ဘွားဘွားဂျိုးရဲ့ကိတ်မုန့်ဆိုင်
တစ်ခါကမြို့လေးတစ်မြို့မှာကိတ်မုန့်ဆိုင်တစ်ခုရှိခဲ့တယ်။ကိတ်မုန့်ဆိုင်လေးရဲ့ ပိုင်ရှင်က
သဘောကောင်းတဲ့အဘွားအိုတစ်ယောက်ပါတဲ့ ။ဘယ်သူမှမသိတဲ့ အခက် အခဲ တစ်ခု
ဆိုင်ပိုင်ရှင် ဘွားမှာရှိနေတယ်။ ဘွားရဲ့လက်တွေဟာ ပဉ္စလက်ဆန်ပြီး
ဘွားရဲ့ လက်နဲ့ ထိမိတဲ့ ကိတ်မုန့်တွေ ဘီစကစ်တွေဟာအသက်ဝင်လာကြတယ်တဲ့။ အသက်ဝင်လာတဲ့ ဘီစကစ်လေးတွေ ကိတ်မုန့်လေးတွေဟာစကားပြောနိုင်ကြတယ်။ ဘွားကကိတ်မုန့်ဖုတ်တဲ့ နေရာမှာ သိပ်တော်တယ်။ဘွားလက်ရာ ကိတ်မုန့့် ပုံစံ
လေးတွေဟာ သိပ်ပြီး ဆန်းပြားပြီး ကိတ်မုန့်တွေကိုလူယော်ျားလေးပုံစံမိန်းကလေးပုံစံနဲ့ပြုလုပ်နိုင်ကြတယ်။ ဘွားဟာ ကိတ်မုန့်ဖုတ်တဲ့နေရာမှာလက်အိတ်ဝတ်ဖို့အမြဲ သတိထားရတယ်။ လက်အိတ်မဝတ်မိရင် သူပြုလုပ်တဲ့ ဘီစကစ်တွေ ကိတ်မုန့်လေးတွေ အသက်ဝင်လာကြတာကြောင့်လေ။ဘွားရဲ့
လက်နဲ့ ထိမိတဲ့ မွေးနေ့ဖယောင်းတိုင်တွေ
ခရင်းတစ်ချို့လည်း အသက်ဝင်ကြတယ်။
ဘွားဟာ သူရဲ့ လျို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အသက်ဝင်လာတဲ့ အရာတွေကို
နောက်ဖေးမီးဖိုထဲ မှာသိမ်းထားရတယ်။
"ဘွားဘွားဂျိုး ကိတ်မုန့်ဆိုင်"ဆိုရင် မြို့လေး
မှာသိပ်နာမည်ကြီးတာပေါ့။
ဘွားကကလေးတွေကိုသိပ်စေတနာထားတာ။နွေကျောင်းပိတ်ရက်တွေဆို
ကလေးတွေ လာလည်ရင် ကိတ်မုန့် ဘီစကစ်တွေ ကျွေးတဲ့ အပြင် ကလေးတွေ
စိတ်ဝင်စားမယ့်ပုံပြင်လေးတွေလည်းပြောပြတက်တာပေါ့။အဲ့သည်လို အချိန်မျိုးဆိုရင် မီးဖိုထဲကအသက်ဝင်နေတဲ့ကိတ်မုန့်မလေးရယ်လူ့ပုံသဏ္ဍာန်ဘီစကစ်ကောင်လေးနဲ့. ကိုခရင်း မောင်မွေးနေ့ဖယောင်းတိုင်တို့ဟာ
နားထောင်နေကြတယ်တဲ့။ သူတို့လေးယောက်ဟာ ဘွားရဲ့ ပုံပြင်တွေ စိတ်ဝင်စားကြသလို ဘွားကလည်း အားလုံးထဲမှာသူတို့ကိုသံယောဇဉ်အရှိဆုံးပဲပေါ့။မယ်ကိတ်မုန့်မလေးကတော့ကိတ်မုန့်ဆိုင် ရောက်လာတာသိပ်မကြာသေးဘူး။လွန်ခဲ့တဲ့ တစ်လလောက်ကမှ ဘွားလက်အိတ် မဝတ်ပဲ ဖုတ်မိလိုက်တဲ့ ကိတ်မုန့်ကလေးပေါ့။ မီးဖိုချောင်ထဲမှာပဲနေရတဲ့အတွက်အသက်ဝင်သွားတဲ့ ကိတ်မုန့်တွေ ဘီစကစ်တွေ အတွက် လူမနေတဲ့ နေရာတစ်နေရာ ကိုဘွားသွား
ဖို့စီစဉ်နေတယ်။ ဘွားဟာ ပိုက်ဆံ ကြိုးစားစုလို့ကိတ်မုန့်လေးတွေနေရာရွှေ့ပေးဖို ကြိုးစားနေတာပေါ့။တစ်ခုသော တနင်္ဂနွေ မနက်မှာတော့တစ်မြို့လုံးတိတ်ဆိတ်နေကြတဲ့ အချိန်မှာ လူတစ်ယောက် ဘွားဆိုင်တံခါး နားမှာလာရပ်တယ်။ဘွားတံခါးဖွင့်ပေးလိုက်တဲ့ အချိန်မှာ သူ့နောက်ကလူတစ်စုကဘွားရဲ့ ပိုက်ဆံတွေ လုယက်ကြတယ်။ တစ်အိမ်လုံးပြောင်းဆန်လို့အိုးခွက်ပန်းကန်တွေ ကွဲ ကုန်ကြနဲ့ အိမ်တစ်အိမ်လုံးဟာ ငရဲ ခန်းလိုပဲတဲ့။သူတို့ဟာဘွားပိုက်ဆံကိုသာမက အိမ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ
သယ်ဆောင်နေကြတယ်။ ကိတ်မုန့်မလေး ဘွားကိုကြည့်မိတော့ ဘွားသွေးအိုင်ထဲ မှာလဲ နေပြီ။မကြာသေးတဲ့ အချိန်မှာ ဓားပြတွေ
မီးဖိုချောင်ကိုရောက်လာတော့မယ့်အကြောင်းအားလုံးသိကြတယ်။ ခြေသံတွေ ဟာမီးဖိုချောင်ဘက် လှည့်လာနေကြပြီ။အားလုံးကကိတ်မုန့်မလေးကိုထွက်ပြေးခိုင်းတယ်။ကိတ်မုန့်မလေးနဲ့ အတူအသက်ဝင်ခါစ ဖိုး ပုလင်းငယ် ကိုပါထည့်ပေးလိုက်တာပေါ့။ ပုလင်းလေးကိုကိုင်ပြီးမီးဖိုချောင်နောက်ပေါက်ကနေ ကိတ်မုန့်မလေးထွက်ပြေးရတယ်။အဲ့ဒီအချိန်မှာ အသုံးအဆောင်တစ်ချို့နဲ့ ကိတ်မုန့်တွေကိုဓားပြတွေအိပ်ထဲထည့်နေကြတာပေါ့။ ဓားပြတစ်ယောက်ဟာ ဘွား
အလောင်းကိုဖျောက်ဖို့ အိတ်တစ်အိတ်နဲ့ သယ်လာခဲ့တယ်တဲ့။ လမ်းတစ်လျှောက်ကို ခရင်းဟာအိတ်ထဲကနေပတ်ဝန်းကျင်အခြေအနေကို ကြည့်နေတယ် ။ ဘေးခြုံပုတ်လေးထဲ ကနေ ပုန်းကွယ်ရင်း
တဖြေးဖြေးလိုက်လာတဲ့ ကိတ်မုန့်မလေးကို
လည်းသတိထားမိတယ်။ တောအုပ်ထဲဝင်
သွားလို့တော်တော်လေးခရီးပေါက်လာတဲ့အခါမှလူမနေတဲ့သစ်အိမ်တစ်လုံးကိုတွေ့ရတယ်။အဲ့ဒီအိမ်လေးဟာ ဓားပြစခန်းပဲတဲ့။
ဓားပြတစ်ယောက်ဟာ တရွှေ့ရွှေ့သွားနေတဲ့ ကိတ်မုန့်မလေး ကိုသတိထားမိသွားတာနဲ့
ကိတ်မုန့်မလေးဖမ်းဆီးခံလိုက်ရတာတွေ့ရတယ်။သစ်လုံးအိမ်မှာဓားပြတစ်ချို့ ရှိနေသေး
တယ် ။ဘွားအလောင်းထည့်ထားတဲ့ အိတ်ကိုတော့အိမ်ရဲ့တံစက်မြိတ်မှာထားကြတယ်။ဓားပြတွေဟာ အရက်သေစာ
သောက်စားကြလို့ သူတို့ ဗိုက်စာလာတဲ့ အခါ ယူလာတဲ့ကိတ်မုန့်ဘီစကစ်တွေထုတ်စားကြတယ်။လူပုံသဏ္ဍာန်ဘီစကစ်ကောင်လေးနဲ့ကိတ်မုန့်မလေး တို့လည်း ရင်တထိတ်ထိတ်နဲ့ပေါ့။
သူတို့ဟာဘွားအတွက်စိတ်မကောင်းကြဘူး။ ဝမ်းနည်း လွန်းလို့ မျက်ရည်တောင် မကျတော့ဘဲကျက်သေသေနေမိကြတယ်တဲ့။
ရက်နည်းနည်းကြာလာတဲ့ အခါ ယူလာတဲ့
ကိတ်မုန့်တော်တော်များများလည်းစားလို့ကုန်ကြလို့။ကိတ်မုန့်မလေးနဲ့ လူပုံသဏ္ဍာန် ဘီစကစ်ကောင် လေးတို့ပဲကျန်တော့တာပေါ့။
ဗိုက်ဆာနေတဲ့ ဓားပြတစ်ယောက်က
ကိတ်မုန့်မလေးကို ဓားနဲ့ လှီးလိုက်တယ်။ သူမရဲ့ဂါဝန်နေရာမှာအနည်းငယ်ပျက်ပြီးပါသွားတာပေါ့။ကိတ်မုန့်မလေးက မလှမ်းမကမ်းကသူနဲ့အတူပါလာတဲ့ဆေးပုလင်းဘူးလေးကို
လှမ်းကြည့်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်
သည်နေ့ဟာဓားပြခေါင်းဆောင်ရဲ့မွေးနေတဲ့လေ။ မွေးနေ့ကိတ်ခွဲဖို့မွေးနေ့ဖယောင်းတိုင်လေးကို လည်း မီးညှိ ဖို့ပြင်ကြတယ်။ ကိတ်မုန့်မလေးဟာတစ်ချက်သတိရလိုက်တယ်။ သူနဲ့ အတူ ပါလာတဲ့ ပုလင်း လေးကို ဓားပြတွေမမြင်အောင်တစ်ပုလင်းလုံးသောက်ပစ်လိုက်တယ်။ဓားပြခေါင်းဆောင်ရဲ့မွေးနေ့ကျင်းပဖို့ ကိတ်မုန့်မလေးပေါ်မွေးနေ့ဖယောင်းတိုင်တင်လို့ Happy birthdayသီချင်းကိုသီဆိုနေ
ကြတယ်။သူတို့မှာ ပျော်နေလိုက်ကြတာ။
ပျော်နေလိုက်ကြပေအုံးပေါ့လေ။
ဓားပြခေါင်းဆောင်က အဖွဲ့သားတစ်ယောက်စီ ကိုအလှည့်ကျ ကိတ်မုန့်ခွံကျွေးတယ်။ အဲ့ဒီ ချိန်မှာ ကိတ်မုန့်မလေးဟာ ဓားနဲ့ အလှီးခံ ရတာကြောင့်ရောသူသောက်လိုက်တဲ့အဆိပ်ပုလင်းလေးကြောင့် ကမ္ဘာကြီးချာချာလည်လို့ သေလုမျောပါးဖြစ်နေတာပေါ့။ ခဏကြာတော့ ဓားပြတွေမျက်နှာတွေရဲ့ပြာနှမ်းလို့ယိုင်နဲ့နေပြီး ကြမ်းပြင်ပေါ် လူးလိမ့်နေကြတာပေါ့။ ခဏကြာတော့ဓားပြတွေ အားလုံးေ သ သွားကြတယ်။ကိတ်မုန့်မလေးရဲ့ အသက်လည်း မျှင်းမျှင်သာ ကျန်တော့တာပေါ့။ သူမသူငယ်ချင်းတွေဟာသူမကိုတွဲခေါ်သွားကြပြီးဘွားရုပ်အလောင်းရှိတဲ့တံစက်မြိတ်ကိုသွားကြတယ်။ဘွားရဲ့ ညာဘက်လက်နဲ့ အရုပ်မလေးကိုထိလိုက်ပေမယ့်မထူးခြားတော့ဘူးတဲ့။ သူတိုတစ့်ချိန်လုံးသတိမထားမိခဲ့ကြဘူး။
ဘွားရဲ့ဝိညာဉ်ဟာသူတို့ကိုငေးကြည့်နေခဲ့တာပါ။ရုတ်တရက် အဖြူ သဏ္ဍာန် သူတို့နား ကဖြတ်သွားသလို သူတို့ခံစားလိုက်ရတယ်။ ဘွားရဲ့လက်တွေ ခပ်ဖြေးဖြေး လှုပ်သွားသလို မျိုး.သူတို့ခံစားလိုက်ရတယ်။ ခဏကြာတော့
ကိတ်မုန့်မလေးဟာ အကောင်းပကတိ အသက်ရှင်လာတာပေါ့။ ဘွားကတော့ ပြန်မလာနိုင်တော့ ဘူးတဲ့ကွယ်။ သူတို့ဟာ
ဘွားကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြတယ်။ ဘွားရဲ့ ကိတ်မုန့်ဆိုင် ကိုပြန်သွားခဲ့ကြပြီး သူတို့လေးယောက်မုန့်ဆိုင်ကိုဦးစီးလိုက်ကြတယ်။ ရလာတဲ့ပိုက်ဆံတွေဘွားအသက်ရှိတုန်းကလို ကလေးတွေဆင်းရဲသားတွေကိုကူညီကြတာပေါ့။တနင်္ဂနွေကျောင်းပိတ်ရက်တွေရောက်တိုင်းလည်းကိတ်မုန့် မလေးဟာ ကလေးတွေ ကိုပုံပြင်ပြောပြတက်တယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာဘွားကို လွမ်းဆွတ်တက်ကြပြီး ဘွားနဲ့ရှိခဲ့တဲ့အချိန်တွေကိုပြောဖြစ်ကြတယ်။ အားလုံး သတိမထားမိတာက တော့
အဖြူ ရောင်အငွေ့တန်းလေး တစ်ခုဟာ သူတို့မနီးမဝေးပဲ အမြဲ ရှိနေပြီး သူတို့ပြောသမျှ နားထောင်နေတယ်ဆိုတာပါပဲ။
ဒိုဒို

Comments
Post a Comment