ဘိုင်ပိုလာရေဒီယို နှင့် လာဗန်ဒါပန်းများ
တစ်ခါက မြို့ လေးတစ်မြို့ မှာ ခပ်ဆိုးဆိုး
ကောင်မလေး တစ်ယောက်ရှိတယ်။သူမဟာ
အရက်သောက်တက်တယ်။ ဆေးလိပ်
သောက်တက် တယ်။မတရားခံ ရတဲ့ သူတွေ
ဘက်က တစ်ခါတစ်ရံ ရန်ဖြစ်ပေး တက်ပါ
တယ်။စိတ်ထားမကောင်းတဲ့ လူကြီးသူမ
တွေ ဆိုလည်း ထူးပြီး နှုတ်ဆက်မနေ တက်
တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ တစ်နေ့မှာ သူပလက်ဖောင်း ပေါ်မှာထိုင်
ဝင်တော့ မယ့်နေမင်းကို ကြည့်ရင်း ဖွင့်
ထားတဲ့ နားကျပ်ရဲ့ သီချင်းကို နားထောင်ရင်း
ဆေးလိပ် တစ်လိပ်ဖွာနေခဲ့တယ်။
သူမဟာ သတိမထားမိပဲ ဆေးလိပ်ကို အချိန်
ကြာကြီး တစ်ရှိုက်မက်မက် ဖွာနေခဲ့ မိတယ်
ဆေးလိပ်မီးခိုး ငွေ့တွေက နဂါးတစ်ကောင်
နဲ့ တူလာတယ်။သူမကြည့်နေရင်းက မီးခိုး
ရောင်နဂါး လေးဟာ သူမဘေးက ပျံထွက်
သွားတယ်။ သူမလည်း အမှုမဲ့ အမှတ်မဲ့ နေ
ရင်း အိမ်ပြန်လာခဲ့တယ်။
နောက်တစ်နေ့ မနက်မြို့ကလေးမှာ သတင်း
တွေ ပျံ့နေတာ သူမကြားရတယ်။ မြို့ရဲ့ တစ်
ခြမ်းဟာ မီးခိုးရောင် နဂါးတစ်ကောင် ကြောင့် ပြာကျ သွားခဲ့တယ် တဲ့။
ဝမ်းနည်းအားနာ နေမိရင်း
မြစ်ကမ်းနဘေး မှာ သူမထိုင်နေ ခဲ့တယ်
ဆေးလိပ်သောက်နေရင်း သူမ မနက်က
ခူးလာခဲ့တဲ့ လာဗန်ဒါပန်း တွေကို သတိရ
တယ်။ ဝင်တော့မယ့် နေမိကိုကြည့်ရင်း
ဆေးလိပ်ဖွာရင်း ပန်းရနံ့ကို လည်းရှူ ရိုက်
နေခဲ့တယ်။ သူမဟာ ခပ်ဆိုးဆိုး ကောင်မ
လေးပါပဲ။
ဒီတစ်ချိန်မှာ သူမအသေအချာ မြင်ရပါတယ်
ခရမ်းရောင် နဂါးတစ်ကောင် ဆေးလိပ်
ငွေ့တွေ ထဲက အသေအချာ ပျံထွက်သွား
ခဲ့တာ။ သူမ နဂါးလေးနောက်ကို တဖြေးဖြေး
ချင်း လိုက်ခဲ့တယ်။
နဂါးလေးက မြို့ရဲ့ အေးချမ်းတိတ်ဆိတ် ရာ
နေရာကို ဦးတည်သွားနေတယ်။ နဂါးလေး
သွားနေတဲ့ နေရာမှာ ဘုရားကျောင်းရှိတယ်
သူတို့ မြို့လေးရဲ့ နာရီစင်ရှိတယ်။ရေဖွား
ဖွား ကျနေတဲ့ ရုပ်ထုနားက ကောင်းကင်မှာ
ခရုပတ် ပုံစံ ပျံ သန်းနေတယ်။
နဂါးလေးက ကောင်းကင်က နေမီးနဲ့
လှမ်းမှုတ်တယ်။ သူမကလေ မီးနဲ့ မမှုတ်
ဘူး ထင်ခဲ့တာ။ သူမထင်ခဲ့တာ မှန်ပါတယ်
နဂါးလေး အာခေါင်တွင်းက မီးတွေထွက်
လာတာ မဟုတ်ပဲ လာဗန်ဒါတွေ အုံလိုက်
ကျင်းလိုက် အရှိန်နဲ့ မြေကြီးပေါ် ဆင်းလာ
လိုက်ကြတာ။ တစ်လောကလုံး လည်း
မွှေးကြိုင်လို့။ တစ်မြို့လုံး လည်း ပျော်နေကြ
တယ်။
လာဗန်ဒါ ပန်းမိုးတွေ ကြား သူမကခုန်နေ
ရင်း နံဘေးက ကတဲ့ လူတွေကို သတိထား
မိလာတယ်။ သူတို့ တဖြေးဖြေး နှေးကွေး
လာကြတယ်။ လေးလံလာ ကြတယ်
တစ်ယောက်ပြီး တစ်ယောက် အိပ်ပျော်သွား
ကုန်ကြတာ နောက်ဆုံး တစ်မြို့လုံးမှာ သူ
မတစ်ယောက် ထဲပဲ ကခုန်နေတဲ့ လူရှိတယ်
အားလုံးဟာ အိပ်မောကျ နေခဲ့ ကြပါပြီ
နဂါးလေးဟာ ဆေးလိပ်ထဲ ပြန်ဝင်သွားတယ်။
နောင်ဘဝမှာ နဂါးဟာ စိတ္တဇ ဆေးရုံမှာ
ဘိုင်ပိုလာ ရောဂါခံစားနေရတဲ့ ရောဂါ
သညိ ဖြစ်လာပြီး မိန်းကလေး ကတော့
အခန်းဖော်ရေဒီ ယိုလေး အဖြစ်ပြန်ဝင်စား
တယ်။
ဒိုဒို
ကောင်မလေး တစ်ယောက်ရှိတယ်။သူမဟာ
အရက်သောက်တက်တယ်။ ဆေးလိပ်
သောက်တက် တယ်။မတရားခံ ရတဲ့ သူတွေ
ဘက်က တစ်ခါတစ်ရံ ရန်ဖြစ်ပေး တက်ပါ
တယ်။စိတ်ထားမကောင်းတဲ့ လူကြီးသူမ
တွေ ဆိုလည်း ထူးပြီး နှုတ်ဆက်မနေ တက်
တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ တစ်နေ့မှာ သူပလက်ဖောင်း ပေါ်မှာထိုင်
ဝင်တော့ မယ့်နေမင်းကို ကြည့်ရင်း ဖွင့်
ထားတဲ့ နားကျပ်ရဲ့ သီချင်းကို နားထောင်ရင်း
ဆေးလိပ် တစ်လိပ်ဖွာနေခဲ့တယ်။
သူမဟာ သတိမထားမိပဲ ဆေးလိပ်ကို အချိန်
ကြာကြီး တစ်ရှိုက်မက်မက် ဖွာနေခဲ့ မိတယ်
ဆေးလိပ်မီးခိုး ငွေ့တွေက နဂါးတစ်ကောင်
နဲ့ တူလာတယ်။သူမကြည့်နေရင်းက မီးခိုး
ရောင်နဂါး လေးဟာ သူမဘေးက ပျံထွက်
သွားတယ်။ သူမလည်း အမှုမဲ့ အမှတ်မဲ့ နေ
ရင်း အိမ်ပြန်လာခဲ့တယ်။
နောက်တစ်နေ့ မနက်မြို့ကလေးမှာ သတင်း
တွေ ပျံ့နေတာ သူမကြားရတယ်။ မြို့ရဲ့ တစ်
ခြမ်းဟာ မီးခိုးရောင် နဂါးတစ်ကောင် ကြောင့် ပြာကျ သွားခဲ့တယ် တဲ့။
ဝမ်းနည်းအားနာ နေမိရင်း
မြစ်ကမ်းနဘေး မှာ သူမထိုင်နေ ခဲ့တယ်
ဆေးလိပ်သောက်နေရင်း သူမ မနက်က
ခူးလာခဲ့တဲ့ လာဗန်ဒါပန်း တွေကို သတိရ
တယ်။ ဝင်တော့မယ့် နေမိကိုကြည့်ရင်း
ဆေးလိပ်ဖွာရင်း ပန်းရနံ့ကို လည်းရှူ ရိုက်
နေခဲ့တယ်။ သူမဟာ ခပ်ဆိုးဆိုး ကောင်မ
လေးပါပဲ။
ဒီတစ်ချိန်မှာ သူမအသေအချာ မြင်ရပါတယ်
ခရမ်းရောင် နဂါးတစ်ကောင် ဆေးလိပ်
ငွေ့တွေ ထဲက အသေအချာ ပျံထွက်သွား
ခဲ့တာ။ သူမ နဂါးလေးနောက်ကို တဖြေးဖြေး
ချင်း လိုက်ခဲ့တယ်။
နဂါးလေးက မြို့ရဲ့ အေးချမ်းတိတ်ဆိတ် ရာ
နေရာကို ဦးတည်သွားနေတယ်။ နဂါးလေး
သွားနေတဲ့ နေရာမှာ ဘုရားကျောင်းရှိတယ်
သူတို့ မြို့လေးရဲ့ နာရီစင်ရှိတယ်။ရေဖွား
ဖွား ကျနေတဲ့ ရုပ်ထုနားက ကောင်းကင်မှာ
ခရုပတ် ပုံစံ ပျံ သန်းနေတယ်။
နဂါးလေးက ကောင်းကင်က နေမီးနဲ့
လှမ်းမှုတ်တယ်။ သူမကလေ မီးနဲ့ မမှုတ်
ဘူး ထင်ခဲ့တာ။ သူမထင်ခဲ့တာ မှန်ပါတယ်
နဂါးလေး အာခေါင်တွင်းက မီးတွေထွက်
လာတာ မဟုတ်ပဲ လာဗန်ဒါတွေ အုံလိုက်
ကျင်းလိုက် အရှိန်နဲ့ မြေကြီးပေါ် ဆင်းလာ
လိုက်ကြတာ။ တစ်လောကလုံး လည်း
မွှေးကြိုင်လို့။ တစ်မြို့လုံး လည်း ပျော်နေကြ
တယ်။
လာဗန်ဒါ ပန်းမိုးတွေ ကြား သူမကခုန်နေ
ရင်း နံဘေးက ကတဲ့ လူတွေကို သတိထား
မိလာတယ်။ သူတို့ တဖြေးဖြေး နှေးကွေး
လာကြတယ်။ လေးလံလာ ကြတယ်
တစ်ယောက်ပြီး တစ်ယောက် အိပ်ပျော်သွား
ကုန်ကြတာ နောက်ဆုံး တစ်မြို့လုံးမှာ သူ
မတစ်ယောက် ထဲပဲ ကခုန်နေတဲ့ လူရှိတယ်
အားလုံးဟာ အိပ်မောကျ နေခဲ့ ကြပါပြီ
နဂါးလေးဟာ ဆေးလိပ်ထဲ ပြန်ဝင်သွားတယ်။
နောင်ဘဝမှာ နဂါးဟာ စိတ္တဇ ဆေးရုံမှာ
ဘိုင်ပိုလာ ရောဂါခံစားနေရတဲ့ ရောဂါ
သညိ ဖြစ်လာပြီး မိန်းကလေး ကတော့
အခန်းဖော်ရေဒီ ယိုလေး အဖြစ်ပြန်ဝင်စား
တယ်။
ဒိုဒို
Comments
Post a Comment