လွတ်လပ်ရေး ပြေးခုန် ဘီစကွက်စားပွဲ

သူမ ငယ်ငယ်က လွတ်​လပ်​​ရေး နေ့တွေထဲက တစ်ရက်မှာပေါ့။
အဲ့ဒီအချိန်ကကျောင်းမှာ ပြိုင်ပွဲတွေရှိခဲ့ ကျင်းပခဲ့ကြသေးတယ်။

ရိုးရိုးအေးအေး ခပ်မှိုင်းမှိုင်းနေတဲ့ အရပ်ရှည်ရှည်
ကလေးမလေးတစ်ယောက်ဟာကျောင်းရဲ့ အပြေးပြိုင်ပွဲမှာ ဝင်ပါခဲ့တယ် လေ။

တာထွက်ကနေစပြေးကြရတယ်။
ကလေးမလေး က အရပ်ရှည် ခြေတံရှည်ရှည်နဲ့ ဆိုတော့
ပန်းတိုင်နဲ့ အနီးဆုံးနေရာမှာရှိတဲ့ ဘီစကွတ်တွေ ချိတ်ဆွဲထားတဲ့ နေရာကို ရောက်လာတယ်။
ကလေးတစ်ယောက်စီ အတွက် ဘီစကွတ် တစ်ချပ် ချိတ်ဆွဲထား ပေးတယ်။
ကလေးမလေးဟာ သူမရဲ့ရှည်သွယ်တဲ့ အရပ်နဲ့ တောင်
ခြေထောက်ကလေးထောက်လို့ ဘီစကွတ်ကို ကိုက်ရရှာတယ် ။
နည်းနည်းပဲ ကိုက်မိပြီးကိုက်မိတဲ့ အပိုင်းစလေးကို ကလေးမလေး စားနေတုန်း
သွက်လက်တဲ့ ကလေးတစ်ချို့ သူမရဲ့ ဘေးနားကို ရောက်လာကြ ။
ခြေတံ တိုတဲ့ ကလေးတွေက သူတို့နဲ့အရမ်းကြီးမြင့်တဲ့ ကြိုးကိုခုန်စွ ပြီးကိုက်ရ။

ကလေးမလေးရဲ့အာရုံက ပွဲကြည့်နေတဲ့လူကြီးတွေဆီရောက်သွားတယ်။
လူကြီးတွေဟာ ကလေးတွေ ဘီစကွတ် အငမ်းမရစားနေတဲ့ပုံတွေကို
လှောင်ပြုံး ၊ခပ်ထေ့ထေ့ သရော်ပြုံးတွေနဲ့ငေးကြည့်နေခဲ့တာ

" ငါ...ငါတို့ ဟာ လူကြီးတွေရဲ့ ဖျော်ဖြေရေးစက်
  ရုပ်တွေ တဲ့ လား
  သူတို့ဟာ တစ်ချိန်လုံး ငါတို့ရဲ့လွဲချော်မှုတွေကို
  ထိုင်ကြည့် ဟားတိုက်နေခဲ့တာပါလား "

အဲ့ဒီအတွေးနဲ့ ကလေးမလေးဟာ အချိန်တစ်ခုလုံး ဘီစကွတ်​ကို ကိုက်လို့ မရခဲ့ရှာဘူး ။
ကိုက်မရရာကနေ ထပ်ပြီးကြိုးစားကိုက်စားဖို့လည်း မတွေးတော့ဘူး တဲ့ ။

ကလေးမလေးဟာ စိတ်ခြောက်ချားဖွယ်
အခြေအနေတစ်ခုမှာ အကြာကြီးရပ်လို့

ပြိုင်ပွဲ ပြီးသွားခဲ့ပြီး

ကလေးတွေ အားလုံးနီးပါးက အချိန်အပိုင်း
အခြား မတူညီစွာနဲ့ ပန်းတိုင်ရောက် လာခဲ့ကြတယ်

ဘီစကွတ်​ ကြိုးတန်းနား တွေတွေလေး
ရပ်နေတဲ့ ကောင်မလေးကို ကျောင်းအုပ်ဆရာမကြီးက
ကြိုးတန်းက ဘီစကွတ်တစ်ချပ်ကို  ဖြုတ်လို့ လာကျွေးတယ်

" ပြေးတော့ ကလေး" တဲ့

" ဟင့်အင်း သမီး မပြေးချင်ဘူး
  ပြေးလည်း မပြေးတော့ဘူး"
လို့ ပြောပြီး ကလေးမလေးဟာ ကစားဝိုင်းထဲက
ထွက်လာခဲ့တယ်

ဒိုဒို
4.1.201

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား