ငါးဖမ်းလှေ

သူတို့တွေ အဲ့ဒီ အိမ်ပေါ်မှာပဲ ငါးဖမ်းထွက်
ကြတယ်။ အဲ့ဒီ အိမ်ပေါ်မှာ ပဲ အမဲလိုက်
ကြတယ်။ ဘယ်သူသိနိုင်မလဲ ထောင်ပေါင်း
များစွာသော လူတွေဟာ သစ်သားလှေ က
လေးပေါ်က အိမ်ကလေးထဲ အခန်းငယ်တစ်
ခုစီ မှာ ပုံးအောင်းနေကြ ရတယ်ဆိုတာ။

ခြေသံကြားတယ်။
အိမ်ရှင် ပြန်လာပြီ ဖြစ်တယ်
အသံမထွက်အောင် နေ
နံရံက လျို့ ဝှက် ပန်းချီကားတွေ ထဲ ပြုတ်မကျအောင် သတိနဲ့ လျှောက်။
စိတ္တဇ လင်မယားဟာ လူတွေ လိုက်ရှာ နေကြပြီ ဖြစ်တယ်။

မနက်က ဖမ်းခံလိုက်ရတဲ့ တစ်ယောက်ကို လှမ်းတွေ့လိုက်ပါရဲ့။
ခွေးတစ်ကောင်ရဲ့ အသွင်အပြင်နဲ့ ဝက်နှာ
ခေါင်းတပ်လို့ လူတစ်ယောက်လို လမ်း
လျှောက်နေနိုင်တဲ့ အမျိုးအမည် ခံမှန်းရ
ခက်တဲ့ သတ္တဝါ။ သူတို့တွေမှာ ချောင်တစ်
ချောင်မှာ ထိုင်ရင်း အသက်တောင် မရှူ ရဲ။

ရှေ့မှာ ခွေးတူဝက်တူ မျောက်တူ ဖျံတူ အ
ကောင်တွေ စမ်းသပ်ထားကြပြီး ဖြစ်တယ်

ခပ်ဝေးဝေး က ကြည့်ရင်တော့ သာမန်
အေးချမ်း တိတ်​ဆိတ်​ လှတဲ့
ငါးဖမ်းလှေ ကလေးပါပဲ။

ဒိုဒို
18.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား