ကြောက်စရာ ကောင်းတဲ့ တနင်္ဂနွေ
တနင်္ဂနွေ တွေဟာ တကယ်ကို စိတ်ပျက်
ငြီးငွေ့စရာ ပဲ။ ကျွန်မက Wonderland
တွေက ချစ်တယ်။ fairyတွေကို ချစ်တယ်။
Horror movie တွေလည်း သဘောကျပါ
တယ်။ပြောရင် ရှင်ယုံမလား မသိဘူး
Horror ရပြီး ထူးဆန်းရောဂါတစ်ခုနဲ့ သစ်
ရွက်တစ်ခုလို ဖြုတ်ခနဲ ကြွေလွင့်သွားလိုက်
ပြီး ပူဖောင်းကလေးတစ်လုံးလို လေအဝှေ့
မှာ မျောပါရင်း ဖောက်ခနဲ ပေါက်သွားဖို့
မျှော်လင့်နေ ကြသူတွေ အမှန်တကယ် ရှိ
ခဲ့တယ်။ ကျွန်မရောက်နေတဲ့ စူပါမက်ကက်
မှာ တစ်မူထူးခြားတာ ဘာဆိုဘာမှ ရှိမနေပါ
ဘူး။ကုန်ပစ္စည်းတန်း တစ်နေရာမှာတော့
မြေပဲ တွေတစ်ယောက် အငမ်းမရစားနေ
တယ်။ ဒါဟာ ခိုးစားတာပေါ့ CCTV ကသူ့ကို
ဖမ်းမိ မှာပေါ့ ကျွန်မ အလုပ်လည်း မဟုတ်
ဘူးပေါ့။ ကျွန်မ အဲ့သည်လို တွေးလိုက်တာ
ပဲ။မပြီးပြတ်သွားတဲ့ ပြသနာတွေ ရှိခဲ့တယ်
အောက်ချင်းငှက်ဖိုဟာ အသိုက်တစ်ခုခု
ပျက်သွားတာနဲ့ ငှက်မကိုသတ်လိုက်တာမျိုး
သူ့ကိုယ်တိုင်လည်း suicide လိုက်သွားတာ
မျိုး။ suicide လုပ်သွားတဲ့ ငှက်ဖိုဟာ အဖန်
ငါးရာ ငါးကမ္ဘာခံ ရမှာလား?။ လူတွေအ
တွက် သီးသန့်လုပ်ထားတဲ့ ဥပဒေဆိုလည်း
ထားတော့ ကိုယ်တို့လူတွေဟာ ငှက်တွေ
လောက်တောင် ဖြုတ်ခနဲ ကြွေလွင့်သွားဖို့
ရာ အတားအဆီးကြီးတွေ နဲ့ပါလား။ရှင့်အဲ့သည်လိုတွေ တွေးဖူးလား။
တွေးခဲ့ဖူးရင်တနင်္ဂနွေ တွေဟာ အမှန်
ခြောက်ခြား စရာကောင်းလာပါ လိမ့်မယ်။နောက်တစ်ချက်က ငှက်မမှာ ရှင်းပြခွင့် မရှိတော့ဘူးလား။ငှက်မ အတွက် second chance ဆိုတာ မရှိတော့ဘူးလား။ ကမ္ဘာကြီးက သိပ်ရက်စက်ရာ မကျဘူးလား။ ရက်စက်တယိဆိုတာထက် ကျွန်မရှေ့
နားက လူတစ်ယောက်ကို ကျွန်မ ပိုကြောက်
လာခဲ့တယ်။ မြေပဲ စားနေတဲ့ သူက
တဖြေးဖြေး ကြီးထွားလာပြီး ဘီလူးကြီးနဲ့ တူလာတယ်။ သူကအမြင်အာရုံ တော့
ကောင်းပုံ မရဘူး။ အနံ့ခံ ကောင်းတဲ့ ပုံပေါ်
တယ်။သူ နှာခေါငိးတရှုံ့ရှုံ့နဲ့ ဘာကို အနံ့ခံ
နေတာ လဲ။ သွားပြီ သူသွားပြီ
ကျွန်မနဲ့ သုံးပေကျော်အကွာက သိပိ
ကြောက်နေတဲ့ ဆိုင်ဝန်ထမ်း မလေးဆီ။
သူဟာ အမြင်အာရုံ ချိုတဲ့ အတွက် အကြောက်တရား ကို အနံ့ခံပြီး အမဲလိုကိ
တာလား။ သူဘာလုပ် မှာလည်း လူတွေ
ကို မကောင်းတာ တစ်ခုခုဖြစ်စေမှာ တော့
သေချာတယ်။သူ ဝန်ထမ်းအစ်မ ရဲ့
လက်ကို ဝှေ့ရမ်းလိုက်တယ်။
လေထဲမှာ သုံးပတ်လောက် လည်သွားပြီး
အဲ့အစ်မဆီက ဝိညာဉ်လို အခိုးအငွေ့တွေ
တထောင်းထောင်း ထွက်လာတယ်။ ပြီးတော့အဲ့ဒီ မီးခိုးရောင် မကျ အမဲရောင်
မကျ အငွေ့တွေကို သူ့ပါစပ်ထဲ ထည့်လိုက်
တယ်။ ပါးစပ်အကျယ်ကြီးဟပြီး သူယူလာ
တာ ၂ပိသာတန် မြေပဲ အိတ်ကြီးကို ပါး
စပ်နား တေ့ထားလိုက်တယ်။ ပါးစပ်ထဲ
ကို မြေပဲတွေ "ဂလောက်ဂလောက်"မြည်
ပြီး ဝငိသွားတယ် ။ ထိတ်လန့်တကြားအော်
နေတဲ့ လူတွေ အများကြီးပဲ။ သူ သူတို့ဆီ
သွားနေတယ်။ ကြမ်းပြင်ပေါ်မှာ သူစားပြီး
သား လူတွေရဲ့ ပျော့အိဖတ်ပြီး လေထွကိ
သွားလို့ ကျန်ခဲ့တဲ့ ပူဖောင်းတွေလို ပျော့
တွဲတွဲ ရုပ်အလောင်းတွေ။ သူ ကျွန်မကို
သုံးပေ အကွာက လှမ်းကြည့်တယ်။ သူ
ကျွန်မကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် ဝိုးတ
ဝါးပါ သူဟာ စူပါမက်ကက်က လက်တွန်း
လှဲ ကိုယူပြီး မြေပဲအိတ်နဲ့ ဝိုင်အချို တစ်ချို့.ကို
ယူလို့ အပြင်ဘက်ကို ထွက်သွားတယ်။
ရှင်တို့သိလား
ကြောက်စရာ ကောင်းတယ် ဆိုတဲ့ အရာကို
ကြောက်စရာ မကောင်းပါဘူးလို့
ကြိုးစား နေရတာ ကိုက
ကြောက်စရာ ကောင်းနေပြီ ဆိုတာ
သူ ဦးတည်သွားနေတဲ့ လမ်းမှာ
အဖြူ အစိမ်း တွေ ရှိတယ်
အလံတိုင်တွေ ရှိတယ်
ကလေးတွေ မကြောက်ကြပါစေနဲ့လို့
ဆုတောင်းရင်း
ကျွန်မ ရဲ့ တနင်္ဂနွေ ဟာ
အမှန်တကယ်
ကြောက်စရာကောင်း ခဲ့ပါကြောင်း.
ဒိုဒို
ငြီးငွေ့စရာ ပဲ။ ကျွန်မက Wonderland
တွေက ချစ်တယ်။ fairyတွေကို ချစ်တယ်။
Horror movie တွေလည်း သဘောကျပါ
တယ်။ပြောရင် ရှင်ယုံမလား မသိဘူး
Horror ရပြီး ထူးဆန်းရောဂါတစ်ခုနဲ့ သစ်
ရွက်တစ်ခုလို ဖြုတ်ခနဲ ကြွေလွင့်သွားလိုက်
ပြီး ပူဖောင်းကလေးတစ်လုံးလို လေအဝှေ့
မှာ မျောပါရင်း ဖောက်ခနဲ ပေါက်သွားဖို့
မျှော်လင့်နေ ကြသူတွေ အမှန်တကယ် ရှိ
ခဲ့တယ်။ ကျွန်မရောက်နေတဲ့ စူပါမက်ကက်
မှာ တစ်မူထူးခြားတာ ဘာဆိုဘာမှ ရှိမနေပါ
ဘူး။ကုန်ပစ္စည်းတန်း တစ်နေရာမှာတော့
မြေပဲ တွေတစ်ယောက် အငမ်းမရစားနေ
တယ်။ ဒါဟာ ခိုးစားတာပေါ့ CCTV ကသူ့ကို
ဖမ်းမိ မှာပေါ့ ကျွန်မ အလုပ်လည်း မဟုတ်
ဘူးပေါ့။ ကျွန်မ အဲ့သည်လို တွေးလိုက်တာ
ပဲ။မပြီးပြတ်သွားတဲ့ ပြသနာတွေ ရှိခဲ့တယ်
အောက်ချင်းငှက်ဖိုဟာ အသိုက်တစ်ခုခု
ပျက်သွားတာနဲ့ ငှက်မကိုသတ်လိုက်တာမျိုး
သူ့ကိုယ်တိုင်လည်း suicide လိုက်သွားတာ
မျိုး။ suicide လုပ်သွားတဲ့ ငှက်ဖိုဟာ အဖန်
ငါးရာ ငါးကမ္ဘာခံ ရမှာလား?။ လူတွေအ
တွက် သီးသန့်လုပ်ထားတဲ့ ဥပဒေဆိုလည်း
ထားတော့ ကိုယ်တို့လူတွေဟာ ငှက်တွေ
လောက်တောင် ဖြုတ်ခနဲ ကြွေလွင့်သွားဖို့
ရာ အတားအဆီးကြီးတွေ နဲ့ပါလား။ရှင့်အဲ့သည်လိုတွေ တွေးဖူးလား။
တွေးခဲ့ဖူးရင်တနင်္ဂနွေ တွေဟာ အမှန်
ခြောက်ခြား စရာကောင်းလာပါ လိမ့်မယ်။နောက်တစ်ချက်က ငှက်မမှာ ရှင်းပြခွင့် မရှိတော့ဘူးလား။ငှက်မ အတွက် second chance ဆိုတာ မရှိတော့ဘူးလား။ ကမ္ဘာကြီးက သိပ်ရက်စက်ရာ မကျဘူးလား။ ရက်စက်တယိဆိုတာထက် ကျွန်မရှေ့
နားက လူတစ်ယောက်ကို ကျွန်မ ပိုကြောက်
လာခဲ့တယ်။ မြေပဲ စားနေတဲ့ သူက
တဖြေးဖြေး ကြီးထွားလာပြီး ဘီလူးကြီးနဲ့ တူလာတယ်။ သူကအမြင်အာရုံ တော့
ကောင်းပုံ မရဘူး။ အနံ့ခံ ကောင်းတဲ့ ပုံပေါ်
တယ်။သူ နှာခေါငိးတရှုံ့ရှုံ့နဲ့ ဘာကို အနံ့ခံ
နေတာ လဲ။ သွားပြီ သူသွားပြီ
ကျွန်မနဲ့ သုံးပေကျော်အကွာက သိပိ
ကြောက်နေတဲ့ ဆိုင်ဝန်ထမ်း မလေးဆီ။
သူဟာ အမြင်အာရုံ ချိုတဲ့ အတွက် အကြောက်တရား ကို အနံ့ခံပြီး အမဲလိုကိ
တာလား။ သူဘာလုပ် မှာလည်း လူတွေ
ကို မကောင်းတာ တစ်ခုခုဖြစ်စေမှာ တော့
သေချာတယ်။သူ ဝန်ထမ်းအစ်မ ရဲ့
လက်ကို ဝှေ့ရမ်းလိုက်တယ်။
လေထဲမှာ သုံးပတ်လောက် လည်သွားပြီး
အဲ့အစ်မဆီက ဝိညာဉ်လို အခိုးအငွေ့တွေ
တထောင်းထောင်း ထွက်လာတယ်။ ပြီးတော့အဲ့ဒီ မီးခိုးရောင် မကျ အမဲရောင်
မကျ အငွေ့တွေကို သူ့ပါစပ်ထဲ ထည့်လိုက်
တယ်။ ပါးစပ်အကျယ်ကြီးဟပြီး သူယူလာ
တာ ၂ပိသာတန် မြေပဲ အိတ်ကြီးကို ပါး
စပ်နား တေ့ထားလိုက်တယ်။ ပါးစပ်ထဲ
ကို မြေပဲတွေ "ဂလောက်ဂလောက်"မြည်
ပြီး ဝငိသွားတယ် ။ ထိတ်လန့်တကြားအော်
နေတဲ့ လူတွေ အများကြီးပဲ။ သူ သူတို့ဆီ
သွားနေတယ်။ ကြမ်းပြင်ပေါ်မှာ သူစားပြီး
သား လူတွေရဲ့ ပျော့အိဖတ်ပြီး လေထွကိ
သွားလို့ ကျန်ခဲ့တဲ့ ပူဖောင်းတွေလို ပျော့
တွဲတွဲ ရုပ်အလောင်းတွေ။ သူ ကျွန်မကို
သုံးပေ အကွာက လှမ်းကြည့်တယ်။ သူ
ကျွန်မကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် ဝိုးတ
ဝါးပါ သူဟာ စူပါမက်ကက်က လက်တွန်း
လှဲ ကိုယူပြီး မြေပဲအိတ်နဲ့ ဝိုင်အချို တစ်ချို့.ကို
ယူလို့ အပြင်ဘက်ကို ထွက်သွားတယ်။
ရှင်တို့သိလား
ကြောက်စရာ ကောင်းတယ် ဆိုတဲ့ အရာကို
ကြောက်စရာ မကောင်းပါဘူးလို့
ကြိုးစား နေရတာ ကိုက
ကြောက်စရာ ကောင်းနေပြီ ဆိုတာ
သူ ဦးတည်သွားနေတဲ့ လမ်းမှာ
အဖြူ အစိမ်း တွေ ရှိတယ်
အလံတိုင်တွေ ရှိတယ်
ကလေးတွေ မကြောက်ကြပါစေနဲ့လို့
ဆုတောင်းရင်း
ကျွန်မ ရဲ့ တနင်္ဂနွေ ဟာ
အမှန်တကယ်
ကြောက်စရာကောင်း ခဲ့ပါကြောင်း.
ဒိုဒို
Comments
Post a Comment