နီရဲရဲ သွေးတွေဟာ ဆူမှတ်ဘယ်လောက်မှာ လက်ဖက်ရည် ဖြစ်လာနိုင်သလဲ

လက်ဖက်ရည် သိပ်ကြိုက်တဲ့လူတစ်ယောက်ရှိတယ်။
အဲ့ဒီလူဟာ အရင်းရှင်စနစ်မှာ ကလေးတွေ ဖမ်းပြီး လူတွေကို လေလံတင် ရောင်းချနေသူဖြစ်တယ်။
သူရောင်းလိုက်တဲ့ လူတွေဟာ တခြား လူတွေအိမ်မှာ ကျွန်ဖြစ်သွား ရတယ်။
သူဟာ သိပ်လည်းချမ်းသာသလိုရက်စက်ပြတ်သားလွန်းသူ ဖြစ်တယ်။
သစ်လုံးအိမ် ပုံစံ တည်းခို အိမ်လေးထဲ ငှါးနေခဲ့ တာ တစ်လရှိပြီ ဖြစ်တယ်။
တည်းခိုအိမ် လေးဆီက လက်ဖက်ရည် ပုံမှန် သောက်ရတယ်။
တည်းခိုအိမ်က လက်ဖက်ရည်ဟာအရသာထူးခြားကောင်းမွန်ပြီး အခြား လက်​ဖက်​ရည်​ တွေနဲ မတူဘူး။
အခြားလက်ဖက်ရည် တွေထက်လည်း ဈေးပိုကြီးတယ်၊
လျှပ်စစ်ဒယ်အိုး အသေးလေးနဲ့ လက်ဖက်ရည်ကို အမြဲနွှေးထားတက်တယ်။
တစ်နေ့မှာ သူနဲ့တည်းခိုအိမ်ရဲ့ ပိုင်ရှင်နဲ့ တွေ့ကြတယ်။
လက်ဖက်ရည်ဟာ အရသာ ကောင်းမွန်လွန်းတဲ့ အတွက် ဘယ်လိုကျို သလဲသူ မေးလိုက်တယ်။
လက်ဖက်ရည် ရဲ့"ဆူမှတ် "သိဖို့ လိုကြောင်း တည်းခိုအိမ် ပိုင်ရှင်ကပြောတယ်။
ချမ်းသာတဲ့ လူက နားမလည်ပဲ "ဘယ်လို ဆူမှတ်လဲ ဗျ" လို့ပြန်မေးတယ်။

ပိုင်ရှင်-"ဆူမှတ်လေ နီရဲရဲ သွေးတွေဟာဆူ မှတ်ဘယ်လောက်မှာလက်ဖက်ရည် ဖြစ်လာနိုင်သလဲ ဆိုတာ မင်း သိရင် ရပြီ"။

လူချမ်းသာ-"ခင်ဗျား နောက်နေတာလား "

ပိုင်ရှင်- "မိန်းမနဲ့ ကလေးတွေ ရဲ့သွေးကို
သူ့ယောက်ျားကိုယ်တိုင် လက်ဖက်ရည် အထင်နဲ့ သောက်နေတာ မျိုးတွေပေါ့"။

လူချမ်းသာ-"ဘာဗျ"

ပိုင်ရှင်-"မင်း သောက်နေကျ လက်ဖက်ရည်ဟာ ညှီနံ့ မနံ့ဘူး မဟုတ်လား အဲ့ဒါ ဆူမှတ်ပဲ
ဆူမှတ် တွေ သိပ်အရေးကြီးတယ်"

လူချမ်းသာ-"ခင်​ဗျား ပါးစပ်ကို ပိတ်ထား"လို့အော်ဟစ်နေရင်း တည်းခိုအိမ်ပိုင်ရှင်ရဲ့မျက်နှာကို လက်သီးနဲ့အချက်ပေါင်းများစွာထိုးတယ်။

ပိုင်ရှင်-"ငါနောက်နေတာ မဟုတ်ပါဘူး မင့်အိမ်မှာ မင်းမိန်းမ နဲ့ကလေးတွေ ပျောက်နေ တာတွေ့ရ လိမ့်မယ်"

ချမ်းသာတဲ့လူ -"ခင်ဗျား ပါးစပ်ကို ပိတ်ထား"

ဒိုဒို
10.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား