မိန်းမသားနှစ်ယောက်

"မင်း အဲ့ဒီအရုပ်ကို မဖက်နဲ့
 အရုပ်မှာ မင်းလိုလက်တွေ ဖြစ်လာနေပြီ"
လို့ ယော်ျားဖြစ်သူက စူးစူးဝါးဝါး အော်ပြော
တယ်။

သည်လိုနဲ့ ပွေ့ဖက်ခံရတဲ့ အရုပ်မှာ လက်ချောင်းတွေပေါက်လာတယ်

နှင်းတွေကျနေတဲ့
ရက်သတ္တပတ် တစ်ခုမှာ
စာဖတ်ရင်း အိပ်ပျော်နေတဲ့ အမျိုးသားကို
သူမဟာ နွေးနွေးထွေးထွေး
ပွေ့ဖက်ထားခဲ့တယ်

တစ်ခုသော နွေဦးမှာ
ယော်ျားဖြစ်သူဟာ
အော်သံကျယ်ကြီး နဲ့ နိုးလာတယ်

ဟင်းချက်နေတဲ့ မိန်းမနားကို သွားပြီး
"မင်းဘယ်လိုလုပ်လိုက်တာ လဲ။
အခုငါ မင်းဖြစ်သွားပြီ ။မင်းနဲ့ တစ်ပုံစံတည်း
တူတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ"
လို့ ငိုသံကြီးနဲ့ ပြောတယ်

မိန်းမ ဖြစ်သူက လှဲနေတဲ့ တံမြက်​စည်းကို ​လှမ်းပေးရင်း အခုလို ပဲ ပြောလိုက်တယ်။

"အခုဆို ကျွန်မတို့ဟာ
မိန်းမသား နှစ်ယောက်ဖြစ်သွားပြီပေါ့ နော်
ကျွန်မ ဝမ်းသာရပါရဲ့ ရှင် "

ဒိုဒို
19.11.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား