ဖြူ
ဟိုး အဝေးကြီးက
ပြောမပြတက် အောင်ကျယ်ပြောလှတဲ့
သန္တာ ကျောက်တန်းတွေရဲ့ အလွန်မှာ
အမြဲလို မတ်တပ်ရပ် နေတဲ့ မိန်းကလေး
တစ်ယောက်ရှိတယ်တဲ့။ ဒါပေမယ့် သူဟာ
သူ့ဆန္ဒနဲ့ ရပ်နေရတာမျိုး မဟုတ်ပဲ။
အရာတစ်ခုခု ကြောင့် ရပ်နေရတာ သာ
ဖြစ်တယ်။ သူမရပ်နေတဲ့ ကျောက်ဆောင်
အောက်ခြေမှာ ကြီးမားလေးလံတဲ့ ကျောက်
ဆူး တစ်ချောင်း ရှိတယ်။ အဲ့ဒီ ကျောက်ဆူး
တွေကို တော့ ကြီးမားတဲ့ သံကွင်းတွေနဲ့
ချည်ထားတာပေါ့ ။ သံကြိုးဟာ မိန်းကလေး
ရဲ့ ပခုံးနား တစ်ဝှိုက်ကို ရစ်ပတ်ခွေရစ်ထား
တယ်။
မိန်းကလေးဟာ တစ်လျှောက်လုံး မထိုင်ခဲ့
ရဘူး။ သူဟာ နှစ်ကာလ ကြာရှည်စွာ သံဆူး
ကြိုး ဖြေပေးမယ့် စုန်းမ ကြီးကို စောင့်နေခဲ့
တယ်။
ဒါပေမယ့် လည်း သူမထင်သလို စုန်းမကြီး
ဟာ တစ်သက်လုံး ရောက်မလာခဲ့ပါဘူး။
သူမ ကို ငယ်ငယ်က သူမအဖေက မင်းသမီး
လေး လို့ခေါ်ခဲ့ဖူးတယ်။ ကျန်တဲ့ အရာတွေ
သူမ မေ့နေခဲ့ပါပြီ။
မင်းသမီးကလေးဟာ တစ်ချိန်လုံး မတ်တပ်
ရပ် နေခဲ့ရပြီး ညဘက်တွေမှာ လည်း ဒီ
လို ပဲ အိပ်ခဲ့ရပါတယ်။
တစ်နေ့မှာတော့ သူမ ဟာ အိမ်မက်ရှည်ကြီး
တစ်ခု မက်တယ်။ သူမဟာ ခရမ်းနုရောင်
ဂါဝန်တစ်ထည်ကို ဆင်မြန်းလို့ နှင်းဆီပန်း
တစ်ချို့ကို လည်း သူမ လက်မှာ ကိုင်ထား
သေးတယ်။ သူမနဲ့ အရွယ်တူ ကောင်လေး
တစ်ယောက်က လက်ကိုရှေ့ထားပြီး ဒူး
ညွတ်ပြီး ပြောတယ်။"မဒမ် နဲ့ အတူ တွဲကပါ
ရစေတဲ့" ။ အလင်းရောင် ဟာ ခရမ်းနု
ရောင် ဖြာကျလို့ နေတယ်။ တေးသွားတွေ
ကြားမှာ သူမတို့ဟာ စီးချက် ညီချင်မှ ညီကြ
လိမ့်မယ်။ ပျော်ရွှင်မှု တော့ ညီကြမယ် ထင်
တယ်။
အချိန် အနည်းငယ်ကြာတော့ လူတစ်စု
ရောက်လာတယ်။ကောင်လေး ဟာ ကောင်
မလေးရဲ့ လက်ကိုဆွဲပြီး လူအုပ်တွေကြား
ပြေးထွက်ခဲ့တယ်။ ဘယ်ရောက်မှန်း တော့
နှစ်ယောက်လုံး မသိကြဘူး။ လူအနည်း
ငယ်ပဲ ရှိတဲ့ နေရာမှာ အဘွားအိုတစ်ယောက်
က မီးရှူး မီးပန်း တွေ လိုက်ရောင်းနေတယ်။
ပစ်လွှတ်လိုက်တဲ့ မီးရှူး တွေ ကြားမျှော်လင့်
ချက်ဟာ တောက်လောင် နေခဲ့ပါတယ်။
လက်ခနဲ လက်ခနဲ။ အမိုးတစ်ခုပေါ် တက်.
မီးရှူး ဖောက်ပြီး ကြယ်တွေ ကြည့်ရတာဟာ
ဒါ ပထမ ဆုံးပါပဲ။
အဲ့ဒါဟာ မင်းသမီးလေး မက်ခဲ့တဲ့ ပထမဆုံး
အိပ်မက်ပါ။
ဒုတိယ အိမ်မက်မှာတော့ ကောင်လေးဟာ
မာဖလာ အနီကို လည်ပင်းမှာ ပတ်ထား
ခဲ့တယ်။ကော်ဖီခွက်တစ်ခု ရှေ့မှာထား
ဘယ်ဘက်လက်က စာအုပ်ကို ထောက်ထား
ရင်း ညာလက်လက်နဲ့ သူမ လက်ဖဝါးတွေ
ကို ဆုပ်ကိုင်ထား တက်တယ်။
အပြင်မှာ နှင်းကျပြီ ကော
တို့တွေရောက် နေတာ ဒီဇင်ဘာပေါ့
မီးရောင်စုံ လင်းလက်နေတဲ့ခရစ်စမတ် သစ်ပင် ကို ကြည့်ရင်း သူမဟာ သူ့အတွက်
သစ်ပင် ထိပ်ဆုံးက ကြယ်ကလေး ဖြစ်ပါရ
စေ လို့တောင်းဆု ချွေတယ်။ အနွေးစောင်
တစ်ထည် ယူရင်း နှင်းဖွေးဖွေးကျနေတဲ့
ပြတင်းပေါက်နား မှာ အိပ်နေတဲ့ ကောင်လေ
း ကို စောင်ခြုံ ပေးခဲ့တယ်။
"အခါ အားဖြင့် ကျွန်မဟာ ရှင်အိပ်ပျော်နေ
တဲ့ အခါ သိပ်ချစ်ဖို့ ကောင်းတယ် လို့တွေး
တယ်။ အနည်းဆုံးတော့ သိမ်ငယ်မျက်လုံး
ကျ ဉ်းကျဉ်း လေးတွေကို ကျွန်မ မသနား
ရတော့ ဘူးပေါ့။ ရှင်ဟာ လည်း သနားခံ
ရခြင်းကို မကြိုက်ဘူးပေါ့။ အနည်းဆုံးတော့.ရှင်လည်း ကျွန်မကို မသနားအောင်
အတက်နိုင် ဆုံး ကြိုးစားနေထိုင် ခဲ့မှာပါ"
တတိယ အိမ်မက်ဟာ စတော်ဘယ်ရီ
စိုက်ခင်း တစ်ခုမှာ ဖြစ်ပြီး
စတုတ္ထ အိမ်မက်ဟာ စပါးခင်းထဲမှာ ဖြစ်တယ်
သူမဟာ အလားတူ အိမ်မက်တွေ နွေဦး
နွေ ဆောင်းဦး မိုးရာသီ နေ့စဉ် မပြတ်မက်ခဲ့
တယ်။ အိမ်မက်မက်ပြီး တဲ့ အခါတိုင်း
သူမ ရေးမှတ်ထားချင် ပေမယ့် ရေးခွင့်မရခဲ့
ပါဘူး။ သူမဟာ နွေမိုးဆောင်း တစ်လျောက်
လုံး မတ်တပ်ရပ် နေခဲ့ရတာပါ။
သူမ မျှော်လင့်သလို ဖြစ်လာဖို့
ညဘက်တွေမှာ ပင်လယ်နား တိုက်ခက်လာ
တဲ့ လေညှင်းတွေ နဲ့ အတူ
ကောင်းကင်ကို မော့ကြည့်တယ်
သူမ ဆုတောင်း ဖို့ ကောင်းကင်ကို
မော့ ကြည့်လိုက်ပေမယ့်
ကြယ်တွေဟာ
ဝမ်းနည်းစရာ ကောင်းလောက်အောင်
လှပနေတာမို့
ဒီအတိုင်းပဲ ငေးရီကြည့်နေခဲ့တယ်
သူမ ကောင်လေးကို လည်း
နှစ်ပေါင်းများစွာ တိုင်အောင် စောင့်နေခဲ့ပါတယ်
ကောင်လေး အကြောင်း အိမ်မက်မမက်
တော့တာ တစ်နှစ်ကျော်ခဲ့ ပါပြီ
ဝမ်းနည်းစရာ ကောင်းအောင်
လှပတဲ့ ကြယ်တွေ
ဝမ်းနည်းစရာ ကောင်းအောင်
လှပတဲ့ ကြယ်တွေ
ဒီအတိုင်းငေး ရီ ကြည့်နေရင်း
ကြယ်တစ်စင်းဟာ လင်းလက်လာတယ်
ကြယ်ကလေးထဲ ကနေ ဆယ်နှစ်သား အရွယ်တစ်ယောက် ဆင်းလာတယ်။
မင်းသမီးလေး က မေးတယ်
"ကလေးက ဘယ်သူလဲ"
ကလေးအရွယ် ကောင်လေး ကဖြေတယ်
"မင်းသမီးလေး မမှတ်မိ ဘူးလား ဟင်"
"အိမ်မက်ထဲက ကောင်လေး ဟာ
အသက်ကြီးပါ တယ်" လို့ မိန်းကလေးက
ပြန်ဖြေတယ်။
ကလေး အရွယ် ကောင်လေးက
"နှင်းဆီဖြူ ကလေး ဆိုရင် ရော
မှတ်မိမယ် မဟုတ်လား"
"တကယ်တော့ ကျွန်မဟာ
ဘာဆိုဘာမှ ကို မမှတ်မိတော့ ပါ
ကျွန်မ မှတိမိ တာက အဖေဟာ
ကျွန်မကို မွေစား ခဲ့တယ်။"
ဆယ်နှစ်အရွယ် ကလေး လေးက
သူမ လက်ကို ဆုပ်ကိုင်ထား တယ်
သူမ သူ့ကို သိနေတယ်
ခံစားရတာဟာ ကပွဲတုံးက အတိုင်းပဲ
သူဟာ အိမ်မက်ထဲ က ကောင်ကလေးပဲ
သူဟာ ဘာကြောင့် သေးသွားရတာလဲ?
"ဒီအရွယ်မှာ ရှိနေတာ မပြောခင်
ပထမဆုံး နွေဦးမှာ မက်ခဲ့တဲ့
တတိယ အိမ်မက်ကို ပြောကြရအောင်
တတိယ မက်တဲ့ အိမ်မက်ထဲမှာ
ကောင်လေးဟာ ဘာလုပ်နေခဲ့ သလဲ"
"ပန်းပင် ရေလောင်းနေ ခဲ့ပါတယ်"
"ဒုတိယ အိမ်မက်ကို စဉ်းစားကြည့်ရအောင်
ဒုတိယ အိမ်မက်မှာ
အိပ်ပျော်နေတဲ့ တစ်ယောက်ကို
နောက်တစ်ယောက်က ငေးကြည့်နေခဲ့တယ်
ငေးကြည့်နေခဲ့တဲ့ ခံစားချက်မျိုး
တစ်ခြားလူ ကို ဖြစ်ဖြစ်
မိမိကိုယ်တိုင်ကို ဖြစ်ဖြစ်
ခံစားခဲ့ ဖူးတယ် မဟုတ်လား"
"အင်း တစ်ယောက်ယောက်က ငေး
ကြည့် နေခဲ့ တယ်လို့ ထင်တယ်"
ပထမဆုံး အိမ်မက်မှာ
miralce တစ်ခုရှိတယ်
အဲ့ ဒီ အိမ်မက်ဟာ
အားလုံးရဲ့ အဖြေပဲ
မင်းသမီးလေး-"နှင်းဆီတွေ"
"အင်း နှင်းဆီပွင့်လေး အတွက်
ကျနော် ကြိုးစား ဆွဲခဲ့ တဲ့ ပုံ"
သူမ မြင်နေရတဲ့
ပန်းချီကားထဲမှာ
ဆယ်နှစ်သား အရွယ်ကလေး တစ်ယောက်.
ဟာ နှင်းဆီပွင့်လေးကို ရေလောင်းရင်း
ငေးကြည့်နေခဲ့တာ။
ကောင်လေးမှာ မီးတောင် တစ်ချို့ ရှိတဲ့
ဂြိုလ် တစ်လုံးရှိတယ်။ အဲ့ဒီ ဂြိုလ်လေးမှာ
ထိုင်ခုံ တစ်လုံး ရှိတယ်။
"ကျွန်မ မှတ်မိပါပြီ" သူမ အသံတွေဟာ
အံ့သြလွန်း လို့ တုန်ခါနေတယ်
" ရှင်ဟာ မင်းသားလေး ဖြစ်သလို
အိမ်မက်ထဲက ကောင်လေး လည်း
ဖြစ်တယ်။ ရှင်ဟာ တစ်နေ့မှာ
ပျံသန်းဖို့ ကြိုးစားနေတဲ့ ငှက်တစ်အုပ်ကို
အမှီပြု ပြီး ဂြိုလ်ကလေးဆီက
ထွက်ခွာ သွားခဲ့တာ
ကျွန်မ ရှင့်ကို လိုက်ရှာခဲ့ ပါတယ်
မာန ထောင်လွှားမှုတွေ ကို တောင်းပန်ဖို့
မြေကမ္ဘာ ပေါ်ရောက်တော့
လူသား တစ်ယောက် ဖြစ်လာတယ်။
အဖေက ကျွန်မ ကို မွေးစားတယ်
မင်းသားလေး မျက်ရည် တွေက
သံကြိုးတွေ ပေါ် စီးကျနေတယ်
စီးကျ နေရင်းက
သံကြိုးတွေဟာ ပိန်လိန်သွားပြီး
အပ်ချည်ကြိုးတွေ လို ဖြစ်လာတယ်
မင်းသမီးလေး က ကြိုးတွေ ကြားထဲက
ထွက်လာခဲ့ တယ်
မင်းသားလေး ပွေ့ဖက်လိုက်တယ် ဆိုရင်ပဲ
မင်းသမီးလေးဟာ
နှင်းဆီဖြူ တစ်ပွင့် ဖြစ်လာတယ်
မင်းသားလေး ဟာ နှင်းဆီဖြူ ကလေးကို
သူ့ဂြိုလ် ကလေးဆီ ခေါ်သွားတယ်
"ဟော ဟိုမှာ တွေ့လား
နေဝင်တော့ မယ်
နေဝင်ဆည်းဆာ ဟာ သိပ်လှတာ
ဒီနေ့ နေဝင်ချိန် ဟာ ပိုပြီး လှတယ် လို့
မထင်ဘူး လား"
နှင်းဆီကလေး က ခေါင်းငြိမ့် ပြတယ်
သူတို့နှစ်ယောက်ရဲ့ ရယ်သံတွေဟာ
သေးငယ်လှတဲ့ ဂြိုလ်ကလေး ပေါ်မှာ
အလွယ်တကူ ပျံ့နှံသွားတယ်
သူတို့ဟာ ဘယ်တော့မှ ခွဲခွာရမှာ
မဟုတ်တော့။
ဒိုဒို
ပြောမပြတက် အောင်ကျယ်ပြောလှတဲ့
သန္တာ ကျောက်တန်းတွေရဲ့ အလွန်မှာ
အမြဲလို မတ်တပ်ရပ် နေတဲ့ မိန်းကလေး
တစ်ယောက်ရှိတယ်တဲ့။ ဒါပေမယ့် သူဟာ
သူ့ဆန္ဒနဲ့ ရပ်နေရတာမျိုး မဟုတ်ပဲ။
အရာတစ်ခုခု ကြောင့် ရပ်နေရတာ သာ
ဖြစ်တယ်။ သူမရပ်နေတဲ့ ကျောက်ဆောင်
အောက်ခြေမှာ ကြီးမားလေးလံတဲ့ ကျောက်
ဆူး တစ်ချောင်း ရှိတယ်။ အဲ့ဒီ ကျောက်ဆူး
တွေကို တော့ ကြီးမားတဲ့ သံကွင်းတွေနဲ့
ချည်ထားတာပေါ့ ။ သံကြိုးဟာ မိန်းကလေး
ရဲ့ ပခုံးနား တစ်ဝှိုက်ကို ရစ်ပတ်ခွေရစ်ထား
တယ်။
မိန်းကလေးဟာ တစ်လျှောက်လုံး မထိုင်ခဲ့
ရဘူး။ သူဟာ နှစ်ကာလ ကြာရှည်စွာ သံဆူး
ကြိုး ဖြေပေးမယ့် စုန်းမ ကြီးကို စောင့်နေခဲ့
တယ်။
ဒါပေမယ့် လည်း သူမထင်သလို စုန်းမကြီး
ဟာ တစ်သက်လုံး ရောက်မလာခဲ့ပါဘူး။
သူမ ကို ငယ်ငယ်က သူမအဖေက မင်းသမီး
လေး လို့ခေါ်ခဲ့ဖူးတယ်။ ကျန်တဲ့ အရာတွေ
သူမ မေ့နေခဲ့ပါပြီ။
မင်းသမီးကလေးဟာ တစ်ချိန်လုံး မတ်တပ်
ရပ် နေခဲ့ရပြီး ညဘက်တွေမှာ လည်း ဒီ
လို ပဲ အိပ်ခဲ့ရပါတယ်။
တစ်နေ့မှာတော့ သူမ ဟာ အိမ်မက်ရှည်ကြီး
တစ်ခု မက်တယ်။ သူမဟာ ခရမ်းနုရောင်
ဂါဝန်တစ်ထည်ကို ဆင်မြန်းလို့ နှင်းဆီပန်း
တစ်ချို့ကို လည်း သူမ လက်မှာ ကိုင်ထား
သေးတယ်။ သူမနဲ့ အရွယ်တူ ကောင်လေး
တစ်ယောက်က လက်ကိုရှေ့ထားပြီး ဒူး
ညွတ်ပြီး ပြောတယ်။"မဒမ် နဲ့ အတူ တွဲကပါ
ရစေတဲ့" ။ အလင်းရောင် ဟာ ခရမ်းနု
ရောင် ဖြာကျလို့ နေတယ်။ တေးသွားတွေ
ကြားမှာ သူမတို့ဟာ စီးချက် ညီချင်မှ ညီကြ
လိမ့်မယ်။ ပျော်ရွှင်မှု တော့ ညီကြမယ် ထင်
တယ်။
အချိန် အနည်းငယ်ကြာတော့ လူတစ်စု
ရောက်လာတယ်။ကောင်လေး ဟာ ကောင်
မလေးရဲ့ လက်ကိုဆွဲပြီး လူအုပ်တွေကြား
ပြေးထွက်ခဲ့တယ်။ ဘယ်ရောက်မှန်း တော့
နှစ်ယောက်လုံး မသိကြဘူး။ လူအနည်း
ငယ်ပဲ ရှိတဲ့ နေရာမှာ အဘွားအိုတစ်ယောက်
က မီးရှူး မီးပန်း တွေ လိုက်ရောင်းနေတယ်။
ပစ်လွှတ်လိုက်တဲ့ မီးရှူး တွေ ကြားမျှော်လင့်
ချက်ဟာ တောက်လောင် နေခဲ့ပါတယ်။
လက်ခနဲ လက်ခနဲ။ အမိုးတစ်ခုပေါ် တက်.
မီးရှူး ဖောက်ပြီး ကြယ်တွေ ကြည့်ရတာဟာ
ဒါ ပထမ ဆုံးပါပဲ။
အဲ့ဒါဟာ မင်းသမီးလေး မက်ခဲ့တဲ့ ပထမဆုံး
အိပ်မက်ပါ။
ဒုတိယ အိမ်မက်မှာတော့ ကောင်လေးဟာ
မာဖလာ အနီကို လည်ပင်းမှာ ပတ်ထား
ခဲ့တယ်။ကော်ဖီခွက်တစ်ခု ရှေ့မှာထား
ဘယ်ဘက်လက်က စာအုပ်ကို ထောက်ထား
ရင်း ညာလက်လက်နဲ့ သူမ လက်ဖဝါးတွေ
ကို ဆုပ်ကိုင်ထား တက်တယ်။
အပြင်မှာ နှင်းကျပြီ ကော
တို့တွေရောက် နေတာ ဒီဇင်ဘာပေါ့
မီးရောင်စုံ လင်းလက်နေတဲ့ခရစ်စမတ် သစ်ပင် ကို ကြည့်ရင်း သူမဟာ သူ့အတွက်
သစ်ပင် ထိပ်ဆုံးက ကြယ်ကလေး ဖြစ်ပါရ
စေ လို့တောင်းဆု ချွေတယ်။ အနွေးစောင်
တစ်ထည် ယူရင်း နှင်းဖွေးဖွေးကျနေတဲ့
ပြတင်းပေါက်နား မှာ အိပ်နေတဲ့ ကောင်လေ
း ကို စောင်ခြုံ ပေးခဲ့တယ်။
"အခါ အားဖြင့် ကျွန်မဟာ ရှင်အိပ်ပျော်နေ
တဲ့ အခါ သိပ်ချစ်ဖို့ ကောင်းတယ် လို့တွေး
တယ်။ အနည်းဆုံးတော့ သိမ်ငယ်မျက်လုံး
ကျ ဉ်းကျဉ်း လေးတွေကို ကျွန်မ မသနား
ရတော့ ဘူးပေါ့။ ရှင်ဟာ လည်း သနားခံ
ရခြင်းကို မကြိုက်ဘူးပေါ့။ အနည်းဆုံးတော့.ရှင်လည်း ကျွန်မကို မသနားအောင်
အတက်နိုင် ဆုံး ကြိုးစားနေထိုင် ခဲ့မှာပါ"
တတိယ အိမ်မက်ဟာ စတော်ဘယ်ရီ
စိုက်ခင်း တစ်ခုမှာ ဖြစ်ပြီး
စတုတ္ထ အိမ်မက်ဟာ စပါးခင်းထဲမှာ ဖြစ်တယ်
သူမဟာ အလားတူ အိမ်မက်တွေ နွေဦး
နွေ ဆောင်းဦး မိုးရာသီ နေ့စဉ် မပြတ်မက်ခဲ့
တယ်။ အိမ်မက်မက်ပြီး တဲ့ အခါတိုင်း
သူမ ရေးမှတ်ထားချင် ပေမယ့် ရေးခွင့်မရခဲ့
ပါဘူး။ သူမဟာ နွေမိုးဆောင်း တစ်လျောက်
လုံး မတ်တပ်ရပ် နေခဲ့ရတာပါ။
သူမ မျှော်လင့်သလို ဖြစ်လာဖို့
ညဘက်တွေမှာ ပင်လယ်နား တိုက်ခက်လာ
တဲ့ လေညှင်းတွေ နဲ့ အတူ
ကောင်းကင်ကို မော့ကြည့်တယ်
သူမ ဆုတောင်း ဖို့ ကောင်းကင်ကို
မော့ ကြည့်လိုက်ပေမယ့်
ကြယ်တွေဟာ
ဝမ်းနည်းစရာ ကောင်းလောက်အောင်
လှပနေတာမို့
ဒီအတိုင်းပဲ ငေးရီကြည့်နေခဲ့တယ်
သူမ ကောင်လေးကို လည်း
နှစ်ပေါင်းများစွာ တိုင်အောင် စောင့်နေခဲ့ပါတယ်
ကောင်လေး အကြောင်း အိမ်မက်မမက်
တော့တာ တစ်နှစ်ကျော်ခဲ့ ပါပြီ
ဝမ်းနည်းစရာ ကောင်းအောင်
လှပတဲ့ ကြယ်တွေ
ဝမ်းနည်းစရာ ကောင်းအောင်
လှပတဲ့ ကြယ်တွေ
ဒီအတိုင်းငေး ရီ ကြည့်နေရင်း
ကြယ်တစ်စင်းဟာ လင်းလက်လာတယ်
ကြယ်ကလေးထဲ ကနေ ဆယ်နှစ်သား အရွယ်တစ်ယောက် ဆင်းလာတယ်။
မင်းသမီးလေး က မေးတယ်
"ကလေးက ဘယ်သူလဲ"
ကလေးအရွယ် ကောင်လေး ကဖြေတယ်
"မင်းသမီးလေး မမှတ်မိ ဘူးလား ဟင်"
"အိမ်မက်ထဲက ကောင်လေး ဟာ
အသက်ကြီးပါ တယ်" လို့ မိန်းကလေးက
ပြန်ဖြေတယ်။
ကလေး အရွယ် ကောင်လေးက
"နှင်းဆီဖြူ ကလေး ဆိုရင် ရော
မှတ်မိမယ် မဟုတ်လား"
"တကယ်တော့ ကျွန်မဟာ
ဘာဆိုဘာမှ ကို မမှတ်မိတော့ ပါ
ကျွန်မ မှတိမိ တာက အဖေဟာ
ကျွန်မကို မွေစား ခဲ့တယ်။"
ဆယ်နှစ်အရွယ် ကလေး လေးက
သူမ လက်ကို ဆုပ်ကိုင်ထား တယ်
သူမ သူ့ကို သိနေတယ်
ခံစားရတာဟာ ကပွဲတုံးက အတိုင်းပဲ
သူဟာ အိမ်မက်ထဲ က ကောင်ကလေးပဲ
သူဟာ ဘာကြောင့် သေးသွားရတာလဲ?
"ဒီအရွယ်မှာ ရှိနေတာ မပြောခင်
ပထမဆုံး နွေဦးမှာ မက်ခဲ့တဲ့
တတိယ အိမ်မက်ကို ပြောကြရအောင်
တတိယ မက်တဲ့ အိမ်မက်ထဲမှာ
ကောင်လေးဟာ ဘာလုပ်နေခဲ့ သလဲ"
"ပန်းပင် ရေလောင်းနေ ခဲ့ပါတယ်"
"ဒုတိယ အိမ်မက်ကို စဉ်းစားကြည့်ရအောင်
ဒုတိယ အိမ်မက်မှာ
အိပ်ပျော်နေတဲ့ တစ်ယောက်ကို
နောက်တစ်ယောက်က ငေးကြည့်နေခဲ့တယ်
ငေးကြည့်နေခဲ့တဲ့ ခံစားချက်မျိုး
တစ်ခြားလူ ကို ဖြစ်ဖြစ်
မိမိကိုယ်တိုင်ကို ဖြစ်ဖြစ်
ခံစားခဲ့ ဖူးတယ် မဟုတ်လား"
"အင်း တစ်ယောက်ယောက်က ငေး
ကြည့် နေခဲ့ တယ်လို့ ထင်တယ်"
ပထမဆုံး အိမ်မက်မှာ
miralce တစ်ခုရှိတယ်
အဲ့ ဒီ အိမ်မက်ဟာ
အားလုံးရဲ့ အဖြေပဲ
မင်းသမီးလေး-"နှင်းဆီတွေ"
"အင်း နှင်းဆီပွင့်လေး အတွက်
ကျနော် ကြိုးစား ဆွဲခဲ့ တဲ့ ပုံ"
သူမ မြင်နေရတဲ့
ပန်းချီကားထဲမှာ
ဆယ်နှစ်သား အရွယ်ကလေး တစ်ယောက်.
ဟာ နှင်းဆီပွင့်လေးကို ရေလောင်းရင်း
ငေးကြည့်နေခဲ့တာ။
ကောင်လေးမှာ မီးတောင် တစ်ချို့ ရှိတဲ့
ဂြိုလ် တစ်လုံးရှိတယ်။ အဲ့ဒီ ဂြိုလ်လေးမှာ
ထိုင်ခုံ တစ်လုံး ရှိတယ်။
"ကျွန်မ မှတ်မိပါပြီ" သူမ အသံတွေဟာ
အံ့သြလွန်း လို့ တုန်ခါနေတယ်
" ရှင်ဟာ မင်းသားလေး ဖြစ်သလို
အိမ်မက်ထဲက ကောင်လေး လည်း
ဖြစ်တယ်။ ရှင်ဟာ တစ်နေ့မှာ
ပျံသန်းဖို့ ကြိုးစားနေတဲ့ ငှက်တစ်အုပ်ကို
အမှီပြု ပြီး ဂြိုလ်ကလေးဆီက
ထွက်ခွာ သွားခဲ့တာ
ကျွန်မ ရှင့်ကို လိုက်ရှာခဲ့ ပါတယ်
မာန ထောင်လွှားမှုတွေ ကို တောင်းပန်ဖို့
မြေကမ္ဘာ ပေါ်ရောက်တော့
လူသား တစ်ယောက် ဖြစ်လာတယ်။
အဖေက ကျွန်မ ကို မွေးစားတယ်
မင်းသားလေး မျက်ရည် တွေက
သံကြိုးတွေ ပေါ် စီးကျနေတယ်
စီးကျ နေရင်းက
သံကြိုးတွေဟာ ပိန်လိန်သွားပြီး
အပ်ချည်ကြိုးတွေ လို ဖြစ်လာတယ်
မင်းသမီးလေး က ကြိုးတွေ ကြားထဲက
ထွက်လာခဲ့ တယ်
မင်းသားလေး ပွေ့ဖက်လိုက်တယ် ဆိုရင်ပဲ
မင်းသမီးလေးဟာ
နှင်းဆီဖြူ တစ်ပွင့် ဖြစ်လာတယ်
မင်းသားလေး ဟာ နှင်းဆီဖြူ ကလေးကို
သူ့ဂြိုလ် ကလေးဆီ ခေါ်သွားတယ်
"ဟော ဟိုမှာ တွေ့လား
နေဝင်တော့ မယ်
နေဝင်ဆည်းဆာ ဟာ သိပ်လှတာ
ဒီနေ့ နေဝင်ချိန် ဟာ ပိုပြီး လှတယ် လို့
မထင်ဘူး လား"
နှင်းဆီကလေး က ခေါင်းငြိမ့် ပြတယ်
သူတို့နှစ်ယောက်ရဲ့ ရယ်သံတွေဟာ
သေးငယ်လှတဲ့ ဂြိုလ်ကလေး ပေါ်မှာ
အလွယ်တကူ ပျံ့နှံသွားတယ်
သူတို့ဟာ ဘယ်တော့မှ ခွဲခွာရမှာ
မဟုတ်တော့။
ဒိုဒို
Comments
Post a Comment