အစားပုတ်သူတွေ
မြို့တစ်မြို့ မှာ အစားပုတ်သူတွေရှိကြတယ်။
သူတို့ဟာ သူတို့မြို့မှာ ဘယ်လို မုန့်ဆိုင်ပဲ
ဖွင့်ဖွ့င့် မစားပဲ မနေနိုင်ကြဘူးတဲ့။တစ်နေ့
သူတို့မြို့မှာ ထူးဆန်းတဲ့ အနီရောင် မုန့်ဆိုင်
တစ်ခု ဖွင့်တယ်။ သူတို့ဟာ မုန့်စားဖို့ ဆိုင်
ရှေ့မှာ တန်းစီ စောင့်နေခဲ့ကြတယ်။ ဆိုင်အဝင်ဝမှာ ဓာတ်ပုံ ရိုက်ကြရတယ်။
ဆိုင်ထဲဝင်တဲ့ အခါသူတို့ မျက်နှာပုံစံ မုန့်
လေးတွေ ဝယ်ကြရတယ်။ အိမ်ပြန်ရောက်
တဲ့ အခါ မျက်နှာ ပုံစံ မုန့်ကလေးတွေကို
ဆိုင်က ဝယ်လာတဲ့ ကော်ဖီအေး တွေနဲ့
တွဲ သောက်ကြတာပေါ့။ကောင်လေး တစ်
ယောက်ကတော့မုန့်ကလေးရဲ့မျက်လုံးပိုင်းကနေစ စားတယ်။ ဝယ်လာတဲ့ ကော်ဖီ အေး
သောက်တယ်။သူ့ ရဲ့မျက်လုံး တစ်ဖက်
မရှိတော့ သလိုခံစားရတယ် ။ဒါပေမယ့် အရသာ က အခြားအရာတွေနဲ့ မတူပဲ
ထူးခြား ထူးခြားကောင်းမွန်နေတယ် တဲ့။
နားရွက်အပိုင်းကို သူဆက်စားတယ်။ သူ့ဆီမှာ နားရွက် တစ်ဖက် လပ်နေသလို ခံစားရတယ် ။ အားလုံးနီးပါး သူဆက်စား
ပြီးနောက် မျက်လုံးတစ်ဖက် ပဲ ကျန်ခဲ့တော့
တယ်။ကော်ဖီအေး ထပ်သောက်တဲ့အခါ
လည်ချောင်း တစ်လျှောက် ထူးဆန်းတဲ့
အရသာ ကို ခံစားရတယ်။ သူသောက်ခဲ့
တဲ့ အရည်တွေက ပျစ်စေစေး သွေးတွေ။
ဒိုဒို
(တကယ်တော့ ခေါင်းစဉ်ကို
စောင်စားပုတ်သူများလို့ ပေးချင်ခဲ့တာ။😁)
15.6.2017

Comments
Post a Comment