စွန်လွှတ်ခြင်း
လူတစ်ယောက်ဟာ
အလောင်းကောင် ပါးစပ်ထဲက
ကြိုးစ ကို ဆွဲထုတ်လိုက်တယ်
ဒီပရက်ရှင် တွေ အခွေလိုက်
ထွက်လာပြီးနောက်
အလောင်းကောင်ဟာ ပေါ့ပါးလာပြီး
လေထဲမှာ မျောနေတယ်
သူ ကြိုးဆွဲ ထုတ်လိုက်တဲ့
အလောင်းကောင်တွေ အများကြီး
လေထဲမှာ လွင့်မျောနေကြတယ်
ကြိုးစတွေကို ကိုင်ထားပြီး
လမ်းလျှောက်လာ လိုက်တာ
ကလေးတစ်ယောက် က
စွန်တစ်ကောင် လိုချင်တယ် ပြောတာနဲ့
သူလည်း ကြိုးစတစ်ခု ပေးလိုက်တယ်
ကလေးဟာ ကြိုးစကို ကိုင်လို့
ကောင်းကင်မှာ
အလောင်းကင်ကြီးကို လွှတ်နေဆဲ
အလောင်းကောင်ကြီးဟာ
တိမ်တွေကြားမှာ ပျံလို့
ကလေးကတော့ ကြိုးစကို ကိုင်ထားတယ်
စွန်လွှတ်နေတာသာ ဖြစ်တယ်။
ဒိုဒို
16.7.2014
အလောင်းကောင် ပါးစပ်ထဲက
ကြိုးစ ကို ဆွဲထုတ်လိုက်တယ်
ဒီပရက်ရှင် တွေ အခွေလိုက်
ထွက်လာပြီးနောက်
အလောင်းကောင်ဟာ ပေါ့ပါးလာပြီး
လေထဲမှာ မျောနေတယ်
သူ ကြိုးဆွဲ ထုတ်လိုက်တဲ့
အလောင်းကောင်တွေ အများကြီး
လေထဲမှာ လွင့်မျောနေကြတယ်
ကြိုးစတွေကို ကိုင်ထားပြီး
လမ်းလျှောက်လာ လိုက်တာ
ကလေးတစ်ယောက် က
စွန်တစ်ကောင် လိုချင်တယ် ပြောတာနဲ့
သူလည်း ကြိုးစတစ်ခု ပေးလိုက်တယ်
ကလေးဟာ ကြိုးစကို ကိုင်လို့
ကောင်းကင်မှာ
အလောင်းကင်ကြီးကို လွှတ်နေဆဲ
အလောင်းကောင်ကြီးဟာ
တိမ်တွေကြားမှာ ပျံလို့
ကလေးကတော့ ကြိုးစကို ကိုင်ထားတယ်
စွန်လွှတ်နေတာသာ ဖြစ်တယ်။
ဒိုဒို
16.7.2014
Comments
Post a Comment