စကားလုံးဟင်းချို
မိန်းမတစ်ယောက် စဥ့်တီတုံးပေါ် ဘူးသီး
တင်ပြီး ပါးပါးလှီးနေတယ်။ ပြီးတော့ ရှေ့က
ဆူနေတဲ့ ရေနွေးအိုးကြီး ထဲထည့်တယ်
ယောက်ျားဖြစ်သူ ကဗိုက်ဆာနေတယ်။
သူ့ညာဘက်လက် နဲ့ ဦးနှောက်ကို နှိုက်ထုတ်
လိုက်တာ စာအုပ်တစ်အုပ်ထွက်လာတယ်။
မင်းဒါကို သင့်သလို စီစဉ် ကွာလို့ ပြောပြီး
မိန်းမဆီ လှမ်းပေးတယ် ။
မိန်းမကြီး စာဖတ်နေတယ်။
ရေနွေး အိုးက ပွက်ပွက်ဆူနေတယ်။
ဘုရားသခင် ဆိုပါ့လား
မိန်းမကြီးဟာ
ရေရွတ်ရင်း အဲ့ဒီ စကားလုံးကြီး ကို
အိုးထဲ ပစ်ထည့်လိုက်တယ်။
ယုံကြည်မှု တစ်လုံးထပ်တွေ့ပြန်တယ်
(သူအိုးထဲ ထည့်ပြန်တယ်)
ဘာသာရေးအန္တရယ်(အိုးထဲထပ်ထည့်တယ်)
နတ်ဆိုးတွေ အမှောင်ထဲက အရပ်ရှည်ရှည် သရဲတွေ(သူ အိုးထဲထည့်လိုက်တယ်)
ဒါတွေဟာ ကလေးတွေကို အဆိပ်သင့် စေတာတွေ ပဲ။
သူ စာအုပ်အဖုံးကို ကြည့်မိတော့
ဘာသာရေး ခွဲခြားတဲ့ စာအုပ် ဖြစ်လို့ နေတယ်
"ယော်ျားရှင် ဒီလို ချီးထုပ်တွေ လည်း ဖတ်တာပဲ လား"
စာအုပ် တစ်အုပ်လုံးကို ပစ်စလက်ခပ် ခါချပြီး စကားလုံး တွေ ဟင်းချို ထဲ ပစ်ထည့်
ပစ်လိုက်တယ်
ဟင်းချို ကျက်ပြီ စားကြရအောင် လေ
"ဖွီ..မင့် ဟင်းချို ကခါးလှချည့်လား"
ဒိုဒို
9.6.2017

Comments
Post a Comment