ယုန်၏အမြင်
အိပ်ယာ စောစောထ ပါသားယုန်လေး ရယ်
လူသေတွေ ကောက်ကြမယ်
လယ်ခင်းထဲမှာ စိုက်လို့ထား
တို့ယုန်အလံများ
စောစောထပါတော့ သားရယ်
လူသေကောက် ရမယ်
ယုန်တပ်မတော် ဝန်းရံထား
မုန်လာဥနီ စိုက်ခင်းများ
"ငါတို့သည် မုန်လာဥနီ ကို မစား
ငါတို့သည် မုန်လာဥရွက်စိမ်း များကိုမထိ
ငါတို့ အပျို အအို ယုန်
မုဆိုးမ ယုန်တို့သည်
တော်လှန်ရေး အတွက်လာခဲ့ ကြသည်
ယုန်တို့၏ တော်လှန်ရေး အဓွန့် ရှည် ပါစေ
ယုန်တို့၏ တော်လှန်ရေး အဓွန့် ရှည် ပါစေ
ယုန်တွေ ဟာ မုန်လာဥနီ အချွန်နဲ့
လူတွေကို အဝေးက သတ်ဖြတ်ဖို့ တွေးနေခဲ့တယ်
လူတွေ စိုက်ခင်းကို
ပိုးသတ်ဆေး ဖျန်းနေကြတဲ့အချိန်မှာ
ဒိုဒို
Comments
Post a Comment