ကြယ်ဖမ်းသူ

တစ်နေ့မှာ ကောင်းကင် နတ်သားကမေးတယ်
မင်းဘာ ကြောင့် ကြယ်တွေ အဲ့သလောက်
များများဖမ်း နေရသလဲ
မင်းတို့ကမ္ဘာက လူတွေ ကြယ်တွေ အများကြီး လိုကြသလား
ကြယ်တွေ စားကျ သလား

ကြယ်ဖမ်းသူ-ကျနော် ဟာခေတ်စနစ် ရဲ့
နတ်ဘုရားကိုကွပ်မျက် ဖို့ပဲ
ခင်​ဗျား
"ဟိတ် "ရဲ့ အစွမ်းကို ကြားဖူးတယ်မဟုတ်လား
လူသား တွေရဲ့ ယုံကြည်မှုဟာ
တကယ်ဖြစ် လာစေတယ်

အဲ့ဒါများ ကျုပ်နာမည်နဲ့ တရားစာအုပ်ထုတ်
လို့ ပြောအုံးမလို့လား
ဘုရားသခင် မရှိတော့သလို
နတ်ဘုရား တွေပေါ်လည်း
လူတစ်ဝက် ကမယုံကြဘူးလေ။

လူအားလုံး ယုံကြည်ကြတာ ကြယ်တွေပဲ
အဆိပ်​ခတ်​ လို့မရတဲ့ ကြယ်တွေ
ထပ်မံ ဖြည့်ဆွတ် လို့ မရတဲ့ ကြယ်တွေဟာ
ကြယ်တွေဟာ အန္တရယ် မရှိဘူး
အဲဒါ ကြောင့်သူတို့ ဆုတောင်းကြတယ်

သူတို့ရဲ့ ယုံကြည်မှု အားလုံး ဟာ
ကြယ်တွေမှာ တည်တယ်။

ကျုပ် သွားတော့မယ်
ကျုပ်ဟာ အခုဆို
ကြယ်အစွမ်းနဲ့ ဘုရား သခင် ဖြစ်လာတော့မှာ
အသစ်တစ် ဖန်မွေးဖွားတော့မှာ။

နတ်ဘုရား ရှေ့ သူမှောက်လျက်လဲတယ်

တော်သေးတယ် သူကြယ်တွေ ဝှက်ထားမိလို့

နတ်ဘုရား-"မင့် ကြယ်တွေ ဘာကြောင့် အများကြီးယူလာရသလဲ ညီလေး
မင်း ကြယ်တွေ ကိုမင်းတာဝန်ယူရဲသလား"

ကြယ်ဖမ်းသူ -ခင်ဗျားသာ မရှိတော့ရင်
အမှောင်ထု မရှိတော့ရင်
တာဝန် ယူနိုင်လောက်မှာပေါ့

နတ်ဘုရား-ညာလက်ထဲက မင့်ဝှက်ထားတဲ့ ကြယ်ကလေးဟာ
ကိုဓူ နဲ့ မ ဝံတို့ ရဲ့သား"ဓူဝံကြယ်"မဟုတ်လား

ကြယ်ဖမ်းသူ-ခင်ဗျား သူတို့ကို သိလို့လား

နတ်ဘုရား-မ ဝံ ကြယ်ပျို ပေါက်အရွယ် က
အောင်သွယ်ပေး ခဲ့တာလည်း ငါပဲ
ဖမ်းလာပြီး လွှတ်ပေးလိုက်ခဲ့တာလည်း ငါပဲ

ခုငါ နတ်ဘုရား ဖြစ်နေတာသာ ကြည့်တော့

ငါရှေ့ ကလူတွေ လည်း
ဒီလိုပဲ ကြယ်ဖမ်းခဲ့ ကြတယ်
ငါလည်း နတ်ဘုရား ဖြစ်လာတယ်

ကြယ်ဖမ်းသူဟာ သတိရ စပြုလာတယ်
အခြား လူတစ်ယောက်ကို အမှောင်ထု
လို့ မြင်နေတုန်း သူကိုယ်တိုင် အမှောင်ထု
ဖြစ်မှန်း မသိဖြစ်လို့လာ ခဲ့တဲ့ အကြောင်း။

ငါတို့ ကမ္ဘာဟာ အချိန်တိုင်း
နတ်ဘုရား အသစ်တွေသာ
မွေးဖွားလာ ခဲ့ကြတာပါ

ငါတို့ ဟာ ကြယ်တွေရဲ့ သန့်စင်မှုကို ဒဏ်မခံနိုင်ကြဘူးလေ။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား