ခိုရာလိုင်း

ဆံပင်ဂုတ်ကွဲ ထားမယ်
ဘောင်းဘီရှည်နဲ့
ဒူးဖုံး အဝါရောင်ကုတ်အကျီင်္ ရှည် ဝတ်မယ်
ဘေးလွယ်အိတ် လွယ်မယ်

ဦးထုပ် ငိုက်စိုက် စောင်းမယ်
ဘယ်လိုအကြည့် မျိုး ဖြစ်ပါစေ
ရဲရဲဝင့်ဝင့် ပြန်ကြည့်မယ်

ငါဟာ ခိုရာလိုင်း ဖြစ်တယ်
လူအဖွဲ့အစည်းကို သောက်ရွဲ့တိုက်မယ့်
ခိုရာလိုင်း ဖြစ်တယ်

ရဲရင့်တဲ့ ခိုရာလိုင်းဖြစ်တယ်
အမှန်တရား ကို မြတ်နိုးသူ ဖြစ်တယ်
ဆူပုတ်ပုတ် ကောင်မလေး ဖြစ်တယ်

ဘယ်လို ဝိုင်ဘီမျိုး မဆို ကယ်တင်မဲ့သူ
ဖြစ်တယ်
မျက်လုံး ကြယ်သီး တပ်မဲ့ အဖြစ်တွေ
လက်မခံသူ ဖြစ်တယ်

ငါတို့ကမ္ဘာဟာ
ကာတွန်းထဲမှာ တင်မဟုတ်
ဒီဘက်ခေတ်မှာပါ
ကြယ်သီး တပ်ဖို့ ကြိုးစားနေကြပြီ

ငါတို့ အမှန်တရား ကို မြင်ဖို့ လိုတယ်
ငြိမ်းချမ်းမှု ကို မြတ်နိုးဖို့ လိုတယ်

စဉ်းစားတက် ဖို့ လိုတယ်
အရောင်ပြောင်းစ မျက်လုံးတွေကို
ကြယ်သီးတွေ မဖြစ်ခင်
ငါတို့ တားဆီးဖို့ လိုတယ်

ခိုရာလိုင်းတွေဟာ
မျက်လုံးကြယ်သီး မဖြစ်ခင် တားဆီးကြပါ
ဒါမှ ကမ္ဘာဟာ ပျော်စရာ ကောင်းပါလိမ့်မယ်

ငါတို့ အားလုံးရဲရင့်ကြတာ ပေါ့
မကောင်းတဲ့ ဘက်မှာ ရဲရင့်တာမျိုး
မဟုတ်ဘူး ပေါ့
အမှန်တရား ဘက်မှာပေါ့
ခိုရာလိုင်း တွေပေါ့

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား