ပုံပြင်နတ်ဆိုး
မြို့ကလေးတစ်ခုရဲ့ သင်္ချိုင်းပျက်တစ်ခုထဲ နှစ်ရှည်လများစွာကပေါ့။
မြေအောက်လိုဏ်ခေါင်းတစ်ခုရှိခဲ့သတဲ့။တစ်နေ့မှာ ကလေးတစ်သိုက်
ဟိုဒီလျှောက်သွားကြရင်း လိုဏ်ခေါင်းလေးထဲ
ရောက်သွားခဲ့တယ်။ လိုဏ်ခေါင်းဟာလေ သိပ်မှောင်တာပဲ။ လင်းဆွဲ တစ်ချို့ဟာ အစုလိုက်အအုံလိုက် ထပျံကြတယ်။ငှက်ဆိုးတစ်အုပ်ရဲ့အသံကိုလည်းကြားရတယ်။ကလေးတွေဟာ စွန့်စားမှုကိုဝါသနာပါ
ကြတဲ့ အိမ်ပြေးလေးတွေပါ။ သူတို့အဆုံးထိဆက်သွားကြတယ်။
အဆုံးမှာ အခန်းတစ်ခန်းတွေ့ရတယ်။
အကြွေစေ့တစ်ချို့ ပျံကြဲပြီးရှိနေတယ်။
ကလေးတွေ အိတ်ထဲ ကောက်သိမ်းကြ တယ်။ ခေါင်းတလားတစ်ခုနဲ့ပုံပြင်စာအုပ်တစ်ချို့လည်း
ကြမ်းပြင်မှာ ပျံကြဲနေတယ်။
အမျိုးအမည်မသိတဲ့ အမှတ်သားတစ်ခုကို
ခေါင်းတလားအနားကစာအုပ်တစ်အုပ်ရဲ့ နံဘေးမှာတွေ့ရတယ်။
သူတို့တွေစိတ်ဝင်စားလာကြပြီးကလေးတစ်ယောက်ရဲ့လက်ဟာခေါင်းတလားအစွန်းနံတိုက်မိလို့သွေးစက်တွေဟာစာအုပ်ပေါ်တစ်စက်စက်ကျ နေတယ်။
စာအုပ်ပေါ်က သင်္ကေတဟာလည်း
တရွေ့ရွေ့ လှုပ်ရှားလို့နေတယ်။ ဘေးကခေါင်းတလားဟာခပ်ဖြည်းဖြည်းလှုပ်လာတယ်။ပြီးတော့ခပ်ကြမ်းကြမ်းလှုပ်လို့လာတယ်။
ခေါင်းထဲကသတ္တဝါတစ်ကောင်နိုးထလာသလိုမျိုးပေါ့။လိုဏ်ခေါင်းထဲကနေကလေးတွေအားလုံး
ကြောက်လန့်တကြားအော်ဟစ်ထွက်ပြေးကြတယ်။
ကလေးတွေ အပြင်ရောက်တဲ့ အခါ သူတို့မြေအောက်သင်္ချိုင်းကခေါင်းတလားကိုလည်းတဖြေးဖြေးမေ့သွားကြတယ် ။
ကလေးတွေ ဟာမေ့ပျောက်လွယ်ပြီးပျော်ရွှင်ဖို့
လွယ်ကြတယ် မဟုတ်လား။
အားလုံးမေ့မေ့ပျောက်ပျောက်ရှိလို့ မြို့ကလေးဟာလည်း အရင်တိုင်းပဲ တည်တည်ငြိမ်ငြိမ်။
နှစ်ပေါင်း အတော်ကြာတဲ့ အခါမှာပေါ့။
မြို့နေလူမှုအဖွဲံအစည်းတစ်ရပ်ပေါ်ပေါက်လာတယ်။အရင်က ထက် ဖွံဖြိုးတိုးတက်မှုတွေ
လည်းများလာပြီး ချစ်ခြင်းမေတ္တာ ပေါ်ထားတဲ့
စံတွေလည်း ကွဲလွဲလို့လာတယ်။ချစ်ခြင်းမေတ္တာပေါ်ပြဆိုမှုဟာ ဓာတ်ပုံပိုဆန်
လာသလိုမျိုး။ အရည်အချင်းတွေ စံတွေ လူတစ်ဦး တစ်ယောက်ပေါ် အနိုင်ယူနိုင်မှု
ကို ဂုဏ်ရှိတယ် မြင်လာကြတယ်။ ဗိုလ်ကျနိုင်မှချစ်ခြင်းတရားလို့မြင်လာတာမျိုးတွေအရှုံးသမားတွေအပေါ်လှောင်ပြောင်ဖို့ပဲတွေးလာကြတယ်။လူတစ်ယောက်ရဲ့ အပြုအမူကို
ကြည့်ပြီးသူဘာတွေးတယ်သူ့စိတ်ကဘယ်လို
ရှိမယ်စသည်ဖြင့်ပေါ်လို့ ပုံသေနည်းတွေနဲ့
တိုင်းတာလာကြတယ်။
မြို့ကလေးရဲ့ချစ်ခြင်းမေတ္တာဟာအတော်လေးဖျားနာနေခဲ့တာ။
ကောင်းမွန်တဲ့ စိတ်ထားမျိုးလည်း နည်းလာကြ
သလို စိတ်ထားကောင်းသူတွေဟာလည်း ထိခိုက်ခံရတဲ့အတွက်သီးခြားခွဲထွက်နေကြတာပေါ့။
မြို့ကလေးရဲ့စာကြည့်တိုက်မှာပုံပြင်စာအုပ်တွေသော့ခတ်ထားကြလို့။
ပုံပြင်စာအုပ်ဖတ်တဲ့ လူတွေကို
အရူးလိုပဲ သတ်မှတ်ကြတော့တယ်။
အကြောင်းရင်း က ပြင်ပကမ္ဘာနဲ့ ပုံပြင်ကြား
အရမ်းကွာဟသွားခဲ့လို့ပါပဲ။ စိတ်ထားကောင်းမှုတွေ ချစ်ခြင်းမေတ္တာ သည်းခံမှုတွေသတ္တဝါလေးတွေပေါ်ခင်တွယ်မှု
လည်းမရှိသလောက်နည်းလာကြပြီလေ။
နတ်ဆိုးတစ်ကောင်
မြို့ကလေးရဲ့စာအုပ်တွေအားလုံးကို ပုံနှိပ်တိုက်တစ်ခုကပဲ ထုတ်လို့ရတယ်။
အကြောင်းကတော့စာအုပ်ထုတ်ဝေမှူအားလုံးကို အဲ့ဒီပုံနှိပ်တိုက်လေးဟာ လက်ဝါးကြီး အုပ်
ထားနိုင်လို့ပဲ။ပုံနှိပ်တိုက်ပိုင်ရှင်ဟာ
ပြောင်းလဲလာတဲ့ခေတ်ရဲ့ပုံစံအတိုင်းပုံပြင်တွေကို ပြောင်းလဲဖို့ပြင်ဆင်တယ်။အကြောင်းက လူသားဝါဒမှာ လှပတဲ့ အရာတွေ မကျန်ရှိစေချင်တော့လို့ပါပဲ။
တစ်နည်းအားဖြင့် သူဟာပုံပြင်တွေကို
Happy ending နဲ့အဆုံးမသတ်စေချင်ဘူး။
လူတွေ သဘောကျနေကျတဲ့ စင်ဒရဲလား ဧရိယယ်နဲ့ ခေါင်းစွတ်နီမလေး အစရှိတဲ့ ပုံပြင်
တွေဟာ sad endingနဲ့ပဲအစမှာအဆုံးသတ်ခဲ့
ကြတာ။ခေတ်အဆက်ဆက်လူတွေပြောင်း
လည်းပြီးနောက် Fairytale တွေဖြစ်လာကြ
တယ်။ပွင့်ပွင့်လင်းလင်း ပြောရရင်သူဟာ
ပုံပြင်နတ်ဆိုးတစ်ယောက်ပါ။မိုးညတစ်ညမှာ
မြေအောက်သင်္ချိုင်းက နိုးထလာခဲ့တဲ့ နတ်ဆိုးတစ်ယောက်ပေါ့။သူ့ကို ဖမ်းချုပ်ထားခဲ့
တဲ့ စာအုပ်ထဲ ကထွက်လာနိုင်ခဲ့တဲ့ အချိန်ကစလို့ ပုံပြင်တွေ ကိုဖျက်စီးဖို့ နည်းမျိုး
စုံနဲ့ သူကြိုးစားလာခဲ့တာ။ အခုဆိုရင် ဖျက်စီး
နိုင်ဖို့ရာအခွင့်အလမ်းတော်တော်လေးများနေခဲ့ပြီဖို့။သူပျော်ရွှင်နေတယ်။ လူသားတွေရဲ့
ချစ်ခြင်းမေတ္တာ လည်း သူ၁၀၀ဖိုး သုံးပုဒ်တွေ
ရေးလို့ စနစ်တကျ အဆိပ်တက်စေခဲ့တာ။
အတော်လေး အဆိပ်တက်နေတာတွေ့ရတယ်
ပုံပြင် တွေ သူမနှစ်မြိုတဲ့Happy endingတွေ
ဖျက်စီးရတော့မှာမို့သူအိပ်လို့မပျော်နိုင်အောင်ပျော်ရွှင်နေပါတယ်။
မြို့ကလေးရဲ့ အစွန်မှာ ဘုရားကျောင်းတစ်ခုရှိ
တယ်။အရင်ကတော့ ဘုန်းတော်ကြီးနဲ့အတူ
ကလေးနှစ်ယောက် နေထိုင်ခဲ့ကြတယ်။ခုတော့
ကလေးတွေလည်း အသက်ရွယ်ရလာကြပြီတဲ့။
သူတို့မောင်နှမ ဟာဘုန်းတော်ကြီးနဲ့ တူအရီး
တော်ကြတယ်။တကယ်တော့ သူတို့မောင်နှမ
နှစ်ယောက်က အရင်းချာလည်းမဟုတ်ကြဘူးတဲ့
ကောင်လေး ငယ်ငယ်တုန်းက နာရီစင်နားမှာ
ငိုနေတဲ့ ကောင်မလေးကိုတွေ့ပြီးသနားတာနဲ့
အိမ်ခေါ်လာပြီးမွေးစားခဲ့တာ။အစကကောင်လေး အဖေနဲ့ သူတို့နှစ်ယောက် နေကြရတယ်။အဖေဆုံးသွားတဲ့အခါဘုန်းတော်ကြီးနဲ့အတူ
လာနေကြတာပေါ့။တစ်နေ့ထက်တစ်နေ့ပိုမငြိမ်းချမ်းတော့
တဲ့မြို့လေးအကြောင်းကို စဉ်းစားမိလာတယ်။
သူ့အဖေပြောပြခဲ့တဲ့ (သူကတော့ အိပ်ယာဝင်ပုံ
ပြင်လို့ပဲ သတ်မှတ်တယ်။)ပုံပြင်နတ်ဆိုး ကိုအ
ချိန်မှီတားဖို့အစဉ်အဆက်လက်ဆင့်ကမ်းပြောလာခဲ့ကြတာ။သူတို့ရဲ့ ဘိုးဘေးတွေထဲကတစ်
ယောက်ဟာ မြေအောက်သင်္ချိုင်းကို သွားတဲ့ကလေးအုပ်စုထဲ ပါခဲ့တယ်။နိုးထလာတဲ့
ပုံပြင်နတ်ဆိုးကိုလိုက်ရှာကြပေမယ့်မတွေ့ကြဘူး။ဒါပေမယ့် မြို့လေးရဲ့ အခြေနေတဖြေးဖြေးဆိုး
လာတဲ့အကြောင်း သတိထားမိခဲ့တယ်။
သူတို့ရဲ့မျိုးဆက်တွေကို ပုံပြင်နတ်ဆိုးကို ပြန်ဖမ်းချုပ်ပြီးစာအုပ်ထဲထည့်ဖို့ အစဉ်အဆက်ပြောလာခဲ့ကြတယ်။
သူတို့နှစ်ယောက်ဟာ မြို့လေးရဲ့ သင်္ချိုင်းတွေဆီ
သွားကြတယ်။ သင်္ချိုင်းတွေ အနှံ့လျှောက်သွား
ကြပေမယ့် မြေအောက်လိုဏ်ခေါင်းကို ခုထိ
မတွေ့ကြသေးဘူး။တကယ်တော့ မြေအောက်လိုဏ်ခေါင်းရှိတဲ့ သင်္ချိုင်းဟာ စာအုပ်တိုက်ရှိတဲ့ နေရာရဲ့ မနီးမဝေးနေရာမှာ
ရှိနေခဲ့တာ။
မြို့လေးရဲ့ ပုံပြင်စာအုပ်တွေကို သူတို့အရင်ဆုံး
ရှာဖွေ ဖတ်ကြည့်ကြတယ်။ စိတ်မကောင်းစွာနဲ့
ပျော်ရွှင်စရာပုံ ပြင်တွေဟာ sad endingအဖြစ်
ပြောင်းလဲထားခံရတယ်။ခေါင်းစွပ်အနီရောင်
လေးပုံပြင်တွေ မူလန် ဧရိယယ်နဲ့ စနိုးဝှိုက် စတဲ့.
ကျော်ကြားတဲ့ ပုံပြင်တွေအထိ ဇာတ်သိမ်းတွေ
ပြောင်းလဲထားခံရတယ်။ သူတို့အချိန်ကြာကြာ
ထားလို့မ ဖြစ်တော့တာကို သိလာရတယ်။
မြို့လေးရဲ့ အစွန်အိမ်ဟောင်းတစ်ခုမှာ အဘွား
တစ်ယောက်ရှိတယ်။အဘွားဟာသူတို့နဲ့ ငယ်
ငယ်ထဲ ကသိပ်ခင်ကြတယ်။ အဘွားဆီသူတို့
ရောက်တော့ အဘွားကလည်း သူတို့ကို အဆင်
သင်စော့င့်နေတာ တွေ့ရတယ်။အဘွားဟာ
ပုံပြင်လောကရဲ့ အခြေအနေပြောင်းလဲနေတာ
ကိုသိထားပါတယ်။ ပုံပြင်နတ်ဆိုး ကိုဖမ်းချုပ်
ဖို့နည်းလမ်းလည်း ရှေးဟောင်းစာအုပ်တွေထဲ
သူတို့ရှာဖွေကြတယ်။
အချိန်တစ်ပတ်ကျော်ကြာမှသူတို့ရှာတွေ့ကြတယ်။ မြေအောက်သင်္ချိုင်းထဲ ခေါင်းတလားနားက
ပုံပြင် စာအုပ်ထဲ မယ် နတ်ဆိုး ကို ဖမ်းချုပ်ပြီး
သင်္ကေတတွေနဲ့ သော့ခတ်ရမှာဖြစ်တယ်။
"ချစ်ခြင်းတရားနဲ့ နတ်ဆိုးကို သော့ခတ်ရမယ်။
အဓိက အရေးကြီးတာဟာ သွေးပဲတဲ့"။
သူတို့တွေ အဆင်ပြေ ချစ်ခင်နေကြတဲ့ စုံတွဲတွေ
ကိုလိုက်ရှာ ပြီး အကူညီတောင်းကြတယ်။
ဒါပေမယ့် သူတို့ကို ဘယ်သူကမှ မယုကြံဘူးတဲ့။
မနက်ဖြန် ဆို မြို့လေးရဲ့ ဇာတ်သိမ်းလှတဲ့ ပုံပြင်
စာအုပ်တွေ မီးရှို့ပစ်ကြတော့မယ်။ နောက်တော့
ပုံပြင် တွေ အားလုံး ပျောက်ကွယ်သွားခဲ့ရင်
တစ်ရာဖိုး သုံးပုဒ်တွေပဲ တစ်နေ့နေ့ တိုးပွားလာ
ခဲ့ရင် နောက်ဆက်တွဲ အခြေနေကို ဆက်မစဉ်း
စားရဲ ကြတော့ဘူး။
(ပုံပြင်တွေဟာစိတ်အခြေနေစာရိတ္တပိုင်းအတွက်သူ့ကဏ္ဍနဲ့သူအရေးပါတာတွေ့ကြရပါလိမ်မ့ယ်။အိပ်ယာဝင်ပုံပြင်တွေနဲ့နီးစပ်ခဲ့တဲ့ ကလေး
တစ်ယောက်ဟာ သာမာန်လူတွေထက်
စိတ်နေစိတ်ထား ပိုနူးညံတာတွေ့ရပါလိမ့်မယ်။
အကယ်၍ အိပ်ယာဝင်ပုံ ပြင်တွေ မရှိတော့ရင်
အခြေအနေ တစ်မျိုး ဖြစ်လာနိုင်ပါလိမ့်မယ်။)
သူတို့မှာ အချိန်ရမရှိတော့ဘူးလေ။
သူတို့ မြေအောက်သင်္ချိုင်းကို သွားကြတယ်။
အကို ဖြစ်သူ ဟာ ညီမငယ်လက်ကို ဆွဲပြီးဂူထဲ
ဝင်တယ်။လင်းဆွဲ တွေ အုံလိုက်ထပျံကြတယ်။ အတွင်းပိုင်ဟာမှောင်တစ်ဝက်အစိမ်းရောင်တစ်ဝက် နဲ့။
နောက်ဆုံးမှာ သူတို့ခေါင်းတလားဆီ ရောက်ခဲ့
ကြတယ်။ခေါင်းဘေးမှာ စာအုပ်စာအုပ်တစ်အုပ်
တွေ့တယ်။ သင်္ကေတကို သူလှည့်ကြည့်ပေမယ့်
သော့ခတ်ထားသလိုအလုံပိတ်ပုံစံမျိုး
ဖြစ်နေတယ်။ကြိုးစားဖွင့်နေကြတုံး နတ်ဆိုးရယ်
သံကို ကြားရတယ်။ မြိုကလေးရဲ့ ပုံပြင် နတ်ဆိုးပါပဲ။ ရယ်သံတွေ လှောင်ပြောင် သံတွေ
ဗီလိန်တွေ ရဲ့ အသံ နားထောင်ပေးဖို့ သူတို့မှာ
အချိန်မရှိ။
ရုတ်တရက်ကောင်လေးဟာဖန်ကွဲစနဲ့လက်ကောက်ဝတ်ကသွေးကြောတွေကိုလှီးဖြတ်လိုက်တယ်။
ူသူရဲ့ညီမလေးဟာစိုးရိမ်တကြီးကြည်နေတုံး လက်ကဖန်ကွဲ စကိုလှမ်းပေးလိုက်တယ်။ကောင်မလေးလည်း လက်ကောက်ဝတ် ကို
ဖန်ကွဲစနဲ့ လှီးဖြတ်လို့ သူတို့ လက်ချင်းပူးထား
လိုက်ကြတယ်။ သွေးတွေဟာ လက်ဖျားထိပ်က
တစ်ဆင့် တဖြေးဖြေး ပေါင်းစပ်သွားကြပြီး
စာအုပ်ဖုံးရဲ့ သင်္ကေတထဲ စိမ့်ဝင်သွားတယ်။
သင်္ကေတကစက်ဝိုင်းပတ်ပုံစံလည်နေတယ်တဲ့။
နတ်ဆိုး ကကျယ်ကျယ်လောင်အော်ရယ်တယ်။
"မင်းတို့ နတ်ဆိုး ထောင်ချောက် ကို
တကယ်မှနားမလည်ခဲ့ပဲ။ "
"ချစ်ခြင်းမေတ္တာ စာအုပ် သင်္ကေတနဲ့ သွေး
မင်းတို့ မောင်နှမမှာ ၁၅၀၀ဆိုတဲ့ ချစ်မေတ္တာမှ
မရှိပဲ။ ချစ်မေတ္တာမှ မရှိပဲနဲ့ ထောင်ချောက်စာ
အုပ်ကို အသုံးပြုလို့မရဘူးလေ"
ကောင်လေးကပြောလိုက်တယ်။
"ခင်ဗျားမှာ အမှားနှစ်ချက် ရှိတယ်။
ပထမတစ်ချက်က သူမဟာကျွန်တော့်ညီမရင်း
မဟုတ်သလို
ဒုတိယအချက် သူ့ပေါ်မှာ ကျွန်တော် ချစ်မေတ္တာ
ရှိနေခဲ့ပါတယ်"
"ကျွန်တော် ဝမ်းသာမိတယ်။
အကယ်၍ထောင်ချောက်အလုပ်ဖြစ်နေခဲ့မယ်ဆိုရင်သူလည်းကျွန်တော့်အပေါ်မေတ္တာရှိနေခဲ့ လို့ပါပဲ"
သွေးတွေဟာ သင်္ကေတ ပေါ်တစ်စက်ကျလို့
သူတိုလ့ည်း တဖြေးဖြေး အားအင်တွေဆုတ်
လာပြီး ဖြူ ဖျော့လို့လာတယ်။
စာအုပ်ဟာ ပွင့်သွားခဲ့ပါပြီ။ စာအုပ်အတွင်းက
ရုပ်ပုံတွေ ဟာ တဖြေးဖြေးလှုပ်ရှားလာပြီး
ငရဲ ခန်းတွေလို အသံတွေ မြည်ဟီးလို့ ခွေးအူ
သံတွေ လည်းတစ်ချက်ချက်ကြားရလာပြီး အသက်ဝင်လို့လာတယ်။ ကောင်လေးနဲ့ ကောင်
မလေးဟာ လည်းအသက်ငွေ့ငွေ့လေးပဲ ကျန်ပါ
တော့တယ်။ စာအုပ်ထဲ ကနက်ပြာရောင် လက်
ကြီးတွေဟာ နတ်ဆိုး ကိုဆွဲ ခေါ်သွားပြီး အော်
သံတစ်ချို့ကို လည်းကြားရတယ်။ အဲ့ဒီအချိန်မှာ
ပဲ ကောင်လေးနဲ့ ကောင်မလေးဟာ လည်းသေ
ဆုံးလို့ သူတို့ရဲ့ ဖြူ လွှလွှ ဝိညာဉ်တွေဟာ
စာအုပ်ထဲ ဝင်သွားကြတယ်။ ပုံပြင်နတ်ဆိုး ရယ်
သွေး ချစ်ခြင်းမေတ္တာ တို့ဆုံတဲ့အခါ စာအုပ်အဖုံး
ဟာပြန်ပိတ် သွားခဲ့ ပြီး အရာရာဟာအရင်တိုင်း
ပဲ နေသားတကျ ပြန်ဖြစ်လို့လာတယ်။မြေအောက်သင်္ချိုင်းရဲ့ လှိုဏ်ဂူ ဝင်ပေါက်ဟာ
လည်းသူ့အလိုလို ပြန်ပိတ်သွားခဲ့ပါတယ်။
နောက်နေ့တွေမှာ မြို့ ကလေးမှာ ထူးခြားချက်
တွေ ဖြစ်လာတယ်။
ပုံပြင်စာအုပ်တွေ အကောင်းအတိုင်း
ပြန်ဖြစ်လာခဲ့ကြပြီး ပျောက်ကွယ်နေတဲ့
စာအုပ်တွေ လည်း ပြန်ရောက်လာခဲ့တယ်။
Sad ending နဲ့ ပုံပြင်ဇာတ်သိမ်းတွေဟာ
Happy ending တွေ ပြန် ဖြစ်လာခဲ့ကြပြီး
လူတွေဟာ လည်းမေတ္တာတရား ကို အရင်က
ထက် ပိုလို့တန် ဖိုးထားလာခဲ့ကြသတဲ့ လေ။
ဒိုဒို

Comments
Post a Comment