မိုးရွာထဲက စက္ကူလှေ
မိုးရွာနေတုန်း သူလမ်းမဆီငေးကြည့်မိတယ်
မလှမ်းမကမ်း မှာရေနုတ်မြောင်း တစ်ခု ရှိတယ်
အဖြူ အစိမ်းနဲ့ ကျောင်းသားတစ်ယောက်
မိုးကာအကျီင်္ တစ်ကားကားနဲ့
လက်ထဲမှာ လည်း စက္ကူ လှေကိုကိုင်လို့
သူ့ဘေးက ဖြတ်ပြေးလို့ နေတယ်။
သူအမြင်တွေ ဝေဝါးလာတယ်
မိုးစက်မိုးပေါက် တွေ
အရှိန်ပြင်းပြင်း အလုံးအရင်း ချီတက်လာနေတာ
သူရှေ့နားက မြောင်းဟာ သမုဒ္ဒရာ
ကလေး ဟာ ကောင်ကလေး ဟာ
ရေစီးနဲ့မမျောအောင်
့ကြိုးစား ထိန်းထားရတဲ့ပုံက
ပန်းချီကား တစ်ချပ်အလား
ရေစိုရွှဲ နေတဲ့ ပန်းချီကား တစ်ချပ်အလား။
စက္ကူ လှေ မျောသွားတယ်
လမ်းပေါ်က သမုဒ္ဒရာကြီးထဲ
ကလေးလည်း ရှေ့မြောင်းက
အံဝှက်ထဲ ရောက်သွားတယ်
ကလေးဆီ လက်လှမ်းလိုက်တယ်
ကြိုးစား ပြီး တက်လာခဲ့ပါကွယ်
အထဲက လက်က သူ့ကိုဆွဲချလို့
သူ အခုမြောင်းအံဝှက်ထဲမှာ
သူ့ကိုလည်း အပေါ်ကတစ်ယောက်ယောက်
လှမ်းဆွဲထားတယ်
သူမော့ ကြည့်မိတော့ စောစောက
ကျောင်းသား လေးပဲ။
ဒိုဒို
7.5.2017
မလှမ်းမကမ်း မှာရေနုတ်မြောင်း တစ်ခု ရှိတယ်
အဖြူ အစိမ်းနဲ့ ကျောင်းသားတစ်ယောက်
မိုးကာအကျီင်္ တစ်ကားကားနဲ့
လက်ထဲမှာ လည်း စက္ကူ လှေကိုကိုင်လို့
သူ့ဘေးက ဖြတ်ပြေးလို့ နေတယ်။
သူအမြင်တွေ ဝေဝါးလာတယ်
မိုးစက်မိုးပေါက် တွေ
အရှိန်ပြင်းပြင်း အလုံးအရင်း ချီတက်လာနေတာ
သူရှေ့နားက မြောင်းဟာ သမုဒ္ဒရာ
ကလေး ဟာ ကောင်ကလေး ဟာ
ရေစီးနဲ့မမျောအောင်
့ကြိုးစား ထိန်းထားရတဲ့ပုံက
ပန်းချီကား တစ်ချပ်အလား
ရေစိုရွှဲ နေတဲ့ ပန်းချီကား တစ်ချပ်အလား။
စက္ကူ လှေ မျောသွားတယ်
လမ်းပေါ်က သမုဒ္ဒရာကြီးထဲ
ကလေးလည်း ရှေ့မြောင်းက
အံဝှက်ထဲ ရောက်သွားတယ်
ကလေးဆီ လက်လှမ်းလိုက်တယ်
ကြိုးစား ပြီး တက်လာခဲ့ပါကွယ်
အထဲက လက်က သူ့ကိုဆွဲချလို့
သူ အခုမြောင်းအံဝှက်ထဲမှာ
သူ့ကိုလည်း အပေါ်ကတစ်ယောက်ယောက်
လှမ်းဆွဲထားတယ်
သူမော့ ကြည့်မိတော့ စောစောက
ကျောင်းသား လေးပဲ။
ဒိုဒို
7.5.2017
Comments
Post a Comment