နှင်းဆီပြုံး
သုံးခါနမ်းမှ ပွင့်မဲ့ ပန်းတစ်ပွင့်ရှိတယ်။ ပန်းကလေးဟာ အိုဟောင်းနေတဲ့ ဥယာဉ်ကလေးရဲ့ ရေမွှားလေးတွေ နားမှာ
ပေါက်တယ်။တစ်နေ့မှာ မိန်းကလေးတစ်
ယောက် ရောက်လာပြီး ပန်းကလေးကို ငုပ်နမ်း လိုက်တယ်။ပန်းပွင့်ဖြူ လေးဟာ သူ
မ ရဲ့ အိပ်မက်ထဲမှာ ကြိမ်ဖန်များစွာ စိုးမိုးနေ
ခဲ့တာ။အိပ်မက်ထဲမှာ ပန်းကလေးက သူမကို
အားပေးစကား ပြောတယ်။ မြောက်မြားစွာ
သော ပုံပြင်တွေ အိပ်မက်ထဲမှာ ပြောဖြစ်ခဲ့
ကြရဲ့။ပန်းကလေးကို နမ်းနေရင်းက ခါတိုင်း
မြင်နေကျ အလင်းရောင်တွေ မမြင်ရတော့ဘူး
အရှေ့က အမှောင်ထုထဲ ခေါင်းလောင်းသံ
လေးတွေကြားတယ်။ ပန်းကလေး ရဲ့နူးညံစွာ
ရယ်မော နေတဲ့အသံတွေ သူမရှေ့က ပန်းက
လေးဟာ မမြင်နိုင်တဲ့ အမှောင်ထု တစ်နေရာ
ကတေးဆိုနေပါတယ်။ နှင်းဆီဖြူ ရဲ့ နှစ်လို
ဖွယ် မွှေးရနံတွေ ပွင့်ဖတ်ကလေးတွေကို အ
မှောင်ထုကြားက အနမ်းပေးလိုက်ပါရဲ့ကွယ်။
ဒုတိယ တစ်ခါ အနမ်းလက်ဆောင် ပေးခြင်းပါ
သူမနားက ချောင်းရေစီးသံ တဝေါဝေါနဲ့ကြား
ရတယ်။ ခပ်ဝေးဝေးမှာ ခေါင်းလောင်းထိုးသံ
နဲ့ အရင်က ကြားခဲ့ဖူးတဲ့ မြို့နေလူတန်းစား
တွေရဲ့ ပုံမှန် သွားလာ လှုပ်ရှားနေသံတွေ။
နှုတ်ဆက်ပါတယ် ကွယ် နောက်ဆုံးကြိမ်ပေါ့
ပွင့်ဖတ်တွေ ကြား တိုးကပ်သွားရင်း က နှုတ်
ခမ်းတစ်ဝက်မှာ သွေးတွေ စိုစွတ်လာတယ်။
တစ်မူထူးခြားတဲ့ ဖြစ်စဉ်တစ်ခု အရှေ့မှာ ဖြစ်
နေသလိုပဲ။သူမကို တစ်ယောက်ယောက်
ငေးကြည့် နေတယ်။ အဲ့ဒီတစ်ယောက်ဆီက
ပဲ နှင်းဆီပန်းရနံ့ ရတယ်။ခပ်ဝေးဝေးက လူ
တစ်ယောက်က နှင်းဆီနံ့တွေ ရှိတဲ့နေရာကို
ရည်ရွယ်ပြီး ပြောတယ်"သူမ နဲ့ နန်းတော်က
ပက်သက် ပိုင်ဆိုင်မှု တွေ နှစ်ခုထဲက တစ်ခု
ကို ရွေးချယ် ရမှာ ဖြစ်တယ်တဲ့"။ သူမ လက်
ဖဝါး ပေါ်မှာ နှင်းဆီနံ့တွေ ရှပ်ပြေးသွားတယ်
ပွင့်ဖတ် တစ်ခု သူမလက်ပေါ် ကြွေကျသလို
မျိုး လေ။သူမလေ အခုဆို မိုးကုပ်စက်ဝိုင်းနဲ့
သဘာဝ ပတ်ဝန်းကျင် တွေကို မြင်နိုင်ပြီ
ခပ်ဝေးဝေးမှာ သက်တန့်တစ်ခု ဖြာကျ နေရဲ့။
အရှေ့ဘက် ဆီက နန်းတော် မြို့ရိုးတွေ တ
ဖြေး ဖြေး အုတ်ချပ်တွေ ကွာကျကုန်တယ်။
နန်းတော် တစ်ခု လုံးမြေကြီးထဲ တဖြေးဖြေး
တိမ်မြုပ် ပျောက်ကွယ် ။သူမ ရှေ့မှာ ခုဆို
လူတစ်ယောက် ရပ်နေတယ်။ သူပြုံးတယ်
အဲ့ဒီ အပြုံးကို သူမနာမည် တပ်တယ်
"နှင်းဆီပြုံး"ပဲ။နှင်းဆီ ရနံ့တွေ လည်း ရနေ
လေရဲ့ ..။လေ အဝှေ့မှာ သူမလည်း ပြုံး ဖြစ်
ခဲ့တယ် သူ့လိုမျိုး နှင်းဆီပြုံး တော့ မဟုတ်ချေ။
ဒိုဒို
26.6.2017
ပေါက်တယ်။တစ်နေ့မှာ မိန်းကလေးတစ်
ယောက် ရောက်လာပြီး ပန်းကလေးကို ငုပ်နမ်း လိုက်တယ်။ပန်းပွင့်ဖြူ လေးဟာ သူ
မ ရဲ့ အိပ်မက်ထဲမှာ ကြိမ်ဖန်များစွာ စိုးမိုးနေ
ခဲ့တာ။အိပ်မက်ထဲမှာ ပန်းကလေးက သူမကို
အားပေးစကား ပြောတယ်။ မြောက်မြားစွာ
သော ပုံပြင်တွေ အိပ်မက်ထဲမှာ ပြောဖြစ်ခဲ့
ကြရဲ့။ပန်းကလေးကို နမ်းနေရင်းက ခါတိုင်း
မြင်နေကျ အလင်းရောင်တွေ မမြင်ရတော့ဘူး
အရှေ့က အမှောင်ထုထဲ ခေါင်းလောင်းသံ
လေးတွေကြားတယ်။ ပန်းကလေး ရဲ့နူးညံစွာ
ရယ်မော နေတဲ့အသံတွေ သူမရှေ့က ပန်းက
လေးဟာ မမြင်နိုင်တဲ့ အမှောင်ထု တစ်နေရာ
ကတေးဆိုနေပါတယ်။ နှင်းဆီဖြူ ရဲ့ နှစ်လို
ဖွယ် မွှေးရနံတွေ ပွင့်ဖတ်ကလေးတွေကို အ
မှောင်ထုကြားက အနမ်းပေးလိုက်ပါရဲ့ကွယ်။
ဒုတိယ တစ်ခါ အနမ်းလက်ဆောင် ပေးခြင်းပါ
သူမနားက ချောင်းရေစီးသံ တဝေါဝေါနဲ့ကြား
ရတယ်။ ခပ်ဝေးဝေးမှာ ခေါင်းလောင်းထိုးသံ
နဲ့ အရင်က ကြားခဲ့ဖူးတဲ့ မြို့နေလူတန်းစား
တွေရဲ့ ပုံမှန် သွားလာ လှုပ်ရှားနေသံတွေ။
နှုတ်ဆက်ပါတယ် ကွယ် နောက်ဆုံးကြိမ်ပေါ့
ပွင့်ဖတ်တွေ ကြား တိုးကပ်သွားရင်း က နှုတ်
ခမ်းတစ်ဝက်မှာ သွေးတွေ စိုစွတ်လာတယ်။
တစ်မူထူးခြားတဲ့ ဖြစ်စဉ်တစ်ခု အရှေ့မှာ ဖြစ်
နေသလိုပဲ။သူမကို တစ်ယောက်ယောက်
ငေးကြည့် နေတယ်။ အဲ့ဒီတစ်ယောက်ဆီက
ပဲ နှင်းဆီပန်းရနံ့ ရတယ်။ခပ်ဝေးဝေးက လူ
တစ်ယောက်က နှင်းဆီနံ့တွေ ရှိတဲ့နေရာကို
ရည်ရွယ်ပြီး ပြောတယ်"သူမ နဲ့ နန်းတော်က
ပက်သက် ပိုင်ဆိုင်မှု တွေ နှစ်ခုထဲက တစ်ခု
ကို ရွေးချယ် ရမှာ ဖြစ်တယ်တဲ့"။ သူမ လက်
ဖဝါး ပေါ်မှာ နှင်းဆီနံ့တွေ ရှပ်ပြေးသွားတယ်
ပွင့်ဖတ် တစ်ခု သူမလက်ပေါ် ကြွေကျသလို
မျိုး လေ။သူမလေ အခုဆို မိုးကုပ်စက်ဝိုင်းနဲ့
သဘာဝ ပတ်ဝန်းကျင် တွေကို မြင်နိုင်ပြီ
ခပ်ဝေးဝေးမှာ သက်တန့်တစ်ခု ဖြာကျ နေရဲ့။
အရှေ့ဘက် ဆီက နန်းတော် မြို့ရိုးတွေ တ
ဖြေး ဖြေး အုတ်ချပ်တွေ ကွာကျကုန်တယ်။
နန်းတော် တစ်ခု လုံးမြေကြီးထဲ တဖြေးဖြေး
တိမ်မြုပ် ပျောက်ကွယ် ။သူမ ရှေ့မှာ ခုဆို
လူတစ်ယောက် ရပ်နေတယ်။ သူပြုံးတယ်
အဲ့ဒီ အပြုံးကို သူမနာမည် တပ်တယ်
"နှင်းဆီပြုံး"ပဲ။နှင်းဆီ ရနံ့တွေ လည်း ရနေ
လေရဲ့ ..။လေ အဝှေ့မှာ သူမလည်း ပြုံး ဖြစ်
ခဲ့တယ် သူ့လိုမျိုး နှင်းဆီပြုံး တော့ မဟုတ်ချေ။
ဒိုဒို
26.6.2017
Comments
Post a Comment