မိုးအုံ့သောနွေနေ့လယ်ခင်းလေး


မိုးအုံ့သောနွေနေ့လယ်ခင်းလေး
မင်းအကြောင်းတွေးရင်းငေး။
သစ်ရွက်ကြွေတိုင်း
လေတိုက်တိုင်း
မှုန်ပြပြနေရောင်ခြည်မြင်တိုင်း
ဦးဆုံးသတိရတာဟာ
ငါ့ရဲ့နီညိုရောင်ဦးထုပ်လေး
ဦးထုပ်လေးဟာ
နွေနဲ့ဆောင်းမှာငါနဲ့အတူရှိခဲ့တယ်။
အထူးသဖြင့်မနှစ်ကဆောင်းနဲ့ဒီနှစ်နွေ
နွေဥတုဟာပို၍ပို၍ပူလာ
ရင်ခတ်ပန်းတွေပွင့်တော့မှာပဲ။
ဒီနှစ်နွေဟာပိုပြီးတောင်..လွမ်းမောဖွယ်ကောင်းနေသေးရဲ့။
ရင်ခတ်အလွမ်းတွေနဲ့ အလွမ်းရဲ့ကျိန်စာသင့်တယ်။
ရွှေဝါရောင်ပိတောက်တွေ.
သပြေခက်နဲ့. ရေပက်မယ့်ဦးဆုံးသူဟာ
ကိုယ်သာဖြစ်ပါရစေ။
မဖြစ်နိုင်တဲ့အရာတွေကိုတွေးနေမိတယ်..
မိုးအုံ့သောနေ့လည်ခင်းလေးမှာ.။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား