ခေါင်းပြတ်မီးပုံး

ခပ်မှောင်မှောင် လမ်းတွေကြား ဖြတ်သွားရ
တဲ့ အခါ အနည်းနဲ့ အများတော့
အခြားကမ္ဘာက အငွေ့တန်းလေးတွေအကြောင်း
စဉ်းစား မိကြတယ် မဟုတ်လား ။
တစ်ချို့ ကစဉ်းစားမိကြသလို
တွေ့လည်း တွေ့ကြတယ်။
သူကတော့ အဲ့ဒီလို မတွေ့ဖူးပါဘူး
ရှေ့နားမှာ ဂျပန်မိသားစု နေတဲ့ အိမ်တစ်
လုံးရှိတယ်။ ဖြတ်သွားတိုင်းလည်း မီးပုံး
လေးတွေ နဲ့ သိပ်လှတာ။ ဒီနေ့တော့ တစ်
အိမ်လုံး တိတ်​ဆိတ်​ နေတယ်။ မီးတွေလည်း
ပိတ်လို့ လမ်းပေါ်မှာ မီးရောင်မတွေ့ရ။
တော်သေးတယ် သူ မိန်းမတစ်ယောက်တွေ့
လို့။ သူမက ဂျပန် ဝတ်စုံနဲ့ပါ ။လက်ထဲက
မီးပုံးလေးက လရဲ့အရောင်နဲ့ အတူ
ခပ်ဖျော့ဖျော့ လင်းလို့ နေတယ်။သူတို့
စကား ပြောဖြစ်ကြတယ်။ ဂျပန် လူမျိုးစု
တွေ ရဲ့ အကြောင်း ဂျပန်သရဲတွေက
အမျိုးအစား စုံလင်ကြတယ်။မိသားစု တစ်စု
မှာဆို မိန်းမကြီး တစ်ယောက် ဟာ ခေါင်း
ဖြတ် အသတ်ခံ ရတယ်တဲ့။သူဆက် သိချင်
သေးတယ်။ ဒါပေမယ့် မိန်းမကြီး နေတဲ့အိမ်
ရောက်ခဲ့ပြီ။ မိန်းမကြီးက မီးအိမ်ကလေး
လှမ်းပေးတယ်။တော်သေးပါရဲ့ ​မှောင်​မှောင်
မဲမဲ လမိုက်ညထဲ သူ့မှာ မီးပုံးလေး ရှိသေး
လို့။

"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ ငါက သိ
ချင်တာ သူက ဆက်မပြောသွားဘူး"သူ
ငြီး တွားရင်း ဆက်လမ်းလျှောက်တယ်။

မီးပုံးလေး ဆီက
အသံကြား ရတယ်။

"ပြတ်သွားတဲ့ ခေါင်းကို ဦးနှောက်တွေထုပ်
အခြောက်လှန်ပြီး ရေနံ့ဆီထည့်လို့
ဂျပန် မီးပုံး ကလေးလုပ်ခဲ့တယ်
မောင်ရင့် လက်ထဲကဟာ က နမူနာ မီးပုံးကလေးပေါ့"

သူကြောက်လန့်တကြား အဝေးကို လွှင့်ပစ်လိုက်တယ်။

 ခဏကြာတော့ ဂျပန်မီးပုံး ခေါင်းပျက်ကြီး
သူ့နောက်က လိုက်လာတယ်။
ပြီးတော့ခေါင်းပြတ်ကြီးသစ်ပင်ပေါ် တက်သွားတယ်။

သစ်ပင်ပေါ်ကနေ မီးပုံးခေါင်းပြတ်ကြီး သူ့လက်ထဲ ကို အရှိန်
ပြင်းပြင်း နဲ့ရောက်လာတယ်

ခေါင်းပြတ်ကြီး ဆီက

"ဒီ မီးအိမ်ကလေး ဆိုရင်တော့ သဘောကျမယ်ထင်ပါတယ်"

သူ့ မျက်နှာနဲ့ဦးခေါင်းပြတ် မီးပုံးကြီး

အခု သူ့လက်ထဲမှာ။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား