အရုပ်တိုင်းပြည်

အံ့ဖွယ် ညတစ်ညမှာ
လူတွေဟာ အသက်ရှင်လျက်
အရုပ်တွေ ဖြစ်လာကြတယ်
အရုပ်တွေက တော့ အသက်ရှင်လာကြတယ်

အရုပ်တွေ အသက်ရှင်လာတဲ့အခါ
လူတွေဟာ
ခေါင်းတွေ ဖြုတ်ခံရမယ်
ခြေထောက် တွေ အဖြုတ်ခံရမယ်
လက်တွေဖြုတ် တာလည်း ခံရမယ်

တို့တစ်တွေ ချစ်ခင်ရသူတွေရဲ့ ဦးခေါင်းတွေဟာ
သူတို့လက်ထဲမှာ
တွဲလောင်း မျောပါလို့

စနေနေ့ ညရဲ့ ညစာစားပွဲ ဝတ်စုံ ဝတ်လို့

အရုပ်တွေ နှစ်သက်ရာ အဝတ်စား ဝတ်ရ
အရုပ်တွေ ဆီမှာ အလုပ်ကြမ်း လုပ်ကြရ

အရုပ်တွေဟာ တို့တွေကို
အသက်အန္တရယ်ပြု ဖို့

တစ်ခန်းဝင် တစ်ခန်းထွက်
လိုက်ရှာနေကြတယ်

အရုပ် တပ်မတော် အင်အားများလာတယ်
တို့တစ်တွေ အခန်းထောင့်မှာ
အသက်တောင် မရှူ ရဲ

အရုပ်တွေ အင်အားကောင်းလာတဲ့အခါ
တစ်ခါက မောက်မာခဲ့တဲ့ လူတွေဟာ
မျက်ရည်ကျဖို့သာ
တက်နိုင်ကြတော့တယ်

ဒိုဒို
19.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား