ရေခူမင်းသမီးလေး
ရှေးရှေးတုံးက ရေသတ္တဝါ ပေါင်းစုံနေထိုင်ကြတဲ့ သမုဒ္ဒရာတစ်ခုရဲ့ ရေအောက်တစ်နေရာမှာ ရေများဟာ ဆိုရင်တိမ်သားတွေ လို ပြာလဲ့ပြီး
ကြည်လင် နေတယ်တဲ့။ဘယ်လောက်များ ကြည်လင်သလဲဆိုရင်နေအလင်းရောင်ကျတဲ့အခါ ထွက်လာတဲ့ အလင်းမှုန်လေးတွေကို။
ရေအောက်ကြမ်းပြင်တစ်နေရာမှာတောင်
မြင်နိုင်တယ်တဲ့။
တစ်ခါတလေများဆိုရေမျက်နှာပြင်ဟာစိမ်းပြာပြီး တောက်ပနေတက်တယ်။အဲ့လိုမျိုး ရေသတ္တဝါ ပေါင်းစုံနေထိုင်ကြတဲ့ သမုဒ္ဒရာ ကြီးထဲမှာရေသူနန်းတော်တွေရေဘဝဲတွေမုန့်ကောင်လေးတွေ ရှိကြတယ်။
စိမ်းလဲ့လဲ့ ရေမှော်လေးတွေနဲ
့အင်မတန်နုနယ်တဲ့သစ်ရွက်သစ်ခတ်လေးတွေရှိတဲ့ရေထုတစ်နေရာမှာတော့ရေခူမြို့တော်ရှိသတဲ့။ ရေခူ မြို့တော်မှာ ဘုရင်နဲ့ ဘုရင်မတို့အပြင်
ရေခူမင်းသမီးလေး ရှိတယ်။
ဘုရင်နဲ့ဘုရင်မတို့ဟာမင်းသမီးလေးအထွေးဆုံး
လေးမို့အစ်မတွေထက်ပိုအလိုလိုက်ထားကြတယ်။မင်းသမီးလေး အသက်ဆယ့်ရှစ်နှစ်ပြည့်
တဲ့အခါမှ ပင်လယ်ရေပြင်အထက်ကို သွားခွင့်
ပြု ကြမှာ.ဖြစ်တယ်။
မင်းသမီးလေးကလူသားတွေ အကြောင်းကို ရေအောက်စာကြည့်တိုက်မှာဖတ်ခဲ့ဖူးတယ်။မီးဆိုတဲ့အရာနဲ့ လူ့အသုံးအဆောင်ပစ္စည်းလေးတွေကိုသူမနှစ်သက်တယ်။အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့
မှာဘုရင်မကြီးက ရေခူမင်းသမီးကို ပုလဲဘယက်တစ်ခုပေးတယ်။
ဘယက်ကလေးက သာမန်တော့မဟုတ်ဘူးကွဲ့။ဘယက်ကလေးကိုကိုင်ပြီးဆုတောင်းလိုက်တာနဲ့ လူဖြစ်ခွင့်ရှိတယ်သို့ပေမယ့် သူတို့ဟာ
ရေသတ္တဝါပေပဲမို့လူသားဖြစ်ခဲ့ရင်တောင်
ရေသတ္တဝါတွေရဲ့အသွေး အသားမစားရဘူး လို့ သစ္စာဆိုရတယ်။သမုဒ္ဒရာကြမ်းပြင်ကနေ
ဟိုးအမြင့်တစ်နေရာ ကုန်းမြေရှိတဲ့ အရပ်ကို
ပထမဆုံးသွားရတဲ့နေ့မို့ မင်းသမီးလေးဟာ
အနည်းငယ်ကြောက်ရွံ့နေသလိုပျော်လည်း
ပျော်နေခဲ့တယ်။လည်ဆွဲဘယက်ကိုလေး
ကိုင်ဆုပ်ကိုင်လိုက်ပြီး လူဖြစ်ချင်တဲ့အကြောင်း ဆုတောင်းလိုက်တဲ့အခါ ပိုးဂါဝန်ဖြူ လေး
နဲ့ လူသားတစ်ယောက်ဖြစ်လာတယ်။သူမရဲ့ဂါဝန်လေးဟာအနည်းငယ်ခပ်ဖောင်းဖောင်းဖြစ်နေပြီး ပုလဲလုံးလေးတွေအစီအရီကပ်ထား တယ်တဲ့။
သူမဟာကျောက်ဆောင်ပေါ်မှာ ခဏတဖြုတ် အနားယူနေတုန်း ခပ်လှမ်းလှမ်းက လှေတစ်စင်း ကိုတွေ့လိုက်ရတယ်။တော်တော်လေး သူမနဲ့
ဝေးပေမယ့်ရေခူမျိုးနွယ်တွေဟာမျက်လုံး
အားကောင်းကြတယ်။
မှုန်ပြပြက အရာဝထ္ထုလေးတွေ ကိုတောင်
အသေးစိတ်မြန်နိုင်စွမ်းရှိကြတယ်။
အဝတ်အစား ကောင်းမွန်စွာဝတ်ထားတဲ့ လူရွယ်တစ်ယောက်ဟာလေကလေးချွန်ပြီး
ကျောက်ဆောင်နားကိုတရွှေ့ရွှေ့လာနေတာတွေရ့တယ်။
သူမလည်းပထမဆုံးအနေနဲ့လူသားတစ်ယောက်ကို မြင်လိုက်ရတာကြောင့်အံ့သြနေခဲ့တယ်။
တစ်ချိန်တည်းမှာပျော်ရွှင်မှုကိုလည်းခံစားရတယ်။
သူမပထမဆုံး သတိရမိတာက မီးဆိုတဲ့အရာ လူ့အသုံးအဆောင်တွေနဲ့လူတွေသဘောကျတဲ့ကော်ဖီဆိုတဲ့အရာပဲ။သူမအကြံတစ်ခုရသွားခဲ့တယ်။သူမသတိလစ်ချင်ယောင်ဆောင်လိုက်တယ်။စောစောကလူငယ်ဟာ သူမကို လှုပ်နိုးတယ်။
သတိလစ်ချင်ယောင်ဆောင်ရတာသူမအတွက်
ပထမဆုံးပဲဒါပေမယ့်ပီပြင်ခဲ့တယ်ပြောရမယ်။ကောင်လေးဟာသစ်သားလှေထဲသူမကိုပွေ့ချီလို့ သူ့ရွာရှိရာပြန်လှော်ခတ်လာတယ်။
ရွာကလေးရောက်တဲ့အခါသူအကူအညီလိုက်တောင်းတယ်။
ရေခူတွေရဲ့မျက်နှာအသွင်ပြင်ဟာဖြူ ဖတ်ဖြူ ရော်နဲ့လေ။
ရွာရဲ့ဆရာဝန်ဟာသူမရဲ့အသွင်အပြင်ကိုကြည့်ပြီး စမ်းသပ်ပြီးတဲ့နောက်မှာသွေးအားနည်း
နေတယ်လို့ ပြောတယ်။
ရေခူမလေးကတော့ ကြိတ်ရယ်နေတယ်။
သူမတော်တော်လည်းပျော်ရွှင်နေတယ်။ဆရာဝန်ရဲ့နားကျပ်ဟာ
သူမအတွက်အထူးအဆန်းလိုဖြစ်နေတာပေါ့။
ပေါင်ချိန်စက်ပေါ်သူမတက်ကြည့်တော့ မြှားက
ဟိုဘက်ဒီဘက်ရွှေ့နေတာတွေ့တာနဲ့စက်ပေါ်ခုန်ကြည့်တယ်။
ဆရာဝန်ဟာလည်းသူ့ပေါင်ချိန်စက်ပျက်သွားမှာစိုးတာနဲ့ပဲ သူမကိုမောင်းထုတ်လိုက်ရောတဲ့။
ကောင်လေးကသူမကိုဘယ်ကလာတာလို့်မေးတယ်။နာမည်မေးကြည့်တယ်။
မင်းသမီးလေးလည်းဘာပြောရမှန်းမသိတော့မပြောမိဘူးပေါ့။ကောင်လေးကမင်းသမီးလေး အတိတ်မေ့နေတယ်ပဲထင်သွားတော့တယ်။ကောင်လေးက နာမည်တစ်ခုပေးလိုက်တယ်။အဲ့လိုနဲ့မင်းသမီးဟာကောင်လေး
ပေးတဲ့နာမည် "မေပုလဲ"ဖြစ်သွားရတယ်။
ကောင်လေးနာမည်က"ဒီလှိုင်း"လို့ခေါ်တယ်။
ဒီလှိုင်းနဲ့ မေပုလဲဟာ အစက ခပ်စိမ်းစိမ်းပုံစံ
ရှိခဲ့ကြပေမယ့်။နောက်ပိုင်းမှာ ခင်တွယ်လာ
ခဲ့တယ်။မေပုလဲကကော်ဖီကိုအရမ်းနှစ်သက်ရှာ
တယ်။သူ့ခဗျာလူ့လောကမှာကြာကြာနေ
ရတာလည်း ကော်ဖီကြောင့်လည်းပါတယ်။
မောင်ဒီလှိုင်းနဲ့အတူ သူမတို့စာအုပ်ဆိုင်တွေ ရောက်ဖြစ်ကြတယ။
စာကြည့်တိုက်တွေ တူတူသွားဖြစ်တယ်။
လူတွေနားထောင်တဲ့သီချင်းတွေသူမနှစ်သက်လာခဲ့တယ်။မြေနီလမ်းနဲ့လက်ဖက်ရည်ဆိုင်
ထိုင်ခြင်းမျိုးတွေရောပေါ့။ညဘက်တွေဆို
ဒီလှိုင်းတို့အိမ်ရှေ့ကွင်းပြင်လေးမှာကလေးတွေနဲ့
ဝိုင်းကြီးပက်ပက်ဒူဝေဝေကစားကြတယ်။
ကြက်ဖခွတ်တမ်းကစားတာမျိုးကြတော့သူမအတွက်အထူးအဆန်းဖြစ်နေတယ်။
အခုဆိုကလေးတွေနဲ့သရက်ပင်ပေါ်လည်းတက်ခဲ့ဖူးပြီ။
မောင်ဒီလှိုင်းဟာတစ်နေ့မှာတော့သတိထားလာမိခဲ့တာပေါ့။
မေပုလဲဟာအိမ်မှာငါးဟင်းနဲ့ပင်လယ်စာတွေချကိတဲ့အခါမျိုးဆို အကြောင်းအမျိုးမျိုးပြပြီး
ငြင်းနေတက်တာကိုသတိထားမိလာခဲ့တယ်။
နောက်တစ်နေ့ညနေမှာမေပုလဲဟာဝယ်လာတဲ့
စာအုပ်တစ်အုပ်ဖတ်နေခဲ့တယ်။ပင်လယ်ပြင်ထဲကဒဏ္ဍာရီပုံပြင်တွေအကြောင်းပေါ့။အဲ့ဒီစာအုပ်လေးထဲမှာသူမ
ညီအစ်မ၇ဖော်အကြောင်းတွေ့ရတယ်။သူမဟာစာအုပ်ကိုခေါက်ထားလိုက်ပြီးဒီလှိုင်းမတွေ့အောင်တစ်နေရာမှာထားရမယ်လို့စဉ်းစားမိတယ်။
စာအုပ်ကလေးကို ဒီလှိုင်းမမြင်နိုင်လောက် တဲ့
စာအုပ်အဟောင်းတွေကြားညှပ်ခဲ့လိုက်တယ်။
မေပုလဲ ဟာနောက်နေ့တွေမှာ
ကလေးတွေရဲ့အိမ်အလည်အပတ်သွားပါတယ်။
တကယ်တော့သူမလည်းရေအောက်ကမ္ဘာကို ပြန်ရတော့မယ်ဆိုဆိုတာသူမကိုယ်သူမသတိထားမိခဲ့ပါတယ်။
သူမအိမ်ထဲကအထွက်မှာ လူစိမ်းတစ်
ယောက်သူမအိမ်ထဲဝင်သွားတာသတိရမိတယ်။အဲ့သည်လူစိမ်းကို မေပုလဲမှတ်မိနေ
တယ်။အသေအချာစဉ်းစားကြည့်လို့
မရဘူးဖြစ်နေတာနဲ့မေ့မေ့ပျောက်ပျောက်ထားလို
က်ပြီး ရွာလမ်းမပေါ်ထွက်လာလိုက်တယ်။
အဲ့ဒီလူစိမ်းကသူမတို့အိမ်ကို ဒီရက်ပိုင်းတွေ
ခဏခဏလာဖြစ်တယ်။ဒါပေမယ့်ခုရက်ပိုင်း
မှမြင်ဖူးတယ်ဆိုတာထက်ပိုပြီးရင်းနှီးနေတယ်လို့သူမထင်တယ်။ သူမတစ်နေ့လုံး ရွာထဲ
ကကလေးတွေ လိုက်နှုတ်ဆက်နေပါတယ်။
ဒီလှိုင်းကိုသူမဘယ်လိုနှုတ်ဆက်ရပါ့မလဲ။
သူမစိတ်ရှုပ်ထွေးနေမိတယ်။သူမဟာသူ
မအစ်မတွေနဲ့အချိန်းအချက်ရှိခဲ့တယ်။လွန်ခဲ့
တဲ့တစ်ပတ်ကစာထဲမှာ သူမအဖေနေမ
ကောင်းဘူးတဲ့။အဲ့ဒါကြောင့် သူမတစ်ပတ်
ပတ်လုံးအချိန်ယူ ပြီးဒီလှိုင်းကိုကူညီခဲ့တာပေါ့။ မနက်ဖြန်ဆိုသူမသွားရတော့မယ်။
သူမသစ်သားအိမ်လေးကိုပြန်ရောက်လာခဲ့တယ်။အိမ်ပြန်ရောက်တော့ဒီလှိုင်းမရှိတော့ဘူး။
ရွာရဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်တာ
ဖြစ်လိမ့်မယ်လို့သူမထင်တယ်။ အချိန်
လည်းသိပ်မကျန်တော့တာနဲ့သူမသိမ်းထား
တဲ့ဘယက်ကလေးကိုထုတ်ကြည့်မိတယ်။
ဘူးလေးထဲမှာ ဘယက်လေးမရှိတော့ဘူး။.
ဒီလှိုင်းဘယက်ယူသွားတယ်လို့ထင်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ ကမ်းစပ်နားမှာထိုင်နေ
မိပြန်တယ်။သူမရဲ့အစ်မဟာကုန်းမြေပေါ်
ဖြေးဖြေးချင်းတက်လာတယ်။သူမလည်း
အကြောင်းစုံပြောပြလိုက်တယ်။
သူမအစ်မတွေမှာလည်းတစ်ယောက်ကိုဘယက်တစ်ခု စီရှိကြတယ်။
သူမရဲ့ဘယက်ကိုမင်းသမီးလေးကိုပေးလိုက်တယ်။မင်သမီးလေးလည်းရေခူပြန်ဖြစ်သွားရပြီး
နန်းတော်ကိုသွားဖိုကူးခတ်ရတော့တယ်။ကူးခတိနေတုန်းရေအလယ်လောက်အရောက်မှာ သူမရဲ့အစ်မဟာဆူးတစ်ခုနဲ့တိုက်မိတယ်။သူမအစ်မလက်မှာသွေးတွေ။ ရေအလယ်မှာ ငါးမန်းတွေအများကြီးရှိတာမင်းသမီးလေးသိတယ်။
သွေးညှီ့နံရတဲ့အခါဘယ်အရာပဲ ဖြစ်ဖြစ် ပျောက်ကွယ်သွားနိုင်တဲ့အထိငမန်းအုပ်လက်ချက်မိရင်မလွယ်ဘူး။
သူမအစ်မရဲ့လက်ကိုမင်းသမီးလေးဟာပါးစပ်ထဲထည့်ပြီးစုပ်လိုက်တယ်။သွေးတိတ်
သွားတဲ့အခါမှ သတိရတယ်။ဘယက်ဆွဲ
ထားတဲ့အချိန်မှာ မျိုးနွယ်တူရဲ့သွေးသားကို
မသောက်မစားရလို့ သူမသစ္စာဆိုခဲ့တာကိုပေါ့။
အခုဆိုရင်သူမလူပြည်ပြန်မရောက်နိုင်တော့ဘူးပေါ့။
ရေအောက်ကိုရောက်တဲ့အခါ သူမအဖေဟာ
နေမကောင်းဘူးဆိုပေမယ့်သာမန်အဖျားလောက်ပါပဲ။သူမလည်းဘယက်အကြောင်းပြောမိတဲ့အခါ
ရေခူဘုရင်ကြီးရဲ့ပုံစံဟာစိုးရိမ်တဲ့ပုံပေါ်နေတယ်။သူမအဖေပြောပြတာက
မင်းသမီးလေးရဲ့ဆံပင်နဲ့ဘယက်ကိုတစ်ချို့သော
အစီအရင်ေ တွနဲ့ပေါင်းစပ်နိုင်ရင်ရေအောက်
တိုင်းပြည်ကိုအုပ်စိုးလို့ရနိုင်တယ်။
သူတို့ရဲ့မျိုးရိုးစင်ဆက်ထိမ်းသိမ်းစောင်ရှောက်လာတဲ့ပတ္တမြားတွေလိုချင်လို့ဖြစ်မယ်လို့ထင်တဲ့အကြောင်း ပြောပြတယ်။
အိမ်လာလည်တဲ့သူစိမ်းကိုမင်းသမီးလေးလည်းမှတ်မိသွားတယ်။သူစိမ်းဟာ ရေအလယ်
ကျွန်းမှာနေတဲ့မှော်ဆရာတစ်ယောက်ပဲ။
မင်းသမီးလေးဟာအလိမ်ခံလိုက်ရသလိုခံစားရတယ်။
ဒီလှိုင်းကိုသူမသည်လိုမထင်တားခဲ့မိဘူးလေ။
မင်းသမီးလေးဟာသည်းထန်စွာငိုကြွေးတယ်။
အဲ့ဒီညမှာငိုရတာမောပြီးခရီးလည်းပန်းတာ
ကြောင့်အိပ်ပျော်သွားတော့တာပေါ့။
နောက်တစ်နေ့ မနက်ခင်း မိသားစုဝင်
တွေမနိုးခင် ရေခူဘုရင်ကြီးဟာ လက်ဆွဲ
ခက်ရင်းခွနဲ့ဒီလှိုင်းဆိုတဲ့ကောင်လေးကိုမှန်းစကြည့်လိုက်တဲ့အခါသဘောင်္တစ်စီးကိုတွေ့ရတယ်။
မှော်ဆရာဆိုတဲ့လူလည်းသဘောင်္မှာပါလာခဲ့တယ်။
သူဟာဒေါသအကြီးအကျယ်ထွက်သွားပြီး
လှိုင်းလုံးကြီးတွေဖန်တီးစေလို့ သဘောင်္တစ်ခုလုံး ကိုနှစ်မြှုပ်ပျောက်ကွယ်စေလိုက်တယ်။
မင်းသမီးလေးအိပ်ယာကနိုးလာတဲ့အခါ
ထူးဆန်းတာတစ်ခုဖြစ်နေတာ သူမသတိ
ထားမိတာနဲ့ အိပ်ယာဘေးကထွက်လာခဲ့တ
ယ်။သူမပင်လယ်ရေမှော်ပင်တွေကြားမှာစာအုပ်တစ်အုပ်ကိုတွေ့တယ်။
စာအုပ်ဟာ ဒီလှိုင်းလက်ရေးနဲ့စာအုပ်ပဲ။
သူမနာမည်ကိုစာအုပ်အစမှာတွေ့တယ်။
နေ့ရက်တွေရောပဲ။
ဒီလှိုင်းဟာသူမနဲ့တွေ့ခဲ့တဲ့နေ့ရက်တွေကို
အသေအချာမှတ်သားထားခဲ့တာ။
သူမနဲ့ အမှတ်တရပစ္စည်းလေးတွေ။
ရွှေရောင်နေ့ရက်များခေါင်းစဉ်နဲ့
သူမနဲ့စာအုပ်သွားဝယ်တဲ့နေ့လေးတွေကိုရေးမှတ် ထားခဲ့တယ်။
တစ်နေ့ကသူမပင်လယ်အကြောင်းရေးထားတဲ့
စာအုပ်ဖွက်နေတဲ့အချိန်မှာ
ဒီလှိုင်းတွေ့သွားခဲ့တယိ။
ဖွက်ခဲ့တဲ့စာအုပ်မှာ သူမခေါက်ထား
မိခဲ့တဲ့နေရာဟာ ရေခူညီအစ်မ၇ဖော်အကြောင်းပဲ။ဒီလှိုင်းဟာသူမအပေါ်သံသယ
ဖြစ်လာခဲ့တယ်။
အဲ့ဒီအချိန်မှာဒီလှိုင်းရဲ့မိတ်ဆွေဆိုသူဟာမှော်ဆရာပဲ။
မှော်ဆရာကသူမကို ရေခူ မင်းသမီးဖြစ်တဲ့အကြောင်းဒီလှိုင်းကိုပြောပြ
ခဲ့တာ။
ဒီလှိုင်းဟာသူမအပေါ်မယုံတစ်ဝက်
ယုံတစ်ဝက်ရှိခဲ့ပုံရတယ်။
သူမရဲ့မိသားစုဝင်တွေဟာသူမကိုအတင်းအကျပ်ကြီးရေအောက်ပြန်သွား ခိုင်းခဲ့တယ်လို့
သူထင်ခဲ့ပုံပဲ။
အမူအရာပြောင်းလဲနေတဲ့အခါမှော်ဆရာနဲ့တိုင်ပင်ဖြစ်ကြတယ်။
အဲ့မှာမှမှော်ဆရာဟာသူမဆံပင်အချို့နဲ့ဘယက်ကိုယူပြီးလိုအပ်တဲ့ပစ္စည်းတစ်ချို့ ဟာသူနေတဲ့
ကျွန်းမှာရှိတယ်လို့ပြောခဲ့တာ။
သူမကို သူတို့ရွာလေးမှာပဲနေစေချင်ခဲတ့ာ။
သူမသိပ် မှားသွားခဲ့ပြီ။
သူမဒီလှိုင်းဆီသွားမယ်လို့စဉ်းစားလိုက်တဲ့အခါအတွေးဟာလည်း တိမ်တစ်စလိုလေထဲမယ်
ရပ်တန့်လွင့်မျောပျောက်ကွယ်သွားရတယ်။သူမမှာ လူ့လောကကိုပြန်သွား
ဖို့အခွင့်မှမရှိတော့ပဲလေ။
နေရောင်ခြည်တစ်ချို့
ဟာသူမပေါ်ဖြာကျလာတာနဲ့ ရေအထက်ကို
မော့ကြည့်မိတဲ့အခါ ရုပ်အလောင်းတစ်ခု
ဟာတဖြေးဖြေးချင်း ရေအောက်ကို နိမ့်ဆင်း
လာတော့တယ်။
"ဒီလှိုင်း:"
မင်းသမီးလေးဟာ မျက်ရည်ဖြိုင်ဖြိုင်ကျလို့
ရုပ်အလောင်းတစ်ခု ကိုပွေ့လျက်.....။
မိုးစက်မိုးပေါက် တွေဟာရေပြင်ပေါ်ကျလို့
သူမသစ္စာဆိုခဲ့တယ်
."ချစ်ခြင်းမေတ္တာသာမှန်ကန်ခဲ့လျင်
သူမအပေါ်မိုးကြိုးသွားကျရောက်ပါစေရဲ့။:"
ဖြတ်ခနဲ အလင်းတန်းတစ်ခုကို
မင်းသမီးလေးတွေ့လိုက်ရတယ်။
ထိုလျှပ်စီးတန်းဟာ...
မိုးကြိုးသွားတစ်ခုပါပဲ.....
ဒိုဒို

Comments
Post a Comment