ဆူဆိုက်လုပ်သွားတဲ့ လင်းနို့
လင်းနို့တစ်ကောင်ဟာ သူ့ဖြစ်တည်မှု အပေါ်
စိတ်ဓာတ် အကြီးအကျယ် ကျလို့နေတယ်။
သူဟာ လင်းနို့လား ကြွက်လားမသဲကွဲတဲ့
ကြွက်ကို အတောင် တက်ထားတဲ့ ဖြစ်တည်
မှု မျိုးပဲ။ တစ်ခါတစ်ခါ သူ့ဆီကဂျပိုးတွေ
လည်း ပါလာတက်သလို ကလေးတစ်ချို့
လည်း သူ့ကို ကြောက်ကြတယ်။ သရဲနဲ့
နတ်ဆိုး ပုံပြင်တွေမှာ သူဟာ မပါမဖြစ် ဇာတ်လိုက် တစ်ကောင် ဖြစ်ခဲ့။
လမိုက်ညမှာလင်းနို့တစ်ကောင် ထုတ်တမ်းပေါ်မှာ ဆူဆိုက်လုပ်ခဲ့တယ်။
လင်းနို့တစ်ကောင် ဆူဆိုက်လုပ်ခဲ့တယ် သူ့ကိုယ်သူ တွဲလောင်းကျလျက် အနေအထား....။
ဒိုဒို

Comments
Post a Comment