နှင်းဆီဖြူတွေ မွေးမယ့်သူ
ယောက်ျားဖြစ်သူက ကိုယ်ဝန်အရင့်အမာနဲ့
မိန်းမဖြစ်သူကို မေးတယ်။ "ယောက်ျားလးနဲ့
မိန်းကလေး ဆို မင်းဘာကိုလိုချင်သလဲ"။
"ကျွန်မ ကတော့ နှင်းဆီတွေပဲ လိုချင်တယ်
ဟုတ်တယ် နှင်းဆီဖြူ ထောင်ပေါင်းများစွာ
မွေးလာ ဖို့ ကျွန်မမှာ ဆန္ဒရှိတယ်။"
"ရှင်သာ အမျိုးသမီးတစ်ယောက်ဖြစ်မယ်
ဆို ယုန်ဖြူ ဖြူ လေးတွေ မွေးမလာနိုင်ဖူးလို့
မပြော နိုင်ဘူးလေ"
ယောက်ျားဖြစ်သူဟာ ဒေါသထွက်စပြုလာတယ်
"မင်းပြောချင်တာက တံခါးနောက်ကွယ်က
တို့မွေးထားတဲ့ ယုန်မကြီးနဲ့ ငါကဖောက်ပြန်
နေတယ်လို့ ဆိုလိုတာလား"
"ငါသာ အမျိုးသမီး ဖြစ်ရင် ယုန်ဖြူ လေးတွေ
မွေးလာ မယ်လို့ ဆိုလိုချင်တာပေါ့လေ မင်း
ငါ့ကိုယ်ကျင့် သိက္ခာကို စော်ကားလှချည်လား"
"ရှင်လည်း ယုန်ဖြူ လေးတွေ မွေးချင်မယ် ထင်လို့ကျွန်မ ကနောက်လိုက်မိတာပါ။ "
ဒိုဒို
24.6.2017
#မောင်ဒေး အရုပ်လုပ်သူ ဟာ လွှမ်းမိုးမှုရှိ
နေဆဲ
မိန်းမဖြစ်သူကို မေးတယ်။ "ယောက်ျားလးနဲ့
မိန်းကလေး ဆို မင်းဘာကိုလိုချင်သလဲ"။
"ကျွန်မ ကတော့ နှင်းဆီတွေပဲ လိုချင်တယ်
ဟုတ်တယ် နှင်းဆီဖြူ ထောင်ပေါင်းများစွာ
မွေးလာ ဖို့ ကျွန်မမှာ ဆန္ဒရှိတယ်။"
"ရှင်သာ အမျိုးသမီးတစ်ယောက်ဖြစ်မယ်
ဆို ယုန်ဖြူ ဖြူ လေးတွေ မွေးမလာနိုင်ဖူးလို့
မပြော နိုင်ဘူးလေ"
ယောက်ျားဖြစ်သူဟာ ဒေါသထွက်စပြုလာတယ်
"မင်းပြောချင်တာက တံခါးနောက်ကွယ်က
တို့မွေးထားတဲ့ ယုန်မကြီးနဲ့ ငါကဖောက်ပြန်
နေတယ်လို့ ဆိုလိုတာလား"
"ငါသာ အမျိုးသမီး ဖြစ်ရင် ယုန်ဖြူ လေးတွေ
မွေးလာ မယ်လို့ ဆိုလိုချင်တာပေါ့လေ မင်း
ငါ့ကိုယ်ကျင့် သိက္ခာကို စော်ကားလှချည်လား"
"ရှင်လည်း ယုန်ဖြူ လေးတွေ မွေးချင်မယ် ထင်လို့ကျွန်မ ကနောက်လိုက်မိတာပါ။ "
ဒိုဒို
24.6.2017
#မောင်ဒေး အရုပ်လုပ်သူ ဟာ လွှမ်းမိုးမှုရှိ
နေဆဲ
Comments
Post a Comment