ဆံပင်ရှည်နဲ့ မိန်းကလေး

"ဆံပင်ရှည် နဲ့မိန်းကလေးတွေဟာ ရှိသင့်သ
လား။ ဆောရီး..ငါပြောချင်တာက..ရှည်လျား
တဲ့ ဆံပင်တွေကြောင့် လူတစ်ချို့ သေဆုံးရ
မယ် ဆိုရင် ဆံပင်ရှည်တွေကို မင်းလက်ခံအုံ
း မှာတဲ့လား ။ ငါတော့ အမြဲသိချင်နေတာပဲ"

"ကဲ အခုငါတို့ဆံပင်ရှည်တွေအကြောင်း
စပြောလိုက်ရအောင်"

အလွန်ရှေးကျတဲ့ ပုံပြင်တစ်ပုဒ်ရယ်ပါ

ဆံပင်ရှည်တွေ
အဲ့ဒီ ဆံပင်တစ်ချို့က
လူတစ်ချို့ကို သေစေနိုင်တယ်

မဲနက်ရှည်လျားတဲ့ ဆံပင်တွေဟာ
မိန်းကလေး တစ်ယောက်ရဲ့
ဦးခေါင်းပေါ်မှာ တည်တယ်။

ဆံပင်ရှည်တွေ အောက်မှာ
ဘာရှိနေမလဲ
ငါတို့ ဘယ်လို သိနိုင်မှာတဲ့လဲ

" ဒါ မဖြစ်နိုင်တာပဲ
ဘာကြောင့် ကျနော်ကသူမကို သတ်ရမှာလဲ"
တပ်မှူးလေး က လှမ်းမေးလိုက်တယ်။လမ်းမပေါ် ဖြတ်လျှောက်သွားတဲ့ ရှည်လျား
လှပတဲ့ ဆံပင်ရှည်တွေနဲ့ ကောင်မလေးကို
ကြည့်နေမိရင်း ကပေါ့။

အမိန့်ပေးသူ -"ငါလည်း သေချာတော့မသိ
ဘူး။ ဒါပေမယ့် မြို့စားမင်း ပြောဆိုနေတာ
တွေ့ ကြည့်ရတာ။ ဒီကောင်မလေး အရွယ်
ရောက်ဖို့ နီးပြီတဲ့။ သူမရဲ့ ဆံပင်ကြောင့် ခုမြို့မှာ သူမက အလှဆုံးပဲ။ (သူမရဲ့ ပြုံးရွှင်
မှုတွေကြောင့်လည်း ဖြစ်မယ် ။ဒါတွေထား
ပါလေ )အရွယ်ရောက်တဲ့နေ့မှာ သူမဆံပင်
တွေဆီက နေဖယောင်းပန်းလေးပွင့်ပွင့်လိမ့်
မယ်။ ပြီးရင်တစ်မြို့လုံး အိပ်မောကျပြီးသေ
ဆုံးသွားလိမ့်မယ်။ အကြောင်းရင်းကိုတော့ ငါလည်း သေချာတော့ မသိဘူးပေါ့။"

တပ်မှူးလေး က အမှန်တကယ်တော့ သတ်ဖို့
သူ မဆီသွားခဲ့တာ ။ ဒါပေမယ့် သူမ ကိုသတ်
ချင် တဲ့စိတ်ပျောက်သွားခဲ့ ပါတယ်။(အစ
တည်းက သတ်ချင်တဲ့ စိတ်ကသေးသေးလေ
းပဲ ရှိခဲ့တာ။) မနက်စောစောစီး သူမ ဈေးဝယ်
ထွက်နေရင်း အိမ်ပြန်လမ်းတစ်လျောက်
အဘိုး အဘွားတွေ ကို ကူညီနေခဲ့တာ ကို သူ
တွေ့ခဲ့တယ် လေ။ ဒီကောင်မလေးကြောင့်
 အမှန်တကယ် သေဆုံးကြရမယ် ဆိုရင်
လည်း နောက်ကွယ်က အကြောင်းတရား ကို
သူ သိချင်သေးတယ်။ သူ့ နောက်ကို လူတစ်
ချို့ လိုက်နေတာ ကိုလည်း သူသတိထားမိပါ
တယ်။ သူ မသတ်လည်း မဖြစ်ဖြစ်တဲ့နည်း
နဲ့ သူမကို ချောင်းမြောင်း လုပ်ကြံမယ့်ပုံပေါ်
တယ်

မြို့ရဲ့ အလှဆုံး သူဆိုတော့လည်း အိမ်စုံစမ်း
ရတာ မခက်ဘူးပေါ့။

ခိုတဲရား (ဆံပင်ရှည်ကောင်မလေး)က အကို
ဖြစ်သူ လင်​မယားတို့ နဲ့ အတူနေပါတယ်။
အာရုံတက်မှာ ခရီးစထွက်ရမယ့် အကြောင်း
ပြောပြခဲ့ ရတယ်။ရိက္ခာအပြည့်အစုံကို ထည့်
ပြီးနောက် သူတို့ ခရီးထွက်ဖို့ ပြင်တယ်။

တပ်မှူးလေး ရဲ့ သူငယ်ချင်း "ရှီ" ဆိုတဲ့ အမျိုး
သမီးကို လိုက်ရှာကြရမှာ ။"ရှီ" ကအခြေနေ
အရပ်ရပ်ကို ကောင်းကောင်းသုံးသပ်နိုင်
တယ်။ ဘာတွေ ဖြစ်နေသလဲ ခန့်မှန်းနိုင်
တယ်။

တောင်တွေ အများကြီး ကျော်ပြီးမှ "ရှီ" တို့
အိမ်ရောက်ပါတယ်။ နေတောင်စောင်းပြီ
လေ။

"ရှီ" တို့အိမ်ရောက်ပြီး ခဏနားပြီးနောက်
 အကျိုးအကြောင်း ပြောပြရတယ်။ "ရှီ"
က ဆံပင်ရှည်တွေကို ကိုင်ကြည့်တယ်။

ရှီ-" ဆံပင်ရှည်တွေကြားမှာ"

တပ်မှူးလေး "ဆံပင်ရှည်တွေကြားမှာ "

ခိုတဲရား-"ဘာရှိနေတာလဲ"

ရှီ-" ဆံပင်ရှည်တွေကြားမှာ ငါတို့ မမျှော်မှန်း
ထားတဲ့ သစ်ပင်တစ်ပင် ရှိနေတယ်။ အဲ့ဒီ
သစ်ပင်ကြောင့် မိန်းကလေးက အရယ်အပြုံး
နည်းနေတာ။ အစဉ်သဖြင့် ဝမ်းနည်းနေခဲ့
တာ။ အဲ့ဒီသစ်ပင်ကို ဖယ်ရီစုန်း တစ်ကောင်
ပိုင်တယ်"

ခိုတဲရား-"Fairy ဆိုတာ နတ်အမျိုးအနွယ်
ကောင်လေးတွေ ပဲဘာလို့ စုန်းဖြစ်ရတာလဲ။ "

ရှီ-" လူတွေလိုပေါ့အမှောင်ဘက်ရောက်သွား
တဲ့ Fairy ။ အဲ့ဒီ သစ်ပင်ကို သူစိုက်နေတာ
အမှောင်ဘက် အခြမ်းက တစ်ခုခုကို ခေါ်
ယူဖို့လို့ ယူဆ ရတယ်။သစ်ပင်လေးက
သေးသေးလေးပဲ ။ ဒါ့အပြင် သစ်ပင်က အသက်ရှင်နေပြီ ။ သူမ အရွယ်ရောက်တဲ့
နေ့မှာ သစ်ပင်ပါ အရွယ်ရောက်လိမ့်မယ်။
အကိုင်းအခတ်တွေ ဖြာထွက်လာလိမ့်မယ်။
အဲ့ဒီနောက် မိန်းကလေးနေထိုင်တဲ့ မြို့က
လူတွေ အရင်သေလိမ့်မယ်"

ခိုတဲရား-" ဆံပင်ရှည်တွေ ဖြတ်ချလိုက်ရင်
ရော"

ရှီ-" ခုဆို မင်းနဲ့ မင်းရဲ့ ဆံပင်တွေဟာ နား
လည်ရခက်တဲ့ နေရာတစ်ခုမှာ အချိတ်အ
ဆက် ရှိနေကြပြီ။ အကယ်၍ ဆံပင်ကိုဖြတ်
ချ လိုက်ရင် မင်းသေလိမ့်မယ်"

"သန်​ဘက်​ခါ ဆို မိန်းကလေး အသက် ၁၈
ပြည့်ပြီ ။ အနောက်တိုင်းအယူအရ ဆိုရင်
ဒါဟာ အရွယ်ရောက်တာပဲ။ "

" မင်းတို့ ဒီထက်များတဲ့ အချိန်ပိုလိုတယ်
ခရစ်စတီနာ ကလော့စမ် ဆီသွားပါ။သူမက
မင်းတို့ကို ကူညီလိမ့်မယ်။ ရှေ့ဆက် ဘယ်
ကို သွားရမလဲ သူမ လမ်းညွှန်လိမ့်မယ်"

သူတို့ ခရီးဆက်ထွက်လာခဲ့တယ်။

နှင်းသစ်တောမှာ ရှိတဲ့ ခရစ်စတီနာကလော့စမ် ရဲ့ သစ်လုံးအိမ်ကို
ပါ

နှင်းသစ်တော အဝင်နားမှာ ပဲ
ခရစ်စတီနာ ကလော့စမ်ရဲ့ သစ်လုံးအိမ်
လေးကို တွေ့ပါတယ်။

ခရစ်စတီနာကလော့စမ် -" မင်းတို့်မှာ အချိန်
လိုတယ်။ "စမ်က နံရံကမျိုးစုံလှသော နာရီ
တွေကို ကြည့်ရင်း ပြောလိုက်တယ်။ သူမက
အချိန်ခရီးသွားတဲ့ နေရာမှာ ကျွမ်းကျင်ပါ
တယ်။ အချိန်ကို မြန်​အောင်နှေးအောင်လည်
း လုပ်နိုင်တယ်။ အတိုင်းအတာ တစ်ခုထိပေါ့
။ နာရီတွေက နံရံမှာ မရေမတွက်နိုင်
အောင် ပြည့်နှက်နေတယ်။ နောက်ပြန်လည်
နေတဲ့ နာရီတစ်ချို့လည်း ရှိတယ်။ နာရီတွေ
က စိတ်ဝင်စားစရာ ကောင်းလှတယ်။ လက်
တံတွေမှာ 24; 48 အထိ ထားတာတွေ ရှိ
တယ်။ စိတ်စွမ်းအင် နဲ့ လည်တဲ့နာရီတွေက
အံ့သြဖို့ ကောင်းတယ်။

"ငါရဲ့ စိတ်စွမ်းအင်စု က သုံးထားတာ သိပ်မ
ကြာသေးဘူးလေ။ ဒီအတိုင်းဆို မင်းတို့မှာ တစ်ရက်လောက်ပဲ အချိန်ရှိတော့တာ မို့
လား။သုံးရက်လောက်ထိ ငါနောက်ဆုတ်
ပေး ထားလို့ ပဲ ရနိုင်မယ်။ ဆံပင်ရှည်တွေ
ကြားက ဖယ်ရီစုန်းစိုက်ထားတဲ့ အနက်
 ရောင်သစ်ပင်ကို နှုတ်ဖို့ အတွက် ဆံပင်ရှည်
တွေ ကြားကို သွားမှ ရမှာ။ အစိမ်းရောင် လူ
တစ်ယောက်ကို ရှာပါ။ သူက ဆံပင်ရှည်
ကမ္ဘာကို သွားလို့လွယ်အောင် ကူညီပါလိမ့်
မယ်"

သူတို့ ခရီးထွက်ခဲ့ ပြန်ပါတယ်။

အစိမ်းရောင် လူနေတဲ့ အိမ်ကတော့ သိပ်
မဝေးပါဘူး ။ ဒါပေမယ့် သူတို့မှာ နှစ်ရက်နဲ့
နေ့ တစ်ဝက်ပဲ ကျန်ပါတော့တယ်။

အစိမ်းရောင်လူနေတဲ့အိမ် ရောက်တဲ့အခါ
အစိမ်းရောင်လူက လက်ဖက်ရည် ပန်းကန်
တွေနဲ့ ကြိုစောင့်နေပါတယ်။ သူကြို သိ
နေပုံ ရပါတယ်။

အစိမ်းရောင်လူက -" ဆံပင်ရှည်တွေကြား
က အနက်ရောင်သစ်ပင်ကို သွားယူဖို့ ငါ
တို့ ဆံပင်ရှည် ကမ္ဘာတစ်ခုလိုတယ်။
တကယ်တော့ ဆံပင်ရှည်ကမ္ဘာက ရှိပြီးသား
ပါ။ ငါတို့ မမြင်နိုင်တာ။ မမြင်နိုင်သေးတာ
ပေါ့။ "

"မိန်းကလေး သစ်ပင်နှုတ်ဖို့ သွားတဲ့အခါ
မင်း လိုက်ဖို့် အဆင်ပြေပါ့မလား"

"အဆင်ပြေပါတယ်"

" မဟုတ်ဘူး ဝိညာဉ်ကို ချုံ့ပြီး လိုက်ရမှာ။
ဆံပင်ရှည်တွေထဲ သစ်ပင်ကို ရှာရမှာမို့
မင်းက အပြင်မှာ အိပ်ပျော်နေဖို့ လိုတယ်။
တကယ့် တကယ် လိုက်လို့ရမှာကတော့
ဝိညာဉ်အစိတ်အပိုင်း တစ်ခုပဲ။ အဲ့ဒီ ဝိညာဉ်
ကိုတောင် သေးငယ်အောင် ဆေးရည်
လောင်း ရအုံးမှာ။ ခုဒီဆေးကို သောက်လိုက်
ရင် သုံးရက်လောက် အိပ်ပျော်သွားလိမ့်မယ်
ဝိညာဉ် လည်းထွက်သွားမယ်။ ငါက အိပ်နေ
တဲ့ လူကို စောင့်ကြည့်နေရမယ်။ အဲ့ဒါမှ
အပြင်မှာ တစ်ခုခု မဖြစ်သွားမှာ ။ တပ်မှူး
လေးက မင်းနဲ့အတူ လိုက်သွားလိမ့်မယ်။
အဆိပ်​ရည် တစ်ခုကို ပေးလိုက်မယ်။အဲ့
ဒီ အဆိပ်ရည်ကို သစ်ပင်ကို လောင်းလိုက်မှ
နှုတ်လို့ရမယ်။ အပင်က အရမ်းသန်နေပြီ။
အဆိပ်ရည်က သစ်ပင်ကို လောင်းတဲ့ နည်း
သက်သက်ရှိနိုင်တယ်။အဆိပ်ပင် သတ်
နည်းကို ကျခေါင်မိုးပေါ်မှာ တွဲလောင်းကျနေ
တဲ့ ဇောက်ထိုးလိုအရာကို မေးရမှာ။ အက
ယ် ၍ သူ့စကားကို နားမလည်ခဲ့ရင် စကား
ပြန် ပိုးတုံးလုံးကို ရှာပါ။"

တပ်မှူးလေးကို ဆေးတစ်ချို့တိုက်လိုက်ပါ
တယ်။ သေးငယ်တဲ့ တပ်မှူးလေး ဖြစ်သွား
ပါတော့တယ်။

ခိုတဲရား အိပ်ပျော်သွားတဲ့ အခါ ဆေးရည်
တစ်ချို့ကို ဆံပင်စတွေကို သုတ်လိမ်းလိုကိ
ရင်ပဲ ကမ္ဘာတစ်ခု သွားရာလမ်းတစ်ခု ပွင့်
လာတယ်။

အနက်ရောင်ဆံပင်တွေဟာ ခုတော့ မှောင်
မဲတဲ့ ကမ္ဘာတစ်ခုပေါ့။ အိမ်မက်လို နယ်မြေ
တွေ ။ သွေးစွန်းနေတဲ့ လေစကြာင်္တွေ လည်
နေပုံက ကြောချမ်းစရာပါ ။ ခရမ်းရင့်ရောင်
မီးလုံးတွေကို လည်းတွေ့ရတယ်။အမဲရောင်
လိုက်ကာစ ကို ဖယ်လိုက်ပြီးနောက် သူတို့
ရှာနေတဲ့ သစ်ပင်ကို တွေ့ရပါတယ်။

သစ်ပင်ဆီ သူတို့ ချက်ချင်းမရောက်သွားတာ
ကံကောင်းသွားခဲ့တာ ။ အနက်ရောင် ဖယ်ရီ
စုန်း သစ်ပင်ဆီ ရေလာလောင်းနေတဲ့ အချိန်
ပါ။ သူကြည့်ရတာ သစ်ပင်ကို အလေးထား
စိုက်နေပုံပါပဲ ။ သစ်ပင်မှာ အဖူးတွေ အများ
ကြီးပဲ ။ ဒါပေမယ့် အနက်ရောင် ပန်းတစ်
ပွင့်ပဲ ပွင့်ပါသေးတယ်။ အနက်ရောင် ပန်း
ပွင့်က အတော်လေးလှပါတယ်။ အနက်
ရောင် ကတ္ထီပါ စအပေါ် ငွေရောင်အလင်း
မှုန်တွေ ဖြန့်ကျဲထားသလိုပဲ။

Fairy ထွက်သွားတဲ့အခါမှ သူတို့အပင်နား
ကို ရောက်လာခဲ့တယ်။ အရမ်းလှနေတော့
သတ်ဖို့တောင် နှမျောနေမိကြတယ်။ တစ်ချက်တစ်ချက် အပင်ဆီက ငိုသံကျယ်
လောင်လောင် ထွက်လာသလိုပဲ ။ အဆိပ်
ဖြန်းဖို့စဉ်းစားကြတဲ့ အခါမှ အစိမ်းရောင်လူ
ပြောတဲ့ " ခေါင်မိုးပေါ်မှာ တွဲ​လောင်းကျနေ
တဲ့ ဇောက်ထိုးလို အရာ" ကို သတိရတော့
တယ်။ အမှန်တကယ်တော့ လင်းနို့တစ်
ကောင်ပါ ။ မျက်​နှာကြက် မှာအိပ်နေတာလေ

သူတို့ လင်းနို့ကို မေးကြည့်တဲ့အခါ နားမ
လည်ပါဘူး။ (အမှန်တော့ လင်းနို့က လင်းနို့
စကားပဲ ပြောတာ။ သူတို့က ခက်နေတာ:-) "
စကားပြန် မစ္စတာပိုးတုံးလုံး ကို လိုက်ရှာ
ကြပါတယ်။ မလှမ်းမကမ်း မှာ သီချင်း
နားထောင်နေတဲ့ မစ္စတာပိုးတုံးလုံး ကို တွေ့လိုက် ကြရတယ်။ပိုးတုံးလုံးက ကူညီ
ပါတယ်။ လင်းနို့ရဲ့ စကားကို ဘာသာပြန်
ပေးလိုက်တယ်။

"ဥယျာဉ်တွေမှာ ရေဖြန်းရင်သုံးတဲ့ အပေါက်
ပါတဲ့ ရေဖြန်းတဲ့ ကိရိယာကို သုံးပြီးဖြန်းမှ
အဆိပ်က ထိရောက်မယ်။ အပင်ကို ဆွဲ
နှုတ်လို့ ရနိုင်မယ်။"

Fairy ရေဖြန်းသွားတဲ့ ကိရိယာကို လှမ်းယူ
လိုက်ပြီး အဆိပ်ဖြန်းဖို့ ပြင်ကြတယ်။

ခိုတဲရား-" ကောင်းပါ့မလား ။ သူများရေဖြန်း
တဲ့ ဟာကြီး ယူသုံးလို့(သူက အားနာနေသေး:😝)

တပ်မှူး-" နေနေငါ့ဘာသာပဲ ဖြန်းတော့မယ်"

ရေဖြန်းပြီးနောက် အပင်ရဲ့ အင်အားတွေ
ဆုတ်ယုတ်သွားသလို မျိုး လွယ်လွယ်ကူကူ
ပဲ သူတို့လက်ထဲပါလာတယ်။

အဲ့ဒီနောက် လာလမ်းတစ်လျောက်သူတို့
ပြေးထွက်ခဲ့တယ်။ အပြင်ရောက်တဲ့ အခါ
သစ်ပင်က အတော်လေးခပ်ကြီးကြီး ဖြစ်
သွားပါတယ်။

ခိုတဲရားလည်း နိုးလာပါတယ်။
တပ်မှူးလေးကိုလည်း နဂိုအရွယ်အတိုင်း
ပြန်ဖြစ်အောင် ပြုလုပ်ပေးလိုက်တယ်။

သစ်ပင်ကိုတော့ အကိုင်းအခတ်တွေ ခုတ်
လှဲလို့ စနေနေ့ရဲ့ စုန်းသင်တန်းအတွက် စုန်းတံမြက်စည်းသုံး ကိရိယာလုပ်ပေးဖို့ အသုံးပြုလိုက်ကြတယ်။

အစိမ်းရောင်လူကို နှုတ်ဆက်ပြီးနောက်
လာလမ်းတစ်လျောက်
ခရစ်စတီနာကလော့စမ်
ရှီ တို့်ဆီ ပြန်လည်နှုတ်ဆက်ကြတယ်။
ပိုးတုံးလုံးနဲ့ လင်းနို့လေးတို့ကို ရှီရဲ့ အကူ
အညီနဲ့ သူတို့ရဲ့ နေရပ်မိဘတွေ ရှိတဲ့နေ
ရာကို ပြန်ပို့ပေးလိုက်ကြတယ်။

တပ်မှူးလေးဟာ ခိုတဲရားကို အိမ်ပြန်ပို့
လိုက်တယ်။ တစ်သက်စာ သတိရနေမှာပါ။

ခိုတဲရား-" အရာအားလုံး အတွက် ကျေးဇူး
ပါပဲ ။ အဲ့ဒီထက်ပိုပြီးလည်း ပြောချင်ပါသေး
တယ်။ "

တပ်မှူးလေး-" နှုတ်ဆက်ပါတယ်"

ဒိုဒို
(ပုံပြင်ထဲမှာ အသိအကိုအစ်မတွေကို ထည့်
ရေးမိတယ်။ ကာယကံ ရှင်တွေဖတ်မိရင်လ
ည်း တောင်းပန်ပါတယ် လို့)အဟီး😄

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား