မီးခိုးရောင်ကျည်ဆန်ရထားငယ်
Sleep paralysis နဲ့ရင်းနှီးသူဟာ
တစ်ညမှာ အိပ်မှုန်စုံမွှား ဖြစ်လို့
့မီးခိုးရောင် ဆန်ဆန်ကွင်းပြင်ကြီးထဲ
ဘာမှန်းမသိတဲ့အရာကို စောင့်နေမိရဲ့
မီးရထားတစ်စီး တရွေ့ရွေ့တိုးဝင်လို့
ငိုငြီးသံ သေမင်းအော်သံများ
ကျောရိုးတွင်းကို စိမ့်ဝင်ရစ်တယ်။
မီးခိုးငွေ့တွေ ရစ်သိုင်းလို့
မီးခိုးရောင်ရထားထဲ ထိုင်နေမိဆဲ။
ဖြူ ဖတ်ဖြူ ရော် မိန်းကလေးဟာ
ပြတင်းပေါက်လေး အနီးမှာ။
လက်ဝါးကပ်တိုင်၊မြေပုံ ဘုရားကျောင်း
ဝါးမြိုခံလိုက်ရသော သက်ဝင်ယုံကြည်မှုများ။
မြို့ကလေးရဲ့နာရီစင်မှာ
နှစ်ချက်ထိုးသံ
ဘူတာတစ်ခု ရောက်ခဲ့ပြီ။
ရထားစောင့်ဟာ
စာရွက်လိပ်တစ်ခု ကိုင်လို့
မှတ်တိုင်တွေ အဆုံးအဖြတ်ပေးနေဆဲ။
ရုတ်တရက် ဗင်ဆင့်ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်
သူမပေါ်ပြုတ်ကျတယ်။
ခရိုနီတစ်ယောက်ဟာ
လေလံတင်ဖို့ အကြံနဲ့
သေတ္တာထဲ ထည့်သိမ်းပစ်တယ်။
သူမဘာမှမပြောတော့။
ဘူတာတစ်ချို့ရဲ့ တောအုပ်တွေမှာ
တစ်ချို့က ငရဲမှာကျန်ရစ်။
တစ်ချို့ကအချင်းချင်းအမဲလိုက်ရတဲ့နေရာတွေမှာ။
အနက်ရောင် လိပ်ပြာတွေ
ရထားပေါ် အုံလိုက် ပျံဝဲလို့
့သူမအနားမှာ လိပ်ပြာနက်တွေ။
ကလေးသရဲ တစ်ချို့ဟာ
ညောင်ပင် တစ်ချို့မှာ ပုခတ်စီးလို့
ဂမုန်းပင်တွေ ခုန်ပေါက်လို့။
့မီးရထားနောက် လမ်းတစ်လျောက်ဟာ
မော်လီကျူး တစ်ခုချင်း ကွာကျ ကျန်ရစ်တယ်။
နာရီလေးချက် ထိုးလေပြီ
နှုတ်ဆက်ချိန် ရောက်ပြီ
သူမမှာနှုတ်ဆက်စရာမရှိပဲလေ။
တရွှေ့ရွှေ့ကျန်ခဲ့တဲ့
မော်လီကျူး ဆက်ကြောင်းတွေ ဆီ ငေးရင်း
ခြေတစ်လှမ်းဟာ မြေသားပေါ်ကျလို့
အထိအတွေ့ဟာ အေးမြလိုက်တာ။
မီးခိုးရောင် မြင်ကွင်းလည်း
တဖြေးဖြေး ပီပြင်လာခဲ့ပြီ။
ပဝါစတွေ သစ်ပင်ပေါ် လွင့်လို့
ဆိုင်းဘုတ်တစ်ခု ဟာ
ဖူဂျီတောင်ကို လမ်းညွှန်ပြတယ်။
"Your life is a precious gift from your parents "
"Please consult the police before you decide to die!"
စတဲ့ဆိုင်းဘုတ်လေးတွေလည်း တွေ့တယ်
သူမအခုရောက်နေတာ
Aokigaharaလေ။
ဒိုဒို
တစ်ညမှာ အိပ်မှုန်စုံမွှား ဖြစ်လို့
့မီးခိုးရောင် ဆန်ဆန်ကွင်းပြင်ကြီးထဲ
ဘာမှန်းမသိတဲ့အရာကို စောင့်နေမိရဲ့
မီးရထားတစ်စီး တရွေ့ရွေ့တိုးဝင်လို့
ငိုငြီးသံ သေမင်းအော်သံများ
ကျောရိုးတွင်းကို စိမ့်ဝင်ရစ်တယ်။
မီးခိုးငွေ့တွေ ရစ်သိုင်းလို့
မီးခိုးရောင်ရထားထဲ ထိုင်နေမိဆဲ။
ဖြူ ဖတ်ဖြူ ရော် မိန်းကလေးဟာ
ပြတင်းပေါက်လေး အနီးမှာ။
လက်ဝါးကပ်တိုင်၊မြေပုံ ဘုရားကျောင်း
ဝါးမြိုခံလိုက်ရသော သက်ဝင်ယုံကြည်မှုများ။
မြို့ကလေးရဲ့နာရီစင်မှာ
နှစ်ချက်ထိုးသံ
ဘူတာတစ်ခု ရောက်ခဲ့ပြီ။
ရထားစောင့်ဟာ
စာရွက်လိပ်တစ်ခု ကိုင်လို့
မှတ်တိုင်တွေ အဆုံးအဖြတ်ပေးနေဆဲ။
ရုတ်တရက် ဗင်ဆင့်ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်
သူမပေါ်ပြုတ်ကျတယ်။
ခရိုနီတစ်ယောက်ဟာ
လေလံတင်ဖို့ အကြံနဲ့
သေတ္တာထဲ ထည့်သိမ်းပစ်တယ်။
သူမဘာမှမပြောတော့။
ဘူတာတစ်ချို့ရဲ့ တောအုပ်တွေမှာ
တစ်ချို့က ငရဲမှာကျန်ရစ်။
တစ်ချို့ကအချင်းချင်းအမဲလိုက်ရတဲ့နေရာတွေမှာ။
အနက်ရောင် လိပ်ပြာတွေ
ရထားပေါ် အုံလိုက် ပျံဝဲလို့
့သူမအနားမှာ လိပ်ပြာနက်တွေ။
ကလေးသရဲ တစ်ချို့ဟာ
ညောင်ပင် တစ်ချို့မှာ ပုခတ်စီးလို့
ဂမုန်းပင်တွေ ခုန်ပေါက်လို့။
့မီးရထားနောက် လမ်းတစ်လျောက်ဟာ
မော်လီကျူး တစ်ခုချင်း ကွာကျ ကျန်ရစ်တယ်။
နာရီလေးချက် ထိုးလေပြီ
နှုတ်ဆက်ချိန် ရောက်ပြီ
သူမမှာနှုတ်ဆက်စရာမရှိပဲလေ။
တရွှေ့ရွှေ့ကျန်ခဲ့တဲ့
မော်လီကျူး ဆက်ကြောင်းတွေ ဆီ ငေးရင်း
ခြေတစ်လှမ်းဟာ မြေသားပေါ်ကျလို့
အထိအတွေ့ဟာ အေးမြလိုက်တာ။
မီးခိုးရောင် မြင်ကွင်းလည်း
တဖြေးဖြေး ပီပြင်လာခဲ့ပြီ။
ပဝါစတွေ သစ်ပင်ပေါ် လွင့်လို့
ဆိုင်းဘုတ်တစ်ခု ဟာ
ဖူဂျီတောင်ကို လမ်းညွှန်ပြတယ်။
"Your life is a precious gift from your parents "
"Please consult the police before you decide to die!"
စတဲ့ဆိုင်းဘုတ်လေးတွေလည်း တွေ့တယ်
သူမအခုရောက်နေတာ
Aokigaharaလေ။
ဒိုဒို
Comments
Post a Comment