ဘေဘီလုံများမွေးဖွားခြင်း

မုဆိုးတစ်ယောက်ဟာငရဲခွေးတွေသတ်ပြီးတဲ့ အထိမ်းအမှတ်နဲ့ သူတို့ရဲ့သွေးတွေ ယူလာခဲ့တယ်။ငရဲ ခွေးတွေရဲ့ သွေးတွေက အမဲရောင်တွေသာ ဖြစ်တယ်။သမာကျမ်းစာ စိတ်ဝင်စားသူတွေ အပြင် ဘာသာရေးအတုအယောင် တွေပါ မကျန် စိတ်ဝင်စား မယ့်အရာတစ်ခု ဖြစ်တယ်။သူတွေ့ရှိတဲ့ အရာအတွက် ပျော်ရွှင်မှုနဲ့ အိမ်ပြန်လာခဲ့တယ်။ အပြန်လမ်းမှာဘုရားကျောင်းကသူငယ်ချင်းကိုသတိရတယ်။ဘုရားကျောင်း ရောက်တော့ လူတစ်ယောက်မှ မရှိ ဘုရားသခင်နဲ့ သူသာရှိတယ်။ဘုရားကျောင်းမှာ တံမြက်လှည်းရင်း သန့်ရှင်းရေး လုပ်တယ်။သူအပြစ်တွေကို ဘုရားသခင်ရှေ့မှာ ဝန်ခံခဲ့ပြီးနောက် ဝတ်ပြု ဆုတောင်းခဲ့တယ်။ ပြီးတော့ သူအိမ်ပြန်လာခဲ့တယ်။

သူ့ သူငယ်ချင်း(မာသာထရီစာ) ဘုရားကျောင်းပြန်ရောက်လာ ခဲ့ပြီးနောက်
စာအုပ် စင်ကလေးပေါ်မှာတင်ထားတဲ့ အမဲရောင်ဆေးပုလင်းကလေးကိုတွေ့တယ်။တနင်္ဂနွေနေ့တိုင်း လာဆုတောင်းတက်တဲ့ ပန်းချီ ဆရာ ကျန်ခဲ့တဲ့ ဆေးဘူးထင်ပါရဲ့။
ဝတ်ပြု ဆုတောင်းပြီးနောက် ရှေးဦး နတ်ဆိုး
တို့ရဲ့ သမာကျမ်းစာပါ အ​ကြောင်းအရာ ကို
သူမ ငြိမ်းချမ်းစွာ ဖတ်ရှူ့ နေတယ်။
ရုတ်တရက် ကောင်းကင်တစ်ခုလုံးမှာ
တိမ်မဲတွေ ဖုံးလွှမ်းသွားတယ်။သူမရပ်နေတဲ့
မြေကြီးက အက်ကွဲလာတယ်။ ပြီးတော့ အက်ကွဲ ကြောင်းတွေ အုတ်နံရံတွေပေါ်မှာစာအုပ်စင် တစ်ခုလုံးလည်း လှုပ်နေတယ်။သူမငေးကြည့်နေဆဲမှာ အနက်ရောင်ပုလင်း
ကလေး ဖတ်လက်စ စာအုပ်ပေါ်ကျတယ်။
စာအုပ်တွေ ပြုတ်ကျတယ်။ကောင်းကင်မှာ
တိမ်မဲတွေ ကင်းစင်ပြီးနောက် အရာအားလုံး ပုံမှန်အခြေအနေ ပြန်ဖြစ်လာတယ်။
ဘုရားကျောင်းကို သန့်ရှင်းရေး လုပ်ပြီးနောက် ဖတ်လက်စ စာအုပ်မှာ လှုပ်နေတဲ့ အရာနှစ်ခုကို သတိထားမိတယ်။မိန်းက​လေး ငယ်ကလေးတွေ ရဲ့ ဦးခေါင်းဖြစ်နေတယ်။စာအုပ်ကို ကြည့်နေမိရင်းစာအုပ်တစ်အုပ်စာအရှည်ပမာဏာနဲ့တူတဲ့မိန်းမငယ်လေးနှစ်ယောက်ထွက်လာတယ်။ စာအုပ်ထဲက ထွက်လာပြီးနောက်
မိန်းမငယ်လေး နှစ်ယောက်ဟာ တစ်ယောက် လက်တစ်ယောက်တွဲ လို့ ခုန်ပေါက်မြူးတူး စွာ ဘုရားကျောင်းပြင်ထွက်သွားကြတယ်။

နောက်တစ်နေ့မနက်မှာ မိန်းကလေးငယ် နှစ်ယောက်ရဲ့ သတင်းက တစ်မြို့လုံး မှာ
ပြောစရာ ဖြစ်နေတာပေါ့။ ချမ်းသာတဲ့ မိသား
စုက သူမတို့ နှစ်ယောက်ကိုမွေးစားထားတယ်တဲ့ ။မိန်းကလေးငယ်နှစ်ယောက်ကိုရှေးဖြစ်ဟောတွေ အဖြစ်ပြောကြတယ်။မာသာ လည်း ဆိုးရိမ်စိတ်ကို ဖျောက်ပြီး သူမရဲ့ သူငယ်ချင်း ရှိတဲ့ မြို့ကို အလည်သွားတယ်။

ရက် အတန်ကြာတော့ အရင် ဘုရားကျောင်း
ကို ပြန်ရောက်လာခဲ့တယ်။ မြို့် ကလေးက အရင် ကနဲ့ မတူပဲ ပြောင်းလဲ လို့နေပါတယ်။
တစ်ယောက် အပေါ် မှာတစ်ယောက် သံ
သယ ရှိသလို ဖြစ်နေကြပြီး တိတ်ဆိတ်မှုဟာ
ခြောက်ခြား ဖွယ်မြည်ဟီးလို့နေတယ်။ အလောင်း ဖော်မှုတွေ ရှိလာတယ်။ သူတို့ရဲ့
ဆုတောင်းသံ တွေဟာ အရင်လို မသန့်စင်
တော့ဘူး။ သေပြီးသူ တွေ ပြန်နိုးထလာဖို့
အကြောင်းပြချက်နဲ့လူအချင်းချင်းသတ်ဖြတ်လာ
ကြ တယ်။
အပြင်လောက ကအဖြစ်ပျက်တွေဟာ သ
မာကျမ်းစာ ထဲ ကရှေးဦး ဘေဘီလုံ သတ္တဝါ
တွေ နဲ့တူတယ်လို့ သူမထင်တယ်။ သူမဆီက ဒုတိယ ဘေဘီလုံတွေ မွေးဖွားခဲ့တာပဲ။
ဘေဘီလုံတွေ ဆီက သူတို့ မြို့က ကလေးတွေ သူ့မိတ်ဆွေ တွေ ကယ်တင်ဖို့ မာသာတစ်ယောက် အကျပ်ရိုက်နေတယ်။

သူမဟာ ခုဆို ဘုရားကျောင်းရဲ့ အပေါ်ဆုံး
ထက်မှာ ပြတင်း​ပေါက်​ ကနေ လှမ်းကြည့်
မိတယ်။ သူ့အသိ တစ်ယောက်ချင်းစီက
နေ ဘေဘီလုံ တွေအကြောင်း သတိပေး
ရမယ်။ ပြတင်းဘောင်ကနေ လူအုပ်ရှည်
ကြီးကို တွေ့တယ်။ လူအားလုံးဟာ ဘုရား
ကျောင်းကို ဦးတည်ပြီး လာနေခဲ့တာ။မာသာ
ထိတ်လန့်လာတယ်။လူအုပ် တန်းရှည်ကြီး
ရဲ့ အရှေ့ဘက်မှာ ဘေဘီလုံ မိန်းမငယ်လေး
တွေ အများကြီးပဲ။လူအုပ်ကြီးဘုရားကျောင်း နံရံကို ထိမိတဲ့အခါ လူအားလုံး မတ်တပ်ရပ်
နေရာက နေလဲ ကျပြိုလဲ ကုန်တယ်။
ဘုရားကျောင်းဟာမွန်မြတ် တဲ့နေရာသာ
ဖြစ်တယ်။ ကောင်းကင်မှာ တိမ်မဲတွေ ဖုံးလွှမ်းသွားတယ်။ လေခပ်ပြင်းပြင်း တိုက်တယ်။ ဘေဘီလုံ မိန်းမငယ်လေးတွေ
လေနဲ့ အတူ ငှက်မွှေးတောင်တွေ လိုလွင့်စင်
ပါသွားကြတယ်။ သူတို့ တစ်မြို့လုံး လည်း
ပျက်စီး ပြီး ကျန်ခဲ့တယ်။ လူတွေ လည်း ဝိညာဉ် မရှိကြတော့ဘူး။

နောက်တစ်နေ့မနက်ခင်းမှာ မာသာရဲ့ သူငယ်ချင်းဆီက သတင်းကြား ရတယ်။ သူငယ်ချင်း ကပြောတယ်။
"ဝမ်းသာစရာပဲ" တဲ့ "ငါတို့ မြို့ကလေးမှာ ရှေးဖြစ်ဟော တမန်တော် လေး တွေ ရောက်လာကြတယ်"။

"သူတို့ဟာ သေးသေးကလေး တွေနဲ့ သိပ်
ပြီး ချစ်စရာ ကောင်းတယ်"

မာသာ ရဲ့ လက်ထဲ ကဖုန်းခွက်ပြုတ်ကျ သွားတယ်။ပြီးနောက်ဘုရားသခင်ရှေ့မှောက်မှာ ဝတ်ပြု ဆုတောင်း နေခဲ့တယ်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား