ချောကလက်စီးကရက်

ချောကလက်စီးကရက်ကို မီးညှိလိုက်ပြီးနောက်
သူ့ လည်ချောင်းထဲ ချောကလက်မြစ်ကြီး
စီးဆင်းနေတယ်

ချောကလက် ငွေ့တွေကြောင့်
လေထုညစ်ညမ်းလို့ထင်
ချောကလက် တိမ်ညို တိမ်လိပ်တွေဖြစ်လာ
ကြပြီး ဝမ်းနည်းမှုနဲ့ ပေါင်းစပ်လို့
ချောကလက်ကော်ဖီ မိုးတွေ ရွာသွန်း​တယ်
ခပ်ဝေးဝေးမှာ နားနေတဲ့
ပေါင်မုန့်လိပ်ပြာ တွေကို ဖမ်းယူစားသောက်
လိုက်ပြီးနောက် မိုးည တစ်ညရဲ့ အလင်းမှုန်တွေနောက် သူတဖြေးဖြေး
ပျောက်ကွယ် သွားလိုက်တာ ကိုယ့်ဖြစ်တည်မှုကိုယ် မေ့လျော့လာတဲ့ အထိပဲ။

ဒိုဒို
20.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား