ဘဲလေးဖိနပ်
ရေစီးနဲ့ မျောလာတဲ့ ဖိနပ်တွေတွေ့ဖူးကြလား
ညှီစို့စို့ အနံ့ သိပ်နံ့တာပဲ
အဲ့ဒီ ဖိနပ်ကိုပဲ
သူ့ဆီ က သူခိုးဈေး နဲ့ ဝယ်သွားကြတာလေ။
တီဗီအစဉ် တစ်ခုမှာတောင်
သူတွေ့ လိုက်ရသေး
သူ့ ဖိနပ်ကလေးက
သူများ ခြေထောက် ထက်မှာ သိပ်လှတာ
ပြီးတော့ သူမြတ်နိုးရတဲ့
ဘဲလေး ကချေသည်ဘဝ
အနောက်တိုင်း သံစဉ်နဲ့ သူမကဟန်
ဝှီးချဲပေါ်ကဘဝ ဟာ သူမကို မျက်ရည်ဝေ့စေတယ်
မျက်လုံး အိမ်ထဲ မျက်ရည်တွေပြည့်လာတယ်
တီဗီ ဖန်သားပြင်တစ်ခုလုံး သွေးနီ လွှမ်းသွားတယ်။
ခြေထောက်ပြတ် နှစ်ချောင်း ။
ခုတော့ လည်း ဖိနပ်ကလေး
သူ့ဆီ ပြန်ရောက်လာ တာပဲ
ဘဝရဲ့ အဆင်မပြေ မှုတွေမှာ
အမြဲ မမာတဲ့ အမေနဲ့
ဝှီးချဲ ပေါ်က သူ့ခြေထောက်တစ်စုံနဲ့
ချောင်းဆိုးသွေးပါ ညီမလေး လည်း ပါတယ်
သူ က ဖို့လိုအပ် လို့လာပြီ
သူ့လက်ထဲ မှာ ဘဲလေးဖိနပ်တစ်ရံလည်းရှိနေပြီ။
မြူ ခိုးဝေ တဲ့ ညရေးရေးမှာ
သူနဲ့ စတိတ်စင် တစ်ခုကြား လိုက်ကာပဲ ခြားရဲ့
ဘဲလေးဖိနပ်ကို စွတ်မိ ကတည်းက
ခြေထောက်ဟာ တီးလုံးသံနဲ့
အလိုလို ရွှေ့လျားနေတာ
မြောက်တက်သွား တဲ့ ညာဘက်ခြေထောက် ဆီ
သူစီးနှင်း လွင့်မျော လိုက်တယ်
လက်ခုပ်သံတွေ တဖြောင်းဖြောင်း
အမေ နဲ့ ညီမလေး အတွက် အဆင်ပြေစေခဲ့ပြီ
လက်ခုပ်မှုတ်သံ တရွှီးရွှီး နဲ့
ကချေသည် တယောက်ရဲ့ ညဟာ အတော်ခမ်းနား ခဲ့ပါရဲ့
ကကွက်တွေ တဖြေး ဖြေးမြန် လို့လာတယ်
သူထိန်းလို့ မရနိုင် အောင်ပဲ
သူ့မှာ အတော်ကြိုးစား လိုက်ကယူရတယ်
ဖိနပ်ကို ချွတ်သင့်သလား
သူ စဉ်းစားတဲ့အခါ
ကောင်းမွန်တဲ့ ခြေထောက်တွေနဲ့
နောက်ဆုံးကပွဲ ဆိုတာသတိရတယ်
ဘဲလေး ကချေသည်တစ်ယောက်ရဲ့ နေ့တွေ
လက်ခုပ်သံတွေ ဟာ
နောက်ဆုံး ပဲ ဖြစ်လိမ့်မယ်
တီးလုံး သံနဲ့ သူ လိုက်ပါ စီးမျောရင်း
ဆက် က နေခဲ့တယ်။
သူတို့ မြို့က ပန်းချီပြတိုက်မှာ
သူ ကဟန်ကို ရေးဆွဲထားတယ်။
အဲ့ဒီ ညက သူဟာ
အလုံးစုံသော စိတ်တွေနှစ်ထားရင်း
သံစဉ် အဆုံးအထိ ဆက်က နေခဲ့တယ်
သူခြေထောက်တွေ ပြတ်ထွက် သေဆုံးသွားသည် အထိ။
ဒိုဒို
ညှီစို့စို့ အနံ့ သိပ်နံ့တာပဲ
အဲ့ဒီ ဖိနပ်ကိုပဲ
သူ့ဆီ က သူခိုးဈေး နဲ့ ဝယ်သွားကြတာလေ။
တီဗီအစဉ် တစ်ခုမှာတောင်
သူတွေ့ လိုက်ရသေး
သူ့ ဖိနပ်ကလေးက
သူများ ခြေထောက် ထက်မှာ သိပ်လှတာ
ပြီးတော့ သူမြတ်နိုးရတဲ့
ဘဲလေး ကချေသည်ဘဝ
အနောက်တိုင်း သံစဉ်နဲ့ သူမကဟန်
ဝှီးချဲပေါ်ကဘဝ ဟာ သူမကို မျက်ရည်ဝေ့စေတယ်
မျက်လုံး အိမ်ထဲ မျက်ရည်တွေပြည့်လာတယ်
တီဗီ ဖန်သားပြင်တစ်ခုလုံး သွေးနီ လွှမ်းသွားတယ်။
ခြေထောက်ပြတ် နှစ်ချောင်း ။
ခုတော့ လည်း ဖိနပ်ကလေး
သူ့ဆီ ပြန်ရောက်လာ တာပဲ
ဘဝရဲ့ အဆင်မပြေ မှုတွေမှာ
အမြဲ မမာတဲ့ အမေနဲ့
ဝှီးချဲ ပေါ်က သူ့ခြေထောက်တစ်စုံနဲ့
ချောင်းဆိုးသွေးပါ ညီမလေး လည်း ပါတယ်
သူ က ဖို့လိုအပ် လို့လာပြီ
သူ့လက်ထဲ မှာ ဘဲလေးဖိနပ်တစ်ရံလည်းရှိနေပြီ။
မြူ ခိုးဝေ တဲ့ ညရေးရေးမှာ
သူနဲ့ စတိတ်စင် တစ်ခုကြား လိုက်ကာပဲ ခြားရဲ့
ဘဲလေးဖိနပ်ကို စွတ်မိ ကတည်းက
ခြေထောက်ဟာ တီးလုံးသံနဲ့
အလိုလို ရွှေ့လျားနေတာ
မြောက်တက်သွား တဲ့ ညာဘက်ခြေထောက် ဆီ
သူစီးနှင်း လွင့်မျော လိုက်တယ်
လက်ခုပ်သံတွေ တဖြောင်းဖြောင်း
အမေ နဲ့ ညီမလေး အတွက် အဆင်ပြေစေခဲ့ပြီ
လက်ခုပ်မှုတ်သံ တရွှီးရွှီး နဲ့
ကချေသည် တယောက်ရဲ့ ညဟာ အတော်ခမ်းနား ခဲ့ပါရဲ့
ကကွက်တွေ တဖြေး ဖြေးမြန် လို့လာတယ်
သူထိန်းလို့ မရနိုင် အောင်ပဲ
သူ့မှာ အတော်ကြိုးစား လိုက်ကယူရတယ်
ဖိနပ်ကို ချွတ်သင့်သလား
သူ စဉ်းစားတဲ့အခါ
ကောင်းမွန်တဲ့ ခြေထောက်တွေနဲ့
နောက်ဆုံးကပွဲ ဆိုတာသတိရတယ်
ဘဲလေး ကချေသည်တစ်ယောက်ရဲ့ နေ့တွေ
လက်ခုပ်သံတွေ ဟာ
နောက်ဆုံး ပဲ ဖြစ်လိမ့်မယ်
တီးလုံး သံနဲ့ သူ လိုက်ပါ စီးမျောရင်း
ဆက် က နေခဲ့တယ်။
သူတို့ မြို့က ပန်းချီပြတိုက်မှာ
သူ ကဟန်ကို ရေးဆွဲထားတယ်။
အဲ့ဒီ ညက သူဟာ
အလုံးစုံသော စိတ်တွေနှစ်ထားရင်း
သံစဉ် အဆုံးအထိ ဆက်က နေခဲ့တယ်
သူခြေထောက်တွေ ပြတ်ထွက် သေဆုံးသွားသည် အထိ။
ဒိုဒို
Comments
Post a Comment