တနင်္ဂ​နွေ ပန်းသီးနှင့် အမျိုးသားများ

အမျိုးသားတစ်ယောက် ကို ဖက်လှဲတကင်း စ
ကားပြောဆို နေမိတယ်။ ဘာကြောင့် ဒီနေ
ရာမှာ ရင်းရင်းနှီးနှီး စကားပြောဆို နေမိတာ
လည်း ကျွန်မ တွေးမရခဲ့ဘူး။တွေးမရခဲ့တာ
လား ကျွန်မကိုယ်၌က ရှေ့ဆက်အကြောင်း
အရာတွေ တွေးဖို့ဝန်လေးနေခဲ့တာလား။
တနင်္ဂ​နွေ ဟာ ကြောက်မက်ဖွယ် ကောင်းလှ
တယ်။တကယ်တမ်း ရင်းနှီးခဲ့တယ်ဆိုခဲ့ရင် လည်းကြောက်စိတ်ဟာ လည်ပင်းဝမှာ ဘာကြောင့်မကြာခဏ တစ်စို့်လာရတာလဲ။
သူ့ကို ဒီအတိုင်းလေးငေးကြည့်နေမိပါတယ်
မကြာသေးတဲ့ နာရီပိုင်းအချိန်ကကျွန်မချစ်
သူနဲ့တွေ့ခဲ့သေးတယ်။ ခုဘာကြောင့် ကျွန်မ
ဖြစ်တည်မှုဟာ နီယွန်ညရဲ့ မီးအလင်းရောင်
အောက် ကော်ဖီဆိုင်မှာ သူစိမ်းယော်ျားတစ်
ယောက်နဲ့ ထိုင်စကားပြောနေရတာလဲ။
လက်ဖက်ရည် ကို နှစ်သက်ရဲ့လားလို့ သူမေး လာတယ်။ကျွန်မ သောက်ခဲ့ဖူးသမျှ
လက်ဖက်ရည် ထဲမှာ အရသာအကောင်းဆုံး
လက်ဖက်ရည်ပါပဲ ။ဒါဟာ လက်ဖက်ရည်
ဆိုင်တစ်ခုလား ။ ဒါမှမဟုတ်​ အခြားနေရာ
တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အိမ်တစ်အိမ်
ကို အလည်သွားသလိုမျိုး စိတ်ကခံစားရလာ
တယ်။ ကျွန်မလက်ဖက်ရည် များစွာသောက်
ဖူးပါတယ်။ လတ်တလော မှ စကားပြောရင်း
သိကျွမ်းရင်းနှီးသွားတဲ့ လတ်​လတ်​ဆတ်​ဆတ်​ အသိမိတ်ဆွေ တွေနဲ့ပေါ့။ကျွန်မ လက်ထဲက လက်ဖက်ရည်ခွက်ဟာ သူကိုယ်
တိုင် ဖျော်ထားတာ ဖြစ်နိုင်ပါတယ်။ အဲ့သလို
မျိုးဆိုရင် ကျွန်မဟာ သူဖျော်တဲ့လက်ဖက်
ရည်ကို အရင်သောက်တယ်။ ပြီးတော့မှ ခင်
သွားကြတာ ။ ခင်တယ်လည်း တထစ်ချ ပြော
လို့မရပြန်ဘူး ။ အကြောက်တရားတစ်ချို့
ဟာ လည်ချောင်းမှာ ခုတ်မောင်းနေဆဲ လေ
ကျွန်မမသိတဲ့ စိတ်ရဲ့အမှောင်ခြမ်း တစ်ချို့
မှာ အလင်းအခြမ်းက တားမြစ်ပေမယ့်လည်း
ကျွန်မ သူ့အကြောင်းနက်နက်နဲနဲ သိချင်
မိသေးတယ်။ကျွန်မ တို့သာမန်လူတွေလို
နာမည်​ ၊နေရပ်လိပ်စာ၊ အလုပ်​အကိုင်
စသည်ဖြင့် ပြောသင့်လှပါတယ်။ ကျွန်မ
ဟာ ဘာကြောင့် စိတ်ရဲ့သိမ်ငယ်မှုသေးသေး
လေးတွေကို တစ်ခုချင်းဖွင့်ဟနေခဲ့ တာလဲ။သူစိမ်းယော်ျားတစ်ယောက်အပေါ် ဘယ်
လောက်ရာခိုင်နှုန်းလောက်ထိ ယုံကြည်နေ
ခဲ့လဲ။ အနီရွှမ်းရွှမ်း ပန်းသီးတစ်လုံးကို ကျွန်မ သူ့ဆီက လက်ဆောင်ရလိုက်တယ်။ တကယ်တော့ ချက်​ချင်း ကိုက်စားလိုက်စေ
ချင် ပုံပေါ်တယ်။ ဘာကြောင့်မှန်းမသိ ပန်းသီးကို ထိုင်ရာကနေမတ်တပ်ရပ်ပြီး တ
ရိုတသေ လှမ်းယူလိုက်မိတယ်။ မတ်တပ်ရပ်နေရင်း ကပန်းသီးကိုထိမိသွား
တဲ့အခါ များစွာသော အတွေးတွေစိတ်ထဲမှာ တန်းဆီဝင်လာတာပါပဲ။ Fairytale တွေ သတိရလာတယ်။ မနှင်းဖြူပုံပြင်အတိုင်းတွေ
းကြည့်ရင်  ဒီပန်းသီးကို ကိုက်ကိုက်ချင်းပဲ
သတိလစ် မေ့မြောသွားလိမ့်မယ်။ကျွန်မ မျက်ခွံတွေလေးလံလာမယ်။ ခဏနေတော့ အားလုံးကိုမေ့သွားမယ်။မျက်ခွံတွေဟာ
Track ကားတစ်စီးလုံးကို သူတစ်ယောက်ထဲ
သယ်ပိုးထား ရပုံမျိုးနဲ့ လေးလံလာလိမ့်မှာ။ကြမ်းပြင်မှာထိုင်လျက်နဲ့ တဖြေးဖြေးအိပ်
ပျော်သွားလိမ့်မယ်။အဲ့ဒီနောက် ကျွန်မ လက်
ထဲက ပန်းသီးဟာ ကြမ်းပြင်ပေါ်ကို လိမ့်ထွက်သွားမယ်လို့ခံစားသိရှိလာမိတယ်။ အဲ့ဒီပန်းသီးဟာလေထဲမှာပဲ နှစ်ခြမ်းကွဲထွက်
သွားမယ်။ ကွဲထွက်သွားတဲ့တစ်ခြမ်းစီကနေ သစ်ကိုင်းတစ်ခုစီ လွတ်ထွက်လာမယ်။ အဲ့ဒီနောက်သစ်ကိုင်းတွေ ပေါင်းစည်း
သွားကြမယ်။ လှပတဲ့ အနက်ရောင် ပန်းသီး
ပန်းတစ်ပွင့် ပွင့်လာမယ်။ နောက်တော့ သစ်
ကိုင်းတွေဟာ ပိုကြီးမားလာမယ်။ခရမ်းရောင် နှင်းခဲတွေနောက်ကို သူတို့အ
ပြေးအလွှားလိုက်သွားကြမယ်။မနှင်းဖြူ ရဲ့
နားမှာ ယုန်တွင်းတွေ ပေါ်လာလိမ့်မယ်။ ယုန်ငါးကောင်ကတွင်းထဲကိုဝင်ချည်ထွက်ချည် ပြု လုပ်နေကြတယ်။ မနှင်းဖြူ ဟာ တဖြေး
ဖြေး ငိုက်မြည်းလာမယ်။ ယုန်တွေက ရုတ်
တရက် ဇက်ကျိုးသွားမယ်။ အဲ့ဒီနောက်ယုန်
တွေလည်ပင်းက သွားပေါက်ရာနှစ်ခုကို
အထင်အရှား တွေ့မြင်လာရမှာ။ ယုန်ငါး
ကောင်အနက် ဖြူ စွတ်နေတဲ့ ယုန်လေးဟာ
ကျွန်မတို့ အိမ်မှာ မွေးထားတဲ့ ယုန်လေးပါ။
မကြာသေးမီက ကျွန်မချစ်သူဆီက လက်
ဆောင်ရခဲ့တာပါ ။ဒီမတိုင်ခင်မှာ ကျွန်မမေ့
နေတဲ့ နာရီပိုင်းအချိန်က ကျွန်မဟာ ယုန်
ကလေးနောက်ကို လိုက်နေခဲ့တယ်။ ကျွန်မ
သိတယ်​ ။ ယုန်ဟာ ရှေးကျ ပြီးကြီးမားတဲ့
ခုရောက်နေတဲ့ အိမ်ကြီးထဲက ဝင်သွားခဲ့တာ
ထောင့်တစ်နေမှာ ယုန်ကလေးကိုတွေ့လိုက်
တော့ ဝမ်းသာအားရ အပြေးသွားခဲ့တာ မှတ်
မိ သေးတယ်။ကျွန်မ ပွေ့လိုက်ရင်ပဲ ယုန်က
လေးဟာ ဇက်ကျိုးနေတယ်။ လည်ပင်းမှာ
အပေါက်နှစ်ခုနဲ့ ။ကျွန်မ အိမ်ရှင်ဆီသွားခဲ့
တယ်။ပန်းသီးလှမ်းပေးတဲ့ လူရဲ့ ရှပ်အကျီင်္
ဖြူ ပေါ်မှာ သွေးစွန်းနေတာ တွေ့လိုက်ရ
တယ်။ နောက်တော့ ကျွန်မကို လက်ဖက်
ရည်ဖျော်ပေးနေရင်း အကျီင်္လဲလိုက်တယ်။
အတွေးတွေဟာ ရစ်မူးစေတဲ့ မှိုတစ်ချို့ကို
စားလိုက်ရသလိုမျိုး ပိုလို့ပီပြင်လာတယ်။ အတွေးတစ်ခုချင်းဟာ ကျွန်မရဲ့ရှေ့မှာ တိုး
တိုးပြီး အမှန်တကယ် ဖြစ်မှုနဲ့ နီးစပ်လာသ
လို မျိုးထင်လာရတယ်။ပန်းသီးကို စားလိုက်
ရင် အမှန်တကယ် အိပ်မောကျသွားပါ လိမ့်
မယ်။ သူ့ကို လှမ်းကြည့်မိတဲ့အခါ တွေတွေ
လေး ငေးနေတာတွေ့ရပါတယ်။ အတွေး
ထက် အကြောက်တရား က များစွာအရှေ့ကို
ပြေးထွက်သွားတယ်။ လက်ဖက်ရည် ခန်းထဲ
ကထွက်လာတယ်။ ပြေးနေရင်းသိလာရတာ
က အိမ်က အကျယ်ကြီးပဲ တကယ်ကို အ
ကျယ်ကြီး ။ တစ်ချိန်တည်း မှာ စိတ်ဓာတ်ကျ
လာရတယ်။ကျွန်မဟာ ဘယ်သောအခါမှ
ဒီအိမ်ထဲက လွတ်မြောက်နိုင်မယ် မထင်
တော့ဘူး။

သူ့ဆီက မလွတ်မြောက်နိုင်ဘူး။ ကျွန်မ ဟာ
ပြေးထွက်လာတာလား သူ့ဆီကိုပဲ ဦးတည်
ပြန်သွားနေခဲ့တာလား။ဒါမှမဟုတ်
ပြေးထွက်သွားရင်း မူလနေရာကို ပြန်ရောက်
လိုက် မျက်စိလည်နေတာမျိုးလည်း ဖြစ်မယ်
စင်္ကြန်လမ်း အရှည်ကြီးမှာ ဘယ်ဘက်ကို
ဦးတည်လို့ ထွက်ပြေးရမှန်း မသိပါဘူး။
ဦးတည်ရာမဲ့ ပြေးလွှားနေရင်းက မောဟိုက်
လာတယ်။ ခြေသံတစ်ချို့ ကြားတယ်။ သူအ
နောက်က လိုက်လာပြီထင်တယ်။ဘယ်နေ
ရာမှာရှိမှန်းမသိတဲ့ ခေါင်းလောင်းသံတွေ
က နားထဲမှာကျယ်ကျယ်လောင်လောင် တိုး
လာလိုက်ပြန်ပြေးထွက်သွားလိုက်နဲ့။
ခြေသံတွေနီးလာလေလေ ခေါင်းလောင်းသံ
တွေဟာ ပိုကျယ်လာလေလေပဲ ။ မတက်နိုင်
တဲ့အဆုံး နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ကာ
ပြီး သစ်သားကြမ်းပြင်ပေါ်ထိုင်နေမိတယ်။
ရပ်တန့်သွားတဲ့ ခြေသံတွေအဆုံးမှာ
အရှေ့မှာ ပြောင်လက်နေတဲ့ အမျိုးသားဝတ်
ဖိနပ်တစ်ရန်ကို တွေ့တယ်။ ခေါင်းလောင်း
သံတွေ ထပ်ကြားရတယ်။ ကျွန်မရှေ့မှာ
ပန်းသီးတွေ ပြုတ်ကျလာတယ်။ အနီရဲရဲ
ပန်းသီးတွေကို ငေးကြည့်နေ ရင်းက အသီး
တွေ မြေပြင်နဲ့ကပ်သွားတဲ့အခါ မြေကြီးထဲ
တိုးဝင် ပျောက်ကွယ်သွား ကြတယ်။ နောက်
တော့ သူက ပန်းသီးပင်ကခူးလို့ ပန်းသီးတစ်
လုံးလှမ်းပေးတယ်။ သူ့လက်ထဲက ပန်းသီး
ကို လှမ်းယူလိုက်ပြီးနောက် ပထမ တစ်ကို
က် ကိုက်လိုက်တယ်။ ပန်းသီးတွေ ကြွေနေ
တယ်။ မြေပေါ် ပျောက်ကွယ်သွားကြတယ်။
နောက်တော့ ပန်းသီးတွေဟာ လေထဲမှာပဲ
ရပ်တန့်သွားတယ်။ မြေပေါ် ပြန်ကျမလာ
တော့ဘူး။ အမြင်အာရုံ တွေမှေးမှိန်သွားတ
ယ်။ နောက်ဆုံး သတိရတာ ဟာ လက်သန်း
ကြွယ်ပေါ် တစ်ခုခုစွပ်ပေးလိုက်တာပဲ။ လက်စွပ်တစ်ကွင်း ဖြစ်နိုင်ပါတယ်။

နိုးလာတဲ့အခါ
အရင်ဆုံးမြင်ရတာက ကျွန်မလက်ထဲက
ဇတ်ကျိုးနေတဲ့ ယုန်တစ်ကောင် ဖြစ်ပြီး
ဘေးနားမှာရှိတဲ့လှောင်ချိုင့်ထဲမှာ ယုန်အသစ်
တစ်ကောင်ရှိနေ ပါတယ်။လက်သန်းကြွယ်
မှာ လက်စွပ်မောင်းကွင်း လေးကိုတွေ့တယ်။

အရှေ့တည့်တည့်မှာ ဘွားတို့အိမ်ကလေး
ရှိပါတယ်။ ဘွားခြံထဲက ပန်းသီးပင်အောက်
မှာ အိပ်ပျော်နေခဲ့တာလေ။

ဇက်ကျိုးနေတဲ့ ယုန်နဲ့ အသစ်ရောက်လာတဲ့
ယုန်တစ်ကောင်ရဲ့ အကြောင်းကိုတော့
ကျွန်မ မရှင်းပြတက်ဘူး

အဲ့ဒီနောက်မှာ
လက်ဖက်ရည် တွေကို
ပိုလို့ချစ်တက်လာခဲ့ ပါတယ်။

ဒိုဒို
5.11.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား