အမှောင်ထဲက သမင်ဦးခေါင်းနဲ့တစ်ယောက်
အမှောင်ထဲ မသွားနဲ့ကလေး ။ အမှောင်ထဲ
မှာ လူတစ်ယောက် ရှိတယ်။သူငယ်ငယ်
က ကြားဖူးတာတော့ အမှောင်ထဲမှာ
သရဲတွေရှိတယ်။ အမှောင်တွေကို သူ သိပ်ကြောက်တာပဲ လူကြီးဖြစ်လာတဲ့ အခါ အမှောင်ထဲကို အကြာကြီးငေးနေဖြစ်ခဲ့
တယ်။ အမှောင်ထဲမှာ အမှောင်ထဲမှာ သတ္တဝါဆန်းတစ်ကောင် ရှိနေတယ်။ အဲ့ဒါတွေ အမေ မသိဘူး။ ဘယ်သူမှ လည်းမသိဘူး။ အဲ့သတ္တဝါ ကြီးရောက်လာရင်ခေါင်းလောင်း
သံတွေ သူကြားရတယ်။ သတ္တဝါ ကြီးက ပြောပြသမျှ အကြောင်း အရာတွေက ထိတ်လန့်စရာအဖြစ်ပျက် တွေချည်း။ တစ်ခါတလေ တော့လည်း သတ္တဝါကြီး ဆီက စိတ်ဓာတ်ကျ နေတာတွေ ကြားရတယ်။ စိတ်ဓာတ်ကျလောက်တယ် လို့ သူတော့ထင် လောလောဆယ် တောင် သူ့ဦးခေါင်းဟာ သမင်ဦးခေါင်းအရိုးခွံကြီး နဲ့လေးလံနေတာ မဟုတ်လား။ဝတ်ရုံနက် ကြီးလည်း ဝတ်ထား
သေးတာကို။ တစ်ခါတလေတော့လည်း သူပျင်းလို့ထင်ပါရဲ့။သူ့ကမ္ဘာကို လာလည်ဖို့
ပြောတယ်။ဘယ်လိုလာလည်ရမလဲ မေးမိတဲ့
အခါသတ္တဝါကြီးက ဆေးလုံးနီတွေသောက်ဖို့
့ပြောတယ်။ သူ့တုံးကလည်း အဲ့သည်လိုပဲတဲ့ ဆေးလုံးသောက်လိုက်ရင်းတခြားကမ္ဘာကိုရောက်သွားတာပဲတဲ့။ပြောနေရင်းက သတ္တဝါ
ကြီးဟာ သူ့လက်ထဲကို ဆေးလုံးနီတွေ ထည့်ပေးနေတယ်။ဆေးလုံးနီ တွေက အိပ်
ဆေး တွေဆိုတာ သူသိတယ်။ ဆေးလုံးနီတွေ သောက်တာ များသွားလို့သေဆုံးသွားခဲ့ရင် သူဟာ ကိုယ့်ကိုကိုယ် သတ်သေ သူတစ်ယောက်
ဖြစ်လာ မှာလား။
သူ ဘာလုပ်ရမလဲ သူသောက်သင့်သလား။တွေးနေမိရင်း က သူ့နေစဉ်ဘဝ ကို မှတ်တမ်း
တင်ထားတဲ့ စားပွဲပေါ်က mp4 လေးကို ကြည့်ဖို
့သတိရတယ်။ video ထဲမှာ ခပ်မှိန်မှိန်အလင်း
ရောင်အောက်က သူ့မျက်နှာ၊အမှောင်ထုနဲ့ဆေး
လုံးနီတွေက လွဲလို့.
တခြားဘာမှသူမမြင်
လက်တစ်ဖက်ဖျန့်ထားရင်း သူနံရံကို ကြည့်လို့ စကားပြောနေရင်း က အခြား လက်တစ်ဖက်ကို သုံးပြီး ဖျန့်ထားတဲ့ လက်ထဲ ဆေးလုံးနီတွေ ထည့်နေခဲ့တာ။
အမှောင်ထဲက တစ်ယောက်ဟာ သူ ပဲ လား..။
ဒိုဒို
5.7.2017
Comments
Post a Comment