လူအိုတွေ
လူအိုတွေဟာ
သံလမ်းကို ဖြတ်ပြီး လမ်းလျှောက်လာတယ်
သူတို့ဟာ လူအိုတွေ မဟုတ်ဘူးလို့
တစ်ချို့ကပြောတယ်
ဒါပေမယ့် ငါမြင်နေရတာ လူအိုတွေပဲ
လူအိုတွေဟာ အစမှာ
ရည်မှန်းချက်တွေ ထမ်းလို့
ရိုးပြတ်တွေ ကျော်ပြီး သံလမ်းကို လာခဲ့ကျ
လူအိုတွေဟာ
စေတသိတ် အတွေးနဲ့ ဘဝကို ပျော်အောင်နေတယ်
လူအိုတွေဟာ
အဆုံးမှာ နောင်တတွေကို ထပ်ပြောင်း ထမ်းတယ်
လူအိုတွေဟာ ဘဝကိုငြီးငွေ့လာပြန်တယ်
ငါမြင်တဲ့ လူအိုတွေကို
လူတစ်ချို့်က ငယ်ငယ်လေး လို့ပြောတယ်
ငါ အမြင်မပြောင်းဘူး
သူတို့ဟာ လူအိုတွေဆိုတာ
သေချာပါတယ်
လူအိုတွေမှ
ရေမရောတဲ့ လူအိုစစ်စစ်တွေ
လူအိုတွေဟာ
ရိုးပြတ်ကိုကျော် သံလမ်းကိုဖြတ်လို့
တံထားကို တစ်ဖန်ဖြတ်ပြန်တယ်
လူအိုတွေဟာ
တံထားပေါ်က ခုန်ချသွားတယ်
လူတွေကတော့ တီးတိုးပြောတယ်
"ငယ်ငယ်လေးတွေနဲ့ ကွယ်"
ငါ အမြင်မမှားတာ သေချာပါတယ်
ငါ့မျက်လုံး အိမ်ရှေ့မှာတော့
လူအိုတွေပဲ မြင်တာ
ဒိုဒို
သံလမ်းကို ဖြတ်ပြီး လမ်းလျှောက်လာတယ်
သူတို့ဟာ လူအိုတွေ မဟုတ်ဘူးလို့
တစ်ချို့ကပြောတယ်
ဒါပေမယ့် ငါမြင်နေရတာ လူအိုတွေပဲ
လူအိုတွေဟာ အစမှာ
ရည်မှန်းချက်တွေ ထမ်းလို့
ရိုးပြတ်တွေ ကျော်ပြီး သံလမ်းကို လာခဲ့ကျ
လူအိုတွေဟာ
စေတသိတ် အတွေးနဲ့ ဘဝကို ပျော်အောင်နေတယ်
လူအိုတွေဟာ
အဆုံးမှာ နောင်တတွေကို ထပ်ပြောင်း ထမ်းတယ်
လူအိုတွေဟာ ဘဝကိုငြီးငွေ့လာပြန်တယ်
ငါမြင်တဲ့ လူအိုတွေကို
လူတစ်ချို့်က ငယ်ငယ်လေး လို့ပြောတယ်
ငါ အမြင်မပြောင်းဘူး
သူတို့ဟာ လူအိုတွေဆိုတာ
သေချာပါတယ်
လူအိုတွေမှ
ရေမရောတဲ့ လူအိုစစ်စစ်တွေ
လူအိုတွေဟာ
ရိုးပြတ်ကိုကျော် သံလမ်းကိုဖြတ်လို့
တံထားကို တစ်ဖန်ဖြတ်ပြန်တယ်
လူအိုတွေဟာ
တံထားပေါ်က ခုန်ချသွားတယ်
လူတွေကတော့ တီးတိုးပြောတယ်
"ငယ်ငယ်လေးတွေနဲ့ ကွယ်"
ငါ အမြင်မမှားတာ သေချာပါတယ်
ငါ့မျက်လုံး အိမ်ရှေ့မှာတော့
လူအိုတွေပဲ မြင်တာ
ဒိုဒို
Comments
Post a Comment