ဝတ်ရုံဖြူနဲ့သူငယ်ချင်း
မျက်လုံးဝိုင်း လေးတွေနဲ့ ကလေးမလေးတစ်
ယောက်ဟာ နေ့တိုင်းအိမ်ရှေ့ခြံစည်းရိုး
နားက ခွေးတိုးပေါက်လေးရှေ့မှာ ခုံခင်းက
စားလေ့ရှိတယ်။သူမ ကစားနေတဲ့ အချိန်တွေဆို ခွေးတိုးပေါက် ကနေ ဝတ်ရုံဖြူ နဲ့ သူငယ်ချင်းတစ်ယောက်ဝင်လာနေကျ။ သူမတို့လိုကလေးတစ်ယောက်ရဲ့အရပ်သာရှိ
ပြီး အဖြူရောင် ပိတ်စကြီးကိုအမြဲအုပ်ထား
တက်တယ်။ ပိတ်စဖြူ ကြီးကြောင့်သူလာတဲ့
အချိန်တွေဆို အမြဲခွေးတွေအူနေတက်တာ
ပေါ့၊ ပိတ်စဖြူ ရဲ့အပေါက်နှစ်ခုကနေသူ
့မျက်လုံးဝိုင်းတွေကိုမြင်ရတယ်။ အတော်အတန် ကြီးမားတဲ့ မျက်လုံးတွေပဲ။ ပိတ်စဖြူ နဲ့တစ်ယောက်က ထူးထူးဆန်း
ဆန်းတွေ ကစားပြတက်တယ်။
ပိုးဟတ်တွေ ကျွတ်ကျွတ်ဝါးပြတယ်။အိမ်
မြှောင်တွေ ဖမ်းတယ်။ ပုတ်သင်ညို တွေကို
လေထဲ မြှောက်ပြတယ်။
ပြီးတော့ပြုတ်ကျလာတဲ့ ပုတ်သင်ညို ရဲ့ အောက်တည့်တည့်မှာ သွားရပ်။ မသိရင် တကယ်စားပြသလိုပဲ ဒါပေမယ့်သူမက
တော့ မျက်လှည့်လို့ပဲ ထင်တယ်။
ကစားဖို့ အိမ်ပြန်လာတဲ့အခါမွေးကင်းစ ညီမလေးကို တစ်ယောက်ယောက်က
ချီ ပိုးထားတာ တွေ့တယ်။ ပိတ်စဖြူ နဲ့
သူ့ငယ်ချင်း သူမ တို့ အိမ်မှာ ရောက်
နေပြီး ညီမလေးကို ချီထားတာဖြစ်တယ်။ကြည့်နေရင်းက ညီမလေး အနှီးမှာသွေးတွေ တဖြေးဖြေး များလာတယ် ။ဝတ်ရုံဖြူ သူငယ်ချင်း ဟာ ညီမလေးနဲ့ နီးနီးကပ်ကပ်ရှိနေ
တယ်။ သူမဒေါသတကြီး ဝတ်ရုံဖြူ ရဲ့ လည်ကုပ်ကို စောင့်ဆွဲလိုက်တယ်။
သူမလက်ထဲ ပိတ်ဖြူ စ တစ်စပါလာတယ်။
အထဲမှာတော့ တစ်ယောက်မှ ရှိမနေ......။
ဒိုဒို
27.6.2017

Comments
Post a Comment