အရက်သောက်သူ
အရက်သောက်သူဟာ အရက်အပြင် ဝိုင်
အချိုကိုပါနှစ်သက်တယ်။အများနဲ့ဆို ဝိုင်
မျိုးစုံ သီးနှံတွေနဲ့ ကော့တေးစပ် သောက်လေ့
ရှိတယ်၊တစ်ယောက်တည်းဆိုတဲ့ အသိနဲ့
လည်းသူ့မှာ အားငယ်စိတ်မရှိ တစ်ယောက်
တည်းအိမ်မှာ ပုလင်းတစ်လုံးနဲ့အလုပ်
ရှုပ်နေတက်တယ်။ စုံလင်လှတဲ့အမြည်း
တွေထဲ ငါးရှဥ့်ခြောက်စပ် ကြော်နဲ့ မြေပဲလှော်ကိုသူအကြိုက်ဆုံးပဲ ။
တစ်ယောက်တည်း အရက်သောက်ရင်း
မနက်အိပ်ယာက နိုးလာတဲ့အခါ
မအီမသာ လေဟာနယ်ခြားနေ သလို
ကိုးလို့ကန့်လန့် ကြီးခံစားနေရပြီး
သူ့ ခြေထောက်နှစ်ခုက ပူးကပ်နေတယ်။
မှန်ရှေ့ ရပ်ရင်း ကြည့်မိတဲ့အခါ
သူဟာ ဗိုက်ပူ နေပြီး ဆလင်ဒါ ပုံစံ အဝမှာ ပွင့်နေတဲ့ အစိမ်းရောင် အရက်ပုလင်း တစ်လုံးဖြစ် နေ တာတွေ့ ရတယ်။
ခလုတ်တစ်ခုကို နှိပ်လိုက်ရင်း သူ့ကိုယ်သူ
ပြန် သောက်လိုက်တယ်။
ဂလု....ချို မြိန်ပေစွ..။
ဒိုဒို
26.6.2017
အချိုကိုပါနှစ်သက်တယ်။အများနဲ့ဆို ဝိုင်
မျိုးစုံ သီးနှံတွေနဲ့ ကော့တေးစပ် သောက်လေ့
ရှိတယ်၊တစ်ယောက်တည်းဆိုတဲ့ အသိနဲ့
လည်းသူ့မှာ အားငယ်စိတ်မရှိ တစ်ယောက်
တည်းအိမ်မှာ ပုလင်းတစ်လုံးနဲ့အလုပ်
ရှုပ်နေတက်တယ်။ စုံလင်လှတဲ့အမြည်း
တွေထဲ ငါးရှဥ့်ခြောက်စပ် ကြော်နဲ့ မြေပဲလှော်ကိုသူအကြိုက်ဆုံးပဲ ။
တစ်ယောက်တည်း အရက်သောက်ရင်း
မနက်အိပ်ယာက နိုးလာတဲ့အခါ
မအီမသာ လေဟာနယ်ခြားနေ သလို
ကိုးလို့ကန့်လန့် ကြီးခံစားနေရပြီး
သူ့ ခြေထောက်နှစ်ခုက ပူးကပ်နေတယ်။
မှန်ရှေ့ ရပ်ရင်း ကြည့်မိတဲ့အခါ
သူဟာ ဗိုက်ပူ နေပြီး ဆလင်ဒါ ပုံစံ အဝမှာ ပွင့်နေတဲ့ အစိမ်းရောင် အရက်ပုလင်း တစ်လုံးဖြစ် နေ တာတွေ့ ရတယ်။
ခလုတ်တစ်ခုကို နှိပ်လိုက်ရင်း သူ့ကိုယ်သူ
ပြန် သောက်လိုက်တယ်။
ဂလု....ချို မြိန်ပေစွ..။
ဒိုဒို
26.6.2017
Comments
Post a Comment