လက်ဖက်ရည်ဝိုင်း
လက်ဖက်ရည် ဝိုင်းတွေ သိပ်သဘောကျ။
နားထောင်တာထက် ခပ်အေးအေး ပတ်ဝန်းကျင် ကို ငေးကြည့်ရင်း
လက်ဖက်ရည် သောက်တာ မျိုးကို ပိုလို့နှစ်သက်တယ်။
သူ့ငယ်ချင်း အိမ်က ဖျော်တိုက်တဲ့ လက်ဖက်ရည်လည်း ကျွန်မနှစ်သက်
အိမ် ကအမေနှပ်ပေးတဲ့
လက်ဖက်ရည်လည်း နှစ်သက်တာပဲ။
ကော်ဖီတွေ ထက် လက်ဖက်ရည် ကို
ပိုလို့ နှစ်သက်မိ။
ယော်ျားလေးဆန်ခြင်း လည်း ဆန်ပေမှာပေါ့
တစ်ယောက်ထဲလည်း
လက်ဖက်ရည်သောက်နေဖြစ်တယ်။
ခု လည်း တစ်လမ်းကျော် က
သူငယ် ချင်းတစ်ယောက်ဆီမှာ
လက်ဖက်ရည်သောက်နေဖြစ်ရဲ့။
သူဖျော်တဲ့ လက်ဖက်ရည် က သိပ်ပြီး
ထူးခြားပြီး အရသာ ကရစ်မူးနေတာမျိုးပဲ။ သည်လိုနဲ့.ပဲ
နှစ်ခွက် သုံးခွက်လောက်ထိ ပုံပြင်တွေ
အကြောင်း ပြောနေရင်းသောက်ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ပုံပြင်ပြောနေရင်း ကယုန်သွေးတွေ
အကြောင်းပါ လာတယ်။
ယုန်သွေးတွေ တွေ့ ရင် သိပ်ဝမ်းနည်းတဲ့
အကြောင်းကျွန်မ သူ့ကိုပြောပြ မိတယ်။
သူ့ဆီ ကခပ်တိုးတိုး ရေရွတ်သံကြားရတယ်။
"အင်း မင်းအခု သောက်နေတာမျိုးပေါ့"တဲ့။
ဒိုဒို
Comments
Post a Comment