အသားစားသိုးများ


ညီမသုံးယောက်လမ်းလျှောက်လာကြတယ်။
မလှမ်းမကမ်းသစ်ပင်ဘေးမှာမြည်းတစ်ကောင်ရပ်နေတယ်။
အထွေးလေးက ရှေ့ဆုံးမှာရှိပြီး အနောက်က
အကြီးနှစ်ယောက်က သိုးတစ်ကောင်ကို
စနောက်ပြီး ခဲနဲ့ ပစ်လိုက်ကြတယ်။ ရုတ်တရက်သိုးကမြည်းကိုကိုက်ချီသွားတယ်သိုးပါးစပ်မှာသွေးတွေရဲခနဲမြည်လည်ကုပ်က သိုးရဲ့ချွန်မြမြသွားတွေကြားမှာ။
သိုးက အထွေးဆုံး ညီမလေး ဆီအရှိန်နဲ့
ပြေး လာတယ်။ ညီမသုံးယောက် လက်တွဲ
ပြီးအနောက်ဘက်ကိုပြန်လှည့်ပြေးကြတယ်။ သစ်ခုတ်တဲ့ ပုဆိန်တွေ့တာနဲ့ သိုးဆီကို
လှမ်းပစ်လိုက်တယ်။ သိုးမွှေးတွေ ဖွာခနဲ လွင့် ပြီးတော့ လဲကျ သိုးမွှေးတစ်ခုချင်းစီက
တစ်ထပ်တည်း တူတဲ့ သိုးတွေ ပေါ်လာတယ်
သူတို့်အားလုံး ရွာဘက်ကို ပြေးတယ်။သိုး
တွေကို မဖမ်းဖို့ ထိခိုက်အောင် မလုပ်ဖို့ပြော
ပေမယ့် ပစ်ခတ်ကြတာနဲ့ သိုးတွေ ကောင်ရေတိုးတိုးလာ..ပြီးတော့ ကောင်ရေ
တိုးလာတဲ့သိုးတွေ ရွာကို နင်းချေ ဖျက်စီး
ကိုက်ဖျက် ။သူတို့ ပြေးနေရင်း
တောင်ကုန်းလေး တစ်ခုပေါ် ဆောက်ထား
တဲ့ သစ်သားအိမ်လေးထဲ အောက်ဘက်ကို
ကြည့်မိတယ်။အိမ်ရှင်လူကြီးက ပြောတယ်
"တိမ်သားတွေလှလိုက်တာ အဖြူ ရောင်
တိမ်လိပ်တွေ တောင်ပေါ် တရွေ့ရွေ့ တက်လာကြပြီ"။

"တိမ်တွေသာ ဖြစ်ရင် ဘယ်လောက်ကောင်း
လိမ်မလဲ" သူပြောနေရင်း အိမ်ရှင်ပြောတဲ့
တိမ်တွေ တောင်ကုန်းပေါ် ကို တရွှေ့ရွှေ့နဲ့..။

(Crdt ထိုက်ကလေး အိမ်မက် တစ်ဝက်😁)

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား