ဖယောင်းသတို့သမီး တို့ရဲ့ အိမ်ပြန်ချိန်
"မနက်မိုးလင်းပြီ" အိပ်နေတဲ့ ကျွန်မကို
သေးငယ်တဲ့ကလေးမလေး တစ်ယောက်က
လာနှိုးတယ်။ သူမက သေးငယ်လွန်းပြီး
လက်သန်းအရွယ်လောက်သာ ရှိတဲ့ လူပုမ
လေး တစ်ယောက်ပါ။ ကျွန်မ အရာအားလုံး
မေ့လို့နေပါတယ်။ ခုရောက်နေတဲ့နေရာနဲ့
ကျွန်မ ကိုယ်တိုင်က ဘယ်သူလဲဆိုတာရယ်
ကလေးမလေး ပြောနေတဲ့ ကျွန်မရဲ့ အမျိုး
သားဖြစ်သူ ဒေ့ခ်ျမာကာ ဆိုတဲ့လူရယ် ။ဘာမှ
တွေးတောလို့မရပဲ အအေးခွက်ထဲက အ
အေးတွေကို လူတစ်ယောက်ပိုက်နဲ့ စုပ်သော
က်တာခံရသလို မှတ်ဥာဏ်တစ်ခုလုံး စုပ်ယူ
ခံထားရတဲ့ပုံမျိုးနဲ့ ပြောင်ရှင်းလို့နေတယ်။က
လေးမလေးပြောတဲ့ နေရာမှာ မျက်နှာသစ်
လိုက်ပြီး သူမညွှန်ပြတဲ့လမ်းအတိုင်း မနက်
စားစားတဲ့ အခန်းရှိရာကို လိုက်လာခဲ့တယ်။
အိမ်ကြီးက ကျယ်ဝန်းပြီးခမ်းနားသလို ထ
မင်းစားခန်းက လည်း ကျယ်လွန်းတယ်။
ရှေးဟောင်းစားပွဲ ရှည်တစ်ခုပေါ်မှာ မုန့်အ
ပြည့်ထားတဲ့ လင်ပန်းတွေ ၊ကော်ဖီထည့်ထာ
းတဲ့ ရွှေခွက်၊ပြောင်လက်နေတဲ့ လက်ကိုင်
ပဝါ အသေးလေး အရာအားလုံး နဲ့ ကျွန်မနဲ့
ကင်းကွာသလိုပဲ။ စားပွဲထိပ်မှာ ဒေ့ခ်ျမာကာ
ဆိုတဲ့ လူတစ်ယောက်ထိုင်တယ်။ကလေးမ
လေးပြောပုံအတိုင်းဆို သူက ကျွန်မရဲ့ အမျိုး
သား ဖြစ်မယ်။ ကိုယ့်အမျိုးသားကိုယ် ပြန်
ကြိုက်ချင်သွားမိတယ် ။ချောတယ်ဆိုတာ
ထက် အံ့သြသင့်စရာတစ်ခုခုက သူ့ဆီမှာ ပူးကပ်နေတာမျိုးပဲ။ အဲ့ဒါက သူ့ကို နှစ်
သက်စေခဲ့တာ မျိုးထင်ပါရဲ့။အဲ့သည်လိုနဲ့ အ
ရင်က သူ့ကိုချစ်မိခဲ့တယ် ထင်ပါရဲ့လေ။အ
ရင်ကဆိုတဲ့အရာမှာ သူ့ကိုဆယ်စုနှစ်
သက်တမ်းစာလောက် ချစ်ခဲ့တာမျိုးမဟုတ်ပဲ
ဟောင်းနွမ်းဆွေးမြေ့တဲ့ အတိတ်ကာလရဲ့
နှစ်တစ်ချို့မှာ ချစ်ခဲ့တယ်လို့ ထင်လာမိ
တယ်။သူ့ကို လွန်ခဲ့တဲ့ နှစ်တွေမှာ ရာထော
င်ချီကျော်ကြာတဲ့ နှစ်ကာလအဝန်းအဝိုင်းေ
လးတစ်ခုမှာ ဆုံစည်းချစ်ကြိုက်ခဲ့တယ်လို့ ခံ
စားလာရမိတာ။ သူ့ရဲ့ ချောင်းဟန့်လိုက်သံ
ကြောင့် အတွေးတွေ ပျံ့ ထွက်သွားရတယ်
"မနက်စားစားရတာ အဆင်ပြေရဲ့လား
ဒလိုင်းနာ " တို့ခနဲဆိတ်ခနဲ စားလိုက်တွေး
လိုက်လုပ်နေတဲ့ ကျွန်မကို သူစိတ်ထင့်သွား
တယ် ထင်ပါရဲ့။
"ရှင်သိမလားမသိဘူး ပွင့်ပွင့်လင်းလင်းပြော
ရရင် ဒီအိမ်ကိုလည်း မမှတ်မိသလို ကျွန်မရဲ့ အမျိုးသားဖြစ်တဲ့ ရှင့်ကိုလည်း မမှတ်မိဘူး
ပြောရမှာတော့ အားနာစရာကောင်းပါတယ်
ကျွန်မကိုယ် ကျွန်မလည်း မေ့လျောနေခဲ့တာ
"
ဒေ့ခ်ျမာကာ -"ကိုယ်သိပါတယ်။အဲ့ဒီ ကိစ္စကို
အခြေနေတွေ တည်ငြိမ်ငြိမ်ရှိမှ ပြောပြမလို့
စဉ်းစားထားခဲ့တာပါ။မေတာ္တဆမႈ တစ္ခုေ
ကြာင့်ပါ ၊ မင်းရဲ့မှတ်ဥာဏ်တွေ တဖြေးဖြေး ပြန်ကောင်းလာမှာပေါ့ ။ လောလောဆယ် မှာကိုယ့်နေအိမ် ပြန်ရောက်နေသလို၊မင်းအ
မျိုးသားရှေ့မှာ မင်း ထိုင်နေခဲ့တာပဲလေ၊စိုး
ရိမ်စရာတော့ မရှိဘူး မဟုတ်လား အေးအေး
ဆေးဆေး အနားယူလိုက်ရင် မှတ်ဥာဏ်တွေ
ပြန်ရောက်လာမယ် လို့ ကိုယ်တော့မျှော်လင့်
တာပဲ" သူက ဖွဖွပြုံးတယ်။
"ကျွန်မလည်း မျှော်လင့်ပါတယ်"
ဒေ့ခ်ျမာကာ-"ကိုယ်မချောဘူးလား၊ ကိုယ့်
ကို ရင်းနှီးတယ်လို့ မခံစားရဘူးလား၊ ပြီး
တော့ ကိုယ်က မင်းအမျိုးသားပဲလေ ဒလိုင်း
နာ"
"ချောပါတယ်" ဒါပေမယ့် ကြောက်စရာကော
င်းတယ်။ "ဒါပေမယ့် ကြောက်စရာကောင်း
တယ်"က စိတ်ထဲကတီးတိုးပြော နေမိတယ်
ကျွန်မတို့ ပြောနေတဲ့ လေသံတစ်ခွန်းနဲ့တစ်
ခွန်းရဲ့ အကွာအဝေးကြား နှစ်ကာလတွေ အ
များကြီးခြားသွားတယ် လို့ထင်ရတယ်။အပေါ်အောက်နှုတ်ခမ်းတွေ ကပ်လို့နေပြီး
စကားတစ်ခွန်း ပြောလိုက်ဖို့ရာ ဝန်လေးနေ
နေခဲ့တယ်။ ရှင်က ချောပါတယ်။သဘောကျ
စရာပုံ မျိုးပဲ ဒါပေမယ့် ရှင့်ကိုဘာကြောင့်လ
က်ထပ်ခဲ့ရတာ လဲပဲ။
.................................................................
နေ့ရက်တိုင်းမှာ အိပ်ယာကို နောက်ကျမှ ထ
တယ်။ဒေ့ခ်ျမာကာနဲ့ မနက်စာ အတူစားတ
ယ်။ ဒေ့ခ်ျမာကာရဲ့ လမ်းညွှန်ပြမှုနဲ့ အိမ်လ
ယ် ခန်းက စာကြည့်တိုက်ဆီ စာအုပ်သွားရှာ
ဖြစ်တယ်။ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ယူ
လာလို့ စာကြည့်စားပွဲနား စာအုပ်ထိုင်ဖတ်
တယ်။ အနည်းငယ် မျက်လုံးညောင်းလာတဲ့
အခါ ပတ်ဝန်းကျင်က အစိမ်းရောင် အရာ
တွေကို ငေးမောကြည့်နေမိတယ်။ ဒေ့ခ်ျမာ
ကာက နေ့လည်စာ ဟင်းချက်တယ်။ ဟင်း
ကျက်သွားတဲ့အခါ ကျွန်မလက်ကိုဆွဲလို့ ထ
မင်းစား စားပွဲရှိရာကို ခေါ်လာတယ်။ ထမင်း
စားပြီးတော့ အချို တည်းဖို့သူက မုန့်လုပ်
တယ်။ ကျွန်မက စာအုပ်ဖတ်ရင်း ထိုင်စောင့်
နေခဲ့တယ်။ ကျွန်မ ညဘက်တွေ အိပ်မပျော်
ဘူး။မနက်ကိုတော့ အမြဲ အိပ်ရာထနောက်
ကျတယ်။ဒီလိုနေလာခဲ့တာ တစ်လကျော်ပါ
ပြီ။ တစ်ခုခုကို မေးသင့်ပြီ ထင်တယ်။
"ဒေ့ခ်ျမာကာ အရင်ကလေ
ဟင်းချက်တာက ရှင်ပဲလား။ ကျွန်မ တာဝန်
တွေ ရှင်ခွဲယူလိုက်တာမျိုးလား?"
"အရင်က ဟင်းချက်တာလည်း
ကိုယ်ပါပဲ"
"ရှင်က တကယ်ကြင်နာတက်တဲ့ လူပဲထင်
ပါရဲ့။ အရင်က အကြောင်းတွေ မမှတ်မိ
တော့ ပေမယ့် ကျေးဇူးတင်ပါတယ် ရယ်"
"အင်း ရပါတယ် ကိုယ်ရွေးခဲ့တာပဲလေ"
"ဒါနဲ့လေ ကျွန်မ အရင်က အသက်မွေးဝမ်း
ကြောင်း အလုပ်က ဘာများဖြစ်မလဲ။ "
"မင်းက စာရေးတာပါ"
"ဟင်"
"စာရေးတဲ့လူ ပါ"
"အော် အဲ့ဒါကြောင့် စာရေးစားပွဲတွေ ထိုင်ခုံ
တွေက နေရာတကျ ရှိလွန်းတာကို"
"ဟုတ်တာပေါ့"
"ဒါဆို ကျွန်မအရင်က အလုပ်ကို ပြန်လုပ်
ရမှာပေါ့။ အရင်က ဘာတွေရေးခဲ့တယ် မ
သိဘူး။ ဒါပေမယ့် ပြန်ရေးဖို့ ကြိုးစားရအုံး
မယ်"
"အင်း ကြိုးစား"
သူကော်ဖီဖျော်ပြီး စာရေးစားပွဲပေါ် တင်သွား
မှန်း ခံစားသိရှိလိုက်ရတယ်။ ကျွန်မ လည်း ရေးနေတဲ့ ဇာတ်လမ်းပေါ် အာရုံနစ်မြောသွာ
း တာ ကော်ဖီလည်း အေးလို့ နေတောင်အ
တော်စောင်းနေပြီ။ကျွန်မကို ငေးကြည့်နေ
ရင်း စားပွဲပေါ်မေးကလေးထောက်လို့ အိပ်
ပျော်နေတဲ့ ဒေ့ခ်ျမာကာ ကိုတွေ့တယ်။ သူ
ဟာ တကယ်ပဲ ကျွန်မရဲ့ အမျိုးသား ဟုတ်
ဟန်တူ ပါရဲ့နော်။ငယ်ငယ်က အကျင့်အ
တိုင်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ သိပ်တွေး
တက်တယ်။ အဲ့ဒါ မကောင်းဘူးလို့ မေမေက
ပြောဖူးတယ်။
ကျွန်မ မေမေလို့်တွေးလိုက်မိတာလား။ ကျွန်
မ မိသားစု ငယ်ဘဝက သတိရလာပြီပေါ့။
ကျွန်မ အမေဟာ ဘယ်သူများပါလိမ့်။ မေမေ
ဟာ ဝဝပုပု မိန်းမတစ်ယောက်လား။ အရပ်
ရှည်ရှည် အမျိုးသမီး တစ်ယောက်ပဲလား။တွေးလေလေခေါင်းက တစ်ရိပ်ရိပ် မူးလာ
တယ်။ကျွန်မ ကုတင်ရှိရာကိုသွားမှဖြစ်မယ်။
တရိပ်ရိပ်မူးနေရာကနေ ကြိုးစားအားယူလို့ လှေကားထစ်တွေကို တဖြေးဖြေးလျှောက်တ
ယ်။ မှုန်ပြပြ လင်းနေတဲ့ နေရာဟာ ကျွန်မရဲ့ အိပ်ခန်းပဲ။ မှန်တင်ခုံ အကြီးကြီးရှေ့ မှာ ကျွန်မကို ကျွန်မ ငေးမောနေမိတယ်။ မှန်ရဲ့
အမြင်တွေက ဝါးလာတာပဲလား။ ကျွန်မရဲ့
ခေါင်းကိုက်ဝေဒနာကြောင့်ပဲ လား မသေချာ
ပေမယ့် မှန်ထဲက အမျိုးသမီးဟာ ကျွန်မ မ
ဟုတ်တာတော့ သေချာနေပါတယ်။ဘယ်သူ
မှန်းမသိတဲ့ အမျိုးသမီးဟာ ကျွန်မကို ခပ်စိမ်း
စိမ်းကြည့်နေပါတယ်။ အရိပ်တွေ အရာရာ
ဟာ မူးဝေနောက်ကျလို့ အားလုံးဆီက ပြေး
ထွက်လာပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။
အံ့သြစရာပဲ ကျွန်မ ခဏလေးအတွင်း အိပ်
ပျော်သွားနိုင်ခဲ့တယ်။
စိတ်ပင်ပန်းမှုကြောင့်ပဲ ထင်ရဲ့ ညနေစောင်း
ကတည်းက အိပ်ပျော်သွားခဲ့တာ နောက်
တစ်နေ့မနက် နေထွက်ချိန်မှ နိုးလာခဲ့တယ်။
နာရီတော်တော်လေး ကြာသွားခဲ့ပြီ။ ဒေ့ခ်ျမာ
ကာ က မနက်စာစားရင်း မြင်းစီးချင် သလား
လို့ မေးတယ်။ ဟိုးအရင်က အတူစီးနေကြ
တဲ့။ ဘာဆိုဘာမှ မမှတ်မိတော့တဲ့ အတွက်
အရင်က ကျွန်မ မြင်စီးတက်ခဲ့ရင်လည်း အ
ခု မြင်စီးပြန်သင်ပေးရ မှာ ဖြစ်တဲ့အကြောင်း
သူ့ကို ပြောလိုက်တယ်။ဒေ့ခ်ျက ပြုံးရင်း ခေါင်
း ငြိမ့်တယ်။ အိမ်ရဲ့ ခြံစည်းရိုး နားကို ရောက်
ဖို့ တော်တော်လေး လမ်းလျှောက်ရတာတွေ့
ရတယ်။အကြာကြီးလမ်းလျှောက်မှ အိမ်ခြံ
စည်းရိုးကို ရောက်သလိုပဲ။(ရုပ်ရှင်တွေထဲ
ကလို လူတွေကို ခြံစည်းရိုးနဲ့ဝေးတဲ့ အိမ်
ကျယ်ကြီးထဲ သော့ခတ်သိမ်းထားတဲ့ ပုံမျိုးကို
ခံစားသိရှိလာတယ်။ အနည်းဆုံးတော့ သူ
က သော့မခတ်ထားပါဘူး လေ)။ ခြံစည်းရိုး အဝ မှာ အပင်တွေက လှုပ်နေသလိုပဲ။စာအုပ်တစ်အုပ် မှာ တွေ့ခဲ့ဖူးတဲ့ ဂမုန်းပင်
အမျိုးအစား လို့ တွေးမိတယ်။ အာရုံမှောက်
မှားတာပဲလား "ဝါး"ခနဲ သမ်းလိုက်တာ ကြား
လိုက်ရတယ်။ လူတွေ အိပ်ရေးမဝရင် သမ်း
ဝေသလိုမျိုး ၊ အားအင် ကုန်ခမ်းရင် သမ်းဝေ
သလိုမျိုး။ သမ်းဝေမှုက ကျွန်မဆီက မဟုတ်
ဘူး။ ဒေ့ခ်ျမာကာ ဆီကလည်း မဟုတ်ဘူး။
မျက်လုံးတွေ ပြူးကျယ်လာရတယ်။ "ရှူးတိုး
တိုး "လို့ ဒေ့ခ်ျမာကာ ဆီက ရေရွတ်သံကြားမိ
တယ်။ နဂိုက ထောင်မတ်နေတဲ့ အပင်တွေ
လည်း ငြိမ်ကျသွားတယ်။ ဒေ့ခ်ျမာကာလည်း
သူ့ စောစောက တစ်စုံတစ်ရာ မပြောခဲ့သလို
မျိုးနဲ့ တစ်ဖက်ကို လှည့်သွားတယ်။ ကျွန်မတို့
တောင်တန်းတွေ ဘက်ကိုသွားကြတယ်။နံ
နက်ဆည်းဆာရယ် တိမ်စိုင်တစ်ချို့နဲ့တောင်
တန်း သစ်တောတွေ မြင်နိုင်ရုံလောက်ပဲ။ ရှု့ခင်းကောင်းကောင်း မြင်ရတဲ့ နေရာမှာ ခ
ဏနားကြတယ်။သက်တန့်ပုံစံထိပ်အချွန်ပါ
တဲ့မြင်းတစ်ကောင်ကို ကျွန်မတွေ့လိုက်ရတ
ယ်"ဟိုမှာ တွေ့ရတာ ယူနီကွန်း မဟုတ်လား
"တစ်လောက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲမှာ မြင်
ဖူးခဲ့တာ။ "ယူနီကွန်း ကို ရှင်သိနေသလိုပဲ"
"အင်း ကိုယ်မွေးထားတာလေ "ရယ်ရင်း
"သူကတော့ မပျံနိုင်ဘူး"။
"ဒါပေမယ့် သူက ချစ်စရာကောင်းပါတယ်"
"အင်း ကိုယ်မွေးထားတာတွေထဲမှာ အဖြူ
ရောင်လေးနဲ့ အလှဆုံးပဲ"
"ဒါနဲ့ သူ့မှာ ကလေးတွေ ရှိလား"
"ဟင့်အင်း မရှိဘူး
သူက ယူနီကွန်း လူပျို ကြီးပါ"
သူက ဟာသဥာဏ်ရှိတဲ့ ခင်ပွန်းတစ်ယောက်
ပါပဲ။ ကျွန်မကိုလည်း ပျော်အောင်ထားနေခဲ့
တဲ့ပုံပေါ်တယ်။ခါတိုင်းသူနဲ့နေရတဲ့အခါ စိတ်အနှောက်ယှက်ဖြစ်သလို ခံစားရမိခဲ့တဲ့
အတွက် အားနာ မိပြန်တယ်။
"အိမ်ပြန် ကြရအောင်"
"အင်း ပြန်ကြမယ်"
စိတ်လိုလက်ရ ဖြစ်တဲ့အခါ သူ့ဆီက လက်
နှိပ်စက် တစ်ခုငှါးလို့ ကျွန်မရေးခဲ့ဖူးတဲ့ ပုံ
ပြင်တွေကို အချောသပ်နေမိတယ်။ လက်
နှိပ်စက် ဆီက "တဂျောက်ဂျောက် "မြည်သံ
ကို ကျွန်မ သဘောကျနေမိတယ်။ ဟိုးအရင်
ထဲ က ကျွန်မဟာ လက်နှိပ်စက်နဲ့ စာရေးရ
တာကို သဘောကျခဲ့ဟန်တူပါရဲ့။စာရိုက်နေ
ရင်းက ဒီရက်ပိုင်းတွေမှာ မူမမှန်ပဲ မက်ခဲ့တဲ့
အိပ်မက်တွေ အကြောင်း စဉ်းစားနေမိတယ်
အိပ်မက်ထဲမှာ မက်ခဲ့တဲ့ အမျိုးသမီးနဲ့ ကျွန်
မနဲ့ နီးကပ်စွာ ဆက်စပ်နေသလိုပဲ။နေ့စဉ်
မက်ခဲ့တဲ့ အိပ်မက်ထဲမှာ အမျိုးသမီးတစ်
ယောက်က ကျွန်မတို့ အိမ်ရှိရာကို လမ်း
လျှောက်လာတယ်။ အိပ်မက်ထဲမှာ သူလျှော
က်လာနေတဲ့ အချိန်က မိုးစုန်းစုန်းချုပ်နေပြီ။
လမိုက်ညလို့ ယူဆရတယ်။မိုးတွေလည်း
သည်းသည်းမဲမဲ ရွာလို့ အိမ်ရှင်အမျိုးသားက
တံခါးလာဖွင့်တယ်။ အဲ့ဒီလူက ဒေ့ခ်ျမာကာ
ဟုတ်ချင်လည်း ဟုတ်မယ်။တခြားလည်း
တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။တစ်
ချက်ချက် လက်သွားတဲ့ လျှပ်စီးတွေကြား အဲ့
ဒီအမျိုးသားရဲ့ မျက်လုံးတွေဟာလည်း ပြိုးပျ
က်နေတာကို ခံစားရမိတယ်။
တံခါးဝမှာ ရပ်နေတဲ့ အမျိုးသမီးငယ်လေး
ဟာ ရုတ်တရက် ကျက်သေသွားသလို မျိုး ရပ်
ကြည့်နေတယ်။ အိပ်မက်မက်နေတဲ့ ကျွန်
မ ရဲ့ နှလုံးခုန်သံတွေ ပိုလို့ မြန်လာတယ်။အဲ့
ဒီနောက် အရာရာဟာ တိတ်ဆိတ်လို့။ မိုးလ
င်း ပြီ ဆိုတာ သိလိုက်ရတာပဲ။
ဒေ့ခ်ျမာကာက သူ့အမေတစ်နေရာမှာ ဒုက္ခ
ရောက်နေတယ်လို့ သတင်းကြားတဲ့အတွက်
သူ အဲ့ဒီနေရာကို သွားရမှာ ဖြစ်ကြောင်းကျွန်
မကို အသိပေးတယ်။ ကျန်းမာရေးမကာင်း တဲ့အတွက် ကျွန်မကိုတော့ ချန်ထားရစ်မယ်
အထုပ်အပိုးပြင်လို့ မြင်းတစ်ကောင်နဲ့ ခပ်
သွက်သွက်ထွက်သွားတာ တွေ့ရတယ်။ အဝေးရောက်သွားတဲ့ သူ့ကို နှုတ်ဆက်ရင်း
ဂမုန်းပင်တွေကြားက လက်ကိုင်အိတ်လိုအ
ရာကို သတိထားမိတယ်။လက်ကိုင်အိတ်က
ပွင့်နေပြီး အထဲက မှန်တစ်ချပ်က နေရောင်
ထဲမှာ လက်လာတယ်။ လက်ကိုင်အိတ်ကို
လှမ်းယူလိုက်တော့ ဂမုန်းပင်တွေ လှုပ်ရှား
လာတယ်။ အနီးဆုံး ဂမုန်းပင်ကြီးက ကျွန်မ
လက်ကို လှမ်းကိုက်တယ်။ ကိုက်ခံရတဲ့နေ
ရာက စိမ့်ထွက်လာတဲ့ သွေးစက်တွေကိုလျာ
နဲ့ရက်လို့ အခုမှပဲနေသာ ထိုင်သာရှိသွား
တော့တယ် လို့ ပြောတယ်။ အိတ်ကို အတင်း
ဆွဲယူလိုက်ရင်း နောက်ပြန်ပြေးရတော့တယ်
အိမ်ထဲရောက်မှ အပြင်ဘက်ကိုလှမ်းကြည့်
မိတယ်။ ဂမုန်းပင်တွေ မလိုက်လာတော့ပါ
ဘူး။ လက်ကိုင်အိတ်ထဲမှာ ဘာတွေရှိနေမ
လည်း စိတ်ဇောနေမိတယ်။ လက်ကိုင်
အိတ်က ကျွန်မနဲ့ သိပ်ရင်းနှီးသလိုပဲ။ ကျွန်မ
အရင်က ဒီလက်ကိုင်အိတ်ကို အသုံးပြု ဖူးသ
လို ခံစားလာရတယ်။အညိုရောင် လက်ကိုင်
အိတ်ကို ကျွန်မနောက်ဆုံး မြင်ဖူးခဲ့တာ အိပ်
မက်ထဲမှာပဲ။ အိပ်မက်ထဲမှာ ကျွန်မတို့ အိမ်
တံခါးဝမှာ အမျိုးသမီးငယ်လေး ရပ်နေတုံးက
သူကိုင်ထားတဲ့ အညိုရောင်လက်ကိုင်အိတ်
ကလေးပဲ။ ပျောက်နေတဲ့ အမှုကို သဲလွန်စ
ရသွားလို့ အပျော်လွန်သွားတဲ့ ရှေ့နေတစ်
ယောက်ရဲ့ ပျော်ရွှင်မှုမျိုးကို ခံစားလာရတယ်။
လက်ကိုင်အိတ်ထဲမှာ အမျိုးသမီးအလှဓာတ်
ပုံ နှစ်ပုံလောက်ရယ်၊မှန်တစ်ချပ်၊ နှုတ်ခမ်း
ဆိုးဆေး တစ်ဘူးနဲ့ ပိုက်ဆံတစ်ချို့ပါတယ်။
ဘောပင်တစ်ချောင်းလည်း တွေ့ရတယ်။နိုင်
ငံသားမှတ်ပုံတင်လို့ ခေါ်တဲ့ကဒ်တစ်ခုအရ
လက်ကိုင်အိတ် ပိုင်ရှင် အမျိုးသမီးရဲ့နာမည်
က "ဒလိုင်းနာ"။ "ဒလိုင်းနာ"ကျွန်မ နာမညိ
ပဲ။ ပုံထဲက အမျိုးသမီးက အိပ်မက်ထဲက အမျိုးသမီးဖြစ်ပြီး အပြင်က ကျွန်မနဲ့ ရုပ်မတူ
ပါဘူး။ ဒါပေမယ့် နာမည်ကတော့ တစ်ခု
တည်း ဖြစ်နေခဲ့တယ်။
"ပုံထဲက အမျိုးသမီး က ဒလိုင်းနာ ပဲ။ မင်း
နာမည်က လည်း ဒလိုင်းနာပဲ။ ဒါ့အပြင် သူက မင်းဖြစ်သလို၊ မင်းကလည်း သူပဲ"
ဘယ်ကမှန်းမသိတဲ့ သေးငယ်တဲ့အသံက
လေးတစ်ခုပဲ။
"ရှင် ဘယ်က ပြောနေခဲ့တာလဲ။ ကျွန်မ ရှင့်
ကို မမြင်ရဘူး"
"စာကြည့်တိုက်ကို လာခဲ့ပါ ဒလိုင်းနာ"
ဘယ်ကမှန်းမသိတဲ့ အသံတစ်ခုရဲ့ ခိုင်းစေ
မှုကြောင့် စာကြည့်တိုက်ကို သွားနေခဲ့ရပါပြီ
"ရှင်က အတောင်သေးသေးလေးနဲ့ လူသေး
သေးလေးပဲ။ မျက်လုံးကလည်း အစိမ်းရောင်
လေးတွေ လင်းလက်လို့"
"ဘာလို့ ဒီလိုနေရာမျိုးမှာ ရှိနေရတာလဲဟင်"
"ငါတို့ကို ဒေ့ခ်ျမာကာ ပိုင်တယ်လေ
ဒါတွေ ထားပါ။ တကယ်သေရေးရှင်ရေး
အရေးကြီးတဲ့ အရာတွေကို မင်းမသိချင်ဘူး
လား။ အထူးသဖြင့် ဒီအခြေနေတိုင်းဆို
မင်းနဲ့ အဖြစ်မှန်ကို ဝေးဝေးလာနေတယ်
လေ"
".အင်း ဒီမှာ ဘာဖြစ်နေတာလဲ
ဒလိုင်းနာက ဘယ်လိုဖြစ်တာလဲ "
"ပြောရရင်တော့ ဇာတ်လမ်းရှည်တစ်ခုလိုပဲ။
ဒီအိမ်ရဲ့သခင်လေး ဒေ့ခ်ျမာကာက နေစ
ပြောရမယ်။ ဒီပန်းချီကားကို မင်းဘယ်လို
မြင်လဲ"သူက ပိတ်ထည်ခပ်ကြီးကြီးနဲ့ဖုံး
ထားတာကို ဆွဲလှန်လိုက်တယ်။
"ဒလိုင်းနာ " လက်ကိုင်အိတ်ပိုင်ရှင် အမျိုး
သမီးက ပန်းချီကားထဲရောက်နေတာ တွေ့
ရတယ်။ ဒီဘက်ခေတ်အဝတ်အစားတွေနဲ့
တော့ မဟုတ်ဘူး။ အတော်ရှေးကျပြီး ပိုးထ
ည်လို ရွှေရောင်ငွေရောင် ပြောင်လက်နေတဲ့
အဝတ်အစားတွေနဲ့ သူမရဲ့ ဘေးနားမှာ
ဒေ့ခ်ျမာကာက စန္ဒရားခလုတ်တွေပေါ် လက်
တင်ထားတယ်။
"အောက်ဘက် က နေ့စွဲကို ကြည့်လိုက်ပါ"
"10.8.1399"
"ဟင် ဒါဘယ်လိုလုပ်"
"အနည်းဆုံးတော့ ဒေ့ခ်ျမာကာ လူမဟုတ်
တဲ့ အကြောင်းသိသွားပြီ မဟုတ်လား"
"ဒါဆို ဇာတ်လမ်းတစ်ခုလုံးမှာ ကျွန်မက
ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ"
ပန်းချီကားနောက်ဘက်က စာတစ်စောင်
ထွက်ကျလာတယ်။
.................................................................
မောင့် ဘတ်ကီ
မောင်ဟာ နှစ်ခြောက်ရာအတွင်းမှာ မင်းမ
ဟုတ်တဲ့ အမျိုးသမီးတစ်ချို့နဲ့ အတူရှိခဲ့ဖူးပေ
မယ့် မောင်မင်းကို တစ်ရက်မှ မေ့မရခဲ့ပါဘူး
အမြဲသတိရနေဆဲ ။ အဲ့ဒီကာလမှာ အဖြစ်
ပျက်တွေသာ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ရင် ကိုယ်တို့ သိပ်ပျော်ရွှင်စွာ ရှိခဲ့လိမ့်မယ့် အကြောင်း အမြဲ တမ်းတ နောင်တရနေဆဲပါ
ချစ်ရတဲ့ ဘတ်ကီသို့
.................................................................
"အိမ်ကြီးရဲ့ အဖြစ်မှန်တစ်ခုလုံးက ဒေ့ခ်ျ
မာကာ ကနေပဲ စပြောရလိမ့်မယ်။ ဒေ့ခ်ျမာ
ကာမှာ ပုံထဲက သူအရမ်းချစ်တဲ့ ဘတ်ကီဆို
တဲ့ အမျိုးသမီး တစ်ယောက်ရှိခဲ့တယ်။ ဘတ်
ကီနဲ့ သူလက်ထပ်ပြီးခဲ့ပေမယ့် ဒေ့ခ်ျမာကာ
ရဲ့ အမေက သဘောမတူခဲ့ဘူး။ ဒရေစီဆို
တဲ့ အမျိုးသမီးနဲ့ပဲ လက်ထပ်စေချင်ခဲ့တယ်။
ဒေ့ခ်ျမာကာကို တစ်နေ့မှ ခရီးတစ်ခုထွက်စေ
ပြီး ဘတ်ကီကို သတ်လိုက်တယ်။ ဘတ်ကီ
သေသွားပြီးနောက် ဒရေစီနဲ့ လက်ထပ်စေခဲ့
တယ်။ သိတဲ့ အတိုင်း ဒေ့ခ်ျမာကာနဲ ဒေ့ခ်ျ
မာကာရဲ့ အမေက လူမဟုတ်ကြဘူး
ဒရေစီကတော့ သူတို့နဲ့မတူတဲ့ အခြားဖြစ်
တည်မှု တစ်ခုပါ။ အချိန်တွေကြာလာနေ
တော့ဒေ့ခ်ျမာကာဟာ ဘတ်ကီဖြစ်ကြောင်းရေးရေးသဘောကို သူ့အမေ
သတ်ခဲ့တာ
ပေါက်လာခဲ့တယ်။ အမေနဲ့သားရဲ့ သံယော
ဇဉ်အရ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒေ့ခ်ျမာကာ ကဒရေစီ အပေါ်သံယောဇဉ် မရှိခဲ့ဘူး။သို့ပေ
မယ့်သူ့အနေနဲ့ အဆုံးစီရင်လိုက်ဖို့ မဖြစ်နိုင်
ပြန်ဘူး။ အစပိုင်းမှာတော့ သူဘတ်ကီအ
ကြောင်း မျှော်လင့်ချက်ထားလို့စုံစမ်းနေခဲ့ေ
သးတယ်။အဆုံးမှာ တကယ်သေဆုံးခဲ့ပြီဖြစ်
ကြောင်း လက်ခံလိုက်တယ်။ ဒေ့ခ်ျမာကာ
ဟာ ဒရေစီကို သတ်လို့မရဘူး။ သတ်ခဲ့သည်
ရှိသော် သူအမေ ချက်ချင်းသိသွားမယ် လို့
သူ အထာနပ်ခဲ့တယ်။ကာလကြာတဲ့အခါ
အမျိုးသမီးတွေပေါ် ထားတဲ့ စိတ်တစ်ချို့
ပြောင်းလဲသွားတယ်။ သူဟာ စိတ်ကူးယဉ်
တဲ့လူ တစ်ဖန်ဖြစ်လာတယ်။ သူဟာ အမျိုး
သမီးတစ်ယောက်ကို ချစ်ရာမှာ စိတ်နေစိတ်
ထားကို ပိုလို့ချစ်လာတယ်။သူချစ်တဲ့ စိတ်
နေစိတ်ထားရှိတဲ့ အမျိုးသမီးတစ်ချို့ကို မှတ်
ဥာဏ်တွေ ဖျောက်ပစ်တယ်။ ဒရေစီ ရဲ့စိတ်
ဝိညာဉ်ကို ထုတ်လို့ သူလုပ်ထားတဲ့ ဖယောင်
ရုပ်တစ်ခုထဲ ထည့်ထားခဲ့တယ်။ သူချစ်တဲ့
စိတ်နေစိတ်ထားရှိတဲ့ အမျိုးသမီးနဲ့ ယှဉ်တွဲ
သွားလာတယ်။ သူမ စိတ်ထားမပြောင်းလဲ
ခင် အထိပေါ့။ သည်လိုနဲ့ ဒရေစီ အခွံလွတ်
ထဲမှာ အမျိုးသမီးတွေ အများကြီး ဝင်ဆံ့ခဲ့
ဖူးတယ်။ ဖယောင်းရုပ်တွေကတော့ အများ
ကြီးပဲ။ စိတ်ဝိညာဉ်ရှိတဲ့ ဖယောင်းရုပ်တွေ
ရှိသလို ဘာမှမထည့်ထားတဲ့ ဖယောင်းရုပ်
တွေလည်း ရှိတယ်။ မင်းကို သူ ဒရေစီလို့
မခေါ်ပဲ ဒလိုင်းနာလို့ ခေါ်ခဲ့တယ် မဟုတ်လာ
း "
"ဒါဆို ကျွန်မကလည်း သူ့ရဲ့ ဖယောင်းရုပ်
နံပါတ်စဉ်ထဲက တစ်ခုပဲပေါ့"
"အဲ့သည်လိုတော့လည်း မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ "
"ဒလိုင်းနာက ဘတ်ကီနဲ့ တူလွန်းနေတယ်"
စားပွဲပေါ် သူအိပ်ပျော်နေခဲ့တဲ့ နေ့က
သူရေးခဲ့တဲ့ စာတစ်ကြောင်းကို သတိရလာ
တယ်
"မောင့် ဘတ်ကီဟာ နှစ်ခြောက်ရာ အလွန်
မှာ ပြန်ရောက်လာခဲ့တယ်တဲ့ "
"သူက ဒရေစီ အဖြစ် ရှိမနေစေချင်ပဲ
ဒလိုင်းနာ တစ်ဖြစ်လည်း မောင့်ဘတ်ကီ
အဖြစ် ရှိစေချင်ပုံပဲ"
"ကျွန်မ ကရှိမနေစေချင်ဘူး ဆိုရင်ရော"
"ရှိမနေစေချင်ရင်တော့ မင်းဒီက ထွက်နိုင်
မှ ရမှာပေါ့။ အရင်ဆုံး မင်းရုပ်ခန္ဓာကို
ပြန်ရနိုင်မှ ဖြစ်မှာ ။ ပြီးတဲ့နောက် ယူနီကွန်း
ကို ရှာပါ။ ယူနီကွန်းနဲ့ မင်းနဲ့ ခင်နေပြီမဟုတ်
လား"
"ဒီအတိုင်း ထွက်ပြေးလို့ မရဘူးလား"
"ဒီနေရာက မဟာတံတိုင်းကြီးလိုပဲလေ
အရင်ဆုံး မင်းခြံစည်းရိုးအပြင်ကို ထွက်မယိ
ဆိုရင်ပဲ ဂမုန်းပင်တွေနဲ့ အရင်တွေ့ရလိမ့်
မယ်။ကံကောင်းတာက ခြံစည်းရိုး မရောကိ
ခင် အိမ်အပြင်ဘက်မှာ ယူနီကွန်းချည်ထား
တာပဲ။ ယူနီကွန်းကိုတော့ စီးတက်ရမှာပေါ့
လေ"
"အခု သူဘယ်ကို သွားနေတာလဲ"
"သူ့အမေ ဆီကိုသွားနေတာ
သူ့အမေ တစ်နေရာမှာ သေသွားပြီလို့
အသိတွေဆီကနေ သတင်းရတယ်လေ"
"သူက ဘာလုပ်မလို့ လဲ"
"စုန်းတွေရဲ့ ခန္ဓာကိုယ်က မီးမရှို့ရင်
အသစ်တစ်ဖန် ပြန်ဖြစ်လာတယ်။သူက
ရုပ်ခန္ဓာကို အဆုံးသတ်မလို့ပါ။ သူကိုယ်
တိုင်လည်း အဆုံးသတ်ချင်ခဲ့ ပုံပေါ်တယ်။
ဒေ့ခ်ျက မင်းရဲ့ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် ကို သူ့
အမေဆုံးသွားတဲ့အခါ အတူတွဲနေအောင်
ပြန် လုပ်ပေးပါလိမ့်မယ်"
"နောက်တော့ မောင့် ဘတ်ကီ အဖြစ်နေ
ရမယ်ပေါ့"
"အင်း ဒီ အချိန်ပဲ မင်းထွက်ပြေးဖို့ အခွင့်ရှိ
တော့မှာ"
"ဖယောင်းရုပ်တွေ ဆီကိုသွားပါ။ ဒေ့ခ်ျမာ
ကာက လွဲရင် အဲ့ဒီနေရာမှာ ဆယ်မိနစ်
ထက်ပိုပြီး နေလို့မရဘူး"
"ဘာဖြစ်လို့လဲ "
"မကောင်းတဲ့အရာ တစ်ခုခု နိုးလာမယ်လို့
ကြားဖူးတယ်"
"မင်း အရုပ်တွေဆီရောက်တဲ့အခါ အဲ့ဒီထဲမှာ
မင်းရဲ့ ရုပ်ခန္ဓာတစ်ခုကို ရှာပါ။ မင်းရဲ့ ရုပ်
ခန္ဓာလို့ထင်တဲ့ ပုံသဏ္ဍာန် တစ်ခုကို နမ်း
လိုက်ပါ။ ဆယ်မိနစ်ပြည့်တဲ့ အခါ ကိစ္စမပြီး
လည်း ပြန်ထွက်လာခဲ့ပါ။ "
"ဒါပေမယ့် ကိစ္စကို ပြီးအောင်လုပ်ပါ။
နို့မဟုတ်ရင်ဖယောင်းရုပ်တွေ ကို မြင်ရဖို့
နောက်တစ်နှစ်နီးပါး စောင့်ရလိမ့်မယ်"
"အင်း ကျေးဇူးပါပဲ"
ဖယောင်းနန်းတော်က အိမ်ကြီးရဲ့ အပေါ်ဆုံး
ထပ်မှာ ရှိပါတယ်။ အခန်းကျယ်ကြီး တစ်ခု
လုံးက ဖယောင်းရုပ်တွေအပြည့်ပဲ ။ သံတံ
ခါးတစ်ခုရဲ့ နောက်ကွယ်မှာ ခုလောက်များ
တဲ့ ဖယောင်းရုပ်တွေရှိနေခဲ့မယ်လို့ ကျွန်မ
မတွေးခဲ့မိဘူး။ ဆယ်နှစ်သားကောင်လေး
အရွယ် ဖယောင်းရုပ်တွေ။ကျောင်းသား၊
ဆရာမ စစ်သူကြီးဖယောင်းရုပ်တွေ။ လူ
တန်းစားမျိုးစုံပဲ သူပြုလုပ်ခဲ့ပုံရတယ်။ ကျွန်မ
နဲ့ တူတဲ့ သတို့သမီး ဖယောင်းရုပ်တွေကိုတွေ့
ရတယ်။ မီးအလင်းရောင်နဲ့ ဖယောင်းရုပ်
တွေရဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေကြော
င့် ကျွန်မထင်ထားခဲ့သလို ကျွန်မရဲ့ အခွံ
လွတ်ခန္ဓာနဲ့ ဖယောင်းရုပ်တွေဟာ ကွဲလွဲမှု
တစ်စုံတစ်ရာ မရှိဘူး။ကျွန်မလို့ထင်တဲ့
ဖယောင်းရုပ် တစ်ရုပ်ကို စနမ်းတယ်။ ဖ
ယောင်းရုပ်က ဘာမှ မလှုပ်ရှားလာဘူး။ ကျွန်
မရဲ့ အခွံမဟုတ်ဘူး ထင်ပါရဲ့။ သတို့သမီး
အဝတ်အစားတွေနဲ့ ဖယောင်းရုပ်တွေကို
နမ်းရတာက သေသူသတို့သမီးတွေကို နမ်း
ရသလိုပဲ။ အရုပ်တွေကတော့ မလှုပ်လာဘူး
ဒါပေမယ့် စိမ်းစိမ်းကြည့်နေသလို ခံစားရ
တယ်။နံရံက အိုဟောင်းနေတဲ့နာရီ က
နာရီလက်တံတွေ ရွှေ့လျားနေတဲ့ အသံက
"တဂျောက်ဂျောက် "နဲ့ ရူးသွပ်စရာပဲ။ ကျွန်မ နှလုံးသားကို ဖြစ်ညှစ်ခါရမ်းနေသလို ခံစား
လာရတယ်။ ဖယောင်းသတို့သမီး အရုပ်
ပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ ဒီထဲမှာ
ကျွန်မရဲ့ ခန္ဓာကိုယ်အလွတ်တစ်ခုပါတယ်
ဖယောင်းရုပ် အလွတ်တွေနဲ့ စိတ်ဝိညာဉ်
ထည့်ထားတဲ့ ဖယောင်းရုပ်တွေ။ သူတို့က
သေသွားကြပြီလား။ ဒေ့ခ်ျမာကာ သူတို့ကို
ရှင်လျက်နဲ့ ဖမ်းချုပ်ခဲ့တာလား။ သေဆုံးသွား
ခဲ့ပြီလား။ တစ်ချက်ချက် ထမြည်တဲ့နာရီသံ
က ကျွန်မရဲ့နှလုံးသားကို ဖြစ်ညှစ်လိုကိသ
လိုလို ထွက်သက်ကို မနည်းရှူ ရိုက်လို့နေရ
တယ်။ သတို့သမီး အရုပ်တစ်ရုပ် ဆီမှာ
ကျွန်မရဲ့ အမှတ်အသားကို တွေ့တယ်။
ကျွန်မ ငယ်ငယ်က ကစားရာက ရခဲ့တဲ့
သေးငယ်တဲ့ ဒဏ်ရာ အမှတ်ကလေးတစ်ခု
ပါ။ သတို့သမီး အရုပ်ကို ပွေ့ယူလာလိုက်
တယ်။ ဆယ်မိနစ်ပြည့်သွားပြီ ။ရုတ်တရက်
ဆိုသလို လက်ထဲက သတို့သမီးရုပ်ကကျွန်မ
ကိုလည်ပင်းညှစ်တယ်။ ကျွန်မလည်း လက်
ချောင်းတွေနဲ့ ကုတ်ခြစ်နေမိတော့ လက်သ
ည်းရှည်တွေရဲ့ ဒဏ်ကို မခံနိုင်တော့မှ လွှတ်
ပေးလိုက်တယ်။ ကျွန်မဟာ ကျွန်မရဲ့ အခွံ
လွတ်ခန္ဓာကိုယ်ကို သတိရစွာနဲ့ နဖူးပြင်
ကို နမ်းလိုက်တယ်။ အံသြစရာကောင်း
တယ်။ ကျွန်မက အခွံလွတ်ထဲဝင်သွားရပြီး
ဒရေစီရဲ့ ခန္ဓာက ကြမ်းပြင်မှာ ခွေခွေလေး
ရှိနေတယ်။ ဖယောင်းသတို့သမီးတွေရဲ့
မျက်လုံးတွေထဲက မျက်ရည်အနက်တွေ
စီးကျလာတယ်။ ဖယောင်းရုပ်တစ်ချို့က
အနက်ရောင် ဖယောင်းအရည်တွေ အဖြစ်
အရည်ပျော်ကုန်ပြီး အဲ့ဒီ အရည်တွေက ကျွန်
မရှိရာကို ဖြေးဖြေးချင်းလာနေတယ်။ အ
နောက်ဘက်က တံခါးပွင့်သွားတယ်။"ဘာ
ရပ်လုပ်နေတာလဲ မြန်မြန်ထွက်လာခဲ့လို့
ပြောပြီး "လက်ကို အတင်းဆွဲခေါ်သွားတယ်
"ဒေ့ခ်ျမာကာ "
"ကိုယ် အိမ်ပြန်ရောက်လာခဲ့ပြီ"
"သိသင့်သလောက် သိနှင့်ပြီ ထင်ပါရဲ့။
ကိုယ့်အမေကို သဂြိုလ်ခဲ့ပြီးပြီ။ အခုပဲ"
"ကိုယ်လေ ဒရေစီ အဖြစ်ရှိနေခဲ့တာ မတ
ရားဘူး ဆိုတာ သိပါတယ်။ ဒါ့အပြင် မင်းကို
တကယ် သတ်သတ်မှတ်မှတ် လက်ထပ်ခွင့်
မတောင်းခဲ့ ရသေးဘူး"
"မောင့် ဘတ်ကီ အဖြစ်ဆိုပါတော့"
"ဒလိုင်းနာ အဖြစ်ပါ"
"ကိုယ့်ကို လက်ထပ်နိုင်မလား"
ကျွန်မ သူ့ကို ချစ်ပါတယ်။ ဒီ အိမ်က အရှုပ်
ထွေးတွေနဲ့ ကင်းကွာပြီး အရင်ဒရေစီ အ
ဖြစ်ရှိခဲ့တုံးကလို မဟုတ်ပဲ ဒလိုင်းနာ အဖြစ်
ပါ။ ဒါပေမယ့် ကျွန်မရဲ့ ပြသနာတစ်ရပ်လုံး
မှာ "ဒါပေမယ့်တွေ" သိပ်များနေတယ်။ ငယ်
ဘဝကို မှတ်မိခဲ့တဲ့ မှတ်ဥာဏ်တွေမှာ ဒလိုင်း
နာရဲ့ငယ်ဘဝဟာ မာသာတွေရဲ့ လက်မှာ ကြီးပြင်း ခဲ့တာ။ မာသာတို့ဟာ အစဉ် ငြိမ်း
ချမ်းခြင်းကို လိုလားတယ်။ မာသာတို့ဆီကေ
န အပ်ချုပ်ပညာသင်ဖို့ အခြားမြို့တစ်ခုကို ထွက်လာခဲ့ရင်း လမ်းမှာ မိုးအကြီးအကျယ် ရွာတာနဲ့ ကြုံရတယ်။ ဒေ့ခ်ျမာကာတို့အိမ်ရှေ့
မှာ အကူအညီတောင်းခဲ့တယ်။နောက်တော့
ဘဝ တစ်ခုလုံးပြောင်းလဲ သွားသလို ဖြစ်လာ
တယ်။ မာသာ တို့ လက်မှာ ကြီးပြင်းလာခဲ့တဲ့
ကျွန်မဟာ ငြိမ်းချမ်းမှု ကို လိုလားတယ်။ ဘာ
သာတရားကို ယုံကြည်တယ်။ ကျွန်မ ယုံကြ
ည်တဲ့ ဘာသာတရားဟာ ဒီလို အိမ်ကြီးအိမ်
ကောင်းမှာ ပျောက်ကွယ်နေခဲ့သည့်တိုင်
အောင် ကျွန်မ ယုံကြည်နေရအုံးမယ်။ မာ
သာ ပြောခဲ့ဖူးတယ်" ငါတို့ ဟာ စိတ်အေးချမ်း
သာမှု ငြိမ်းချမ်းမှုကို ရဖို့ ဘာသာတရား ကို
ယုံကြည်ရမယ်" တဲ့။ အနည်းဆုံးတော့ ကျွန်
မ ဘုရားသခင် ကို ယုံကြည်ရမယ်။လည်ပင်းမှာ ဆွဲထားတဲ့ ဘုရားသခင်ရဲ့ အမှတ်အသားဟာ လင်းလက်လာသလိုပဲ။
ဒီ အိမ်ကြီးအိမ်ကောင်းမှာ ဘုရားသခင်ရဲ့
အမှတ်အသားမရှိဘူး ။ ဘုရားသခင်နဲ့ သက်
ဆိုင်တဲ့ ကျမ်းစာတောင်မရှိဘူး။ ယုတ်စွအ
ဆုံး ဘုရားသခင် အတွက် နေရာမရှိပါဘူး။
ကျွန်မဟာ မာသာတွေ မွေးစားခဲ့တဲ့ မာသာ
တို့ရဲ့ သမီးပါ။
"ရှင် ကမ်းလှမ်းမှုကို ကျွန်မ ငြင်းဆိုပါရစေ"
ဒေ့ခ်ျမာကာဟာ အကြီးအကျယ် စိတ်ပျက်
သွားပြီး ကျွန်မကို ဖယောင်းရုပ်တွေထားတဲ့
အခန်းထဲ သော့ပိတ်ထားခဲ့တယ်။
"ဖယောင်းရုပ်တွေ ရှင်တို့ထဲက ဘယ်သူက
သတို့သမီးဖြစ်ခဲ့ကြလဲ၊ ကျွန်မ အိမ်ပြန်ချင်
သလို ရှင်တို့လည်း အိမ်ပြန်ချင်ကြမှာပဲ နော်
"
"ငါတို့ ပြန်ချင်တာပေါ့" ကြီးမားကျယ်လောငိ
တဲ့ လှိုဏ်ခေါင်းထဲက ပြောနေသလို အသံ
ကြီးက လှမ်းပြောတယ်။ ဖယောင်းတွေဟာ
သူတို့ရဲ့ ဝိညာဉ်ကို ပိတ်ထားတော့အထဲမှာ
ခေါင်းပွ သဏ္ဍာန်ဖြစ်နေကြမှန်း ကျွန်မ သ
တိထားမိတယ်။ ဖယောင်းသတို့သမီးတွေက
တဖြေးဖြေး ရှေ့တိုးလာနေတယ်။ ကျွန်မ အနားရောက်လာလေလေ လည်ပင်းက
ဘုရားသခင်ရဲ့အမှတ်သားကြောင့် ပူလို့
ထင်ပါရဲ့။ သူတို့ရဲ့ ခြေထောက်တစ်ဝှိုက်က
ဖယောင်းတွေ အရည်ပျော်ကြလာတယ်။ဖ
ယောင်းသတို့သမီးတွေရဲ့ မျက်လုံးအိမ်က
နေ အနက်ရောင် မျက်ရည်တွေလို ကျဆင်း
နေတယ်။ သူတို့က ရှေ့ကို တဖြေးဖြေးတိုး
လာရင်း"ငါတို့ အိမ်ပြန်ချင်တယ်"လို့ ထပ်တ
လဲလဲ ပြောနေတယ်။ ဖယောင်းသတို့သမီး
နှစ်ယောက်က ထိုင်နေတဲ့ ခုံတန်းရှည်ရဲ့ အနောက်ကို ရောက်လာပြီး ကျွန်မရဲ့ ပခုံး
ပေါ်လက်တင်ထားတယ်။များစွာသော ဖ
ယောင်းသတို့သမီးတွေဟာ သူတို့ရဲ့ တဖြေး
ဖြေး အရည်ပျော်ကြနေတဲ့ ခြေထောက်တွေ
ကို လစ်လျူ ရှူ့ လို့ မျက်လုံးအိမ်က တပေါက်
ပေါက်ကျနေတဲ့ အနက်ရောင်မျ က်ရည်တွေ
ကိုယ်စီ ထမ်းပိုးရင်း ကျွန်မရှေ့တည့်တည့်
မှာ ရပ်နေကြတယ်။ ကြမ်းပြင်တစ်ခုလုံး
အနက်ရောင် ဖယောင်းချပ်တွေနဲ့ ရွှဲရွှဲစိုနေ
တော့တယ်။
"ဒေ့ခ်ျမာကာ သေမှငါတို့လွတ်မြောက်နိုင်မှာ
"
"ဒေ့ခ်ျမာကာက အပြင်မှာလေ။ဘာလို့ ကျွန်
မနားကို ရောက်လာကြတာလဲ?"
"ဒေ့ခ်ျမာကာ က မင်းနဲ့တွဲချည်ထားတယ်"
"ဘာကိုလဲဟင်"
"ဒီ နားမှာပေါ့" သူ ညွှန်ပြတဲ့နေရာက ကျွန်
မရင်ဘတ်တည့်တည့်မှာပါ။ ဒေ့ခ်ျမာကာရဲ့
အသက်အိမ်ကို ကျွန်မနှလုံးနဲ့တွဲချည်ထား
တာလား ဒါမှမဟုတ် ကလီစာတစ်ခုခုနဲ့ အတူရှိနေတာလား။ ဖယောင်းသတို့သမီး
တွေက လိမ်တာရော မဖြစ်နိုင်ဘူးလား။ အ
နောက်ဘက်မှာရှိတဲ့ ဖယောင်းရုပ်နှစ်ရုပ်က
ကျွန်မကို ဖမ်းချုပ်ထားတယ်။ ဖယောင်းသ
တို့သမီးတွေရဲ့ များစွာသော လက်တွေကြား
ကျွန်မ ရုံးမထွက်နိုင်တော့ဘူး။ သူတို့ဟာ တ
ဒုတ်ဒုတ် ခုန်နေတဲ့ ကျွန်မနှလုံးသားကို ဆွဲ
ထုတ်လို့ စိတ်ပြေနားပြေ ထိုင်ကြည့်နေမယ့်
ပုံ ပေါ်တယ်။ ဒေ့ခ်ျမာကာ သေဆုံးသွားတဲ့
အခါ သူတို့ အိမ်ပြန်နိုင်မယ်။ ဖယောင်းသတို့
သမီးတွေရဲ့ ခန္ဓာကိုယ်တစ်ဝှိုက်ဟာ လည်ပ
င်းက သင်္ကေတ အပူရှိန်ကြောင့် အရည်ပျော်
နေတယ်။ ဒါပေမယ့် သူတို့က ကျွန်မကိုမ
လွှတ်ဘူး။ လက်တွေကို အသုံးပြု ပြီး
နောက်ဆုံး လက်ကျန် အပေါ်ပိုင်း ဖယောင်း
ကိုယ်ပိုင်းကို တွယ်ကပ်ထားဆဲပဲ။ ဒီအတိုင်း
ဆို ကျွန်မရဲ့ တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးဟာ
သူတို့ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်
ထင်ပါရဲ့ ။နက်မှောင်တဲ့ ဖယောင်းရည်ပျစ်
ချွဲချွဲတွေကြား အသက်ကို ဝအောင်ရှူ့လို့အိမ်
ပြန်ချိန် ကို တမ်းတနေမိတယ်။
"ကျွန်မ ..."
"ကျွန်မလေ ..အိမ်..ပြန်..ချင်..တယ်"
သတို့သမီးတွေက လည်း ပြောတယ်။
"ငါတို့လည်းပဲ အိမ်..ပြန်...ချင်..တယ်"
သတို့သမီးတွေရဲ့ အိမ်ပြန်ချိန်ဟာ ဘယ်
တော့လဲ။
ကျွန်မရဲ့ အိမ်ပြန်ချိန်ကရော
ဘယ်တော့လောက် ဖြစ် နိုင်မလဲ ။
ဒိုဒို
23.11.2017
သေးငယ်တဲ့ကလေးမလေး တစ်ယောက်က
လာနှိုးတယ်။ သူမက သေးငယ်လွန်းပြီး
လက်သန်းအရွယ်လောက်သာ ရှိတဲ့ လူပုမ
လေး တစ်ယောက်ပါ။ ကျွန်မ အရာအားလုံး
မေ့လို့နေပါတယ်။ ခုရောက်နေတဲ့နေရာနဲ့
ကျွန်မ ကိုယ်တိုင်က ဘယ်သူလဲဆိုတာရယ်
ကလေးမလေး ပြောနေတဲ့ ကျွန်မရဲ့ အမျိုး
သားဖြစ်သူ ဒေ့ခ်ျမာကာ ဆိုတဲ့လူရယ် ။ဘာမှ
တွေးတောလို့မရပဲ အအေးခွက်ထဲက အ
အေးတွေကို လူတစ်ယောက်ပိုက်နဲ့ စုပ်သော
က်တာခံရသလို မှတ်ဥာဏ်တစ်ခုလုံး စုပ်ယူ
ခံထားရတဲ့ပုံမျိုးနဲ့ ပြောင်ရှင်းလို့နေတယ်။က
လေးမလေးပြောတဲ့ နေရာမှာ မျက်နှာသစ်
လိုက်ပြီး သူမညွှန်ပြတဲ့လမ်းအတိုင်း မနက်
စားစားတဲ့ အခန်းရှိရာကို လိုက်လာခဲ့တယ်။
အိမ်ကြီးက ကျယ်ဝန်းပြီးခမ်းနားသလို ထ
မင်းစားခန်းက လည်း ကျယ်လွန်းတယ်။
ရှေးဟောင်းစားပွဲ ရှည်တစ်ခုပေါ်မှာ မုန့်အ
ပြည့်ထားတဲ့ လင်ပန်းတွေ ၊ကော်ဖီထည့်ထာ
းတဲ့ ရွှေခွက်၊ပြောင်လက်နေတဲ့ လက်ကိုင်
ပဝါ အသေးလေး အရာအားလုံး နဲ့ ကျွန်မနဲ့
ကင်းကွာသလိုပဲ။ စားပွဲထိပ်မှာ ဒေ့ခ်ျမာကာ
ဆိုတဲ့ လူတစ်ယောက်ထိုင်တယ်။ကလေးမ
လေးပြောပုံအတိုင်းဆို သူက ကျွန်မရဲ့ အမျိုး
သား ဖြစ်မယ်။ ကိုယ့်အမျိုးသားကိုယ် ပြန်
ကြိုက်ချင်သွားမိတယ် ။ချောတယ်ဆိုတာ
ထက် အံ့သြသင့်စရာတစ်ခုခုက သူ့ဆီမှာ ပူးကပ်နေတာမျိုးပဲ။ အဲ့ဒါက သူ့ကို နှစ်
သက်စေခဲ့တာ မျိုးထင်ပါရဲ့။အဲ့သည်လိုနဲ့ အ
ရင်က သူ့ကိုချစ်မိခဲ့တယ် ထင်ပါရဲ့လေ။အ
ရင်ကဆိုတဲ့အရာမှာ သူ့ကိုဆယ်စုနှစ်
သက်တမ်းစာလောက် ချစ်ခဲ့တာမျိုးမဟုတ်ပဲ
ဟောင်းနွမ်းဆွေးမြေ့တဲ့ အတိတ်ကာလရဲ့
နှစ်တစ်ချို့မှာ ချစ်ခဲ့တယ်လို့ ထင်လာမိ
တယ်။သူ့ကို လွန်ခဲ့တဲ့ နှစ်တွေမှာ ရာထော
င်ချီကျော်ကြာတဲ့ နှစ်ကာလအဝန်းအဝိုင်းေ
လးတစ်ခုမှာ ဆုံစည်းချစ်ကြိုက်ခဲ့တယ်လို့ ခံ
စားလာရမိတာ။ သူ့ရဲ့ ချောင်းဟန့်လိုက်သံ
ကြောင့် အတွေးတွေ ပျံ့ ထွက်သွားရတယ်
"မနက်စားစားရတာ အဆင်ပြေရဲ့လား
ဒလိုင်းနာ " တို့ခနဲဆိတ်ခနဲ စားလိုက်တွေး
လိုက်လုပ်နေတဲ့ ကျွန်မကို သူစိတ်ထင့်သွား
တယ် ထင်ပါရဲ့။
"ရှင်သိမလားမသိဘူး ပွင့်ပွင့်လင်းလင်းပြော
ရရင် ဒီအိမ်ကိုလည်း မမှတ်မိသလို ကျွန်မရဲ့ အမျိုးသားဖြစ်တဲ့ ရှင့်ကိုလည်း မမှတ်မိဘူး
ပြောရမှာတော့ အားနာစရာကောင်းပါတယ်
ကျွန်မကိုယ် ကျွန်မလည်း မေ့လျောနေခဲ့တာ
"
ဒေ့ခ်ျမာကာ -"ကိုယ်သိပါတယ်။အဲ့ဒီ ကိစ္စကို
အခြေနေတွေ တည်ငြိမ်ငြိမ်ရှိမှ ပြောပြမလို့
စဉ်းစားထားခဲ့တာပါ။မေတာ္တဆမႈ တစ္ခုေ
ကြာင့်ပါ ၊ မင်းရဲ့မှတ်ဥာဏ်တွေ တဖြေးဖြေး ပြန်ကောင်းလာမှာပေါ့ ။ လောလောဆယ် မှာကိုယ့်နေအိမ် ပြန်ရောက်နေသလို၊မင်းအ
မျိုးသားရှေ့မှာ မင်း ထိုင်နေခဲ့တာပဲလေ၊စိုး
ရိမ်စရာတော့ မရှိဘူး မဟုတ်လား အေးအေး
ဆေးဆေး အနားယူလိုက်ရင် မှတ်ဥာဏ်တွေ
ပြန်ရောက်လာမယ် လို့ ကိုယ်တော့မျှော်လင့်
တာပဲ" သူက ဖွဖွပြုံးတယ်။
"ကျွန်မလည်း မျှော်လင့်ပါတယ်"
ဒေ့ခ်ျမာကာ-"ကိုယ်မချောဘူးလား၊ ကိုယ့်
ကို ရင်းနှီးတယ်လို့ မခံစားရဘူးလား၊ ပြီး
တော့ ကိုယ်က မင်းအမျိုးသားပဲလေ ဒလိုင်း
နာ"
"ချောပါတယ်" ဒါပေမယ့် ကြောက်စရာကော
င်းတယ်။ "ဒါပေမယ့် ကြောက်စရာကောင်း
တယ်"က စိတ်ထဲကတီးတိုးပြော နေမိတယ်
ကျွန်မတို့ ပြောနေတဲ့ လေသံတစ်ခွန်းနဲ့တစ်
ခွန်းရဲ့ အကွာအဝေးကြား နှစ်ကာလတွေ အ
များကြီးခြားသွားတယ် လို့ထင်ရတယ်။အပေါ်အောက်နှုတ်ခမ်းတွေ ကပ်လို့နေပြီး
စကားတစ်ခွန်း ပြောလိုက်ဖို့ရာ ဝန်လေးနေ
နေခဲ့တယ်။ ရှင်က ချောပါတယ်။သဘောကျ
စရာပုံ မျိုးပဲ ဒါပေမယ့် ရှင့်ကိုဘာကြောင့်လ
က်ထပ်ခဲ့ရတာ လဲပဲ။
.................................................................
နေ့ရက်တိုင်းမှာ အိပ်ယာကို နောက်ကျမှ ထ
တယ်။ဒေ့ခ်ျမာကာနဲ့ မနက်စာ အတူစားတ
ယ်။ ဒေ့ခ်ျမာကာရဲ့ လမ်းညွှန်ပြမှုနဲ့ အိမ်လ
ယ် ခန်းက စာကြည့်တိုက်ဆီ စာအုပ်သွားရှာ
ဖြစ်တယ်။ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ယူ
လာလို့ စာကြည့်စားပွဲနား စာအုပ်ထိုင်ဖတ်
တယ်။ အနည်းငယ် မျက်လုံးညောင်းလာတဲ့
အခါ ပတ်ဝန်းကျင်က အစိမ်းရောင် အရာ
တွေကို ငေးမောကြည့်နေမိတယ်။ ဒေ့ခ်ျမာ
ကာက နေ့လည်စာ ဟင်းချက်တယ်။ ဟင်း
ကျက်သွားတဲ့အခါ ကျွန်မလက်ကိုဆွဲလို့ ထ
မင်းစား စားပွဲရှိရာကို ခေါ်လာတယ်။ ထမင်း
စားပြီးတော့ အချို တည်းဖို့သူက မုန့်လုပ်
တယ်။ ကျွန်မက စာအုပ်ဖတ်ရင်း ထိုင်စောင့်
နေခဲ့တယ်။ ကျွန်မ ညဘက်တွေ အိပ်မပျော်
ဘူး။မနက်ကိုတော့ အမြဲ အိပ်ရာထနောက်
ကျတယ်။ဒီလိုနေလာခဲ့တာ တစ်လကျော်ပါ
ပြီ။ တစ်ခုခုကို မေးသင့်ပြီ ထင်တယ်။
"ဒေ့ခ်ျမာကာ အရင်ကလေ
ဟင်းချက်တာက ရှင်ပဲလား။ ကျွန်မ တာဝန်
တွေ ရှင်ခွဲယူလိုက်တာမျိုးလား?"
"အရင်က ဟင်းချက်တာလည်း
ကိုယ်ပါပဲ"
"ရှင်က တကယ်ကြင်နာတက်တဲ့ လူပဲထင်
ပါရဲ့။ အရင်က အကြောင်းတွေ မမှတ်မိ
တော့ ပေမယ့် ကျေးဇူးတင်ပါတယ် ရယ်"
"အင်း ရပါတယ် ကိုယ်ရွေးခဲ့တာပဲလေ"
"ဒါနဲ့လေ ကျွန်မ အရင်က အသက်မွေးဝမ်း
ကြောင်း အလုပ်က ဘာများဖြစ်မလဲ။ "
"မင်းက စာရေးတာပါ"
"ဟင်"
"စာရေးတဲ့လူ ပါ"
"အော် အဲ့ဒါကြောင့် စာရေးစားပွဲတွေ ထိုင်ခုံ
တွေက နေရာတကျ ရှိလွန်းတာကို"
"ဟုတ်တာပေါ့"
"ဒါဆို ကျွန်မအရင်က အလုပ်ကို ပြန်လုပ်
ရမှာပေါ့။ အရင်က ဘာတွေရေးခဲ့တယ် မ
သိဘူး။ ဒါပေမယ့် ပြန်ရေးဖို့ ကြိုးစားရအုံး
မယ်"
"အင်း ကြိုးစား"
သူကော်ဖီဖျော်ပြီး စာရေးစားပွဲပေါ် တင်သွား
မှန်း ခံစားသိရှိလိုက်ရတယ်။ ကျွန်မ လည်း ရေးနေတဲ့ ဇာတ်လမ်းပေါ် အာရုံနစ်မြောသွာ
း တာ ကော်ဖီလည်း အေးလို့ နေတောင်အ
တော်စောင်းနေပြီ။ကျွန်မကို ငေးကြည့်နေ
ရင်း စားပွဲပေါ်မေးကလေးထောက်လို့ အိပ်
ပျော်နေတဲ့ ဒေ့ခ်ျမာကာ ကိုတွေ့တယ်။ သူ
ဟာ တကယ်ပဲ ကျွန်မရဲ့ အမျိုးသား ဟုတ်
ဟန်တူ ပါရဲ့နော်။ငယ်ငယ်က အကျင့်အ
တိုင်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ သိပ်တွေး
တက်တယ်။ အဲ့ဒါ မကောင်းဘူးလို့ မေမေက
ပြောဖူးတယ်။
ကျွန်မ မေမေလို့်တွေးလိုက်မိတာလား။ ကျွန်
မ မိသားစု ငယ်ဘဝက သတိရလာပြီပေါ့။
ကျွန်မ အမေဟာ ဘယ်သူများပါလိမ့်။ မေမေ
ဟာ ဝဝပုပု မိန်းမတစ်ယောက်လား။ အရပ်
ရှည်ရှည် အမျိုးသမီး တစ်ယောက်ပဲလား။တွေးလေလေခေါင်းက တစ်ရိပ်ရိပ် မူးလာ
တယ်။ကျွန်မ ကုတင်ရှိရာကိုသွားမှဖြစ်မယ်။
တရိပ်ရိပ်မူးနေရာကနေ ကြိုးစားအားယူလို့ လှေကားထစ်တွေကို တဖြေးဖြေးလျှောက်တ
ယ်။ မှုန်ပြပြ လင်းနေတဲ့ နေရာဟာ ကျွန်မရဲ့ အိပ်ခန်းပဲ။ မှန်တင်ခုံ အကြီးကြီးရှေ့ မှာ ကျွန်မကို ကျွန်မ ငေးမောနေမိတယ်။ မှန်ရဲ့
အမြင်တွေက ဝါးလာတာပဲလား။ ကျွန်မရဲ့
ခေါင်းကိုက်ဝေဒနာကြောင့်ပဲ လား မသေချာ
ပေမယ့် မှန်ထဲက အမျိုးသမီးဟာ ကျွန်မ မ
ဟုတ်တာတော့ သေချာနေပါတယ်။ဘယ်သူ
မှန်းမသိတဲ့ အမျိုးသမီးဟာ ကျွန်မကို ခပ်စိမ်း
စိမ်းကြည့်နေပါတယ်။ အရိပ်တွေ အရာရာ
ဟာ မူးဝေနောက်ကျလို့ အားလုံးဆီက ပြေး
ထွက်လာပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။
အံ့သြစရာပဲ ကျွန်မ ခဏလေးအတွင်း အိပ်
ပျော်သွားနိုင်ခဲ့တယ်။
စိတ်ပင်ပန်းမှုကြောင့်ပဲ ထင်ရဲ့ ညနေစောင်း
ကတည်းက အိပ်ပျော်သွားခဲ့တာ နောက်
တစ်နေ့မနက် နေထွက်ချိန်မှ နိုးလာခဲ့တယ်။
နာရီတော်တော်လေး ကြာသွားခဲ့ပြီ။ ဒေ့ခ်ျမာ
ကာ က မနက်စာစားရင်း မြင်းစီးချင် သလား
လို့ မေးတယ်။ ဟိုးအရင်က အတူစီးနေကြ
တဲ့။ ဘာဆိုဘာမှ မမှတ်မိတော့တဲ့ အတွက်
အရင်က ကျွန်မ မြင်စီးတက်ခဲ့ရင်လည်း အ
ခု မြင်စီးပြန်သင်ပေးရ မှာ ဖြစ်တဲ့အကြောင်း
သူ့ကို ပြောလိုက်တယ်။ဒေ့ခ်ျက ပြုံးရင်း ခေါင်
း ငြိမ့်တယ်။ အိမ်ရဲ့ ခြံစည်းရိုး နားကို ရောက်
ဖို့ တော်တော်လေး လမ်းလျှောက်ရတာတွေ့
ရတယ်။အကြာကြီးလမ်းလျှောက်မှ အိမ်ခြံ
စည်းရိုးကို ရောက်သလိုပဲ။(ရုပ်ရှင်တွေထဲ
ကလို လူတွေကို ခြံစည်းရိုးနဲ့ဝေးတဲ့ အိမ်
ကျယ်ကြီးထဲ သော့ခတ်သိမ်းထားတဲ့ ပုံမျိုးကို
ခံစားသိရှိလာတယ်။ အနည်းဆုံးတော့ သူ
က သော့မခတ်ထားပါဘူး လေ)။ ခြံစည်းရိုး အဝ မှာ အပင်တွေက လှုပ်နေသလိုပဲ။စာအုပ်တစ်အုပ် မှာ တွေ့ခဲ့ဖူးတဲ့ ဂမုန်းပင်
အမျိုးအစား လို့ တွေးမိတယ်။ အာရုံမှောက်
မှားတာပဲလား "ဝါး"ခနဲ သမ်းလိုက်တာ ကြား
လိုက်ရတယ်။ လူတွေ အိပ်ရေးမဝရင် သမ်း
ဝေသလိုမျိုး ၊ အားအင် ကုန်ခမ်းရင် သမ်းဝေ
သလိုမျိုး။ သမ်းဝေမှုက ကျွန်မဆီက မဟုတ်
ဘူး။ ဒေ့ခ်ျမာကာ ဆီကလည်း မဟုတ်ဘူး။
မျက်လုံးတွေ ပြူးကျယ်လာရတယ်။ "ရှူးတိုး
တိုး "လို့ ဒေ့ခ်ျမာကာ ဆီက ရေရွတ်သံကြားမိ
တယ်။ နဂိုက ထောင်မတ်နေတဲ့ အပင်တွေ
လည်း ငြိမ်ကျသွားတယ်။ ဒေ့ခ်ျမာကာလည်း
သူ့ စောစောက တစ်စုံတစ်ရာ မပြောခဲ့သလို
မျိုးနဲ့ တစ်ဖက်ကို လှည့်သွားတယ်။ ကျွန်မတို့
တောင်တန်းတွေ ဘက်ကိုသွားကြတယ်။နံ
နက်ဆည်းဆာရယ် တိမ်စိုင်တစ်ချို့နဲ့တောင်
တန်း သစ်တောတွေ မြင်နိုင်ရုံလောက်ပဲ။ ရှု့ခင်းကောင်းကောင်း မြင်ရတဲ့ နေရာမှာ ခ
ဏနားကြတယ်။သက်တန့်ပုံစံထိပ်အချွန်ပါ
တဲ့မြင်းတစ်ကောင်ကို ကျွန်မတွေ့လိုက်ရတ
ယ်"ဟိုမှာ တွေ့ရတာ ယူနီကွန်း မဟုတ်လား
"တစ်လောက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲမှာ မြင်
ဖူးခဲ့တာ။ "ယူနီကွန်း ကို ရှင်သိနေသလိုပဲ"
"အင်း ကိုယ်မွေးထားတာလေ "ရယ်ရင်း
"သူကတော့ မပျံနိုင်ဘူး"။
"ဒါပေမယ့် သူက ချစ်စရာကောင်းပါတယ်"
"အင်း ကိုယ်မွေးထားတာတွေထဲမှာ အဖြူ
ရောင်လေးနဲ့ အလှဆုံးပဲ"
"ဒါနဲ့ သူ့မှာ ကလေးတွေ ရှိလား"
"ဟင့်အင်း မရှိဘူး
သူက ယူနီကွန်း လူပျို ကြီးပါ"
သူက ဟာသဥာဏ်ရှိတဲ့ ခင်ပွန်းတစ်ယောက်
ပါပဲ။ ကျွန်မကိုလည်း ပျော်အောင်ထားနေခဲ့
တဲ့ပုံပေါ်တယ်။ခါတိုင်းသူနဲ့နေရတဲ့အခါ စိတ်အနှောက်ယှက်ဖြစ်သလို ခံစားရမိခဲ့တဲ့
အတွက် အားနာ မိပြန်တယ်။
"အိမ်ပြန် ကြရအောင်"
"အင်း ပြန်ကြမယ်"
စိတ်လိုလက်ရ ဖြစ်တဲ့အခါ သူ့ဆီက လက်
နှိပ်စက် တစ်ခုငှါးလို့ ကျွန်မရေးခဲ့ဖူးတဲ့ ပုံ
ပြင်တွေကို အချောသပ်နေမိတယ်။ လက်
နှိပ်စက် ဆီက "တဂျောက်ဂျောက် "မြည်သံ
ကို ကျွန်မ သဘောကျနေမိတယ်။ ဟိုးအရင်
ထဲ က ကျွန်မဟာ လက်နှိပ်စက်နဲ့ စာရေးရ
တာကို သဘောကျခဲ့ဟန်တူပါရဲ့။စာရိုက်နေ
ရင်းက ဒီရက်ပိုင်းတွေမှာ မူမမှန်ပဲ မက်ခဲ့တဲ့
အိပ်မက်တွေ အကြောင်း စဉ်းစားနေမိတယ်
အိပ်မက်ထဲမှာ မက်ခဲ့တဲ့ အမျိုးသမီးနဲ့ ကျွန်
မနဲ့ နီးကပ်စွာ ဆက်စပ်နေသလိုပဲ။နေ့စဉ်
မက်ခဲ့တဲ့ အိပ်မက်ထဲမှာ အမျိုးသမီးတစ်
ယောက်က ကျွန်မတို့ အိမ်ရှိရာကို လမ်း
လျှောက်လာတယ်။ အိပ်မက်ထဲမှာ သူလျှော
က်လာနေတဲ့ အချိန်က မိုးစုန်းစုန်းချုပ်နေပြီ။
လမိုက်ညလို့ ယူဆရတယ်။မိုးတွေလည်း
သည်းသည်းမဲမဲ ရွာလို့ အိမ်ရှင်အမျိုးသားက
တံခါးလာဖွင့်တယ်။ အဲ့ဒီလူက ဒေ့ခ်ျမာကာ
ဟုတ်ချင်လည်း ဟုတ်မယ်။တခြားလည်း
တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။တစ်
ချက်ချက် လက်သွားတဲ့ လျှပ်စီးတွေကြား အဲ့
ဒီအမျိုးသားရဲ့ မျက်လုံးတွေဟာလည်း ပြိုးပျ
က်နေတာကို ခံစားရမိတယ်။
တံခါးဝမှာ ရပ်နေတဲ့ အမျိုးသမီးငယ်လေး
ဟာ ရုတ်တရက် ကျက်သေသွားသလို မျိုး ရပ်
ကြည့်နေတယ်။ အိပ်မက်မက်နေတဲ့ ကျွန်
မ ရဲ့ နှလုံးခုန်သံတွေ ပိုလို့ မြန်လာတယ်။အဲ့
ဒီနောက် အရာရာဟာ တိတ်ဆိတ်လို့။ မိုးလ
င်း ပြီ ဆိုတာ သိလိုက်ရတာပဲ။
ဒေ့ခ်ျမာကာက သူ့အမေတစ်နေရာမှာ ဒုက္ခ
ရောက်နေတယ်လို့ သတင်းကြားတဲ့အတွက်
သူ အဲ့ဒီနေရာကို သွားရမှာ ဖြစ်ကြောင်းကျွန်
မကို အသိပေးတယ်။ ကျန်းမာရေးမကာင်း တဲ့အတွက် ကျွန်မကိုတော့ ချန်ထားရစ်မယ်
အထုပ်အပိုးပြင်လို့ မြင်းတစ်ကောင်နဲ့ ခပ်
သွက်သွက်ထွက်သွားတာ တွေ့ရတယ်။ အဝေးရောက်သွားတဲ့ သူ့ကို နှုတ်ဆက်ရင်း
ဂမုန်းပင်တွေကြားက လက်ကိုင်အိတ်လိုအ
ရာကို သတိထားမိတယ်။လက်ကိုင်အိတ်က
ပွင့်နေပြီး အထဲက မှန်တစ်ချပ်က နေရောင်
ထဲမှာ လက်လာတယ်။ လက်ကိုင်အိတ်ကို
လှမ်းယူလိုက်တော့ ဂမုန်းပင်တွေ လှုပ်ရှား
လာတယ်။ အနီးဆုံး ဂမုန်းပင်ကြီးက ကျွန်မ
လက်ကို လှမ်းကိုက်တယ်။ ကိုက်ခံရတဲ့နေ
ရာက စိမ့်ထွက်လာတဲ့ သွေးစက်တွေကိုလျာ
နဲ့ရက်လို့ အခုမှပဲနေသာ ထိုင်သာရှိသွား
တော့တယ် လို့ ပြောတယ်။ အိတ်ကို အတင်း
ဆွဲယူလိုက်ရင်း နောက်ပြန်ပြေးရတော့တယ်
အိမ်ထဲရောက်မှ အပြင်ဘက်ကိုလှမ်းကြည့်
မိတယ်။ ဂမုန်းပင်တွေ မလိုက်လာတော့ပါ
ဘူး။ လက်ကိုင်အိတ်ထဲမှာ ဘာတွေရှိနေမ
လည်း စိတ်ဇောနေမိတယ်။ လက်ကိုင်
အိတ်က ကျွန်မနဲ့ သိပ်ရင်းနှီးသလိုပဲ။ ကျွန်မ
အရင်က ဒီလက်ကိုင်အိတ်ကို အသုံးပြု ဖူးသ
လို ခံစားလာရတယ်။အညိုရောင် လက်ကိုင်
အိတ်ကို ကျွန်မနောက်ဆုံး မြင်ဖူးခဲ့တာ အိပ်
မက်ထဲမှာပဲ။ အိပ်မက်ထဲမှာ ကျွန်မတို့ အိမ်
တံခါးဝမှာ အမျိုးသမီးငယ်လေး ရပ်နေတုံးက
သူကိုင်ထားတဲ့ အညိုရောင်လက်ကိုင်အိတ်
ကလေးပဲ။ ပျောက်နေတဲ့ အမှုကို သဲလွန်စ
ရသွားလို့ အပျော်လွန်သွားတဲ့ ရှေ့နေတစ်
ယောက်ရဲ့ ပျော်ရွှင်မှုမျိုးကို ခံစားလာရတယ်။
လက်ကိုင်အိတ်ထဲမှာ အမျိုးသမီးအလှဓာတ်
ပုံ နှစ်ပုံလောက်ရယ်၊မှန်တစ်ချပ်၊ နှုတ်ခမ်း
ဆိုးဆေး တစ်ဘူးနဲ့ ပိုက်ဆံတစ်ချို့ပါတယ်။
ဘောပင်တစ်ချောင်းလည်း တွေ့ရတယ်။နိုင်
ငံသားမှတ်ပုံတင်လို့ ခေါ်တဲ့ကဒ်တစ်ခုအရ
လက်ကိုင်အိတ် ပိုင်ရှင် အမျိုးသမီးရဲ့နာမည်
က "ဒလိုင်းနာ"။ "ဒလိုင်းနာ"ကျွန်မ နာမညိ
ပဲ။ ပုံထဲက အမျိုးသမီးက အိပ်မက်ထဲက အမျိုးသမီးဖြစ်ပြီး အပြင်က ကျွန်မနဲ့ ရုပ်မတူ
ပါဘူး။ ဒါပေမယ့် နာမည်ကတော့ တစ်ခု
တည်း ဖြစ်နေခဲ့တယ်။
"ပုံထဲက အမျိုးသမီး က ဒလိုင်းနာ ပဲ။ မင်း
နာမည်က လည်း ဒလိုင်းနာပဲ။ ဒါ့အပြင် သူက မင်းဖြစ်သလို၊ မင်းကလည်း သူပဲ"
ဘယ်ကမှန်းမသိတဲ့ သေးငယ်တဲ့အသံက
လေးတစ်ခုပဲ။
"ရှင် ဘယ်က ပြောနေခဲ့တာလဲ။ ကျွန်မ ရှင့်
ကို မမြင်ရဘူး"
"စာကြည့်တိုက်ကို လာခဲ့ပါ ဒလိုင်းနာ"
ဘယ်ကမှန်းမသိတဲ့ အသံတစ်ခုရဲ့ ခိုင်းစေ
မှုကြောင့် စာကြည့်တိုက်ကို သွားနေခဲ့ရပါပြီ
"ရှင်က အတောင်သေးသေးလေးနဲ့ လူသေး
သေးလေးပဲ။ မျက်လုံးကလည်း အစိမ်းရောင်
လေးတွေ လင်းလက်လို့"
"ဘာလို့ ဒီလိုနေရာမျိုးမှာ ရှိနေရတာလဲဟင်"
"ငါတို့ကို ဒေ့ခ်ျမာကာ ပိုင်တယ်လေ
ဒါတွေ ထားပါ။ တကယ်သေရေးရှင်ရေး
အရေးကြီးတဲ့ အရာတွေကို မင်းမသိချင်ဘူး
လား။ အထူးသဖြင့် ဒီအခြေနေတိုင်းဆို
မင်းနဲ့ အဖြစ်မှန်ကို ဝေးဝေးလာနေတယ်
လေ"
".အင်း ဒီမှာ ဘာဖြစ်နေတာလဲ
ဒလိုင်းနာက ဘယ်လိုဖြစ်တာလဲ "
"ပြောရရင်တော့ ဇာတ်လမ်းရှည်တစ်ခုလိုပဲ။
ဒီအိမ်ရဲ့သခင်လေး ဒေ့ခ်ျမာကာက နေစ
ပြောရမယ်။ ဒီပန်းချီကားကို မင်းဘယ်လို
မြင်လဲ"သူက ပိတ်ထည်ခပ်ကြီးကြီးနဲ့ဖုံး
ထားတာကို ဆွဲလှန်လိုက်တယ်။
"ဒလိုင်းနာ " လက်ကိုင်အိတ်ပိုင်ရှင် အမျိုး
သမီးက ပန်းချီကားထဲရောက်နေတာ တွေ့
ရတယ်။ ဒီဘက်ခေတ်အဝတ်အစားတွေနဲ့
တော့ မဟုတ်ဘူး။ အတော်ရှေးကျပြီး ပိုးထ
ည်လို ရွှေရောင်ငွေရောင် ပြောင်လက်နေတဲ့
အဝတ်အစားတွေနဲ့ သူမရဲ့ ဘေးနားမှာ
ဒေ့ခ်ျမာကာက စန္ဒရားခလုတ်တွေပေါ် လက်
တင်ထားတယ်။
"အောက်ဘက် က နေ့စွဲကို ကြည့်လိုက်ပါ"
"10.8.1399"
"ဟင် ဒါဘယ်လိုလုပ်"
"အနည်းဆုံးတော့ ဒေ့ခ်ျမာကာ လူမဟုတ်
တဲ့ အကြောင်းသိသွားပြီ မဟုတ်လား"
"ဒါဆို ဇာတ်လမ်းတစ်ခုလုံးမှာ ကျွန်မက
ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ"
ပန်းချီကားနောက်ဘက်က စာတစ်စောင်
ထွက်ကျလာတယ်။
.................................................................
မောင့် ဘတ်ကီ
မောင်ဟာ နှစ်ခြောက်ရာအတွင်းမှာ မင်းမ
ဟုတ်တဲ့ အမျိုးသမီးတစ်ချို့နဲ့ အတူရှိခဲ့ဖူးပေ
မယ့် မောင်မင်းကို တစ်ရက်မှ မေ့မရခဲ့ပါဘူး
အမြဲသတိရနေဆဲ ။ အဲ့ဒီကာလမှာ အဖြစ်
ပျက်တွေသာ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ရင် ကိုယ်တို့ သိပ်ပျော်ရွှင်စွာ ရှိခဲ့လိမ့်မယ့် အကြောင်း အမြဲ တမ်းတ နောင်တရနေဆဲပါ
ချစ်ရတဲ့ ဘတ်ကီသို့
.................................................................
"အိမ်ကြီးရဲ့ အဖြစ်မှန်တစ်ခုလုံးက ဒေ့ခ်ျ
မာကာ ကနေပဲ စပြောရလိမ့်မယ်။ ဒေ့ခ်ျမာ
ကာမှာ ပုံထဲက သူအရမ်းချစ်တဲ့ ဘတ်ကီဆို
တဲ့ အမျိုးသမီး တစ်ယောက်ရှိခဲ့တယ်။ ဘတ်
ကီနဲ့ သူလက်ထပ်ပြီးခဲ့ပေမယ့် ဒေ့ခ်ျမာကာ
ရဲ့ အမေက သဘောမတူခဲ့ဘူး။ ဒရေစီဆို
တဲ့ အမျိုးသမီးနဲ့ပဲ လက်ထပ်စေချင်ခဲ့တယ်။
ဒေ့ခ်ျမာကာကို တစ်နေ့မှ ခရီးတစ်ခုထွက်စေ
ပြီး ဘတ်ကီကို သတ်လိုက်တယ်။ ဘတ်ကီ
သေသွားပြီးနောက် ဒရေစီနဲ့ လက်ထပ်စေခဲ့
တယ်။ သိတဲ့ အတိုင်း ဒေ့ခ်ျမာကာနဲ ဒေ့ခ်ျ
မာကာရဲ့ အမေက လူမဟုတ်ကြဘူး
ဒရေစီကတော့ သူတို့နဲ့မတူတဲ့ အခြားဖြစ်
တည်မှု တစ်ခုပါ။ အချိန်တွေကြာလာနေ
တော့ဒေ့ခ်ျမာကာဟာ ဘတ်ကီဖြစ်ကြောင်းရေးရေးသဘောကို သူ့အမေ
သတ်ခဲ့တာ
ပေါက်လာခဲ့တယ်။ အမေနဲ့သားရဲ့ သံယော
ဇဉ်အရ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒေ့ခ်ျမာကာ ကဒရေစီ အပေါ်သံယောဇဉ် မရှိခဲ့ဘူး။သို့ပေ
မယ့်သူ့အနေနဲ့ အဆုံးစီရင်လိုက်ဖို့ မဖြစ်နိုင်
ပြန်ဘူး။ အစပိုင်းမှာတော့ သူဘတ်ကီအ
ကြောင်း မျှော်လင့်ချက်ထားလို့စုံစမ်းနေခဲ့ေ
သးတယ်။အဆုံးမှာ တကယ်သေဆုံးခဲ့ပြီဖြစ်
ကြောင်း လက်ခံလိုက်တယ်။ ဒေ့ခ်ျမာကာ
ဟာ ဒရေစီကို သတ်လို့မရဘူး။ သတ်ခဲ့သည်
ရှိသော် သူအမေ ချက်ချင်းသိသွားမယ် လို့
သူ အထာနပ်ခဲ့တယ်။ကာလကြာတဲ့အခါ
အမျိုးသမီးတွေပေါ် ထားတဲ့ စိတ်တစ်ချို့
ပြောင်းလဲသွားတယ်။ သူဟာ စိတ်ကူးယဉ်
တဲ့လူ တစ်ဖန်ဖြစ်လာတယ်။ သူဟာ အမျိုး
သမီးတစ်ယောက်ကို ချစ်ရာမှာ စိတ်နေစိတ်
ထားကို ပိုလို့ချစ်လာတယ်။သူချစ်တဲ့ စိတ်
နေစိတ်ထားရှိတဲ့ အမျိုးသမီးတစ်ချို့ကို မှတ်
ဥာဏ်တွေ ဖျောက်ပစ်တယ်။ ဒရေစီ ရဲ့စိတ်
ဝိညာဉ်ကို ထုတ်လို့ သူလုပ်ထားတဲ့ ဖယောင်
ရုပ်တစ်ခုထဲ ထည့်ထားခဲ့တယ်။ သူချစ်တဲ့
စိတ်နေစိတ်ထားရှိတဲ့ အမျိုးသမီးနဲ့ ယှဉ်တွဲ
သွားလာတယ်။ သူမ စိတ်ထားမပြောင်းလဲ
ခင် အထိပေါ့။ သည်လိုနဲ့ ဒရေစီ အခွံလွတ်
ထဲမှာ အမျိုးသမီးတွေ အများကြီး ဝင်ဆံ့ခဲ့
ဖူးတယ်။ ဖယောင်းရုပ်တွေကတော့ အများ
ကြီးပဲ။ စိတ်ဝိညာဉ်ရှိတဲ့ ဖယောင်းရုပ်တွေ
ရှိသလို ဘာမှမထည့်ထားတဲ့ ဖယောင်းရုပ်
တွေလည်း ရှိတယ်။ မင်းကို သူ ဒရေစီလို့
မခေါ်ပဲ ဒလိုင်းနာလို့ ခေါ်ခဲ့တယ် မဟုတ်လာ
း "
"ဒါဆို ကျွန်မကလည်း သူ့ရဲ့ ဖယောင်းရုပ်
နံပါတ်စဉ်ထဲက တစ်ခုပဲပေါ့"
"အဲ့သည်လိုတော့လည်း မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ "
"ဒလိုင်းနာက ဘတ်ကီနဲ့ တူလွန်းနေတယ်"
စားပွဲပေါ် သူအိပ်ပျော်နေခဲ့တဲ့ နေ့က
သူရေးခဲ့တဲ့ စာတစ်ကြောင်းကို သတိရလာ
တယ်
"မောင့် ဘတ်ကီဟာ နှစ်ခြောက်ရာ အလွန်
မှာ ပြန်ရောက်လာခဲ့တယ်တဲ့ "
"သူက ဒရေစီ အဖြစ် ရှိမနေစေချင်ပဲ
ဒလိုင်းနာ တစ်ဖြစ်လည်း မောင့်ဘတ်ကီ
အဖြစ် ရှိစေချင်ပုံပဲ"
"ကျွန်မ ကရှိမနေစေချင်ဘူး ဆိုရင်ရော"
"ရှိမနေစေချင်ရင်တော့ မင်းဒီက ထွက်နိုင်
မှ ရမှာပေါ့။ အရင်ဆုံး မင်းရုပ်ခန္ဓာကို
ပြန်ရနိုင်မှ ဖြစ်မှာ ။ ပြီးတဲ့နောက် ယူနီကွန်း
ကို ရှာပါ။ ယူနီကွန်းနဲ့ မင်းနဲ့ ခင်နေပြီမဟုတ်
လား"
"ဒီအတိုင်း ထွက်ပြေးလို့ မရဘူးလား"
"ဒီနေရာက မဟာတံတိုင်းကြီးလိုပဲလေ
အရင်ဆုံး မင်းခြံစည်းရိုးအပြင်ကို ထွက်မယိ
ဆိုရင်ပဲ ဂမုန်းပင်တွေနဲ့ အရင်တွေ့ရလိမ့်
မယ်။ကံကောင်းတာက ခြံစည်းရိုး မရောကိ
ခင် အိမ်အပြင်ဘက်မှာ ယူနီကွန်းချည်ထား
တာပဲ။ ယူနီကွန်းကိုတော့ စီးတက်ရမှာပေါ့
လေ"
"အခု သူဘယ်ကို သွားနေတာလဲ"
"သူ့အမေ ဆီကိုသွားနေတာ
သူ့အမေ တစ်နေရာမှာ သေသွားပြီလို့
အသိတွေဆီကနေ သတင်းရတယ်လေ"
"သူက ဘာလုပ်မလို့ လဲ"
"စုန်းတွေရဲ့ ခန္ဓာကိုယ်က မီးမရှို့ရင်
အသစ်တစ်ဖန် ပြန်ဖြစ်လာတယ်။သူက
ရုပ်ခန္ဓာကို အဆုံးသတ်မလို့ပါ။ သူကိုယ်
တိုင်လည်း အဆုံးသတ်ချင်ခဲ့ ပုံပေါ်တယ်။
ဒေ့ခ်ျက မင်းရဲ့ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် ကို သူ့
အမေဆုံးသွားတဲ့အခါ အတူတွဲနေအောင်
ပြန် လုပ်ပေးပါလိမ့်မယ်"
"နောက်တော့ မောင့် ဘတ်ကီ အဖြစ်နေ
ရမယ်ပေါ့"
"အင်း ဒီ အချိန်ပဲ မင်းထွက်ပြေးဖို့ အခွင့်ရှိ
တော့မှာ"
"ဖယောင်းရုပ်တွေ ဆီကိုသွားပါ။ ဒေ့ခ်ျမာ
ကာက လွဲရင် အဲ့ဒီနေရာမှာ ဆယ်မိနစ်
ထက်ပိုပြီး နေလို့မရဘူး"
"ဘာဖြစ်လို့လဲ "
"မကောင်းတဲ့အရာ တစ်ခုခု နိုးလာမယ်လို့
ကြားဖူးတယ်"
"မင်း အရုပ်တွေဆီရောက်တဲ့အခါ အဲ့ဒီထဲမှာ
မင်းရဲ့ ရုပ်ခန္ဓာတစ်ခုကို ရှာပါ။ မင်းရဲ့ ရုပ်
ခန္ဓာလို့ထင်တဲ့ ပုံသဏ္ဍာန် တစ်ခုကို နမ်း
လိုက်ပါ။ ဆယ်မိနစ်ပြည့်တဲ့ အခါ ကိစ္စမပြီး
လည်း ပြန်ထွက်လာခဲ့ပါ။ "
"ဒါပေမယ့် ကိစ္စကို ပြီးအောင်လုပ်ပါ။
နို့မဟုတ်ရင်ဖယောင်းရုပ်တွေ ကို မြင်ရဖို့
နောက်တစ်နှစ်နီးပါး စောင့်ရလိမ့်မယ်"
"အင်း ကျေးဇူးပါပဲ"
ဖယောင်းနန်းတော်က အိမ်ကြီးရဲ့ အပေါ်ဆုံး
ထပ်မှာ ရှိပါတယ်။ အခန်းကျယ်ကြီး တစ်ခု
လုံးက ဖယောင်းရုပ်တွေအပြည့်ပဲ ။ သံတံ
ခါးတစ်ခုရဲ့ နောက်ကွယ်မှာ ခုလောက်များ
တဲ့ ဖယောင်းရုပ်တွေရှိနေခဲ့မယ်လို့ ကျွန်မ
မတွေးခဲ့မိဘူး။ ဆယ်နှစ်သားကောင်လေး
အရွယ် ဖယောင်းရုပ်တွေ။ကျောင်းသား၊
ဆရာမ စစ်သူကြီးဖယောင်းရုပ်တွေ။ လူ
တန်းစားမျိုးစုံပဲ သူပြုလုပ်ခဲ့ပုံရတယ်။ ကျွန်မ
နဲ့ တူတဲ့ သတို့သမီး ဖယောင်းရုပ်တွေကိုတွေ့
ရတယ်။ မီးအလင်းရောင်နဲ့ ဖယောင်းရုပ်
တွေရဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေကြော
င့် ကျွန်မထင်ထားခဲ့သလို ကျွန်မရဲ့ အခွံ
လွတ်ခန္ဓာနဲ့ ဖယောင်းရုပ်တွေဟာ ကွဲလွဲမှု
တစ်စုံတစ်ရာ မရှိဘူး။ကျွန်မလို့ထင်တဲ့
ဖယောင်းရုပ် တစ်ရုပ်ကို စနမ်းတယ်။ ဖ
ယောင်းရုပ်က ဘာမှ မလှုပ်ရှားလာဘူး။ ကျွန်
မရဲ့ အခွံမဟုတ်ဘူး ထင်ပါရဲ့။ သတို့သမီး
အဝတ်အစားတွေနဲ့ ဖယောင်းရုပ်တွေကို
နမ်းရတာက သေသူသတို့သမီးတွေကို နမ်း
ရသလိုပဲ။ အရုပ်တွေကတော့ မလှုပ်လာဘူး
ဒါပေမယ့် စိမ်းစိမ်းကြည့်နေသလို ခံစားရ
တယ်။နံရံက အိုဟောင်းနေတဲ့နာရီ က
နာရီလက်တံတွေ ရွှေ့လျားနေတဲ့ အသံက
"တဂျောက်ဂျောက် "နဲ့ ရူးသွပ်စရာပဲ။ ကျွန်မ နှလုံးသားကို ဖြစ်ညှစ်ခါရမ်းနေသလို ခံစား
လာရတယ်။ ဖယောင်းသတို့သမီး အရုပ်
ပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ ဒီထဲမှာ
ကျွန်မရဲ့ ခန္ဓာကိုယ်အလွတ်တစ်ခုပါတယ်
ဖယောင်းရုပ် အလွတ်တွေနဲ့ စိတ်ဝိညာဉ်
ထည့်ထားတဲ့ ဖယောင်းရုပ်တွေ။ သူတို့က
သေသွားကြပြီလား။ ဒေ့ခ်ျမာကာ သူတို့ကို
ရှင်လျက်နဲ့ ဖမ်းချုပ်ခဲ့တာလား။ သေဆုံးသွား
ခဲ့ပြီလား။ တစ်ချက်ချက် ထမြည်တဲ့နာရီသံ
က ကျွန်မရဲ့နှလုံးသားကို ဖြစ်ညှစ်လိုကိသ
လိုလို ထွက်သက်ကို မနည်းရှူ ရိုက်လို့နေရ
တယ်။ သတို့သမီး အရုပ်တစ်ရုပ် ဆီမှာ
ကျွန်မရဲ့ အမှတ်အသားကို တွေ့တယ်။
ကျွန်မ ငယ်ငယ်က ကစားရာက ရခဲ့တဲ့
သေးငယ်တဲ့ ဒဏ်ရာ အမှတ်ကလေးတစ်ခု
ပါ။ သတို့သမီး အရုပ်ကို ပွေ့ယူလာလိုက်
တယ်။ ဆယ်မိနစ်ပြည့်သွားပြီ ။ရုတ်တရက်
ဆိုသလို လက်ထဲက သတို့သမီးရုပ်ကကျွန်မ
ကိုလည်ပင်းညှစ်တယ်။ ကျွန်မလည်း လက်
ချောင်းတွေနဲ့ ကုတ်ခြစ်နေမိတော့ လက်သ
ည်းရှည်တွေရဲ့ ဒဏ်ကို မခံနိုင်တော့မှ လွှတ်
ပေးလိုက်တယ်။ ကျွန်မဟာ ကျွန်မရဲ့ အခွံ
လွတ်ခန္ဓာကိုယ်ကို သတိရစွာနဲ့ နဖူးပြင်
ကို နမ်းလိုက်တယ်။ အံသြစရာကောင်း
တယ်။ ကျွန်မက အခွံလွတ်ထဲဝင်သွားရပြီး
ဒရေစီရဲ့ ခန္ဓာက ကြမ်းပြင်မှာ ခွေခွေလေး
ရှိနေတယ်။ ဖယောင်းသတို့သမီးတွေရဲ့
မျက်လုံးတွေထဲက မျက်ရည်အနက်တွေ
စီးကျလာတယ်။ ဖယောင်းရုပ်တစ်ချို့က
အနက်ရောင် ဖယောင်းအရည်တွေ အဖြစ်
အရည်ပျော်ကုန်ပြီး အဲ့ဒီ အရည်တွေက ကျွန်
မရှိရာကို ဖြေးဖြေးချင်းလာနေတယ်။ အ
နောက်ဘက်က တံခါးပွင့်သွားတယ်။"ဘာ
ရပ်လုပ်နေတာလဲ မြန်မြန်ထွက်လာခဲ့လို့
ပြောပြီး "လက်ကို အတင်းဆွဲခေါ်သွားတယ်
"ဒေ့ခ်ျမာကာ "
"ကိုယ် အိမ်ပြန်ရောက်လာခဲ့ပြီ"
"သိသင့်သလောက် သိနှင့်ပြီ ထင်ပါရဲ့။
ကိုယ့်အမေကို သဂြိုလ်ခဲ့ပြီးပြီ။ အခုပဲ"
"ကိုယ်လေ ဒရေစီ အဖြစ်ရှိနေခဲ့တာ မတ
ရားဘူး ဆိုတာ သိပါတယ်။ ဒါ့အပြင် မင်းကို
တကယ် သတ်သတ်မှတ်မှတ် လက်ထပ်ခွင့်
မတောင်းခဲ့ ရသေးဘူး"
"မောင့် ဘတ်ကီ အဖြစ်ဆိုပါတော့"
"ဒလိုင်းနာ အဖြစ်ပါ"
"ကိုယ့်ကို လက်ထပ်နိုင်မလား"
ကျွန်မ သူ့ကို ချစ်ပါတယ်။ ဒီ အိမ်က အရှုပ်
ထွေးတွေနဲ့ ကင်းကွာပြီး အရင်ဒရေစီ အ
ဖြစ်ရှိခဲ့တုံးကလို မဟုတ်ပဲ ဒလိုင်းနာ အဖြစ်
ပါ။ ဒါပေမယ့် ကျွန်မရဲ့ ပြသနာတစ်ရပ်လုံး
မှာ "ဒါပေမယ့်တွေ" သိပ်များနေတယ်။ ငယ်
ဘဝကို မှတ်မိခဲ့တဲ့ မှတ်ဥာဏ်တွေမှာ ဒလိုင်း
နာရဲ့ငယ်ဘဝဟာ မာသာတွေရဲ့ လက်မှာ ကြီးပြင်း ခဲ့တာ။ မာသာတို့ဟာ အစဉ် ငြိမ်း
ချမ်းခြင်းကို လိုလားတယ်။ မာသာတို့ဆီကေ
န အပ်ချုပ်ပညာသင်ဖို့ အခြားမြို့တစ်ခုကို ထွက်လာခဲ့ရင်း လမ်းမှာ မိုးအကြီးအကျယ် ရွာတာနဲ့ ကြုံရတယ်။ ဒေ့ခ်ျမာကာတို့အိမ်ရှေ့
မှာ အကူအညီတောင်းခဲ့တယ်။နောက်တော့
ဘဝ တစ်ခုလုံးပြောင်းလဲ သွားသလို ဖြစ်လာ
တယ်။ မာသာ တို့ လက်မှာ ကြီးပြင်းလာခဲ့တဲ့
ကျွန်မဟာ ငြိမ်းချမ်းမှု ကို လိုလားတယ်။ ဘာ
သာတရားကို ယုံကြည်တယ်။ ကျွန်မ ယုံကြ
ည်တဲ့ ဘာသာတရားဟာ ဒီလို အိမ်ကြီးအိမ်
ကောင်းမှာ ပျောက်ကွယ်နေခဲ့သည့်တိုင်
အောင် ကျွန်မ ယုံကြည်နေရအုံးမယ်။ မာ
သာ ပြောခဲ့ဖူးတယ်" ငါတို့ ဟာ စိတ်အေးချမ်း
သာမှု ငြိမ်းချမ်းမှုကို ရဖို့ ဘာသာတရား ကို
ယုံကြည်ရမယ်" တဲ့။ အနည်းဆုံးတော့ ကျွန်
မ ဘုရားသခင် ကို ယုံကြည်ရမယ်။လည်ပင်းမှာ ဆွဲထားတဲ့ ဘုရားသခင်ရဲ့ အမှတ်အသားဟာ လင်းလက်လာသလိုပဲ။
ဒီ အိမ်ကြီးအိမ်ကောင်းမှာ ဘုရားသခင်ရဲ့
အမှတ်အသားမရှိဘူး ။ ဘုရားသခင်နဲ့ သက်
ဆိုင်တဲ့ ကျမ်းစာတောင်မရှိဘူး။ ယုတ်စွအ
ဆုံး ဘုရားသခင် အတွက် နေရာမရှိပါဘူး။
ကျွန်မဟာ မာသာတွေ မွေးစားခဲ့တဲ့ မာသာ
တို့ရဲ့ သမီးပါ။
"ရှင် ကမ်းလှမ်းမှုကို ကျွန်မ ငြင်းဆိုပါရစေ"
ဒေ့ခ်ျမာကာဟာ အကြီးအကျယ် စိတ်ပျက်
သွားပြီး ကျွန်မကို ဖယောင်းရုပ်တွေထားတဲ့
အခန်းထဲ သော့ပိတ်ထားခဲ့တယ်။
"ဖယောင်းရုပ်တွေ ရှင်တို့ထဲက ဘယ်သူက
သတို့သမီးဖြစ်ခဲ့ကြလဲ၊ ကျွန်မ အိမ်ပြန်ချင်
သလို ရှင်တို့လည်း အိမ်ပြန်ချင်ကြမှာပဲ နော်
"
"ငါတို့ ပြန်ချင်တာပေါ့" ကြီးမားကျယ်လောငိ
တဲ့ လှိုဏ်ခေါင်းထဲက ပြောနေသလို အသံ
ကြီးက လှမ်းပြောတယ်။ ဖယောင်းတွေဟာ
သူတို့ရဲ့ ဝိညာဉ်ကို ပိတ်ထားတော့အထဲမှာ
ခေါင်းပွ သဏ္ဍာန်ဖြစ်နေကြမှန်း ကျွန်မ သ
တိထားမိတယ်။ ဖယောင်းသတို့သမီးတွေက
တဖြေးဖြေး ရှေ့တိုးလာနေတယ်။ ကျွန်မ အနားရောက်လာလေလေ လည်ပင်းက
ဘုရားသခင်ရဲ့အမှတ်သားကြောင့် ပူလို့
ထင်ပါရဲ့။ သူတို့ရဲ့ ခြေထောက်တစ်ဝှိုက်က
ဖယောင်းတွေ အရည်ပျော်ကြလာတယ်။ဖ
ယောင်းသတို့သမီးတွေရဲ့ မျက်လုံးအိမ်က
နေ အနက်ရောင် မျက်ရည်တွေလို ကျဆင်း
နေတယ်။ သူတို့က ရှေ့ကို တဖြေးဖြေးတိုး
လာရင်း"ငါတို့ အိမ်ပြန်ချင်တယ်"လို့ ထပ်တ
လဲလဲ ပြောနေတယ်။ ဖယောင်းသတို့သမီး
နှစ်ယောက်က ထိုင်နေတဲ့ ခုံတန်းရှည်ရဲ့ အနောက်ကို ရောက်လာပြီး ကျွန်မရဲ့ ပခုံး
ပေါ်လက်တင်ထားတယ်။များစွာသော ဖ
ယောင်းသတို့သမီးတွေဟာ သူတို့ရဲ့ တဖြေး
ဖြေး အရည်ပျော်ကြနေတဲ့ ခြေထောက်တွေ
ကို လစ်လျူ ရှူ့ လို့ မျက်လုံးအိမ်က တပေါက်
ပေါက်ကျနေတဲ့ အနက်ရောင်မျ က်ရည်တွေ
ကိုယ်စီ ထမ်းပိုးရင်း ကျွန်မရှေ့တည့်တည့်
မှာ ရပ်နေကြတယ်။ ကြမ်းပြင်တစ်ခုလုံး
အနက်ရောင် ဖယောင်းချပ်တွေနဲ့ ရွှဲရွှဲစိုနေ
တော့တယ်။
"ဒေ့ခ်ျမာကာ သေမှငါတို့လွတ်မြောက်နိုင်မှာ
"
"ဒေ့ခ်ျမာကာက အပြင်မှာလေ။ဘာလို့ ကျွန်
မနားကို ရောက်လာကြတာလဲ?"
"ဒေ့ခ်ျမာကာ က မင်းနဲ့တွဲချည်ထားတယ်"
"ဘာကိုလဲဟင်"
"ဒီ နားမှာပေါ့" သူ ညွှန်ပြတဲ့နေရာက ကျွန်
မရင်ဘတ်တည့်တည့်မှာပါ။ ဒေ့ခ်ျမာကာရဲ့
အသက်အိမ်ကို ကျွန်မနှလုံးနဲ့တွဲချည်ထား
တာလား ဒါမှမဟုတ် ကလီစာတစ်ခုခုနဲ့ အတူရှိနေတာလား။ ဖယောင်းသတို့သမီး
တွေက လိမ်တာရော မဖြစ်နိုင်ဘူးလား။ အ
နောက်ဘက်မှာရှိတဲ့ ဖယောင်းရုပ်နှစ်ရုပ်က
ကျွန်မကို ဖမ်းချုပ်ထားတယ်။ ဖယောင်းသ
တို့သမီးတွေရဲ့ များစွာသော လက်တွေကြား
ကျွန်မ ရုံးမထွက်နိုင်တော့ဘူး။ သူတို့ဟာ တ
ဒုတ်ဒုတ် ခုန်နေတဲ့ ကျွန်မနှလုံးသားကို ဆွဲ
ထုတ်လို့ စိတ်ပြေနားပြေ ထိုင်ကြည့်နေမယ့်
ပုံ ပေါ်တယ်။ ဒေ့ခ်ျမာကာ သေဆုံးသွားတဲ့
အခါ သူတို့ အိမ်ပြန်နိုင်မယ်။ ဖယောင်းသတို့
သမီးတွေရဲ့ ခန္ဓာကိုယ်တစ်ဝှိုက်ဟာ လည်ပ
င်းက သင်္ကေတ အပူရှိန်ကြောင့် အရည်ပျော်
နေတယ်။ ဒါပေမယ့် သူတို့က ကျွန်မကိုမ
လွှတ်ဘူး။ လက်တွေကို အသုံးပြု ပြီး
နောက်ဆုံး လက်ကျန် အပေါ်ပိုင်း ဖယောင်း
ကိုယ်ပိုင်းကို တွယ်ကပ်ထားဆဲပဲ။ ဒီအတိုင်း
ဆို ကျွန်မရဲ့ တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးဟာ
သူတို့ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်
ထင်ပါရဲ့ ။နက်မှောင်တဲ့ ဖယောင်းရည်ပျစ်
ချွဲချွဲတွေကြား အသက်ကို ဝအောင်ရှူ့လို့အိမ်
ပြန်ချိန် ကို တမ်းတနေမိတယ်။
"ကျွန်မ ..."
"ကျွန်မလေ ..အိမ်..ပြန်..ချင်..တယ်"
သတို့သမီးတွေက လည်း ပြောတယ်။
"ငါတို့လည်းပဲ အိမ်..ပြန်...ချင်..တယ်"
သတို့သမီးတွေရဲ့ အိမ်ပြန်ချိန်ဟာ ဘယ်
တော့လဲ။
ကျွန်မရဲ့ အိမ်ပြန်ချိန်ကရော
ဘယ်တော့လောက် ဖြစ် နိုင်မလဲ ။
ဒိုဒို
23.11.2017
Comments
Post a Comment