တယောသမား

တယောသမားတစ်ယောက် လူတစ်ယောက်
နားတယော ထိုးနေတယ်။ သူထိုးတာသိပ်
ညင်သာတယ်။ သူ့အရှေ့မှာ လူတစ်ယောက်
ဒူးထောက်လျက် ရှိတယ် သံကြိုးတွေနဲ့။
တယောထိုးသူဟာ သူရဲ့တယောသံကို
ပို အသက်ပါအောင် တီးခတ်တယ်။ လူကိုယ်
တိုင်လည်း ယိမ်းနွဲ့ လှုပ်ရှားလို့ နေတယ်။
ဒူးထောက်ထားတဲ့ သံကြိုးနဲ့ လူဟာ မောပန်း
လာဟန်ရှိတယ်။ သူဟာ မြေပေါ်လူးလှိမ့်​ နေ
တယ်(သံကြိုးတွေနဲ့)။
တယောသံဟာ သိပ်ပြီးခြောက်ခြားစရာ
ကောင်းတဲ့ အပိုင်းရောက် လာတယ်။
အခွံလွတ်လို ခံစားရစေမည့်အပိုင်းပဲ သံကြိုးတွေနဲ့ လူ မောဟိုက်လာ တယ်။
နောက်တော့
လဲကျ သေဆုံး...။
တယောထိုးသူဟာ ကြိုးနဲ့လူသေဆုံးသွား
တာကြောင့် အဖမ်းခံ ခဲ့ရတယ်။ တယော
သံက အဲ့ဒီ လူရင် အသက်ကို နှုတ်သွားတယ်
ဆိုတဲ့ စွပ်ဆွဲချက်နဲ့ပေါ့။

တကယ်တော့ အဲ့ဒီနေ့က ရောဂါသည် ကြိုး
နဲ့ လူကို သူ့ကိုယ်သူ ကြိုးချည်လျက်သား
သူတွေ့ခဲ့ရတာ။ တစ်ချို့က ကိုယ်ကိုကိုယ်
အပြစ်ပေး လို ကျတယ်။သူတို့်ရဲ့ အပြစ်တွေ
ဒါမှမဟုတ်​ တည်ငြိမ်တဲ့ အခြေအနေတစ်ခု
ကို ရသွားချင်ခဲ့ပုံရတာနဲ့ သူတယောထိုးပေး
ခဲ့တာ။ ကြိုးနဲ့ လူကလည်း လိုလိုလားလား
တောင်းဆိုခဲ့တာပဲ။ ဘယ်သူမှ မသိတာက
ကြိုးနဲ့ လူဆုံးသွားတဲ့ အခိုက်အတန့်ဟာ
အားလုံးထင်သလိုမဟုတ်ပဲ
ညင်ညင်သာသာနဲ့
ငြိမ်းငြိမ်းချမ်းချမ်း လေးပဲ။

ဒိုဒို
21.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား