မှန်

မှန်ထဲက သူမကိုယ် သူမ ကြည့်ရင်း
အမှန်လား
အမှားလား ဆုံးဖြတ်တယ်
"မှန်" ဆိုတဲ့အတိုင်း မှန်ရင် ကောင်းမှာပေါ့
သူမ အခုဖြစ်နေတာက
အမှန်လား အမှားလား ခွဲခြားမရတဲ့
ကြားအခြေနေတစ်ခု ပါ
"မှန်"ထဲက သူမကို ကြည့်ရင် မြင်ရတယ်
ဒါဆို "မှား" ကိုကြည့်ရင်ရော
သူမ ကိုယ် သူမ ပြန်မြင်ရနိုင်လောက်လား

မှန်ထဲက သူမနဲ့
အပြင်က သူမရဲ့ ကြားက ချစ်ခြင်းဟာ
ခွဲခြားမရတဲ့ အတွက်
သူမ အစားအသောက်ပျက်လာတယ်
မှန်ထဲက တစ်ယောက်ကို ပိုပိုချစ်လာခဲ့ပြီး
သူမ မှာ စားလည်းဒီစိတ် သွားလည်းဒီစိတ်
အဆုံးမှာ မှန်ထဲက တစ်ယောက်ကို
သူမ လက်ထပ်လိုက်တယ်
သူမဟာ သူမချစ်တဲ့သူကို
သွားလေရာနေရာ တိုင်း
ခေါ်သွားလေ့ ရှိတယ်
မှန်က "မှန်တာလား "
သူမက "မှန်တာလား "
တစ်မြို့လုံး တွေးလို့ မရခဲ့

ဒိုဒို
16.12.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား