သိုးမည်းတစ်ကောင်၏တမ်းချင်း
သူတို့အိမ်တွင် သူ၏ အမေသည်
အိမ်ရှေ့ ခြံလေးထဲတွင်
သိုးဖြူ များ မွေးထားတက်သည်
ပူအိုက်လာတဲ့အခါ ကက်ကြေးတစ်လက် ယူ
သိုးမွှေးညှပ် လိုက်ကြရုံပင်
ထိုသို့ ပြောရသည်မှာ အကြောင်းရှိသည်
သိုးမွှေး များ ညှပ်လိုက်သည့်အခါတွင်
သိုးမွှေးတို့ သည်တိမ်သားများ ဖြစ်လာပြီး ကောင်းကင်ပေါ် ပျံတက်သွား ကြသည် သာ
သူတို့အိမ်ဝန်းကျင် ကောင်းကင်၌ တိမ်အစုအဝေးများ ဖြစ်လာတက်ပြီး
အဲ့ဒီ မီးခိုရောင် တိမ်တွေဆီက
မိုးရေတွေ ထွက်ကျလာရောပဲ
သူလိုချင်တာက ခပ်ကြီးကြီး တိမ်ပုံကြီးတစ်ခုပါ
သိုးတစ်ကောင် ကိုဖမ်းချုပ်
သူတိမ်တွေ ထပ်ညှပ်လို့ နေတယ်
သူ့အထက်မှာ တိမ်အစုအဝေးကြီး ရှိတယ်
တိမ်တွေ
တဖြေးဖြေး အနက်ရောင် တိမ်လုံး တွေ ဆီ
တိမ်လုံးတွေ ဆီက
မိုးကြိုး သွားတစ်ခုပဲ
ဘယ်သူ့ဆီ လာနေသလဲပဲ..သူ့ဆီကိုများလား
မီး ပျက်သွားတာလား
သူဘာမှ မမြင်ရတော့
ခဏကြာတော့ သူအမေ ထွက်လာတယ်
သူ့ရှေ့ ခရမ်းချည်သီး တစ်လုံးချသွားတယ်
သူ ငေးကြည့်နေဆဲ
အိမ်ထဲဝင်သွားတဲ့ အမေ ကပ်ကြေးတစ်လတ် နဲ့ အပြင်ထွက်လာတယ်
ပြီးတော့ သူ့သားမွှေး တွေကိုညှပ်တယ်
ကောင်းကင်မှာ တိမ်မည်းတွေ စုပုံသွားတယ်
သူ့ပါးစပ်က ပဲ အဲအဲ လို့ အသံထွက်နေတယ်
ဒါဆို သူက သိုးမည်းတစ်ကောင် ပေါ့
သိုးဖြူ တောင် ဖြစ်ခွင့်မခဲ့ချေ၊
ဒိုဒို
8.6.2017
အိမ်ရှေ့ ခြံလေးထဲတွင်
သိုးဖြူ များ မွေးထားတက်သည်
ပူအိုက်လာတဲ့အခါ ကက်ကြေးတစ်လက် ယူ
သိုးမွှေးညှပ် လိုက်ကြရုံပင်
ထိုသို့ ပြောရသည်မှာ အကြောင်းရှိသည်
သိုးမွှေး များ ညှပ်လိုက်သည့်အခါတွင်
သိုးမွှေးတို့ သည်တိမ်သားများ ဖြစ်လာပြီး ကောင်းကင်ပေါ် ပျံတက်သွား ကြသည် သာ
သူတို့အိမ်ဝန်းကျင် ကောင်းကင်၌ တိမ်အစုအဝေးများ ဖြစ်လာတက်ပြီး
အဲ့ဒီ မီးခိုရောင် တိမ်တွေဆီက
မိုးရေတွေ ထွက်ကျလာရောပဲ
သူလိုချင်တာက ခပ်ကြီးကြီး တိမ်ပုံကြီးတစ်ခုပါ
သိုးတစ်ကောင် ကိုဖမ်းချုပ်
သူတိမ်တွေ ထပ်ညှပ်လို့ နေတယ်
သူ့အထက်မှာ တိမ်အစုအဝေးကြီး ရှိတယ်
တိမ်တွေ
တဖြေးဖြေး အနက်ရောင် တိမ်လုံး တွေ ဆီ
တိမ်လုံးတွေ ဆီက
မိုးကြိုး သွားတစ်ခုပဲ
ဘယ်သူ့ဆီ လာနေသလဲပဲ..သူ့ဆီကိုများလား
မီး ပျက်သွားတာလား
သူဘာမှ မမြင်ရတော့
ခဏကြာတော့ သူအမေ ထွက်လာတယ်
သူ့ရှေ့ ခရမ်းချည်သီး တစ်လုံးချသွားတယ်
သူ ငေးကြည့်နေဆဲ
အိမ်ထဲဝင်သွားတဲ့ အမေ ကပ်ကြေးတစ်လတ် နဲ့ အပြင်ထွက်လာတယ်
ပြီးတော့ သူ့သားမွှေး တွေကိုညှပ်တယ်
ကောင်းကင်မှာ တိမ်မည်းတွေ စုပုံသွားတယ်
သူ့ပါးစပ်က ပဲ အဲအဲ လို့ အသံထွက်နေတယ်
ဒါဆို သူက သိုးမည်းတစ်ကောင် ပေါ့
သိုးဖြူ တောင် ဖြစ်ခွင့်မခဲ့ချေ၊
ဒိုဒို
8.6.2017
Comments
Post a Comment