ညီအစ်မငါးယောက် နှင့်အနုပညာအိမ်လေး

တစ်​ခါတုန်း ကဆင်းရဲသား
လူတန်းစားတွေပဲ စုပေါင်းနေထိုင်ကြတဲ့ ရွာလေး
တစ်ရွာ ရှိခဲ့တယ် ။ရွာကလေးရဲ့ အဆင်းရဲဆုံး
အိမ်ကလေးမှာတော့ ညီအစ်မ ငါးယောက်နေ
ထိုင်ကြတယ်။တကယ်တော့သူတို့ အိမ်ကလေး
ဟာ ဟိုးအရင်က အဆင်ပြေ ချောင်လည်ခဲ့တယ်
မိထွေး ရောက်လာတဲ့ အချိန်ကစပြီး အိမ်ရဲ့စီးပွားရေးဟာ နာလန်မထူ နိုင်တော့ဘူး
လေ။သူ့မတို့ ရဲ့ မိထွေးဟာ အသုံးအဖြုန်း သိပ်
ကြီးတာ။သူမတို့အဖေ သေသွားတဲ့အချိန်မှာ
တော့ အိမ်ကြီးတစ်ခု လုံးဟာမိထွေးလက် အောက်ရောက်ရတော့တယ်။ညီအစ်မငါးယောက်ကိုလည်းအားလပ်ချိန်မရှိ
လောက်အောင်အလုပ်တွေ ခိုင်းစေ တယ်။
မိထွေး ရဲ့အသုံးအဖြုန်း ကြီးမှုကြောင့် အိမ်ဟာ
တဖြေးဖြေး ပိုဆင်းရဲ လို့လာတာပေါ့။အကြီးဆုံး
အစ်မဟာ ရွာရဲ့ လယ်ကွင်းတွေ တစ်နေကုန် အောင် ပျိုးနှုတ်ကောက်စိုက်ရတယ်။လေးယောက်မြောက် ညီမငယ်လေးက
 မွေးမြူ ရေးခြံမှာ အလုပ်လုပ်ရတယ်လေ။ အငယ်ဆုံးညီမလေး နှစ်ယောက်ကို ငယ်ရွယ်သေးတဲ့အတွက်စာသင်ဖို့ပြောပေမယ့်လည်း မိထွေးဟာပေးမသင်ခဲ့ဘူး။အစ်မအကြီးဆုံးဟာ ကောက်စိုက် ပျိုးနှုတ်ခ ထဲကနေ ရွာကျောင်းခေါင်းလောင်း
ထိုး တဲ့အခါ ပြန်လာကြတဲ့ ကျောင်းသားလေး
တွေ ဆီက မုန့်ကြွေးပြီး စာသင်ရတယ်။ သူမ
သင်ခဲ့သမျှ တွေ ကျန်တဲ့ညီအစ်မလေးယောက်
ကို အိမ်အနောက်ဘက် ကတ္တရာဘုံးတွေ နားမှာ
မြေဖြူ နဲ့ ရေးပြလို့မိထွေး မသိအောင်သင်ကြရ
တယ်။ အားလုံးထဲမှာ လေးယောက်မြောက်ညီ
မလေးကဥာဏ်လည်း ကောင်းသလို အတော်
ဆုံးပဲတဲ့။သူမတို့ညီအစ်မတွေမှာပျော်ရွှင်စရာလေးတွေလည်းရှိခဲ့ပါတယ်။
အကြီးမနဲ့အထွေးနှစ်ယောက်ဟာ
ဘဲလေးအက နဲ့ အခြားချစ်စရာ ကောင်းတဲ့အ
ကတွေ တော်တော်လေးကနိုင်ကြတယ်။ကျန်တဲ့
အလတ် နှစ်ယောက်ကတော့ ဘာဂျာနဲ့ အဆို
ကျွမ်းကျင်ကြတယ်။ သူမတို့ဟာ စိတ်ညစ်နေတဲ့
အခါများဆိုရင် အတီးအမှုတ်နဲ့ဘဲလေးက က
လိုက်ရုံနဲ့ စိတ်ညစ်တာတွေ ပြေပျောက်သွား
ရောပဲတဲ့။

တစ်နေ့မှာ အလုပ်ကိုယ်စီ သွားနေကြတုံး အမအကြီးဆုံးဟာ နေမကောင်းတာနဲ့
ပဲ အိမ်ပြန်လာခဲ့ရတယ်။အိမ်မှာ မိထွေးရှိနေတာ
နဲ့ ဘေးဘက်အပေါက်က နေလှည့်ဝင်လာခဲ့
တာပေါ့။ လူစိမ်းတစ်ဦး လည်းယောက်နေတာ
တွေ့ရတယ်။ ဆပ်ကပ်အဖွဲ့ ရွာလာတုံးက သူ
မအဲ့ဒီလူစိမ်း ကိုမြင်ခဲ့ဖူးတယ်။မိထွေးဟာသူမ
ရဲ့ အထွေးဆုံးညီမသုံးယောက်ကို ဆပ်ကပ်ထဲ
ထည့်ဖို့ ကြံစည်နေတယ်။ စာချုပ်မှာ ကိုယ်တိုင်
လက်မှတ် ထိုးမှ ရမှာ ပေမယ့် မိထွေးဟာသူမ
တို့ ညီအစ်မတွေကို စာမတက်ဘူးလို့ပဲ သိထား
ကြတာကို။မိထွေးဟာ သူစိမ်းအပေါ်မှာ အန်မတန်ဖော်ရွေ နေတဲ့သဘောရှိတယ်လေ။
သူမစိတ်ထဲမယ် ထူးခြားနေခဲ့တာ အမှန်ပဲ။
မိထွေးကသူစိမ်းကို ရွာထိပ်လိုက် ပို့နေတုံးစား
ပွဲ ပေါ်ကစာကို ကောက်ယူ ဖတ်ကြည့်လိုက်တဲ့
အခါ ညီမသုံးယောက်ကို ရောင်းစားမယ့်စာဖြစ်
လို့နေတယ်။ ကျွန်စနစ် ကုန်ကူးသန်းရောင်း
ဝယ်ရေး စနစ်တွေဟာ ထွန်းကားဆဲကာလဖြစ်
တဲ့အတွက် တိုင်တန်းဖို့ ရာလည်းမရှိဘူးပေါ့။
ဒီလိုနဲ့ အစ်မကြီးဟာ ဟန်မပျက်နေလိုက်ပြီး
တောထဲ ဟင်းရွက်သွားတဲ့ ညီမငယ်တွေ ပြန်လာတဲ့ အချိန်ကိုစောင့်နေရတော့တယ်။
စိတ်တွေ လည်း ဂဏာမငြိမ်ဘူးပေါ့။ သူမဟာ
မိထွေး ရွာထဲ လျှောက်သွားနေတုန်း မြေကွက်
လပ်မှာ မြှုပ်ထားတဲ့ အကြွေစေ့လေးတွေ သွား
ယူရတယ်။တကယ်ကို သိပ်မများတဲ့ ငွေအတိုင်း
အတာ ပမာဏပါပဲ။ သူမရဲ့ဘေးအိမ် နွားခြံမွေး
မြူ ရေးသူငယ်ချင်းဆီက နွားနို့နည်းနည်း တောင်း
ူလိုက်ပြီး အိမ်မှာ ရှိတဲ့ ကြက်ဥတွေနဲ့ ပူတင်းဖုတ်
လိုက်တယ်။ ဘူးသီးခြောက်ကို ရေအပြည့်ထည့်
ပြီး ရွာအပြင် သစ်ပင်နားမှာ ထားရတယ်။
သူမ ဟာလွတ်မြောက်ရေးအတွက်
အကြံထုတ်နေတော့တယ်။
ပူတင်း မြန်မြန်ကျက်အောင် မီးအပူများများ ပေးရတယ်။
ကျက်သွားတဲ့အခါအိတ်တစ်အိတ်ထဲထည့်ပြီးအိမ်ရှေ့သစ်ပင်ရဲ့သစ်ခေါင်းထဲထည့်ထားလိုက်တယ်။မိထွေးပြန်လာတဲ့အခါ သူမဟာ ဟန်မပျက် နေလိုက်တာပေါ့။ တော်တော်လေးကြာမှ ညီမတွေပြန်လာကြတယ်။ အငယ်ဆုံး ညီမလေးဟာတောထဲမှာ မျှစ်တွေ အများကြီးတွေ့ခဲ့တဲ့ အကြောင်းပြောပြတယ်။ ရွာထဲကလူတွေကမျှစ်တွေဆိုအရမ်းသဘောကျတာ လေ။ဈေးကောင်းရတာနဲ့ပဲ မိထွေးဟာနောက်နေ့ မှာ မျှစ်ချိုးခိုင်းတယ်။အဲ့
ဒီအခါ အစ်မကြီးက နောက်နေ့တွေဆို မုန်တိုင်း
ရှိတယ်ဆိုတဲ့ သတင်းရွာထဲမှာ ပြန့်နေကြောင်း
လိမ်ညာပြောရတာပေါ့။"အိမ်မှာလည်း ဆန်ဆီပြတ်နေတာနဲ့ မုန်တိုင်းမတိုက်ခင် ငွေကြေးလေးနည်းနည်းပါးပါး ရှိအောင် ဒီနေ့ပဲ
မျှစ်ချိုး သွားဖို့အတွက် အမအကြီးဆုံးက ပြော
လိုက်တယ်။ ကျန်တဲ့ ညီမလေးတွေဟာသူမအစ်
မမှာ လျှို့ဝှက်ချက်ရှိနေတဲ့ အကြောင်းပြောစရာ
ရှိတဲ့ အကြောင်းသိတာနဲ့ ခေါင်းညိမ့်လိုက်ကြ
တယ်။ မွေးမြူ ရေး ခြံကပြန်လာတဲ့
ညီမလတ်ကတော ပျင်းတာနဲပဲ့နေခဲ့တော့
မယ်လို့ ပြောတယ်။အဲ့ဒီအခါ "မိထွေးက တစ်
အိမ်လုံးသွား ရမှာ နင်လည်းလိုက်သွားရမှာပေါ့"
လို့ဆူပူလိုက်မှသူမလည်းခေါင်းငြိမ့်လိုက်ရတယ်။မျှစ်ချိုးတဲ့ အခါမှာမိုးကြီးလေကြီးကြတဲ့အခါ မျိုးဆို ညအိပ်ညနေဖို့ အစားအသောက်ထည့်
ပေးစေလိုကြောင်းလည်းပြောလိုက်တယ်။ အဲ့ဒီအခါမိထွေးကသူ့ငွေနည်းနည်း ပေးလိုက်တယ်။ပူတင်းအိတ်ကိုမျှစ်တောင်းထဲ
ထည့်ပြီးသူတို့လည်း ဟန်မပျက် ရွာထဲက ထွက်လာခဲ့ ကြတယ်။
လမ်းမှာတော့ အမအကြီးဆုံးဟာသူသိခဲ့တာတွေ
ပြန်ပြောခဲ့တယ်။ အားလုံးဟာ အိမ်ကိုပြန်လို့
မဖြစ်တဲ့ အကြောင်းသဘောပေါက် သွားခဲ့တယ်။
အစ်မကြီးဟာ အလတ်မလေးရဲ့ ဘာဂျာကိုယူ
လာခဲ့တယ်။ အလတ်မလေးလည်း သူမမြတ်
နိုးရတဲ့ကြိယာပြန်ရတာကြောင့်ပျော်ရွှင်သွားရတယ်။

သူမတို့ ရဲ့ ရွာထိပ်ကနေမှတစ်ဖက် သစ်တော
ကိုဖြတ် လို့ခပ်ဝေးဝေးကစည်ကားလှတဲ့ မြိ့ကြီးဆီမှာ အလုပ်သွားလုပ်ကျ ပြီး ဘဝသစ်စ
ကြဖို့ စဉ်းစားကြတယ်။ ရွာထိပ်သစ်ပင် နား
အရောက်မှာ စိတ်မနှံ့တဲ့ အဘွားအိုတစ်ယောက်
ဟာမူးလဲလို့နေတယ်။ စာရွက်တစ်ရွက် ကိုလည်းရင်မှာပိုက်လို့။ စိတ်ထားကောင်းတဲ့ အထွေးဆုံး ညီမလေးဟာ ပါလာတဲ့ပူတင်းနဲ့
ရေအနည်းငယ် တိုက်လိုက်တဲ့အခါ အဘွားဟာ
သောထိုင် သာရှိလို့လာတယ်။ ညီမထွေးလက်ထဲ
ကို စာရွက်တစ်ရွက် လှမ်းပေးလို့ "အဆင်ပြေပါ
စေသမီးလေး"လို့ ပြောလိုက်တယ်။အထွေးလေး
ဟာအံသြရတာထက် သူမဘဝမှာ သမီးလို့အခေါ်မခံရတာ တ်ေတော်လေးကြာခဲ့
ပြီမို့ ဝမ်းသာသွားတော့တယ်။အထွေးဟာတစ်
လမ်း လုံးအဘွားပေးတဲ့ စာရက်ကို ဖတ်လာခဲ့
တယ်။ပဟေဠိဆန်ဆန် စကားလုံးတွေ စဉ်းစား
ရင်းနဲ့ပေါ့။သူမတို့ဟာ ပါလာတဲ့ ပိုက်ဆံနဲ့
ပေါင်မုန့်ကြမ်းရယ် ယိုနည်းနည်းရယ် ကော်ဖီ
မှုန့်ကြမ်းတွေ ဝယ်လာကြတယ်။ တစ်လမ်းလုံး
အထွေးဟာ အဘွားအိုပေးသွားတဲ့စာရွက်
ကိုကြည့်ပြီးတစ်တွတ်တွတ် ရွတ်နေတော့တာပဲ၊
လေးယောက်မြောက်အစ်မက မကျေနပ်တာနဲ့
အရှေ့နားက စမ်းချောင်းမှာ အထွေးရဲ့စာရွက်ကို
ရေနှစ် ပစ်လိုက်တယ်။ အထွေးကရေထဲကစာ
ရွက်ကို အမြန်ပြန်ဆယ်တာပေါ့။
စာရွက်ဟာ ချက်ချင်းပြန်ခြောက်သွေ့သွားတော့
တယ်။မယုံတာနဲ့ပဲ ရေနှစ်လိုက်တဲ့အစ်မကပဲ
စာရွက်​ ကို နှစ်ပိုင်းဖြဲလိုက်တယ်။ စာရွက်ဟာ
အံ့သြဖွယ်ကောင်းလောက်အောင်ပြန်ဆက်သွားကြတဲ့အခါအစ်မတွေအားလုံးစိတ်ဝင်စားသွားကြတာပေါ့။

."စာရွက်ထဲမှာရေးထားက နှစ်ပေါင်းငါးဆယ်မှာ
တစ်ကြိမ်တဲ့"

နှစ်ပေါင်းငါးဆယ်မှာ တစ်ကြိမ် ခုရောက်နေတဲ့
သစ်တောလေးမှာ
ကုလားထိုင်ပုံစံသစ်ပင် ကြီးရဲ့
မြေအနီရောင် အဝိုင်းပတ်လည်မှာ
စာရွက်ထဲ မှာပါတဲ့ သီ ချင်းသံစဉ်လေးနဲ့
အဆို အက အတီး အမှုတ်

လထွက်ချိန်မှ မိုးသောက်ချိန်တိုင်
အဆို အက အတီး အမှုတ်မရပ် မနားပဲ

မြေကွက်လပ်မှာ ကနိုင်ခဲ့မယ်ဆိုရင်
ထူးခြားတာ တစ်ခု မင်းဆီရောက်လာလိမ့်မယ်"
လို့စာထဲ မှာရေးထားတာတွေ့ရတယ်။

လထွက်ချိန်နဲ့ မိုးသောက်ချိန်ကို
သန်းခေါင်ယံ နဲ့ မနက်မိုးလင်းသုံးနာရီချိန်
လောက် လို့သူတို့ယူဆကြတယ်။
ညနေရောက်ပြီမို့ ခရီးထွက်လို့လည်း မရတော့
တာကြောင့် သူတို့ဟာ စာရွက်ထဲ ကအတိုင်းပြုလုပ်ဖို့ သဘောတူလိုက်ကြတယ်။

သန်းခေါင်ချိန်ရောက်ခင် သူတို့ဟာ အစားအ​သောက်​ တွေ ကြို စားထားကြတယ်။စားနိုင်
သလောက် ပေါင်မုန့်ကြမ်းကို မီးကင် ယိုသုတ်
ပြီး ကော်ဖီကြမ်းလေးနဲ့ မီးပုံလေးမှာ စောင့်နေကြတယ်။ အလတ်မနှစ်ယောက်က
တစ်ယောက်တီး တဲ့အချိန် တစ်ယောက်ဆိုရ
မှာဖြစ်တဲ့အတွက်အတီးအမှုတ်သေချာလေ့ကျင့်ကြရတယ်။ ညီမထွေးသုံးယောက်ကလည်းကနေရင်း
တစ်ယောက်ခြေထောက်နာလာတဲ့အခါ ချက်
ချင်းဝင်ကနိုင်အောင် စည်းဝါးရိုက်ထားကြတယ်။

"တကယ်လို့ ဘာမှမထူးခြားလာ ခဲ့ရင်ရော"

"ငါတို့အမြတ်နိုးဆုံးအလုပ်တွေလုပ်ကြရတယ်လေ"

ဒီလိုနဲ့ ညသန်ခေါင်ချိန်ရောက်လာတဲ့အခါ မလှမ်းမကမ်း မှာမီးပုံတစ်ပုံဖိုလို့
ညီမလတ်ဟာ သီချင်းစဆိုတယ်။ သူမဟာအံသြ
ဖွယ်ရာ တွေကိုပြုလုပ်နေ ရတယ်လို့ စိတ်နှစ်
ပြီးဆိုတာကြောင့်အံသြဖွယ်ကောင်းလိုက်အောင်
ပျော်ရွှင်ကြည်နူးစရာကောင်းနေတော့တယ်။ ဘာဂျာမှုတ်သံဟာ သီချင်းသံနဲ့ကွက်
တိကျပြီး ဝမ်းနည်း နေသူမှန်သမျှကို ပျော်ရွှင်
ပြီးခုန်ပေါက်မြူး တူးစေနိုင်တယ်။ အကြီးမဟာ
မြေကွက်လပ်တစ်ခုလုံး လှည်ပတ်ကခုန်နေတယ်။ဘဲလေးအကဟာ
လှည့်ပတ်ပြီးကရပေမယ့် သူမဟာ မမူးပဲ အချိန်
အတော်ကြာအထိကနိုင် သွားခဲတယ့်။သူမ မော
လတဲ့အခါ အထွေးဟာ အမကြီးအကမရပ်ခင်
စည်းဝိုင်းထဲဝင်ရတယ်။ သည်လိုနဲ့ တစ်ယောက်
ပြီးတစ်ယောက်လူစားလဲ ပြီးကကြတာပေါ့။
တေးသီချင်းသံဟာ သာယာာနာပျော်ဖွယ်ပိုလို့
ကောင်းလာပြီး တစ်ချက်တစ်ချက်ဆို ခေါင်းလောင်းသံလေးတွေ ဆည်းလည်းသံ လေးတွေကြားလာရတောတယ့်။ဒီလိုနဲ့
မနက်သုံးနာရီ ထိုးခါးနီးမိနစ်တွေမှာ ညီအစ်မသုံးယောက်တွဲ ကကျတယ်။လှပတဲ့
ကကွက်ဆန်းတွေကို တိရစ္ဆာန်​ လေးတွေတောင်
အ​မှောင်​ ထဲကလာကြည့်ကြရတယ်။

သုံးနာရီအတိ ပြည့်တဲ့အခါ မြေကွက်လပ်မှာ ရွှေရောင် အမှုန့်တွေ ကျလာတယ်။
မြေကွက်လပ်မှာ ရွှေရောင်အမှုန်တွေကျလာ
တဲနော့က်သူမတို့ ခေါင်းလောင်းသံတွေထပ်
ကြားရတယ်။ပြီးတော့ ရွှေခေါင်းလောင်းသစ်
ပင်တစ်ပင်ပေါက်လာတယ်။လေထဲမှာရှိတဲ့ရွှေရောင်အလင်းမှုန်တွေပေါင်းစပ်သွားကြပြီးရွှေအိုရောင်တယောသဏ္ဍာန်အိမ်ကလေးပေါ်ပေါက်လို့လာတယ်။အိမ်လေးရဲ့နံရံမှာခေါင်းလောင်းလေးတွေတွဲခိုလို့။
သူမတို့အိမ်လေးထဲဝင်ကြ တဲ့အခါ
သီချင်းဆိုကောင်းတဲ့အလတ်မလေးဟာ
မိုက်ကရိုဖုန်းတစ်ခု တွေ့တာနဲ့ကောက်ကိုင်
လိုက်ပြီးသီချင်းဆိုတော့တာပဲ။ မိုက်ကရိုဖုန်းနဲ့
ဆက်ထားတဲ့ကြိယာလေးတစ်ခုကနေ ငွေသား
တွေအများကြီးထွက်ကျလို့လာတယ်။
နောက်တစ်ယောက်လည်း အာခေါင်ချစ်သံနဲ့ဆို
လိုက်တဲ့အခါ ငွေသားတစ်ရွက်နှစ်ရွက်ပဲကျတာ
တွေ့ရတယ်။ သီချင်းဆိုကောင်းတဲ့တစ်ယောက်
ကိုသီချင်းဆိုဖို့တာ ဝန်ပေးလိုက်ကြတယ်။
အိမ်ရဲ့တစ်ချို့အံဝှက်တွေမှာစာရွက်ကလေးတွေ
တွေ့ရတာနဲ့ ဖတ်ကြည့်ကြတယ်။ သူမတို့
ကွင်းပြင်မှာ ကခဲ့တဲ့ သီချင်းသံစဉ်ကိုသီဆိုလို့ တံခါးပိတ်လိုက်မယ်ဆိုရင်အိမ်တစ်ခုလုံးကို
ဘယ်သူမှမမြင်ကြရတော့ဘူးတဲ့။ ရွှေခေါင်းလောင်းသစ်ပင်စိုက်နည်းကျတော့ ရွှေခေါင်းလောင်းလေးတွေ
မြေကြီးထဲမြှုပ်ပြီး ရေလောင်းလို့ မြေကြီးပေါ်မှာ
လူတစ်ယောက် က ခုန်ပေးရမယ်တဲ့။ အဲ့ဒါဆိုရင်
ရွှေခေါင်းလောင်းသစ်ပင် ဟာနှစ်ဆယ့်လေးနာရီ
အတွင်းကြီးထွား ရှင်သန်လာလိမ့်မယ်။

သူမတို့ဟာ အိပ်လိုက်စားလိုက်နဲ့ ခရီးတွေထွက်
ပြီးတဲ့အခါ သူမတို့လို လူတွေကိုကူညီဖို့အတွက်
အကြံတစ်ခုရတယ်တဲ့။သူတို့ဟာနေရာ အနှံ
အပြား ရုပ်ဖျက်လို့သွားကြပြီး အဘွားအိုတွေ
အိမ်ခြေရာမဲ့တွေ ဆင်းရဲနွမ်းပါးသူတွေကို
သိသာတဲ့နည်းနဲ့ ဖြစ်စေ မသိသာအောင်ဖြစ်စေ
ငွေထုပ်နဲ့ ရွှေခေါင်းလောင်းလေးတွေ ချန်
ထားပေးတက်ခဲ့ကြတယ်။ လူတွေဟာသူတို့ကို
လူယောင်ဖန်ဆင်းထာတဲ့ နတ်​သမီး​လေး တွေလို့ပဲ အထင်ရှိကြတယ်။

နှစ်အတော်ကြာ သူမတို့ဟာ ဆင်းရဲနွမ်းပါးသူတွေ ကူညီခဲ့ကြပြီးတဲ့အခါ
တစ်နေ့သမုဒ္ဒရာ တစ်စင်းကို
ဖြတ်သန်းတဲ့အခါမှာ သူမတို့တစ်တွေ
သဘောင်္မှောက်လို့ အသက်ဆုံးပါးခဲ့ရပြီး အိမ်ကလေးဟာလည်း သူမတို့သံစဉ်နဲ့တံခါး ပြန်ပိတ်ခဲ့တာကြောင့်
ဘယ်သူမှ မမြင်နိုင်တော့ဘူးတဲ့။

ဒါပေမယ့် သဘောင်္ပေါ်ကမနစ်မြုပ်သေးတဲ့
စာရွက်တစ်ရွက် ကတော့ လှေ့အဝှေ့ ဘယ်
ညာယိမ်းထိုး တောင်တန်းတွေ ကျောက်တောင်
တွေဆီရောက်လိုက် လေတိုက်တာ ခံရလိုက်နဲ့။

နှစ်ငါးဆယ်ကြာတဲ့အခါမှ
သူမတို့လို အိမ်ကနေပြေးလာရတဲ့
ကလေးသုံးယောက်ဟာစာရွက်ကိုတွေ့သွားခဲ့ကြပြီး
တစ်ယောက်ကတီး တစ်ယောက်ကဆိုနဲ့
ဘဲလေးအကကမဲ့ သူဟာ
မြေကွက်လပ်မှာ အဆင်သင့်ရပ်လျက်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား