ကြက်ဥကြော်
ထမင်းကြော်နဲ့
မနက်တိုင်း မနက်စာ စားရတာ ဟာ
ငြီးငွေ့နေတဲ့ လူ့ဘဝကြီးမှာ
ငြီးငွေ့ စရာကောင်းတဲ့
မနက်စာ စားခြင်းမျိုးပဲ။
ကြက်ဥကို အလယ် ကအနှစ်မပေါက်
အောင်ကြော် ကြက်ဥချောင်း သုံးလေးချောင်း
ကြော်လို့ ကော်ဖီတစ်ခွက်နဲ့ ကျွန်မရဲ့ မနက်စာ ပြီးတယ်။ တစ်ခါတလေ အိမ်ဘေးက ကြက်တွေကို သနားပါရဲ့။
ကြက်ဥ သွားဝယ်ရင် သူတို့မှာ မျက်နှာငယ်နဲ့
ဒီနေ့မနက် နေလို့ မကောင်းဘူး ဖြစ်နေမိတယ်။ အမြင် မကြည်လင်သလိုပဲ။
မနက်အစော ကြီးထဲ မျက်နှာ သစ်ပြီးမှ
ကျူ ရှင် မရှိဘူးဆိုမှ ပြန်အိပ်ရတာ ကြောင့်ထင်ရဲ့။အိမ်အောက်ထပ်ကို ဖြေးဖြေး ချင်းဆင်းကြည့်ရင်း ပန်းကန် တစ်ချပ်တွေ့တယ်။ အမေ ကြက်ဥကျော် ပေးသွားတယ်ထင်ပါရဲ့။ ကော်ဖီ ကျကျနန
ဖျော်ရင်း ထမင်းကြော်စားဖို့ ပန်းကန် ပြား
ထဲ ကြည့်မိတော့ ဘုရားရေ
ကြက်ဥ ကျော်ဟာ ကျွန်မမျက်နှာပါလား။
ဒိုဒို

Comments
Post a Comment