အရုပ်မကလေး
ကျွန်တော်အခုရောက်နေတာအမှောင်ထဲမှာပဲ
ကျနော် တစ်ညလုံး ထိုင်နေခဲ့တယ်
မီးခလုတ်ဖွင့်ထားလျက် မီးမလာတဲ့အခန်းငယ်ထဲ
မီးအိမ်မထွန်းပဲ
ချောင်းတစ်ချက်မဆိုးပဲ
အမှောင်ထုမှာ ရှိနိုင်တဲ့
တစ္ဆေလေးတွေအကြောင်း
ဆံပင်ရှည်ရှည် ပုံဆိုးဆိုးသရဲတွေအကြောင်း
ပုံဖော်မကြည့်ပဲနဲ့။
ဒိန်ခဲလေးတွေ ချထားဖြစ်တယ်
ကျနော်သာ ခိုရာလိုင်းဆို
ဒုတိယကမ္ဘာဆီ ရောက်သွားနိုင်လိမ့်မယ်။
အတုအယောင်ကြင်နာမှုသေးသေးလေးတောင် အခုချိန်လိုအပ်နေတာအမှန်ပဲ
ဝမ်းနည်းစရာ ကြက်နံရိုး တွေ
ဒုတိယအမေ သိမ်းထားတဲ့
ကလေးတွေ ရဲ့ မျက်လုံးတစ်လုံး ချင်းစီဟာ
ပြန်မရနိုင်တော့ဘူးလေ။
ရုတ်တရက် ပြဇာတ်ဆန်ဆန် စလိုက်မီးရောင်ကိုတွေ့တယ်။
မီးအလင်းရောင် ခပ်ပါးပါးလေးပဲ
ကျနော်နဲ့မလှမ်းမကမ်းမှာ
အမျိုးသမီးတစ်ယောက် ဘဲလေးအကကနေတယ်။
သူအကဟာ ဝမ်းနည်းစဖွယ်ပဲ
music box တစ်ခုကလာတဲ့သံစဉ်မျိုးနဲ့
သူညိမ့်ညောင်းစွာကနေတယ်
သူ့အကဟာ နေဝင်ဆည်းဆာ ဆန်တယ်
ခွန်အားတွေ သူ့ဆီကကျနော်ဆီရောက်လာတယ်
လို့ခံစားရတယ်။
ကျနော် ကြည့်နေတဲ့ စလိုက်မီးရဲ့အလင်းခပ်ပါပါးဟာ
တဖြေးဖြေးကြီးမားလာတယ်။
ကနေတဲ့ ဘဲလေးအရုပ်မလေး
လက်ကလေးတစ်ဖက် တွေရ့ပြန်တယ်
ပြီးတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ
ကလေးမလေးဟာ သံပတ်ပေးနေတယ်
အသံခပ်တိုးတိုးလေး ကြားရပြန်တယ်
"ဘဲလေးအက ကြည့်ရတာ
သဘောကျတယ် မဟုတ်လား
အထူးသဖြင့် ခုလိုပြဇာတ်ဆန်
ဆန်မီး ခပ်ပါးပါးလေးကြည့်ရတဲ့အခါမျိုးမှာ
ရှင့်စိတ်ဟာ မလန်းဆန်းလာဖူးလား"
သူမ ဦးခေါင်းဟာ ထက်ပိုင်းပြတ်နေပြီး
ပြတ်နေတဲ့ ဦးခေါင်းတစ်ဝက်ပေါ်မှာ
ဘဲလေးအရုပ် ကလေးရှိနေတယ်။
လက်ကလေးတွေနဲ့သံပတ်ပေးရင်းက သူဆက်ပြောတယ်။
"လူဟာ ကျစရာ နာစရာရှိမှ
ဘဝရဲ့ အဓိပ္ပါယ် ဟာ ပိုပြည့်ဝ လာရတာပဲ
မဟုတ်လား"
"ရှင်ကျမ ကိုမသနားပါနဲ့
တစ်ခါတလေမှာ လူတွေဟာ
အထိခိုက်ခံပြီး နာကျင်မှုနဲ့နဲ့အလဲအထပ်
ပြုလုပ်တက် ကျတာပဲမဟုတ်လား"
ကျနော် ပြုံးလိုက်မိပြီထင်တယ်။
ဒိုဒို
ကျနော် တစ်ညလုံး ထိုင်နေခဲ့တယ်
မီးခလုတ်ဖွင့်ထားလျက် မီးမလာတဲ့အခန်းငယ်ထဲ
မီးအိမ်မထွန်းပဲ
ချောင်းတစ်ချက်မဆိုးပဲ
အမှောင်ထုမှာ ရှိနိုင်တဲ့
တစ္ဆေလေးတွေအကြောင်း
ဆံပင်ရှည်ရှည် ပုံဆိုးဆိုးသရဲတွေအကြောင်း
ပုံဖော်မကြည့်ပဲနဲ့။
ဒိန်ခဲလေးတွေ ချထားဖြစ်တယ်
ကျနော်သာ ခိုရာလိုင်းဆို
ဒုတိယကမ္ဘာဆီ ရောက်သွားနိုင်လိမ့်မယ်။
အတုအယောင်ကြင်နာမှုသေးသေးလေးတောင် အခုချိန်လိုအပ်နေတာအမှန်ပဲ
ဝမ်းနည်းစရာ ကြက်နံရိုး တွေ
ဒုတိယအမေ သိမ်းထားတဲ့
ကလေးတွေ ရဲ့ မျက်လုံးတစ်လုံး ချင်းစီဟာ
ပြန်မရနိုင်တော့ဘူးလေ။
ရုတ်တရက် ပြဇာတ်ဆန်ဆန် စလိုက်မီးရောင်ကိုတွေ့တယ်။
မီးအလင်းရောင် ခပ်ပါးပါးလေးပဲ
ကျနော်နဲ့မလှမ်းမကမ်းမှာ
အမျိုးသမီးတစ်ယောက် ဘဲလေးအကကနေတယ်။
သူအကဟာ ဝမ်းနည်းစဖွယ်ပဲ
music box တစ်ခုကလာတဲ့သံစဉ်မျိုးနဲ့
သူညိမ့်ညောင်းစွာကနေတယ်
သူ့အကဟာ နေဝင်ဆည်းဆာ ဆန်တယ်
ခွန်အားတွေ သူ့ဆီကကျနော်ဆီရောက်လာတယ်
လို့ခံစားရတယ်။
ကျနော် ကြည့်နေတဲ့ စလိုက်မီးရဲ့အလင်းခပ်ပါပါးဟာ
တဖြေးဖြေးကြီးမားလာတယ်။
ကနေတဲ့ ဘဲလေးအရုပ်မလေး
လက်ကလေးတစ်ဖက် တွေရ့ပြန်တယ်
ပြီးတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ
ကလေးမလေးဟာ သံပတ်ပေးနေတယ်
အသံခပ်တိုးတိုးလေး ကြားရပြန်တယ်
"ဘဲလေးအက ကြည့်ရတာ
သဘောကျတယ် မဟုတ်လား
အထူးသဖြင့် ခုလိုပြဇာတ်ဆန်
ဆန်မီး ခပ်ပါးပါးလေးကြည့်ရတဲ့အခါမျိုးမှာ
ရှင့်စိတ်ဟာ မလန်းဆန်းလာဖူးလား"
သူမ ဦးခေါင်းဟာ ထက်ပိုင်းပြတ်နေပြီး
ပြတ်နေတဲ့ ဦးခေါင်းတစ်ဝက်ပေါ်မှာ
ဘဲလေးအရုပ် ကလေးရှိနေတယ်။
လက်ကလေးတွေနဲ့သံပတ်ပေးရင်းက သူဆက်ပြောတယ်။
"လူဟာ ကျစရာ နာစရာရှိမှ
ဘဝရဲ့ အဓိပ္ပါယ် ဟာ ပိုပြည့်ဝ လာရတာပဲ
မဟုတ်လား"
"ရှင်ကျမ ကိုမသနားပါနဲ့
တစ်ခါတလေမှာ လူတွေဟာ
အထိခိုက်ခံပြီး နာကျင်မှုနဲ့နဲ့အလဲအထပ်
ပြုလုပ်တက် ကျတာပဲမဟုတ်လား"
ကျနော် ပြုံးလိုက်မိပြီထင်တယ်။
ဒိုဒို
Comments
Post a Comment