ပဲနံပြား

ကျွန်တော့် ဇနီးပဲပြုတ်ရောင်းရာမှ
အပြေးအလွှား  ပြန်လာသည်
သူမ၏ နောက်တွင် ပဲပြုတ်အလုံး များလိုက်
လာသည် ဆို၏

ပဲပြုတ်အိုးထဲသို့  သူမအပြေး ဝင်ပုန်းသည်

ကျွန်တော် ကြည့်နေစဉ်တွင်
သူမ နောက်လိုက်လာသော ပဲပြုတ်အလုံး
များသည်
လူပုံသဏ္ဍာန် ဖြစ်လာကြပြီး
ပဲပြုတ် လက်များဖြင့်
ကျွန်တော့် ဇနီးဝင်သွားသော အိုးထဲသို့
ရေးလောင်းထည့်သည်

ထင်းစိုက်ပြီး နောက် သူတို့ ပြန်ထွက်သွားကြသည်

အိုးအတွင်း သို့ကြည့်လိုက်ရာ
ရာဝင်အိုး တမျှ ကြီးမားသော
ပဲပြုတ် တစ်လုံးကို တွေ့သည်

ကျွန်တော်လည်း ဆယ်လိုက်သည်

နံပြား နှင့်တွဲ စားရန်ဖြစ်လေသည်

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား