ခရမ်းနုရောင် ခေါင်းလောင်း ပန်းပွင့်များ

"You make me think of you"

Birdy ရဲ့ သီချင်းက ပြန့်လွင့်နေတယ်။
အမှန်ပဲ ကျွန်မ လူတစ်ယောက်အကြောင်း
စဉ်းစားနေမိတယ် ။

နှစ်စဉ် အောက်တိုဘာလ တိုင်း ကျွန်မဒေါ်
လေးတို့ ဆီ အလည်လာတက်တယ် လေ။
ပွဲတော် ရက်တိုင်းမှာပေါ့။ အောက်တိုဘာ
လ ၃၁ ရက်နေ့ပွဲတော် အတွက်ပေါ့။
ဒေါ်လေးတို့နေတဲ့ မြို့က Halloween ပွဲ
တော်ကို အကြီးအကျယ် လုပ်တက်တယ်။
နှစ်တိုင်းပဲ ။ ဒေါ်လေးက ကျွန်မအပါအဝင်
သမီးသုံးယောက်အတွက် ဝတ်စုံလေးစုံ
ချုပ်ပေးထားတက် တယ်။ဒီနှစ်တော့ လွန်ခဲ့
တဲ့ သုံးနှစ်ကလို ငှက်မွှေးတောင်အကျီင်္လေး
ကို လက်ဖောင်းလေးတွေနဲ့ ပါ။ မြို့ရဲ့ ကပွဲ
လည်း ရှိပါတယ်။ အကြီးကျယ် ဆုံးကပွဲပါပဲ။
လူကြီးတွေလည်း တက်ရောက်ကြတယ်။
ကပွဲမလာချင်လည်း အပြင်မှာ သကြားလုံး
တောင်းလို့လည်း အဆင်ပြေတယ်။ အဲ့ဒီ
နှစ်တုံးက မှတ်မိသေးတယ်။ဒေါ်လေးကျွန်မ
ကို ငှက်မွှေးတောင်ဂါဝန်လေးလက်ဆောင်ေ
ပးတဲ့နှစ်တုံးကပါ။ဒီနှစ်လည်းခါတိုင်းနှစ်တွေ
လိုမတူထူးခြားတဲ့ မျက်​နှာဖုံး တစ်ခုကို
ဒေါ်လေးက လက်ဆောင်ပေးပါတယ်။

"I had all and then most of you
Some and now none of you
Take me back to the night we met"

နှစ်တွေကြာတော့ ဒီသီချင်းပြန်ဖွင့်ပြီပေါ့
လေ။အဲ့ဒီညက ထူးထူးခြားခြား ကြယ်တွေ
က ပိုစုံသလိုပဲ ။ ဒေါ်လေးတို့ရဲ့ Halloween
ပွဲတော်ကို ပထမဆုံး တွေ့ကြုံဖူးတာပေါ့ ။
မှတ်မှတ်ရရ သကြားလုံးခွက်လေးတွေ
ကိုင်ထားသေးတယ်။အဲ့ဒီတုံးက ကျွန်မ
ကပွဲဆောင်ဆီ မသွားဘူး။ သစ်ပင်ရိပ်တစ်
ခုမှာ စာဖတ်ရင်းသကြားလုံးထိုင်စားနေခဲ့
တာပါ ။

"မင်းက အဆန်းပဲ စာအုပ်ကြီးနဲ့ ဒီမှာ
ဘာထိုင်လုပ်နေတာ " ငွေရည်သုတ်ထား
တဲ့ မျက်နှာဖုံးတစ်ခုပေါ်မှာ ရွှေရောင်အလက်
ကလေးတွေ ခပ်မှုန်မှုန် ဖြူးထားတာက
အတော်လှပါတယ် ။ သူရဲ့ ဝတ်စုံက ငွေ
ရောင်ဗျိုင်းတစ်ကောင် လူယောင်ဖမ်းဆင်း
ပြီး ကျွန်မ ဘေးမှာ လာထိုင်နေသလိုပဲ

"စာအုပ်ဆိုမှတော့ စာထိုင်ဖတိနေတာပေါ့"

"မဟုတ်သေးဘူး "

"ဘာကို မဟုတ်တာ"

"မင်းကြည့်ရတာ ဒီမြို့ရဲ့ Halloween ပွဲ
တော်ကို ဒါပထမဆုံး ရောက်ဖူးသလိုပဲ။"

"အင်း ပထမဆုံးပဲ"

"ဒါဆို မင်းသွားကြည့်သင့်တယ်လို့ ထင်
တယ်။ ငါတို့ မြို့ကပျော်စရာကောင်းပါ တယ်
နွေးလည်းနွေးထွေး တယ်။ ကလေးလူကြီး
အများကြီးပဲ ။ ဗရုတ်သုတ်ခ တော့လည်း
မဟုတ်ဘူးပေါ့ ။ အေးအေးဆေးဆေး ရှိ
ပါတယ် ။ ပြီးတော့ သီချင်းသံစဉ်တွေက
နားထောင်လို့လည်း ကောင်းတယ်လေ။"

"I had all and then most of you
Some and now none of you
Take me back to the night we met"

သူက ကျွန်မကို လက်ကမ်းလိုက်တယ်။

"ကျွန်မ အဆင်မပြေလှဘူး ။ ကဖို့လေ"

"အကဆိုတာ တကယ်တော့ မခက်လှဘူး။
ဒီလိုပွဲတွေဟာ ပြိုင်ပွဲတွေမှာ မဟုတ်ပဲ။
သက်တောင့်သက်သာ နဲ့ ကိုယ်ကိုကိုယ့်
စိတ်ကြည်နူးစရာ ခြေထောက်ရွှေ့လျား
လှုပ်ရှားမှု မျိုးပါပဲ။"

"လာ ကကြည့်ပါ။ အဆင်ပြေသွားပါလိမ့်
မယ်"

သူပြောတာ မှန်တယ် လို့ထင်တယ်။ စိတ်ရဲ့
တင်းအားတွေ လျော့ချလိုက်တဲ့အခါ ပျော်ရွှင်
ကြည်နူးမှု မျိုးကို ကျွန်မခံစားရတယ်။

ကျွန်မ အပြင်ခဏထွက်အုံးမယ် ။ တကယ်
ပဲ ဒီညတွေမှာ သရဲတွေ နိုးထလာတက်
သလား ။ မူမမှန်တာတစ်ခုခု ရှိနေသလား
ပတ်ဝန်းကျင်ကို ငေးမောကြည့်ချင်သေးတာ။

သူလည်း ကျွန်မလို့ပဲ သရဲတွေစောင့်ကြည့်
ဖို့ ထင်တယ်။ သစ်ပင်ရိပ်အောက်ကို
လျှောက်လာတယ်။

အဲ့ဒီညမှာပဲ ကျွန်မပုံပြင်တစ်ပုဒ်ကို ပြော
ဖြစ်ခဲ့တယ်။ အမှန်တော့ ကျွန်မအကြောင်း
ဆိုတာ ပိုမှန်ပါလိမ့်မယ်။သူလည်း ပုံပြင်တစ်
ပုဒ် ထက်ပိုမှန်း သိနေခဲ့ပါတယ်။

"ငိုတာ မျက်ရည်ကျတာ နဲ့ ပက်သက်ပြီး
နင်ဘယ်လို သဘောရလဲ"

"ငိုကြွေးတာက ငှက်မွှေးတောင်နဲ့ အစိုက်ခံရ
သလိုမျိုးပဲ "

"ပုံပြင်တွေ လား"

"အင်း ငှက်မွှေးတောင်တွေ ရဲ့ ပုံပြင်"့
"တစ်ခါက ငှက်ဥလေးတစ်လုံး ရှိတယ်တဲ့
နင် နားထောင်နေလား"

"အင်း"

"ငြိမ်းချမ်းအေးဆေး လှတဲ့ မြို့ကလေးမှာ
ချစ်စရာ ကောင်းပြီး စိတ်​ကူးယဉ်​ ဆန်လွန်း
လှတဲ့ ကလေးမလေးတစ်ယောက်ဟာ
လမ်းလျှောက်လာ နေခဲ့တယ်။ သူမရဲ့ အမေ
က သူမကို ပလူးမေ့ခ်ျ (plumage) လို့ခေါ်
တယ်။ plumage ဆိုတာ ငှက်မွှေးတောင်
ကလေး တွေပါ။ သူမ တို့မိသားစု က ငှက်
မွှေးတောင် လေးတွေ မြတ်နိုးကြတယ်လေ။
Dream capture တွေကို နှစ်သက်ကြတယ်
နေ့သာတဲ့ တစ်နေ့မှာပလူးမေ့ခ်ျ ဟာကျောင်း
တက်ရာက အိမ်ပြန်လာခဲ့တယ်။
ပလူးမေ့ခ်ျ အိမ်ပြန်လာတဲ့ လမ်းမှာ ထူးခြား
ပြီး တောက်ပနေတဲ့ သစ်ပင်ပေါ်က ငှက်ဥ
လေးကို သတိထားမိ ခဲ့တယ်။ ငှက်သိုက်
ကို မမြင်ဖူးလေတော့ သူမ အနီးကပ်သွား
ကြည့်ခဲ့တယ်။ချစ်စရာ ငှက်ဥကလေးကို
တွေ့မြင်သွားတဲ့ အခါ သူမ မကိုင်တွယ်ကြည့်
ပဲ မနေနိုင်ခဲ့ဖူး တဲ့ ။ လှပတဲ့ငှက်ဥကလေးကို
သူမ ကိုင်တွယ်ကြည့်နေတုန်း မလှမ်းမကမ်း
က ခြောက်ခြားစဖွယ် အသံတစ်ခုကို ကြား
လိုက်ရတယ် ။အသံကြောင့် ပလူးမေ့ခ်ျ လေး
ဟာ ကြောက်လန့်သွားပြီး ငှက်ဥကိုလွှတ်ချ
လိုက်တော့တယ်။ "

"အစာသွားရှာနေတဲ့ ငှက်ဥလေးရဲ့ မိဘတွေ
ပြန်ရောက်လာတဲ့ အခါ သိပ်ကိုစိတ်ထိခိုက်
သွားတယ်။ သူတို့ ပြင်းပြင်းထန်ထန် ငိုကြွေး
ကြရှာတယ်။ သူတို့ဟာ သာမန်ငှက်တွေ မဟုတ်ကြဘူးတဲ့ ။ လူသားတွေရဲ့ စကားကို ပြေနိုင်စွမ်း ရှိတဲ့ ငှက်မျိုးတွေပေါ့။ "

"သူတို့က သူမကို ကျိန်စာတိုက်လိုက် တယ်
သူမဟာ ဘယ်တော့မှ ငိုကြွေးခွင့် မရှိဘူးတဲ့
ငိုကြွေးလိုက်တဲ့ အခါတိုင်း မြှားလိုချွန်မြ စူးရှ
တဲ့ ငှက်မွှေးတောင်တွေဟာ သူမဆီ ထိုး
စိုက်ခြင်းကို ခံရရှာမှာ ။ ဒီလိုနဲ့ သူမဟာ
ငိုကြွေးခွင့် မရခဲ့ဘူးပေါ့။ သူမ ငိုလိုက်တဲ့
အခါတိုင်း သူမသာ မြင်ရတဲ့ ငှက်မွှေးတောင်
မြှားတွေဟာ တစ်စင်းပြီးတစ်စင်း ထိုးဖောက်
ဝင် ရောက်လာကြတော့မှာ ။ "

"ဒီတိုင်းဆို နင်ငိုလို့ မရဘူးပေါ့နော်"

"အင်း ငါငိုလို့ မရခဲ့ဘူး။ ကျောင်းမှာ ငါက
စကားမပြောပဲ မြုံစိစိ နဲ့ ဆိုတော့ အနိုင်ကျင့်
တဲ့ လူတွေ အများကြီးပေါ့ ။ တစ်ခါတလေ
ငါ ရှောင်လွှဲလို့ မရအောင် မျက်နှာချင်းမဆိုင်
လို့ မရအောင် တွယ်ကပ်လှောင်ပြောင်နေ
တာတွေ ရှိတယ်။ ငါရဲ့ ကျောင်းသားဘဝ
က ခက်ခဲပါတယ် ဟာ။ အမြဲပဲ ငါငိုလို့ မရ
ခဲ့ဖူး။ ငါငိုလိုကိတဲ့အခါ ငါသာမြင်ရတဲ့
ငှက်မွှေးတောင်တွေဟာ တစ်နေရာကနေ
ထိုးစိုက်လာကြပြီး နာကျင်ရတယ်။ သေ
လောက်အောင်ပါပဲ ။ "

"နင်အဆင်ပြေအောင် ငါလက်ဆောင်ပေး
လိုက်မယ်။ အမြဲတမ်းပဲ ပျော်ပျော်နေနော်။
ပြီး ဝမ်းနည်းတာတွေ မခံစားနဲ့"

အနီးအနားက ခရမ်းနုရောင်ပန်းတစ်ပွင့်
ကို ခူးလို့ ကျွန်မ လက်ထဲထည့်ပေးတယ်။

"ငါပြောတာ မှတ်ထားနော်။
နင် ဘယ်တော့မှ ဝမ်းနည်းစိတ်ဓာတ်ကျ
တာမျိုးကို မခံစားရစေနဲ့ "

"အင်း ပန်းကလေးက လှလိုက်တာ"

မြူ တွေနဲ့ အတူ သူလည်းပျောက်ကွယ်
သွားပါတယ်။ ဒီနောက်ပိုင်း ကျွန်မဟာ
သူ့ကို ဘယ်တော့မှ မတွေ့ရတော့ပါဘူး။

သူပြောသလို ပျော်ပျော်ရွှင်ရွှင် နေကြည့်
တယ်။ သာမန်ထက်စိတ်ကြည်နူး မှုမျိုးကို
ပို ခံစားရတယ်​။ ခေါင်းလောင်းသံတွေ ကျွန်
မအနားမှာ မြည်ဟီးနေတယ်။

ကျွန်မ ကျောင်းပြန်တက်ခဲ့တယ်။ ခါတိုင်းလို
ပါပဲ။ အနိုင်ကျင့်ခံရစမြဲပဲ။အခုတစ်ခေါက်က
ပိုလို့ ဆိုးပါတယ်။ ပေါင်းနေကျ ကျွန်မသူ
ငယ်ချင်းတွေ လည်းပါတယ်။

သစ်ပင်ရိပ်တစ်ခုအောက်မှာ ထိုင်နေရင်း
ခရမ်းနုရောင် ပန်းပွင့်ကို ငေးကြည့်နေ
မိတယ်။ သူပေးခဲ့တဲ့ အတိုင်း ပန်းပွင့်ဟာ
မျက်စိရှေ့မှာ မညိုးနွမ်းပဲ ရှိနေသေးတယ်။

မျက်ရည်တစ်စက် ပန်းပွင့်လေးပေါ် ကျသွား
တယ်။

အဲ့ဒီနောက်
အဲ့ဒီနောက်မှာ
သူပေးခဲ့တဲ့ ပန်းပွင့်လေးဟာ
ခေါင်းလောင်းတစ်ပွင့် ..ဆောရီး
ခေါင်းလောင်းတစ်ခု ထက် တစ်ပွင့်လို့
ပြောချင်နေမိတယ်။

ဟုတ်ပါတယ်
ခေါင်းလောင်းတစ်ပွင့် ဖြစ်သွားပါတယ်

ဒီနောက်ပိုင်း ခါတိုင်းလိုပဲ အနိုင်ကျင့်ခံရ
ပါတယ်။ ကျွန်မ လက်ထဲက ခေါင်းလောင်း
ကလေး တုန်ရီနေတာ သတိထားမိတယ်။

ခေါင်းလောင်းကလေးကို ဖွဖွနှစ်သိမ့်ပေးနေ
မိတယ်။

နောက်နေ့မနက်မှာ အရင်တစ်နေ့က
အနိုင်ကျင့်တဲ့ လူအားလုံး နီးပါး သေဆုံးသွား
ပါတယ်။ မတူညီတဲ့ သေဆုံးခြင်းအမျိုးမျိုး နဲ့
ပါ။

ခေါင်းလောင်းပွင့်လေး ကြောင့်မဟုတ်ဘူး
လို့ အကောင်းဘက်က တွေးကြည့်မိတယ်။
အဲ့ဒီအချိန်မှာပဲ ခေါင်းလောင်းကလေးက
ထရယ်တော့တယ်။ ရယ်သံလွင့်လွင့် လေး
ဟာ ကျွန်မ နားထဲမှာ ပြန့်လွင့်နေတယ်။

သတိရလာတာ တွေ ရှိလာတယ်။
"ငါပြောတာ မှတ်ထားနော်။
နင် ဘယ်တော့မှ ဝမ်းနည်းစိတ်ဓာတ်ကျ
တာမျိုးကို မခံစားရစေနဲ့ "

သူပေးခဲ့တဲ့ ခရမ်းနုရောင် ခေါင်းလောင်းတစ်
လုံး အကြောင်း ကျွန်မသိချင်သေးတယ်။
မဟုတ်ဘူး ကျွန်မ သူ့အကြောင်းပိုလို့ သိ
ချင်သေးတာ။

နှစ်တွေကြာခဲ့ ပြီလေ

မြို့ကလေးတစ်မြို့ရဲ့ မထင်မရှား
Halloween ပွဲတော်တိုင်း ကောင်မလေး
တစ်ယောက်ဟာ သစ်ပင်ရိပ်အောက်မှာ
ထိုင်လို့ အဝေးက အရာတစ်ခုကို မျှော်ငေး
နေမိတယ်။

ကပွဲက သီချင်းက သစ်ပင်ရိပ်အောက်ထိ
မျောလွင့်နေတယ်။

"I don't know what I'm supposed to do
Haunted by the ghost of you
Take me back to the night we met"

ဒိုဒို
31.10.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား