပေါ့
လေ။ ဘိုးဟာ မိုးဦးကျ ပြီမို့ တောစပ်ကိုထွက်
လာတယ်။ အဲ့ဒီမှာ သူတစ်ခါမှမတွေ့ဖူးတဲ့
ပန်းတစ်ပွင့်ကို ထူးထူးခြားခြားတွေ့လိုက်ရ
တယ်။ ပန်းပွင့်ဟာ ပန်းနုရောင်လဲ့နေပြီး ပွင့်
ဖတ်တစ်ခုချင်းဆီကနေ သင်းပျံတဲ့ အနံ့လေး
တွေ ပျံ့လွင့်လာနေတယ်။ (အဲ့ဒီခေတ် အခါ
တုံးက နှင်းဆီပွင့်မပေါ်သေးဘူး ကွဲ့။ အဘိုး
တွေ့သွားတာ နှင်းဆီပွင့်မှန်း ဘိုးမသိခဲ့ဘူး)
ထူးဆန်းတဲ့ ပန်းပွင့်ကြီးနားကို အဘိုးတ
ဖြေးဖြေး တိုးကပ်သွားတယ်။ အဲ့ဒီမှာ သေးင
ယ်တဲ့ ကလေးမလေးတစ်ယောက်ကို မြင်
တွေ့လိုက်ရတာပဲ ။ အဘိုးဟာ ကလေးချစ်
တတ်သူဆိုတော့ ဝမ်းသာမျက်ရည်တွေနဲ့
အိမ်ပြန်လာတယ်။ မယ်လက်မ လေးကို ပု
ခက်လေးတစ်ခုပေါ် ထည့်သိပ်ထားရင်း ရှေ့
ရေး ကိုနှစ်ယောက်သား တိုင်ပင်ဆွေးနွေးကြ
တယ်။ သူတို့သတိမထားမိတာက မယ်လက်
မလေးဟာ သူတို့စကားပြောနေတုံး တဖြေး
ဖြေး အသက်ကြီးလာနေတာပါပဲ။ "အမေ "
လို့ခေါ်သံကြားပြီး လှည့်ကြည့်လိုက်တဲ့အခါ
ပုခက်ပေါ်က ဆင်းလာတဲ့ ကောင်မလေးကို
တွေ့လိုက်ရတယ်။ အဘိုးနဲ့အဘွား ဟာ
အစမှာ အံသြမှင်သက်သွားပေမယ့် ချက်ချင်း
ဆိုသလို အရွယ်ရောက်လာတဲ့ သူမအတွက်
ပူပန်မိပြန်တယ် ။
ဘိုးနဲ့ဘွားဟာ အရင်ကထက် အလုပ်ကိုကြိုး
စားတယ်။ ဘိုးက ဝါး၊မျှစ်၊ မှိုတို့အပြင် တစ်ခါ
တလေ ပျားရည်ဖွပ်တယ်။ ဘွားကရလာတာ
တွေ ဈေးမှာသွားရောင်းရတယ်။ သူတို့ စိုးရိမ်
တာက နိုင်ငံရဲ့ဘုရင်မင်းမြတ်ဟာ သူတို့သ
မီးကလေးကိုတွေ့သွားမှာကိုပါ။
နှစ်တွေကြာနေလာခဲ့တဲ့ ဘိုးနဲ့ဘွားရဲ့ သမီး
လေးဟာ အရာအားလုံး နားလည်စပြု လာ
တယ်။ဘိုးနဲ့ဘွားကို ကူညီချင်မိတယ်။ အိမ်တွင်းမှုအပြင် တခြားဝင်ငွေလည်ပတ်
မယ့် အလုပ်တစ်ခုမျိုးပေါ့ ။ဘွားတို့အိမ်မှာ
အနက်ရောင် စောင်ကြီးနဲ့ ဖုံးထားတဲ့ ရက်
ကန်းစင်ကို သတိထားမိသွားတယ်။ အရင်
ကထက် အဘိုးနဲ့ဘွားဟာ အလုပ်ကြိုးစားကြ
တာမို့ အိမ်မှာ သူမကလွဲပြီး ဘယ်သူမှမရှိ။
သီချင်းလေး ညည်းရင်း သူမရယ် ရက်ကန်း
စင်ရယ်
ဘိုးနဲ့ဘွား ပြန်ရောက်လာကြတဲ့အခါ အသင့်
ဖြစ်နေတဲ့ ပိုးခြုံ လွှာတစ်ခုကို တွေ့ရတယ်။
နှင်းဆီမျှင်တွေနဲ့ ပြုလုပ်ထားတာမို့ နှင်းဆီနံ့
သင်းသင်းကလေး မွှေးတဲ့ ပိုးခြုံလွှာကလေး
ပါ ။ ဘိုးနဲ့ဘွားဟာ သူမကို "မင်းသမီးကလေ
း " လို့ခေါ်ကြတယ်။ မင်းသမီးလေးက "နှင်း
ဆီပိုးခြုံ လွှာ ဖြစ်ကြောင်း"နဲ့ ခြုံထည်စကို ဈေးမှာသွားရောင်းစေလို ကြောင်း ပြောလိုက်
တယ်။ လှပတဲ့ နှင်းဆီချည်နဲ့ ရက်ထားတဲ့
ခြုံလွှာလေးဟာ ခဏလေးနဲ့ပဲ ရောင်းထွက်
သွားတယ်။ ဘိုးနဲ့ဘွားဟာ မင်းသမီးလေး
အတွက် စတော်ဘယ်ရီ တစ်ခြင်းနဲ့ ဖိနပ်
လှလှလေးတရံ ဝယ်လာခဲ့တယ်။
ရက်သတ္တပတ် တစ်ပတ်ကျော် ကြာပြီးတဲ့အ
ခါ ပိုးထည်ကို အဘိုးနဲ့ဘွားဆီ ပထမတစ်
ခေါက် ဝယ်သွားခဲ့တဲ့ အမျိုးသမီးငယ်လေး
ဒုတိယအကြိမ် ပြန်လာမေးတာတွေ့ရတယ်
အမျိုးသမီးငယ်လေးရဲ့ ဘေးမှာ မိဘဖြစ်ဟန်
တူတဲ့ အမျိုးသမီးကြီးကလည်း ပိုးခြုံထည် ရ
နိုင်ရင် လိုချင်မိကြောင်း ပြောတယ်။ ဘိုးနဲ့
ဘွားဟာ စကားတစ်ခွန်းမပြောပဲ ဒီအတိုင်း
ပြန်လာခဲ့တယ်။ မင်းသမီးကလေးရဲ့ ဆန္ဒ
ကိုမေးဖို့ဖြစ်တယ် ။ သူတို့အဖို့ မင်းသမီးက
လေး ရက်လုပ်လိုမှသာ ရောင်းလိုပြီး မင်း
သမီးကလေး ထပ်မရက်လိုတဲ့အခါ ရောင်း
တော့မှာ မဟုတ်ပါဘူး။ မင်းသမီးကလေး
ကတော့ ပျော်သွားတယ် ။ သူရက်လုပ်မယ့်
အကြောင်း အဘိုးနဲ့ဘွားကို အကြောင်းပြန်
တယ်။ ဒါပေမယ့် အဘိုးနဲ့အဘွားကို ကတိ
ပေးရမယ် လို့ပြောတယ်။ မင်းသမီးကလေး
ရက်ကန်းရက်လုပ်တဲ့အခါ အဘိုးနဲ့ဘွားဟာ
အဝေးမှာသာ ရှိရမှာဖြစ်ပြီး သူမရက်လုပ်
တာကို မကြည့်ရှူ့ ဖို့ပဲ ဖြစ်တယ်။ ဘိုးနဲ့ဘွား
လည်း ကတိပေးလိုက်ကြတယ်
မင်းသမီးကလေး ဟာ သူနဲ့ ရက်ကန်းစင် သာရှိတဲ့ တဲအိမ်လေးထဲမှာ ဘိုးနဲ့ဘွား ထွက်
သွားချိန်ကနေ နေစောင်းလို့ပြန်လာတဲ့အထိ
ရက်ကန်းရက်တယ် ။ဘိုးနဲ့ဘွား ပြန်ရောက်
လာတဲ့အခါ လှပတဲ့နှင်းဆီပိုးသားရက်ထည်
နှစ်ထည်ကို တွေ့လိုက်ကြရတယ်။ ဘိုးနဲ့
ဘွားရောင်းချတဲ့အခါ အရင်အခေါက်တွေလို
ပဲ ပိုးရက်ထည်လေးတွေ အမြန်ရောင်းထွက်
သွားကြတယ်။ မင်းသမီးလေးဟာ ပိုးထည်
မှန်မှန်ရက်တယ်။ ဒီလိုနဲ့ဘိုးနဲ့ဘွားရဲ့ ရက်
ကန်းထည်တွေ လူသိများလာပြီး ကြွယ်ဝချမ်း
သာလာတယ်။ ရွှေနန်းတော် ပေါက်ကြား
သွားတဲ့အခါ ဘုရင့်ချည်ပိုးတွေ ရက်လုပ်ဖို့
အထိ ဖြစ်လာတယ်။ အဲ့ဒီအချိန်က နှင်းဆီ
ပွင့်တွေ တိုင်းပြည်မှာမရှိသေးတော့ နှင်းဆီ
ချည်သားနဲ့ ရက်လုပ်တဲ့အထည်တွေက သူ
တို့အတွက် ထူးခြားနေတယ် လေ
ဘိုးနဲ့ဘွား တို့ဟာ ဝါးခုတ်ရာက စောစောအိမ်
ပြန်လာကြတယ်။ မင်းသမီးလေးဟာ ချည်
ထည်များစွာ ရက်လုပ်နေရပြီး သူတို့က တော့
သည်အတိုင်း နေ့စဉ် ဝါးခုတ်ထွက်ပြန်လာ
နေကြတဲ့အတွက် မင်းသမီးလေးတစ်ယော
က်ထဲ ရက်ကန်းရက်တဲ့အခါ ပင်ပန်းနေမှာ
ပဲ လို့ဘိုးနဲ့ဘွား တွေးမိလာတယ်။
အိမ်ပြန်လာကြတဲ့အခါ
ရက်ကန်းရက်နေတဲ့ မင်းသမီးကလေးကို
ဝမ်းနည်းစဖွယ် တွေ့လိုက်ကြရတယ်။
ရက်ကန်းစင် ရဲ့ဘေးမှာ ဓားတစ်ချောင်းရှိနေ
ပြီး မင်းသမီးလေးက ပထမဦးဆုံး လက်
ကောက်ဝတ်ကို လှီးလိုက်တယ်။ လက်ကော
က် ဝတ်ကသွေးတွေ မြေပေါ်တောက်တော
က် ကျ နေတုံး အဲ့ဒါမြေပေါ်ကို အကြိမ်ကြိမ်
လမ်းလျှောက်တယ်။ နှင်းဆီအခိုင်တွေ မြေ
ကြီးထဲက တိုးထွက်လာတယ်။ အရောင်အ
သွေးစုံလင်တဲ့ နှင်းဆီပွင့်တွေ အများကြီးပဲ။
နှင်းဆီချည်မျှ င်တွေ ယူလို့ ရက်ကန်းဆက်ရ
က်တယ်။ ဒါကိုမြင်တဲ့ အဘိုးနဲ့ဘွားဟာ ချုံး
ချုံးချ ငိုတော့တာပဲ။ သူတို့ ချည်မျှင်တွေ ဘယ်
ကလာသလဲ သိသွားခဲ့ကြပြီကို ။အခုဆိုရင်
သူတို့ ရဲ့ မင်းသမီးလေးဟာ နန်းတော်တစ်ခု
လုံးစာ ချည်မျှင်တွေ ရက်လုပ်ရတော့မယ်။
ဘုရင့်အမိန့်မို့ ငြင်းဆန်မရနိုင်တဲ့ အခြေအ
နေ ဖြစ်နေခဲ့တယ်။ ဘိုးနဲ့ဘွားဟာ ကျန်းမာ
ရေးမကောင်းလို့ မရက်နိုင်တော့ကြောင်း လိမ်လည်ပြောဆို လိုက်တယ်။ ဘုရင်က သ
တင်းစကားကို လက်ခံပေမယ့် အမတ်က
တော့ အသေအချာ စုံစမ်းဖို့ နန်းတော်ကနေ
တိတ်တဆိတ် ထွက်လာတယ်။ မင်းသမီးက
လေးကို တွေ့ရှိသွားပြီး ထပ်မံ စုံစမ်းတဲ့အခါ
ရက်ကန်းရက်တဲ့ ဖြစ်စဉ်ကိုပါ သိရှိသွားတ
ယ်။ ရွှေနန်းတော်ပြန်ရောက်တဲ့အခါ မင်းသ
မီးလေးရဲ့ ရုပ်ပုံလွှာကို ဘုရင်ကို ဆက်သတ
ယ်။ မင်းသမီးလေးဟာ အမျိုးအမည်မသိ
ထူးခြားတဲ့ ပန်းပွင့်မြောက်များစွာကို ဖန်တီး
နိုင်ကြောင်း ပြောပြတယ်။ ရွှေနန်းတော် က
ဘုရင်နဲ့မှူးမတ်တွေ ခရီးရှည်ထွက်လာကြတ
ယ်။ မင်းသမီးလေးရှိတဲ့ အရပ်ကိုဦးတည်လို့
ဘွားဟာ ဒီအကြောင်းတွေကို သိသွားတယ် ။
မင်းသမီးလေး ထွက်ပြေးဖို့ရာ ခရီးလမ်းကို
လမ်းပြပေးတယ်။ လမ်းမှာစားဖို့ အစားအစာ
တွေ လိုအပ်တဲ့အခါ ရောင်းချဖို့ ရွှေဒင်္ဂါးတွေ သပ်သပ်ရပ်ရပ် ထုတ်ပိုးပေးလိုက်ပြီး နှုတ်ဆ
က်လိုက်တယ်။ အခြေအနေတွေ ငြိမ်သက်
သွားတဲ့အခါ နီးစပ်ရာမြို့တစ်ခုမှာ တွေ့ကြဖို့
့ဖြစ်တယ်။ မင်းသမီးကလေးဟာ အခါတိုင်း
မှာ ခြေအိတ်စွပ်ထားလေ့ရှိပြီး ပြေးလွှားရတဲ့
အခါ ခြေအိတ်ကို မေ့ကျန်နေခဲ့တယ်
တကယ်တော့
မင်းသမီးကလေးဟာ ဝေးဝေးမလျှောက်နိုင်
တော့ဘူး။ ဒါ့အပြင် သူမဟာ လမ်းတစ်လျှော
က်လုံး ငိုလာခဲ့တဲ့အတွက် မြေကြီးတွေဟာ
ရေလောင်းသလိုဖြစ်နေပြီး သူမခြေလှမ်း
လှမ်းလိုက်တိုင်း နှင်းဆီပွင့်တွေ ပွင့်လာကြ
တယ်။ နှင်းဆီပွင့်တွေဟာ သူမရဲ့ခြေရာတွေ
လိုပဲ ကျန်ရစ်တယ်။ ထူးခြားတဲ့ နှင်းဆီပွင့်
တွေရဲ့ အနံ့ကြောင့် မကြာခင်မှာ ဘုရင်နဲ့
အမတ်တွေဟာ သစ်တောဘက်ကို ရောက်
လာကြတယ်။ သူတို့ဟာ ပေါက်လာတဲ့နှင်း
ဆီပင်တွေကို ရွှေနန်းတော်မှာ ပြန်စိုက်ကြဖို့
အမြစ်က တူးစွနေကြတယ်။မင်းသမီးလေး
က အရှေ့အရပ်ကိုဦးတည်ပြီး ပြေးတယ်။
လာလမ်းတစ်လျှောက်မှာ နှင်းဆီသစ်တော
လို ဖြစ်ပြီး ကျန်ရစ်ခဲ့တာတွေ့တယ်။ မင်းသမီ
း လေးဟာ ခြေရာဖျောက်နိုင်ဖို့ သစ်ပင်တစ်
ပင်ပေါ်တက်ပြီး နေလိုက်တယ်။ မြေခွေးတ
စ်ကောင် သစ်ပင်ခြေရင်းမှာ ဟိုဒီလျှောက်
သွားနေတာ တွေ့လိုက်ရတယ်။ မင်းသမီးက
လေး အရမ်းမောပန်းနေပါပြီ ဒါ့အပြင် မင်း
သမီးကလေးဟာ ဘုရင့်ကိုလက်ထပ်လို့ မရ
ပါဘူး။မင်းသမီးလေးဟာ ပန်းပွင့်တွေရဲ့ နတ်သမီး တစ်ပါးသာဖြစ်ပြီး လူသားတွေကို
လက်ထပ်ခဲ့ရင် နတ်သက်ကြွေ ရမှာဖြစ်တ
ယ်။ မြေခွေးဟာ အလင်းနတ်သမီးလေးဖြစ်
ပြီး ကောင်းကင်ဘုံကို သူပြန်ပို့ပေးနိုင်ကြော
င်း ပြောတယ်။ သည်အတိုင်းရှိနေရင် ဘုရင်
ဟာ သူ့ကို တစ်ချိန်ချိန်မှာ ဖမ်းမိသွားနိုင်တ
ယ်လို့ မင်းသမီးလေး တွေးတယ်။ မင်းသမီး
လေးဟာ အလင်းနတ်သမီးနဲ့ အတူကောင်း
ကင်ဘုံကို လိုက်ပါသွားတယ်။
အဲ့ဒီနေ့ကစပြီး အဘိုးနဲ့ဘွားဟာ မင်းသမီး
ကလေးကို သေဆုံးချိန်အထိ ပြန်မတွေ့ရ
တော့ဘူးတဲ့။နှင်းဆီပွင့်တွေက တော့ ဒီနေ့
ခေတ်အထိ ပွားများလာခဲ့တယ်။
နှင်းဆီပွင့်တွေ တွေ့ရတဲ့အခါ သူတို့နားကို
ဖြေးဖြေးချင်း ကပ်သွားလိုက်ပါ ။ ပွင့်ဖတ်ထဲ
မှာ အိပ်ပျော်နေတဲ့ မင်းသမီးကလေးလို ပန်း
ပွင့်နတ်သမီးလေးတွေကို သင်တွေ့ကောင်း
တွေ့နိုင်ပါလိမ့်မယ်
ဒိုဒို
19.12.2017
သား အဘိုးအဘွား လင်မယားနှစ်ယောက် ရှိခဲ့တယ်။ အဘွားကတော့ ကျန်းမာရေး မ
ကောင်းတော့ အိမ်မှာချက်ပြုတ်ရတာပေါ့ ။
အဘိုးကတော့ နေ့စဉ် တောထဲသွားဝါးခုတ်
ရတယ်။ ဝါးခုတ်လို့ ရတဲ့ငွေ့နဲ့ သူတို့စားဝ
တ်နေရေး လည်ပတ်နေရတယ်။ တစ်ခါ
တစ်လေ ဝါးအပင်သစ်မပေါက်ခင် ထွက်
လာတဲ့ မျှစ်စို့တွေကို ဟင်းအဖြစ်တစ်မျိုး ပေါ့
လေ။ ဘိုးဟာ မိုးဦးကျ ပြီမို့ တောစပ်ကိုထွက်
လာတယ်။ အဲ့ဒီမှာ သူတစ်ခါမှမတွေ့ဖူးတဲ့
ပန်းတစ်ပွင့်ကို ထူးထူးခြားခြားတွေ့လိုက်ရ
တယ်။ ပန်းပွင့်ဟာ ပန်းနုရောင်လဲ့နေပြီး ပွင့်
ဖတ်တစ်ခုချင်းဆီကနေ သင်းပျံတဲ့ အနံ့လေး
တွေ ပျံ့လွင့်လာနေတယ်။ (အဲ့ဒီခေတ် အခါ
တုံးက နှင်းဆီပွင့်မပေါ်သေးဘူး ကွဲ့။ အဘိုး
တွေ့သွားတာ နှင်းဆီပွင့်မှန်း ဘိုးမသိခဲ့ဘူး)
ထူးဆန်းတဲ့ ပန်းပွင့်ကြီးနားကို အဘိုးတ
ဖြေးဖြေး တိုးကပ်သွားတယ်။ အဲ့ဒီမှာ သေးင
ယ်တဲ့ ကလေးမလေးတစ်ယောက်ကို မြင်
တွေ့လိုက်ရတာပဲ ။ အဘိုးဟာ ကလေးချစ်
တတ်သူဆိုတော့ ဝမ်းသာမျက်ရည်တွေနဲ့
အိမ်ပြန်လာတယ်။ မယ်လက်မ လေးကို ပု
ခက်လေးတစ်ခုပေါ် ထည့်သိပ်ထားရင်း ရှေ့
ရေး ကိုနှစ်ယောက်သား တိုင်ပင်ဆွေးနွေးကြ
တယ်။ သူတို့သတိမထားမိတာက မယ်လက်
မလေးဟာ သူတို့စကားပြောနေတုံး တဖြေး
ဖြေး အသက်ကြီးလာနေတာပါပဲ။ "အမေ "
လို့ခေါ်သံကြားပြီး လှည့်ကြည့်လိုက်တဲ့အခါ
ပုခက်ပေါ်က ဆင်းလာတဲ့ ကောင်မလေးကို
တွေ့လိုက်ရတယ်။ အဘိုးနဲ့အဘွား ဟာ
အစမှာ အံသြမှင်သက်သွားပေမယ့် ချက်ချင်း
ဆိုသလို အရွယ်ရောက်လာတဲ့ သူမအတွက်
ပူပန်မိပြန်တယ် ။
ဘိုးနဲ့ဘွားဟာ အရင်ကထက် အလုပ်ကိုကြိုး
စားတယ်။ ဘိုးက ဝါး၊မျှစ်၊ မှိုတို့အပြင် တစ်ခါ
တလေ ပျားရည်ဖွပ်တယ်။ ဘွားကရလာတာ
တွေ ဈေးမှာသွားရောင်းရတယ်။ သူတို့ စိုးရိမ်
တာက နိုင်ငံရဲ့ဘုရင်မင်းမြတ်ဟာ သူတို့သ
မီးကလေးကိုတွေ့သွားမှာကိုပါ။
နှစ်တွေကြာနေလာခဲ့တဲ့ ဘိုးနဲ့ဘွားရဲ့ သမီး
လေးဟာ အရာအားလုံး နားလည်စပြု လာ
တယ်။ဘိုးနဲ့ဘွားကို ကူညီချင်မိတယ်။ အိမ်တွင်းမှုအပြင် တခြားဝင်ငွေလည်ပတ်
မယ့် အလုပ်တစ်ခုမျိုးပေါ့ ။ဘွားတို့အိမ်မှာ
အနက်ရောင် စောင်ကြီးနဲ့ ဖုံးထားတဲ့ ရက်
ကန်းစင်ကို သတိထားမိသွားတယ်။ အရင်
ကထက် အဘိုးနဲ့ဘွားဟာ အလုပ်ကြိုးစားကြ
တာမို့ အိမ်မှာ သူမကလွဲပြီး ဘယ်သူမှမရှိ။
သီချင်းလေး ညည်းရင်း သူမရယ် ရက်ကန်း
စင်ရယ်
ဘိုးနဲ့ဘွား ပြန်ရောက်လာကြတဲ့အခါ အသင့်
ဖြစ်နေတဲ့ ပိုးခြုံ လွှာတစ်ခုကို တွေ့ရတယ်။
နှင်းဆီမျှင်တွေနဲ့ ပြုလုပ်ထားတာမို့ နှင်းဆီနံ့
သင်းသင်းကလေး မွှေးတဲ့ ပိုးခြုံလွှာကလေး
ပါ ။ ဘိုးနဲ့ဘွားဟာ သူမကို "မင်းသမီးကလေ
း " လို့ခေါ်ကြတယ်။ မင်းသမီးလေးက "နှင်း
ဆီပိုးခြုံ လွှာ ဖြစ်ကြောင်း"နဲ့ ခြုံထည်စကို ဈေးမှာသွားရောင်းစေလို ကြောင်း ပြောလိုက်
တယ်။ လှပတဲ့ နှင်းဆီချည်နဲ့ ရက်ထားတဲ့
ခြုံလွှာလေးဟာ ခဏလေးနဲ့ပဲ ရောင်းထွက်
သွားတယ်။ ဘိုးနဲ့ဘွားဟာ မင်းသမီးလေး
အတွက် စတော်ဘယ်ရီ တစ်ခြင်းနဲ့ ဖိနပ်
လှလှလေးတရံ ဝယ်လာခဲ့တယ်။
ရက်သတ္တပတ် တစ်ပတ်ကျော် ကြာပြီးတဲ့အ
ခါ ပိုးထည်ကို အဘိုးနဲ့ဘွားဆီ ပထမတစ်
ခေါက် ဝယ်သွားခဲ့တဲ့ အမျိုးသမီးငယ်လေး
ဒုတိယအကြိမ် ပြန်လာမေးတာတွေ့ရတယ်
အမျိုးသမီးငယ်လေးရဲ့ ဘေးမှာ မိဘဖြစ်ဟန်
တူတဲ့ အမျိုးသမီးကြီးကလည်း ပိုးခြုံထည် ရ
နိုင်ရင် လိုချင်မိကြောင်း ပြောတယ်။ ဘိုးနဲ့
ဘွားဟာ စကားတစ်ခွန်းမပြောပဲ ဒီအတိုင်း
ပြန်လာခဲ့တယ်။ မင်းသမီးကလေးရဲ့ ဆန္ဒ
ကိုမေးဖို့ဖြစ်တယ် ။ သူတို့အဖို့ မင်းသမီးက
လေး ရက်လုပ်လိုမှသာ ရောင်းလိုပြီး မင်း
သမီးကလေး ထပ်မရက်လိုတဲ့အခါ ရောင်း
တော့မှာ မဟုတ်ပါဘူး။ မင်းသမီးကလေး
ကတော့ ပျော်သွားတယ် ။ သူရက်လုပ်မယ့်
အကြောင်း အဘိုးနဲ့ဘွားကို အကြောင်းပြန်
တယ်။ ဒါပေမယ့် အဘိုးနဲ့အဘွားကို ကတိ
ပေးရမယ် လို့ပြောတယ်။ မင်းသမီးကလေး
ရက်ကန်းရက်လုပ်တဲ့အခါ အဘိုးနဲ့ဘွားဟာ
အဝေးမှာသာ ရှိရမှာဖြစ်ပြီး သူမရက်လုပ်
တာကို မကြည့်ရှူ့ ဖို့ပဲ ဖြစ်တယ်။ ဘိုးနဲ့ဘွား
လည်း ကတိပေးလိုက်ကြတယ်
မင်းသမီးကလေး ဟာ သူနဲ့ ရက်ကန်းစင် သာရှိတဲ့ တဲအိမ်လေးထဲမှာ ဘိုးနဲ့ဘွား ထွက်
သွားချိန်ကနေ နေစောင်းလို့ပြန်လာတဲ့အထိ
ရက်ကန်းရက်တယ် ။ဘိုးနဲ့ဘွား ပြန်ရောက်
လာတဲ့အခါ လှပတဲ့နှင်းဆီပိုးသားရက်ထည်
နှစ်ထည်ကို တွေ့လိုက်ကြရတယ်။ ဘိုးနဲ့
ဘွားရောင်းချတဲ့အခါ အရင်အခေါက်တွေလို
ပဲ ပိုးရက်ထည်လေးတွေ အမြန်ရောင်းထွက်
သွားကြတယ်။ မင်းသမီးလေးဟာ ပိုးထည်
မှန်မှန်ရက်တယ်။ ဒီလိုနဲ့ဘိုးနဲ့ဘွားရဲ့ ရက်
ကန်းထည်တွေ လူသိများလာပြီး ကြွယ်ဝချမ်း
သာလာတယ်။ ရွှေနန်းတော် ပေါက်ကြား
သွားတဲ့အခါ ဘုရင့်ချည်ပိုးတွေ ရက်လုပ်ဖို့
အထိ ဖြစ်လာတယ်။ အဲ့ဒီအချိန်က နှင်းဆီ
ပွင့်တွေ တိုင်းပြည်မှာမရှိသေးတော့ နှင်းဆီ
ချည်သားနဲ့ ရက်လုပ်တဲ့အထည်တွေက သူ
တို့အတွက် ထူးခြားနေတယ် လေ
ဘိုးနဲ့ဘွား တို့ဟာ ဝါးခုတ်ရာက စောစောအိမ်
ပြန်လာကြတယ်။ မင်းသမီးလေးဟာ ချည်
ထည်များစွာ ရက်လုပ်နေရပြီး သူတို့က တော့
သည်အတိုင်း နေ့စဉ် ဝါးခုတ်ထွက်ပြန်လာ
နေကြတဲ့အတွက် မင်းသမီးလေးတစ်ယော
က်ထဲ ရက်ကန်းရက်တဲ့အခါ ပင်ပန်းနေမှာ
ပဲ လို့ဘိုးနဲ့ဘွား တွေးမိလာတယ်။
အိမ်ပြန်လာကြတဲ့အခါ
ရက်ကန်းရက်နေတဲ့ မင်းသမီးကလေးကို
ဝမ်းနည်းစဖွယ် တွေ့လိုက်ကြရတယ်။
ရက်ကန်းစင် ရဲ့ဘေးမှာ ဓားတစ်ချောင်းရှိနေ
ပြီး မင်းသမီးလေးက ပထမဦးဆုံး လက်
ကောက်ဝတ်ကို လှီးလိုက်တယ်။ လက်ကော
က် ဝတ်ကသွေးတွေ မြေပေါ်တောက်တော
က် ကျ နေတုံး အဲ့ဒါမြေပေါ်ကို အကြိမ်ကြိမ်
လမ်းလျှောက်တယ်။ နှင်းဆီအခိုင်တွေ မြေ
ကြီးထဲက တိုးထွက်လာတယ်။ အရောင်အ
သွေးစုံလင်တဲ့ နှင်းဆီပွင့်တွေ အများကြီးပဲ။
နှင်းဆီချည်မျှ င်တွေ ယူလို့ ရက်ကန်းဆက်ရ
က်တယ်။ ဒါကိုမြင်တဲ့ အဘိုးနဲ့ဘွားဟာ ချုံး
ချုံးချ ငိုတော့တာပဲ။ သူတို့ ချည်မျှင်တွေ ဘယ်
ကလာသလဲ သိသွားခဲ့ကြပြီကို ။အခုဆိုရင်
သူတို့ ရဲ့ မင်းသမီးလေးဟာ နန်းတော်တစ်ခု
လုံးစာ ချည်မျှင်တွေ ရက်လုပ်ရတော့မယ်။
ဘုရင့်အမိန့်မို့ ငြင်းဆန်မရနိုင်တဲ့ အခြေအ
နေ ဖြစ်နေခဲ့တယ်။ ဘိုးနဲ့ဘွားဟာ ကျန်းမာ
ရေးမကောင်းလို့ မရက်နိုင်တော့ကြောင်း လိမ်လည်ပြောဆို လိုက်တယ်။ ဘုရင်က သ
တင်းစကားကို လက်ခံပေမယ့် အမတ်က
တော့ အသေအချာ စုံစမ်းဖို့ နန်းတော်ကနေ
တိတ်တဆိတ် ထွက်လာတယ်။ မင်းသမီးက
လေးကို တွေ့ရှိသွားပြီး ထပ်မံ စုံစမ်းတဲ့အခါ
ရက်ကန်းရက်တဲ့ ဖြစ်စဉ်ကိုပါ သိရှိသွားတ
ယ်။ ရွှေနန်းတော်ပြန်ရောက်တဲ့အခါ မင်းသ
မီးလေးရဲ့ ရုပ်ပုံလွှာကို ဘုရင်ကို ဆက်သတ
ယ်။ မင်းသမီးလေးဟာ အမျိုးအမည်မသိ
ထူးခြားတဲ့ ပန်းပွင့်မြောက်များစွာကို ဖန်တီး
နိုင်ကြောင်း ပြောပြတယ်။ ရွှေနန်းတော် က
ဘုရင်နဲ့မှူးမတ်တွေ ခရီးရှည်ထွက်လာကြတ
ယ်။ မင်းသမီးလေးရှိတဲ့ အရပ်ကိုဦးတည်လို့
ဘွားဟာ ဒီအကြောင်းတွေကို သိသွားတယ် ။
မင်းသမီးလေး ထွက်ပြေးဖို့ရာ ခရီးလမ်းကို
လမ်းပြပေးတယ်။ လမ်းမှာစားဖို့ အစားအစာ
တွေ လိုအပ်တဲ့အခါ ရောင်းချဖို့ ရွှေဒင်္ဂါးတွေ သပ်သပ်ရပ်ရပ် ထုတ်ပိုးပေးလိုက်ပြီး နှုတ်ဆ
က်လိုက်တယ်။ အခြေအနေတွေ ငြိမ်သက်
သွားတဲ့အခါ နီးစပ်ရာမြို့တစ်ခုမှာ တွေ့ကြဖို့
့ဖြစ်တယ်။ မင်းသမီးကလေးဟာ အခါတိုင်း
မှာ ခြေအိတ်စွပ်ထားလေ့ရှိပြီး ပြေးလွှားရတဲ့
အခါ ခြေအိတ်ကို မေ့ကျန်နေခဲ့တယ်
တကယ်တော့
မင်းသမီးကလေးဟာ ဝေးဝေးမလျှောက်နိုင်
တော့ဘူး။ ဒါ့အပြင် သူမဟာ လမ်းတစ်လျှော
က်လုံး ငိုလာခဲ့တဲ့အတွက် မြေကြီးတွေဟာ
ရေလောင်းသလိုဖြစ်နေပြီး သူမခြေလှမ်း
လှမ်းလိုက်တိုင်း နှင်းဆီပွင့်တွေ ပွင့်လာကြ
တယ်။ နှင်းဆီပွင့်တွေဟာ သူမရဲ့ခြေရာတွေ
လိုပဲ ကျန်ရစ်တယ်။ ထူးခြားတဲ့ နှင်းဆီပွင့်
တွေရဲ့ အနံ့ကြောင့် မကြာခင်မှာ ဘုရင်နဲ့
အမတ်တွေဟာ သစ်တောဘက်ကို ရောက်
လာကြတယ်။ သူတို့ဟာ ပေါက်လာတဲ့နှင်း
ဆီပင်တွေကို ရွှေနန်းတော်မှာ ပြန်စိုက်ကြဖို့
အမြစ်က တူးစွနေကြတယ်။မင်းသမီးလေး
က အရှေ့အရပ်ကိုဦးတည်ပြီး ပြေးတယ်။
လာလမ်းတစ်လျှောက်မှာ နှင်းဆီသစ်တော
လို ဖြစ်ပြီး ကျန်ရစ်ခဲ့တာတွေ့တယ်။ မင်းသမီ
း လေးဟာ ခြေရာဖျောက်နိုင်ဖို့ သစ်ပင်တစ်
ပင်ပေါ်တက်ပြီး နေလိုက်တယ်။ မြေခွေးတ
စ်ကောင် သစ်ပင်ခြေရင်းမှာ ဟိုဒီလျှောက်
သွားနေတာ တွေ့လိုက်ရတယ်။ မင်းသမီးက
လေး အရမ်းမောပန်းနေပါပြီ ဒါ့အပြင် မင်း
သမီးကလေးဟာ ဘုရင့်ကိုလက်ထပ်လို့ မရ
ပါဘူး။မင်းသမီးလေးဟာ ပန်းပွင့်တွေရဲ့ နတ်သမီး တစ်ပါးသာဖြစ်ပြီး လူသားတွေကို
လက်ထပ်ခဲ့ရင် နတ်သက်ကြွေ ရမှာဖြစ်တ
ယ်။ မြေခွေးဟာ အလင်းနတ်သမီးလေးဖြစ်
ပြီး ကောင်းကင်ဘုံကို သူပြန်ပို့ပေးနိုင်ကြော
င်း ပြောတယ်။ သည်အတိုင်းရှိနေရင် ဘုရင်
ဟာ သူ့ကို တစ်ချိန်ချိန်မှာ ဖမ်းမိသွားနိုင်တ
ယ်လို့ မင်းသမီးလေး တွေးတယ်။ မင်းသမီး
လေးဟာ အလင်းနတ်သမီးနဲ့ အတူကောင်း
ကင်ဘုံကို လိုက်ပါသွားတယ်။
အဲ့ဒီနေ့ကစပြီး အဘိုးနဲ့ဘွားဟာ မင်းသမီး
ကလေးကို သေဆုံးချိန်အထိ ပြန်မတွေ့ရ
တော့ဘူးတဲ့။နှင်းဆီပွင့်တွေက တော့ ဒီနေ့
ခေတ်အထိ ပွားများလာခဲ့တယ်။
နှင်းဆီပွင့်တွေ တွေ့ရတဲ့အခါ သူတို့နားကို
ဖြေးဖြေးချင်း ကပ်သွားလိုက်ပါ ။ ပွင့်ဖတ်ထဲ
မှာ အိပ်ပျော်နေတဲ့ မင်းသမီးကလေးလို ပန်း
ပွင့်နတ်သမီးလေးတွေကို သင်တွေ့ကောင်း
တွေ့နိုင်ပါလိမ့်မယ်
ဒိုဒို
19.12.2017
Comments
Post a Comment